တင်းကြပ်တဲ့ ကိုဗစ်စည်းကမ်းတွေကိုမကျေနပ်တဲ့အတွက် တရုတ်နိုင်ငံရှိမြို့များမှာ သုံးရက်ဆက်တိုက်ဆန္ဒပြ

 549

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

တရုတ်အစိုးရက သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရစ်ကပ်ရောဂါနဲ့ပတ်သက်တဲ့ တင်းကြပ်တဲ့စည်းကမ်းတွေကို ဆန့်ကျင့်ဆန္ဒပြမှုတွေ သုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲတွေနဲ့ ဆန္ဒပြအုပ်စုများကြားထိပ်တိုက်တွေ့ဆုံခြင်းများရှိခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ ရှန်ကျန်းဒေသမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ပတ်သက်တဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေကြောင့်မီးလောင်မှုနဲ့ ရင်ဆိုင်နေရတဲ့ လူတွေကို ကယ်တင်နိုင်ဖို့ နှောင့်နေးမှုတွေဖြစ်ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ရှန်ကျန်းဒေသမှာစတင်ခဲ့တဲ့ zero-COVID မူဝါဒကို ဆန့်ကျင်ဆန္ဒပြမှုတွေစတင်ခဲ့ရာ အခြားမြို့အများအပြားကို ပျံ့နှံ့ကူးစက်မှုများဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့ကြောင်းသိရပါတယ်။

လမ်းမတွေမှာ ဆန္ဒပြထုတ်ဖော်ခြင်းသာမက တက္ကသိုလ်တွေမှာလည်း ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့သုံးရက်အတွင်း ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံရှိ တက္ကသိုလ်အများအပြားအပြင် ဘေဂျင်း၊ ရှန်ဟိုင်း၊ ၀ူဟန်၊ Lanzhou မြို့အပြင် အခြားမြို့တွေမှာလည်း ဖြစ်ပွားခဲ့ပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာလ ၂၇ ရက်ကဖြစ်ပွားခဲ့တဲ့ ရှန်ဟိုင်းမြို့ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ဆန္ဒပြသူတစ်ဦးက"ကျွန်တော်နိုင်ငံကို ချစ်တဲ့အတွက် ဆန္ဒပြဖို့ ဒီကိုရောက်ရှိလာခဲ့တာပါ၊ ကျွန်တော်ဟာ နိုင်ငံကို ချစ်ပေမယ့်လက်ရှိအစိုးရကို ချစ်မြတ်နိုးတာမျိုးမရှိဘူး၊ ကျွန်တော်တို့ဟာ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ရလိုပေမယ့် လက်ရှိအချိန်မှာတော့ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်မရဘူး။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့စည်းကမ်းတွေက Game တစ်ခုပါပဲ၊ အဲဒီစည်းကမ်းတွေဟာ လက်တွေ့မကျဘူး"လို့ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသားတစ်ဦးက "ကျွန်တော်တို့ ကျောင်းသားပေါင်း ၂ဝဝ နဲ့ ၃ဝဝ ကြား တက္ကသိုလ်ထဲမှာ ဆန္ဒပြခဲ့တယ်။ နိုင်ငံတော်သီချင်းကို သီဆိုခဲ့တယ်။ လွတ်လပ်မှုတွေရလိုတာကို ကြွေးကြော်တောင်းဆိုခဲ့တယ်" လို့ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်သူများဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး lockdown ချထားမှုတွေကို ဖြေလျော့ပေးဖို့တောင်းဆိုခဲ့ကြောင်း သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

zawgyi version
တင္းၾကပ္တဲ့ ကိုဗစ္စည္းကမ္းေတြကိုမေက်နပ္တဲ့အတြက္ တ႐ုတ္ႏိုင္ငံရွိၿမိဳ႕မ်ားမွာ သုံးရက္ဆက္တိုက္ဆႏၵျပ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

