ဖူဆယ်ဗိုလ်လုပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့သော MIU FC အသင်းမှ လက်ထောက်နည်းပြအပါအဝင် ကစားသမား(၉)ဦးကို အသင်းမှထုတ်ပယ်

1945

ရဲပြည့် (NP News) - နိုဝင်ဘာ ၂၇
MFF Futsal Championship 2022 နောက်ဆုံးဗိုလ်လုပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့သည့် MIU FC အသင်းမှ လက်ထောက်နည်းပြအပါအဝင် ကစားသမား(၉)ဦးကို အသင်းမှထုတ်ပယ်လိုက်ကြောင်း MIU FC က ထုတ်ပြန်ထားသည်။
အဆိုပါ နောက်ဆုံးဗိုလ်လုပွဲအား နိုဝင်ဘာလ ၂၆ ရက်တွင် သုဝဏ္ဏကွင်း အတွင်းရှိ MFF Futsal Stadium တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး MIU FC (Myanmar Imperial University-FC) နှင့် VUC FC (Victoria University College-FC) တို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။
အဆိုပါပွဲအပေါ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အချို့ကို ကျေနပ်မှုမရှိသည့်
MIU FC အဖွဲ့ဝင်များနှင့် ကစားသမားများက ဒိုင်လူကြီးအား လိုက်လံပြီး ရန်ပြုတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့ကြောင့် MIU FC အသင်းအုပ်ချုပ်သူများက ၎င်းတို့၏ ကစားသမားဟောင်းများ ဖြစ်သည့် ကိုမောင်မောင်ဇော်နှင့် ကိုအောင်သူတို့ကို အသင်းမှထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြ ကိုဥက္ကာကျော်၊ ကစားသမားများဖြစ်သည့် ကျောနံပါတ် (၁ဝ)ကိုကျော်စိုးမိုး၊ ကျောနံပါတ်(၉)ကိုခင်ဇော်လင်း ၊ ကျောနံပါတ်(၇) ကိုစိုင်းပြုံးအောင် ၊ ကျောနံပါတ်(၁၁) ကိုနိုင်ရဲကျော် ၊ ကျောနံပါတ်(၁၆) ကိုသီဟသူ၊ ကျောနံပါတ်(၃) ကိုညီညီစံနှင့် ကျောနံပါတ်(၁၂)ကိုချမ်းသာ စုစုပေါင်း (၁ဝ)ဦးကို စာချုပ်ဖျက်သိမ်းပြီး အသင်းမှ ထုတ်ပယ်ကြောင်း ကြေညာထားသည်။
ထို့ပြင် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်ကိစ္စရပ်များအတွက် ကြည့်ရှုသူ ပရိတ်သတ်များ၊ တာဝန်ရှိသူများနှင့် စိတ်အနှောင့်အယှက်ဖြစ်ရသူများအားလုံးကို MIU FC အသင်းမှ လေးစားစွာဖြင့် အနူးအညွတ်တောင်းပန်ကြောင်းလည်း ဖော်ပြထား သည်။
ဗိုလ်လုပွဲစဉ်အတွင်း ခိုက်ရန်ဖြစ်ပွားမှုကို ဖူဆယ်ဘောလုံးပွဲကျင်းပရေး ကော်မတီကလည်း အရေးယူသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

zawgyi version
ဖူဆယ္ဗိုလ္လုပြဲတြင္ ခိုက္ရန္ျဖစ္ပြားခဲ့ေသာ MIU FC အသင္းမွ လက္ေထာက္နည္းျပအပါအဝင္ ကစားသမား(၉)ဦးကို အသင္းမွထုတ္ပယ္
ရဲျပည့္ (NP News) - ႏိုဝင္ဘာ ၂၇
MFF Futsal Championship 2022 ေနာက္ဆုံးဗိုလ္လုပြဲတြင္ ခိုက္ရန္ျဖစ္ပြားခဲ့သည့္ MIU FC အသင္းမွ လက္ေထာက္နည္းျပအပါအဝင္ ကစားသမား(၉)ဦးကို အသင္းမွထုတ္ပယ္လိုက္ေၾကာင္း MIU FC က ထုတ္ျပန္ထားသည္။
အဆိုပါ ေနာက္ဆုံးဗိုလ္လုပြဲအား ႏိုဝင္ဘာလ ၂၆ ရက္တြင္ သုဝဏၰကြင္း အတြင္းရွိ MFF Futsal Stadium တြင္ က်င္းပခဲ့ျခင္းျဖစ္ၿပီး MIU FC (Myanmar Imperial University-FC) ႏွင့္ VUC FC (Victoria University College-FC) တို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကျခင္းျဖစ္သည္။
အဆိုပါပြဲအေပၚ ဒိုင္လူႀကီး၏ ဆုံးျဖတ္ခ်က္အခ်ိဳ႕ကို ေက်နပ္မႈမရွိသည့္
MIU FC အဖြဲ႕ဝင္မ်ားႏွင့္ ကစားသမားမ်ားက ဒိုင္လူႀကီးအား လိုက္လံၿပီး ရန္ျပဳတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းလည္းျဖစ္သည္။
ထို႔ေၾကာင့္ MIU FC အသင္းအုပ္ခ်ဳပ္သူမ်ားက ၎တို႔၏ ကစားသမားေဟာင္းမ်ား ျဖစ္သည့္ ကိုေမာင္ေမာင္ေဇာ္ႏွင့္ ကိုေအာင္သူတို႔ကို အသင္းမွထုတ္ပယ္ခဲ့ၿပီး လက္ေထာက္နည္းျပ ကိုဥကၠာေက်ာ္၊ ကစားသမားမ်ားျဖစ္သည့္ ေက်ာနံပါတ္ (၁ဝ)ကိုေက်ာ္စိုးမိုး၊ ေက်ာနံပါတ္(၉)ကိုခင္ေဇာ္လင္း ၊ ေက်ာနံပါတ္(၇) ကိုစိုင္းၿပဳံးေအာင္ ၊ ေက်ာနံပါတ္(၁၁) ကိုႏိုင္ရဲေက်ာ္ ၊ ေက်ာနံပါတ္(၁၆) ကိုသီဟသူ၊ ေက်ာနံပါတ္(၃) ကိုညီညီစံႏွင့္ ေက်ာနံပါတ္(၁၂)ကိုခ်မ္းသာ စုစုေပါင္း (၁ဝ)ဦးကို စာခ်ဳပ္ဖ်က္သိမ္းၿပီး အသင္းမွ ထုတ္ပယ္ေၾကာင္း ေၾကညာထားသည္။
ထို႔ျပင္ ခိုက္ရန္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္ကိစၥရပ္မ်ားအတြက္ ၾကည့္ရႈသူ ပရိတ္သတ္မ်ား၊ တာဝန္ရွိသူမ်ားႏွင့္ စိတ္အေႏွာင့္အယွက္ျဖစ္ရသူမ်ားအားလုံးကို MIU FC အသင္းမွ ေလးစားစြာျဖင့္ အႏူးအၫြတ္ေတာင္းပန္ေၾကာင္းလည္း ေဖာ္ျပထား သည္။
ဗိုလ္လုပြဲစဥ္အတြင္း ခိုက္ရန္ျဖစ္ပြားမႈကို ဖူဆယ္ေဘာလုံးပြဲက်င္းပေရး ေကာ္မတီကလည္း အေရးယူသြားမည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။