လောက်ကိုင်မြို့၌ တိုက်ပွဲဖြစ်မည်ဟုဆိုသော ကောလာဟလကြောင့် ရွှေ့ပြောင်းအလုပ်သမားအများအပြား မြို့မှထွက်ခွာမှုများဖြစ်ပေါ်နေ
1911
NP News - ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၌ တိုက်ပွဲဖြစ်မည်ဟုဆိုသော ကောလာဟလကြောင့် ရွှေ့ပြောင်းအလုပ်သမားအများအပြား မြို့မှထွက်ခွာပြီး နေရပ်သို့ ပြန်နေမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း လောက်ကိုင်မြို့၌ တိုက်ပွဲများဖြစ်ပေါ်နိုင်သည်ဟုဆိုကာ သတင်းများထွက်ပေါ်နေခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့ဒေသခံများက NP News ကို ပြောသည်။
“ဒီမှာကတော့တိုက်ပွဲဖြစ်သံတော့ မကြားရဘူးဗျ။ ပြန်တဲ့သူတွေများတာကတော့ ဟုတ်တယ်။ ဒီနေ့လူတွေတော်တော်လေး ပြန်ကြတယ်။ တိုက်ပွဲဖြစ်တာတို့၊ ပစ် ခတ်သံကြားတာတို့တော့ လောလောဆယ်မကြားရသေးဘူး။ မြို့ထဲမှာတော့ သတင်းတွေပျံ့နေတာကတော့ ဒီရက်ပိုင်းတိုက်ပွဲတွေဖြစ်နိုင်တယ်ဆိုပြီး သတင်းတွေကြားနေရတာပေါ့။ ကျွန်တော်တို့လည်း အတိအကျမသိရဘူးပေါ့။ အခုကတော့ ဒီမှာနေတဲ့သူတွေလည်းရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ တချို့က လည်း သတင်းတွေကြားပြီး ပြန်ကြတာတွေလည်းများတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါကောလာဟလသတင်းကြောင့် လွန်ခဲ့သော ၂ ရက်၊ ၃ ရက်မှစ၍ ကားများဖြင့် လောက်ကိုင်မြို့မှ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ကို ကားတွေမှာဆို လူအပြည့်နဲ့ကို ပြန်ကြတာပေါ့။ လောက်ကိုင်ကား ဝန်းထဲမှာတောင် ကားတွေက မရှိသလောက်ကို ဖြစ်နေပြီပေါ့။ ဒီကနေပြန်ဆင်းကြတာတွေများတော့ လားရှိုးကနေ ကုန်မပါပဲ ခါလီတက်လာတယ် ပြီးရင် လူအပြည့်နဲ့ ပြန်ဆင်းသွားကြတယ် အဲ့လိုတွေရှိတယ်ဗျ။ ပြန်ကြတာက နှစ်ရက်၊ သုံးရက်လောက်ရှိနေပြီး တောက်လျှောက်ပြန်နေကြတာ” ဟု လောက်ကိုင်မြို့ခံတစ်ဦးက ဆိုသည်။
ထိုသို့ အများအပြား လောက်ကိုင်မြို့မှ ထွက်ခွာနေမှုကြောင့် လောက်ကိုင်-လားရှိုးကားခသည် ယခင်က ငွေကျပ် ၃ဝဝဝဝ ဝန်ကျင်သာရှိသော်လည်း လက်ရှိတွင် ငွေကျပ် ၈ဝဝဝဝ မှ တစ်သိန်းဝန်းကျင်အထိ ဈေးနှုန်းများ ကြီးမြင့်လာကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါအခြေအနေများနှင့်ပတ်သက်၍ နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံ NP News အနေဖြင့် ဆက်သွယ်နေသော်လည်း ဆက်သွယ်မှု မရရှိသေးပေ။