တ႐ုတ္အစိုးရက သတ္မွတ္ထားတဲ့ ကို႐ိုနာဗိုင္းရစ္ကပ္ေရာဂါနဲ႔ပတ္သက္တဲ့ တင္းၾကပ္တဲ့စည္းကမ္းေတြကို ဆန႔္က်င့္ဆႏၵျပမႈေတြ သုံးရက္ဆက္တိုက္ျဖစ္ပြားခဲ့ၿပီး ရဲေတြနဲ႔ ဆႏၵျပအုပ္စုမ်ားၾကားထိပ္တိုက္ေတြ႕ဆုံျခင္းမ်ားရွိခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံ ရွန္က်န္းေဒသမွာျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါနဲ႔ပတ္သက္တဲ့ တင္းၾကပ္တဲ့ စည္းကမ္းေတြေၾကာင့္မီးေလာင္မႈနဲ႔ ရင္ဆိုင္ေနရတဲ့ လူေတြကို ကယ္တင္ႏိုင္ဖို႔ ေႏွာင့္ေနးမႈေတြျဖစ္ခဲ့တယ္လို႔ သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ ရွန္က်န္းေဒသမွာစတင္ခဲ့တဲ့ zero-COVID မူဝါဒကို ဆန႔္က်င္ဆႏၵျပမႈေတြစတင္ခဲ့ရာ အျခားၿမိဳ႕အမ်ားအျပားကို ပ်ံ႕ႏွံ႔ကူးစက္မႈမ်ားျဖစ္ပြားခဲ့ၿပီး ဆႏၵျပပြဲေတြ ဆက္တိုက္ျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။

လမ္းမေတြမွာ ဆႏၵျပထုတ္ေဖာ္ျခင္းသာမက တကၠသိုလ္ေတြမွာလည္း ဆႏၵျပပြဲေတြျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့သုံးရက္အတြင္း ဆႏၵျပပြဲေတြဟာ တ႐ုတ္ႏိုင္ငံရွိ တကၠသိုလ္အမ်ားအျပားအျပင္ ေဘဂ်င္း၊ ရွန္ဟိုင္း၊ ၀ူဟန္၊ Lanzhou ၿမိဳ႕အျပင္ အျခားၿမိဳ႕ေတြမွာလည္း ျဖစ္ပြားခဲ့ၿပီး ရဲေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားျဖစ္ပြားခဲ့ေၾကာင္းသိရပါတယ္။ ႏိုဝင္ဘာလ ၂၇ ရက္ကျဖစ္ပြားခဲ့တဲ့ ရွန္ဟိုင္းၿမိဳ႕ဆႏၵျပပြဲမွာပါဝင္ခဲ့တဲ့ ဆႏၵျပသူတစ္ဦးက"ကြၽန္ေတာ္ႏိုင္ငံကို ခ်စ္တဲ့အတြက္ ဆႏၵျပဖို႔ ဒီကိုေရာက္ရွိလာခဲ့တာပါ၊ ကြၽန္ေတာ္ဟာ ႏိုင္ငံကို ခ်စ္ေပမယ့္လက္ရွိအစိုးရကို ခ်စ္ျမတ္ႏိုးတာမ်ိဳးမရွိဘူး၊ ကြၽန္ေတာ္တို႔ဟာ လြတ္လပ္စြာသြားလာလႈပ္ရွားခြင့္ရလိုေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ လြတ္လပ္စြာသြားလာလႈပ္ရွားခြင့္မရဘူး။ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့စည္းကမ္းေတြက Game တစ္ခုပါပဲ၊ အဲဒီစည္းကမ္းေတြဟာ လက္ေတြ႕မက်ဘူး"လို႔ေျပာပါတယ္။

ဆႏၵျပပြဲမွာပါဝင္တဲ့ ေက်ာင္းသားတစ္ဦးက "ကြၽန္ေတာ္တို႔ ေက်ာင္းသားေပါင္း ၂ဝဝ နဲ႔ ၃ဝဝ ၾကား တကၠသိုလ္ထဲမွာ ဆႏၵျပခဲ့တယ္။ ႏိုင္ငံေတာ္သီခ်င္းကို သီဆိုခဲ့တယ္။ လြတ္လပ္မႈေတြရလိုတာကို ေႂကြးေၾကာ္ေတာင္းဆိုခဲ့တယ္" လို႔ေျပာပါတယ္။

ဆႏၵျပပြဲမွာပါဝင္သူမ်ားဟာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး lockdown ခ်ထားမႈေတြကို ေျဖေလ်ာ့ေပးဖို႔ေတာင္းဆိုခဲ့ေၾကာင္း သတင္းေတြလည္းထြက္ေပၚေနပါတယ္။

Related news

© 2021. All rights reserved.