လာမယ့်နှစ်အစောပိုင်းမှာ တိုက်ခိုက်ရေးပွဲစဉ်များ ထပ်မံယှဉ်ပြိုင်ဖွယ်ရှိနေတဲ့ အောင်လအန်ဆန်

 679

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁ဝ

မြန်မာ့စပါအုံးမြွေလို့ တင်စားခံရတဲ့ အောင်လအန်ဆန်ဟာ ပြီးခဲတဲ့ရက်ပိုင်းမှာ ONE Championship ကုမ္ပဏီနဲ့ စာချုပ်အသစ်ထပ်မံချုပ်ဆိုခဲ့ရာ လာမယ့်နှစ် အစောပိုင်းမှာ တိုက်ခိုက်ရေးပွဲစဉ်တွေယှဉ်ပြိုင်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။

အောင်လအန်ဆန်ဟာ ONE Championship နဲ့စာချုပ်ချုပ်ဆိုခဲ့ပေမယ့် လာမယ့်ပွဲစဉ်ကို ဘယ်သူနဲ့ ဘယ်အချိန်မှာ ယှဉ်ပြိုင်ရမလဲဆိုတာကို အတိအကျမသိသေးသလို ONE Championship ဘက်ကလည်း ထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရပါတယ်။ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ မကြာသေးမီက ယှဉ်ပြိုင်ခဲ့တဲ့ ONE 163 ပွဲစဉ်မှာ ဂျပန်တိုက်ခိုက်ရေးသမား ယူရှင်အိုကာမီကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူပြီးနောက် ရက်ပိုင်းအကြာမှာ ONE Championship နဲ့စာချုပ်အသစ်ထပ်မံချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

အောင်လအန်ဆန်က "ကျွန်တော်ဟာ စာချုပ်အသစ်ထပ်မံချုပ်ဆိုလိုက်တယ်။ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်းမှာ ဘယ်သူနဲ့ ယှဉ်ပြိုင်ရမလဲဆိုတာ အတိအ ကျသိရမှာပါ။ လာမယ့်နှစ် နှစ်စပိုင်းလောက်မှာယှဉ်ပြိုင်ရမယ်လို့မျှော်လင့်ထားတယ်။ လေ့ကျင့်ခန်းအစီစဉ်တွေ ပြန်လည်လုပ်ဆောင်တော့မယ်"လို့ပြောပါတယ်။

အသက် ၃၇နှစ် အရွယ်ရှိ အောင်လအန်ဆန်ဟာ ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဆုတွေရယူနိုင်ခဲ့ပေမယ့် နယ်သာလန်တိုက်ခိုက်ရေးသမား ရိုင်နီယာ ဒီရစ်ဒါကို ရှုံးနိမ့်မှုကြောင့် အဆိုပါချန်ပီယံဆုနှစ်ခုစလုံး စွန့်လွှတ်ခဲ့ရသူဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ လက်ရှိအချိန်မှာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်ဖို့ မျှော်လင့်နေသူဖြစ်ပါတယ်။ ONE Championship ဟာ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှာ ONE on Prime Video 6 ပွဲစဉ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်မှာ ONE on Prime Video 7 ပွဲစဉ် ကျင်းပဖို့ စီစဉ်ထားရာ အဆိုပါပွဲစဉ်များမှာ အောင်လအန်ဆန်အတွက် ယှဉ်ပြိုင်ရမယ့် တွဲဆိုင်းကို ထည့်သွင်းကျင်းပဖွယ်ရှိနေကြောင်း သိရပါတယ်။

အောင်လအန်ဆန်ဟာ ONE Championship စာချုပ်ချုပ်ဆိုခဲ့တဲ့အကြောင်းကို သူရဲ့လူမူကွန်ရက်မှာဖော်ပြခဲ့ပေမယ့် ထိုးသတ်ရမယ့်ပွဲစဉ်အရေအတွက် အပါအဝင် စာချုပ်နဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ခြင်းမရှိကြောင်းသိရပါတယ်။

zawgyi version
လာမယ့္ႏွစ္အေစာပိုင္းမွာ တိုက္ခိုက္ေရးပြဲစဥ္မ်ား ထပ္မံယွဥ္ၿပိဳင္ဖြယ္ရွိေနတဲ့ ေအာင္လအန္ဆန္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁ဝ

