ယခုနှစ်၌ နိုင်ငံတော်ဘဏ္ဍာငွေမှ HIV ရောဂါကုသဆေးဝယ်ယူရန် အမေရိကန်ဒေါ်လာ (၁၆) သန်းထောက်ပံ့ထား

 771

ယွန်း (NP News) - ဒီဇင်ဘာ ၄

၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာနှစ်အတွက် HIV ရောဂါကုသဆေးဝယ်ယူရန် နိုင်ငံတော်ဘဏ္ဍာငွေမှ အမေရိကန်ဒေါ်လာ(၁၆)သန်းဖိုး ထောက်ပံ့ထားကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြီးခဲ့သည့် ဒီဇင်ဘာလ(၁)ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော အခမ်းအနား၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောခဲ့ခြင်းဖြစ် သည်။

၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာနှစ်အတွက် HIV ရောဂါကုသဆေး(ART)နှင့် ဆေးပစ္စည်းများဝယ်ယူရန် အမေရိကန်ဒေါ်လာ(၁၆)သန်းအား နိုင်ငံတော်ဘဏ္ဍာငွေမှ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းမှဆို သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်အကုန်တွင် ခန့်မှန်းတွက်ချက်မှုအရ HIV ရောဂါပိုးကူးစက်ခံရသူ (၂၇ဝဝဝဝ)ကျော်ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ( ဝ ဒသမ ၆၄) ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရောဂါဖြစ်ပွားမှုအမြင့်ဆုံးဒေသများမှာ ကချင်၊ ရှမ်း(မြောက်ပိုင်း)၊ မန္တလေး၊ စစ်ကိုင်း နှင့် ရန်ကုန်တို့ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းမှ အသိပေးပြောဆိုထားသည်။

ထို့ကြောင့် လာမည့် (၂ဝ၂၃)ခုနှစ်မှစ၍ ရန်ကုန်၊ မန္တလေး၊ မွန်၊ ရှမ်း(တောင်ပိုင်း)နှင့် ဧရာဝတီတို့တွင် အမျိုးသားစုံတွဲများအကြား HIV ပိုးကူးစက်မှုမှ ကာကွယ်ရန် PrEP ဆေးတိုက်ခြင်းလုပ်ငန်းကို ပုံမှန်ရောဂါကာကွယ်ရေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ရောဂါပိုးရှိ၊ မရှိကို မိမိဘာသာစစ်ဆေးနိုင်သည့် ရှေးပြေးစီမံချက်ကိုလည်း ၂ဝ၂၁ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးတို့တွင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ဆိုသည်။

zawgyi version
ယခုႏွစ္၌ ႏိုင္ငံေတာ္ဘ႑ာေငြမွ HIV ေရာဂါကုသေဆးဝယ္ယူရန္ အေမရိကန္ေဒၚလာ (၁၆) သန္းေထာက္ပံ့ထား
ယြန္း (NP News) - ဒီဇင္ဘာ ၄

၂ဝ၂၂- ၂ဝ၂၃ ဘ႑ာႏွစ္အတြက္ HIV ေရာဂါကုသေဆးဝယ္ယူရန္ ႏိုင္ငံေတာ္ဘ႑ာေငြမွ အေမရိကန္ေဒၚလာ(၁၆)သန္းဖိုး ေထာက္ပံ့ထားေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၁)ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၏ အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေသာ အခမ္းအနား၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာခဲ့ျခင္းျဖစ္ သည္။

၂ဝ၂၂- ၂ဝ၂၃ ဘ႑ာႏွစ္အတြက္ HIV ေရာဂါကုသေဆး(ART)ႏွင့္ ေဆးပစၥည္းမ်ားဝယ္ယူရန္ အေမရိကန္ေဒၚလာ(၁၆)သန္းအား ႏိုင္ငံေတာ္ဘ႑ာေငြမွ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ေထာက္ပံ့ေပးျခင္းျဖစ္ေၾကာင္း ေဒါက္တာသက္ခိုင္ဝင္းမွဆို သည္။

ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္အကုန္တြင္ ခန႔္မွန္းတြက္ခ်က္မႈအရ HIV ေရာဂါပိုးကူးစက္ခံရသူ (၂၇ဝဝဝဝ)ေက်ာ္ရွိခဲ့ၿပီး ေရာဂါပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ ( ဝ ဒသမ ၆၄) ရာခိုင္ႏႈန္းအထိရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေရာဂါျဖစ္ပြားမႈအျမင့္ဆုံးေဒသမ်ားမွာ ကခ်င္၊ ရွမ္း(ေျမာက္ပိုင္း)၊ မႏၲေလး၊ စစ္ကိုင္း ႏွင့္ ရန္ကုန္တို႔ျဖစ္ေၾကာင္း ေဒါက္တာသက္ခိုင္ဝင္းမွ အသိေပးေျပာဆိုထားသည္။

ထို႔ေၾကာင့္ လာမည့္ (၂ဝ၂၃)ခုႏွစ္မွစ၍ ရန္ကုန္၊ မႏၲေလး၊ မြန္၊ ရွမ္း(ေတာင္ပိုင္း)ႏွင့္ ဧရာဝတီတို႔တြင္ အမ်ိဳးသားစုံတြဲမ်ားအၾကား HIV ပိုးကူးစက္မႈမွ ကာကြယ္ရန္ PrEP ေဆးတိုက္ျခင္းလုပ္ငန္းကို ပုံမွန္ေရာဂါကာကြယ္ေရးအျဖစ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ေရာဂါပိုးရွိ၊ မရွိကို မိမိဘာသာစစ္ေဆးႏိုင္သည့္ ေရွးေျပးစီမံခ်က္ကိုလည္း ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလမွ ဒီဇင္ဘာလအတြင္း ရန္ကုန္ႏွင့္ မႏၲေလးတို႔တြင္ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းမွ ဆိုသည္။

Related news

© 2021. All rights reserved.