နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အား NLD အစိုးရလက်ထက်က စွဲဆိုထားသော ငွေကြေးကိစ္စ ပုဒ်မ(၂)ခုဖြင့် ထောင်ဒဏ်(၆)နှစ် ပြစ်ဒဏ်ချမှတ်

1344

NP News - ဒီဇင်ဘာ ၇
နှင်းဆီပါတီဟု လူသိများသော ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်အား NLD အစိုးရလက်ထက်က စွဲဆိုထားသော ငွေကြေးကိစ္စ ပုဒ်မ(၂)ခုဖြင့် ထောင်ဒဏ်(၆)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းရှိ တရားရုံးက ဒီဇင်ဘာလ ၆ ရက်တွင် အထက်ပါကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်မြင့်နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
ဦးကျော်မြင့်အား ပြီးခဲ့သော အစိုးရလက်ထက်တွင် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၂ ၊ ပုဒ်မ ၁၇၁ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပုဒ်မ ၈၂ ရယ်၊ ပုဒ်မ ၁၇၁ ရယ် အရင်အစိုးရလက်ထက်တုန်းက စွပ်စွဲထားတဲ့အမှုအတွက် တစ်မှု (၃)နှစ်ရယ်၊ ငွေတစ်သိန်း ဒဏ်ငွေနဲ့ပေါ့။ အားလုံးပေါင်း ၆ နှစ်ချလိုက်တာပေါ့” ဟု ဦးကျော်မြင့်နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက ပြော သည်။
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလအတွင်း ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ၎င်း၏ ပါတီဖြစ်သည့် UDP ခေါ် နှင်းဆီပါတီသည်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ် ဖျက်ခံခဲ့ရကြောင်း သိရသည်။
နှင်းဆီပါတီသည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ပါတီ ဝင်လွှတ်တော်ကိုယ်စားလှယ် (၁၁၃၁) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းခဲ့သော ပါတီတစ်ခုဖြစ်ပြီး NLD ပါတီပြီးပါက ဒုတိယအများဆုံး ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းခဲ့သော ပါတီတစ်ခုလည်းဖြစ်သည်။
“ဟိုးအရင်တုန်းက ချထားတဲ့ ထောင်ဒဏ်တွေလည်းရှိတယ်။ နစကလက်ထက်မှာ ပြစ်ဒဏ်လျှော့ပေါ့မှုတွေကြောင့် နှစ်နှစ်နီးပါးလောက်ပဲ ကျန်တော့တာ။ အဲဒီတော့ နှစ်နီးပါးလောက်ကျန်တဲ့ဟာနဲ့ အခု (၆)နှစ်နဲ့ဆိုတော့ (၈)နှစ်လောက် ပြန်ဖြစ်သွားတာပေါ့” ဟု အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။
ထို့ပြင် ဦးကျော်မြင့်သည် လဝကဥပဒေ ပုဒ်မ ၁၃(၁)ဖြင့်လည်း တရားစွဲဆိုခံထားရပြီး ယခု ဒီဇင်ဘာလအတွင်း အမိန့်ချမှတ်ခံရဖွယ်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
၎င်းအပြင် ဦးကျော်မြင့်သည် လက်ရှိနစကအစိုးရလက်ထက်တွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၄၃)ဖြင့်ပါ တရားစွဲဆိုခံထားရကြောင်း သိရပြီး ယင်းအမှုအတွက် ဆက်လက်တရားရင်ဆိုင်နေရကြောင်း အထက်ပါသတင်းအရင်းအ မြစ်က အသိပေးပြောဆိုထားသည်။