ပြီးခဲ့သော ၂ဝ၁၅ ခုနှစ်အတွင်း လောက်ကိုင်ဒေသတစ်ဝိုက်၌ ကိုးကန့်တပ်ဖြစ်သော MNDAA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးသည်။
“တိုက်ပွဲတွေကိုတော့ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့မြန်မာပြည်မှာကလည်း စီးပွားရေးအခက်အခဲတွေရှိတယ်လေ။ လောက်ကိုင်မှာ ထပ်ဖြစ်မယ်ဆိုရင်တော့ ဒီမှာဘာစီးပွားရေးမှ လည်းမဖြစ်ဘူး။ နေဖို့ထိုင်ဖို့ကအစ အဆင်မပြေတာတွေ ဖြစ်ကုန်မှာ။ စစ်ကိုတော့မလိုလားဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးတွေ ကြပ်တည်းရတဲ့ ကြားထဲမှာ အခုလိုရုတ်ရုတ်သဲသဲတွေဖြစ်တော့ ကျွန်တော်တို့တွေ ပိုဆိုးတာပေါ့ဗျာ” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို မှတ်ချက်ပြုပြောဆို ထားသည်။
ယခုနှစ် နိုဝင်ဘာလကုန်ပိုင်း၌ ကိုးကန့်ချင်းရွှေဟော်ဒေသ၊ နမ့်ဖာတောင်၌ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားထားကြောင်း ဒေသတွင်းသတင်းများ၌ ဖော်ပြထားသည်ကို တွေ့ရှိရသည်။
zawgyi version
ေလာက္ကိုင္ၿမိဳ႕၌ တိုက္ပြဲျဖစ္မည္ဟုဆိုေသာ ေကာလာဟလေၾကာင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားအမ်ားအျပား ၿမိဳ႕မွထြက္ခြာမႈမ်ားျဖစ္ေပၚေန
NP News - ဒီဇင္ဘာ ၆
ရွမ္းျပည္နယ္၊ ေလာက္ကိုင္ၿမိဳ႕၌ တိုက္ပြဲျဖစ္မည္ဟုဆိုေသာ ေကာလာဟလေၾကာင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားအမ်ားအျပား ၿမိဳ႕မွထြက္ခြာၿပီး ေနရပ္သို႔ ျပန္ေနမႈမ်ား ျဖစ္ေပၚေနေၾကာင္း သတင္းရရွိသည္။
ယခုရက္ပိုင္းအတြင္း ေလာက္ကိုင္ၿမိဳ႕၌ တိုက္ပြဲမ်ားျဖစ္ေပၚႏိုင္သည္ဟုဆိုကာ သတင္းမ်ားထြက္ေပၚေနျခင္းျဖစ္ေၾကာင္း ေလာက္ကိုင္ၿမိဳ႕ေဒသခံမ်ားက NP News ကို ေျပာသည္။
“ဒီမွာကေတာ့တိုက္ပြဲျဖစ္သံေတာ့ မၾကားရဘူးဗ်။ ျပန္တဲ့သူေတြမ်ားတာကေတာ့ ဟုတ္တယ္။ ဒီေန႔လူေတြေတာ္ေတာ္ေလး ျပန္ၾကတယ္။ တိုက္ပြဲျဖစ္တာတို႔၊ ပစ္ ခတ္သံၾကားတာတို႔ေတာ့ ေလာေလာဆယ္မၾကားရေသးဘူး။ ၿမိဳ႕ထဲမွာေတာ့ သတင္းေတြပ်ံ႕ေနတာကေတာ့ ဒီရက္ပိုင္းတိုက္ပြဲေတြျဖစ္ႏိုင္တယ္ဆိုၿပီး သတင္းေတြၾကားေနရတာေပါ့။ ကြၽန္ေတာ္တို႔လည္း အတိအက်မသိရဘူးေပါ့။ အခုကေတာ့ ဒီမွာေနတဲ့သူေတြလည္းရွိတယ္။ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကေတာ့ တခ်ိဳ႕က လည္း သတင္းေတြၾကားၿပီး ျပန္ၾကတာေတြလည္းမ်ားတယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
အဆိုပါေကာလာဟလသတင္းေၾကာင့္ လြန္ခဲ့ေသာ ၂ ရက္၊ ၃ ရက္မွစ၍ ကားမ်ားျဖင့္ ေလာက္ကိုင္ၿမိဳ႕မွ ထြက္ခြာေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီေန႔ကို ကားေတြမွာဆို လူအျပည့္နဲ႔ကို ျပန္ၾကတာေပါ့။ ေလာက္ကိုင္ကား ဝန္းထဲမွာေတာင္ ကားေတြက မရွိသေလာက္ကို ျဖစ္ေနၿပီေပါ့။ ဒီကေနျပန္ဆင္းၾကတာေတြမ်ားေတာ့ လားရႈိးကေန ကုန္မပါပဲ ခါလီတက္လာတယ္ ၿပီးရင္ လူအျပည့္နဲ႔ ျပန္ဆင္းသြားၾကတယ္ အဲ့လိုေတြရွိတယ္ဗ်။ ျပန္ၾကတာက ႏွစ္ရက္၊ သုံးရက္ေလာက္ရွိေနၿပီး ေတာက္ေလွ်ာက္ျပန္ေနၾကတာ” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
ထိုသို႔ အမ်ားအျပား ေလာက္ကိုင္ၿမိဳ႕မွ ထြက္ခြာေနမႈေၾကာင့္ ေလာက္ကိုင္-လားရႈိးကားခသည္ ယခင္က ေငြက်ပ္ ၃ဝဝဝဝ ဝန္က်င္သာရွိေသာ္လည္း လက္ရွိတြင္ ေငြက်ပ္ ၈ဝဝဝဝ မွ တစ္သိန္းဝန္းက်င္အထိ ေဈးႏႈန္းမ်ား ႀကီးျမင့္လာေၾကာင္း ၎က ဆက္လက္ေျပာသည္။
အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ နစက၏သတင္းထုတ္ျပန္ေရးအဖြဲ႕ထံ NP News အေနျဖင့္ ဆက္သြယ္ေနေသာ္လည္း ဆက္သြယ္မႈ မရရွိေသးေပ။
ၿပီးခဲ့ေသာ ၂ဝ၁၅ ခုႏွစ္အတြင္း ေလာက္ကိုင္ေဒသတစ္ဝိုက္၌ ကိုးကန႔္တပ္ျဖစ္ေသာ MNDAA ႏွင့္ တပ္မေတာ္တို႔အၾကား တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားခဲ့ဖူးသည္။
“တိုက္ပြဲေတြကိုေတာ့ မျဖစ္ေစခ်င္ဘူး။ ကြၽန္ေတာ္တို႔ျမန္မာျပည္မွာကလည္း စီးပြားေရးအခက္အခဲေတြရွိတယ္ေလ။ ေလာက္ကိုင္မွာ ထပ္ျဖစ္မယ္ဆိုရင္ေတာ့ ဒီမွာဘာစီးပြားေရးမွ လည္းမျဖစ္ဘူး။ ေနဖို႔ထိုင္ဖို႔ကအစ အဆင္မေျပတာေတြ ျဖစ္ကုန္မွာ။ စစ္ကိုေတာ့မလိုလားဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ စီးပြားေရးေတြ ၾကပ္တည္းရတဲ့ ၾကားထဲမွာ အခုလို႐ုတ္႐ုတ္သဲသဲေတြျဖစ္ေတာ့ ကြၽန္ေတာ္တို႔ေတြ ပိုဆိုးတာေပါ့ဗ်ာ” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို မွတ္ခ်က္ျပဳေျပာဆို ထားသည္။
ယခုႏွစ္ ႏိုဝင္ဘာလကုန္ပိုင္း၌ ကိုးကန႔္ခ်င္းေ႐ႊေဟာ္ေဒသ၊ နမ့္ဖာေတာင္၌ MNDAA ကိုးကန႔္တပ္ဖြဲ႕ႏွင့္ တပ္မေတာ္အၾကား တိုက္ပြဲျဖစ္ပြားထားေၾကာင္း ေဒသတြင္းသတင္းမ်ား၌ ေဖာ္ျပထားသည္ကို ေတြ႕ရွိရသည္။