zawgyi version
ႏွင္းဆီပါတီဥကၠ႒ဦးေက်ာ္ျမင့္အား NLD အစိုးရလက္ထက္က စြဲဆိုထားေသာ ေငြေၾကးကိစၥ ပုဒ္မ(၂)ခုျဖင့္ ေထာင္ဒဏ္(၆)ႏွစ္ ျပစ္ဒဏ္ခ်မွတ္
NP News - ဒီဇင္ဘာ ၇
ႏွင္းဆီပါတီဟု လူသိမ်ားေသာ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP) ဥကၠ႒ ဦးေက်ာ္ျမင့္အား NLD အစိုးရလက္ထက္က စြဲဆိုထားေသာ ေငြေၾကးကိစၥ ပုဒ္မ(၂)ခုျဖင့္ ေထာင္ဒဏ္(၆)ႏွစ္ ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။
ရန္ကုန္ၿမိဳ႕၊ အင္းစိန္အက်ဥ္းေထာင္အတြင္းရွိ တရား႐ုံးက ဒီဇင္ဘာလ ၆ ရက္တြင္ အထက္ပါကဲ့သို႔ ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဦးေက်ာ္ျမင့္ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။
ဦးေက်ာ္ျမင့္အား ၿပီးခဲ့ေသာ အစိုးရလက္ထက္တြင္ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားဥပေဒ ပုဒ္မ ၈၂ ၊ ပုဒ္မ ၁၇၁ တို႔ျဖင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ပုဒ္မ ၈၂ ရယ္၊ ပုဒ္မ ၁၇၁ ရယ္ အရင္အစိုးရလက္ထက္တုန္းက စြပ္စြဲထားတဲ့အမႈအတြက္ တစ္မႈ (၃)ႏွစ္ရယ္၊ ေငြတစ္သိန္း ဒဏ္ေငြနဲ႔ေပါ့။ အားလုံးေပါင္း ၆ ႏွစ္ခ်လိုက္တာေပါ့” ဟု ဦးေက်ာ္ျမင့္ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက ေျပာ သည္။
ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္သည္ ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္ စက္တင္ဘာလအတြင္း ေထာင္ေျပးမႈျဖင့္ ဖမ္းဆီးခံခဲ့ရၿပီး ေနာက္ပိုင္းတြင္ ၎၏ ပါတီျဖစ္သည့္ UDP ေခၚ ႏွင္းဆီပါတီသည္လည္း ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းမွ ပယ္ ဖ်က္ခံခဲ့ရေၾကာင္း သိရသည္။
ႏွင္းဆီပါတီသည္ ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲအတြက္ ပါတီဝင္လႊတ္ေတာ္ကိုယ္စားလွယ္ (၁၁၃၁) ဦးျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ စာရင္းတင္သြင္းခဲ့ေသာ ပါတီတစ္ခုျဖစ္ၿပီး NLD ပါတီၿပီးပါက ဒုတိယအမ်ားဆုံး ကိုယ္စားလွယ္ေလာင္းစာရင္း တင္သြင္းခဲ့ေသာ ပါတီတစ္ခုလည္းျဖစ္သည္။
“ဟိုးအရင္တုန္းက ခ်ထားတဲ့ ေထာင္ဒဏ္ေတြလည္းရွိတယ္။ နစကလက္ထက္မွာ ျပစ္ဒဏ္ေလွ်ာ့ေပါ့မႈေတြေၾကာင့္ ႏွစ္ႏွစ္နီးပါးေလာက္ပဲ က်န္ေတာ့တာ။ အဲဒီေတာ့ ႏွစ္နီးပါးေလာက္က်န္တဲ့ဟာနဲ႔ အခု (၆)ႏွစ္နဲ႔ဆိုေတာ့ (၈)ႏွစ္ေလာက္ ျပန္ျဖစ္သြားတာေပါ့” ဟု အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။
ထို႔ျပင္ ဦးေက်ာ္ျမင့္သည္ လဝကဥပေဒ ပုဒ္မ ၁၃(၁)ျဖင့္လည္း တရားစြဲဆိုခံထားရၿပီး ယခု ဒီဇင္ဘာလအတြင္း အမိန႔္ခ်မွတ္ခံရဖြယ္ရွိေၾကာင္းလည္း ၎က ဆိုသည္။
၎အျပင္ ဦးေက်ာ္ျမင့္သည္ လက္ရွိနစကအစိုးရလက္ထက္တြင္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ (၄၃)ျဖင့္ပါ တရားစြဲဆိုခံထားရေၾကာင္း သိရၿပီး ယင္းအမႈအတြက္ ဆက္လက္တရားရင္ဆိုင္ေနရေၾကာင္း အထက္ပါသတင္းအရင္းအ ျမစ္က အသိေပးေျပာဆိုထားသည္။