ျမန္မာ့စပါအုံးေႁမြလို႔ တင္စားခံရတဲ့ ေအာင္လအန္ဆန္ဟာ ၿပီးခဲတဲ့ရက္ပိုင္းမွာ ONE Championship ကုမၸဏီနဲ႔ စာခ်ဳပ္အသစ္ထပ္မံခ်ဳပ္ဆိုခဲ့ရာ လာမယ့္ႏွစ္ အေစာပိုင္းမွာ တိုက္ခိုက္ေရးပြဲစဥ္ေတြယွဥ္ၿပိဳင္သြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

ေအာင္လအန္ဆန္ဟာ ONE Championship နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေပမယ့္ လာမယ့္ပြဲစဥ္ကို ဘယ္သူနဲ႔ ဘယ္အခ်ိန္မွာ ယွဥ္ၿပိဳင္ရမလဲဆိုတာကို အတိအက်မသိေသးသလို ONE Championship ဘက္ကလည္း ထုတ္ျပန္ျခင္းမရွိေသးေၾကာင္းသိရပါတယ္။ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ဟာ မၾကာေသးမီက ယွဥ္ၿပိဳင္ခဲ့တဲ့ ONE 163 ပြဲစဥ္မွာ ဂ်ပန္တိုက္ခိုက္ေရးသမား ယူရွင္အိုကာမီကို ပထမအခ်ီမွာပဲ အလဲထိုးအႏိုင္ယူၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ONE Championship နဲ႔စာခ်ဳပ္အသစ္ထပ္မံခ်ဳပ္ဆိုလိုက္တာျဖစ္ပါတယ္။

ေအာင္လအန္ဆန္က "ကြၽန္ေတာ္ဟာ စာခ်ဳပ္အသစ္ထပ္မံခ်ဳပ္ဆိုလိုက္တယ္။ လာမယ့္သီတင္းပတ္အနည္းငယ္အတြင္းမွာ ဘယ္သူနဲ႔ ယွဥ္ၿပိဳင္ရမလဲဆိုတာ အတိအ က်သိရမွာပါ။ လာမယ့္ႏွစ္ ႏွစ္စပိုင္းေလာက္မွာယွဥ္ၿပိဳင္ရမယ္လို႔ေမွ်ာ္လင့္ထားတယ္။ ေလ့က်င့္ခန္းအစီစဥ္ေတြ ျပန္လည္လုပ္ေဆာင္ေတာ့မယ္"လို႔ေျပာပါတယ္။

အသက္ ၃၇ႏွစ္ အ႐ြယ္ရွိ ေအာင္လအန္ဆန္ဟာ ONE Championship မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံဆုေတြရယူႏိုင္ခဲ့ေပမယ့္ နယ္သာလန္တိုက္ခိုက္ေရးသမား ႐ိုင္နီယာ ဒီရစ္ဒါကို ရႈံးနိမ့္မႈေၾကာင့္ အဆိုပါခ်န္ပီယံဆုႏွစ္ခုစလုံး စြန႔္လႊတ္ခဲ့ရသူျဖစ္ပါတယ္။ ေအာင္လအန္ဆန္ဟာ လက္ရွိအခ်ိန္မွာ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံဆုကို တစ္ေက်ာ့ျပန္ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနသူျဖစ္ပါတယ္။ ONE Championship ဟာ ၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီလ ၁၃ ရက္မွာ ONE on Prime Video 6 ပြဲစဥ္၊ ေဖေဖာ္ဝါရီလ ၁ဝ ရက္မွာ ONE on Prime Video 7 ပြဲစဥ္ က်င္းပဖို႔ စီစဥ္ထားရာ အဆိုပါပြဲစဥ္မ်ားမွာ ေအာင္လအန္ဆန္အတြက္ ယွဥ္ၿပိဳင္ရမယ့္ တြဲဆိုင္းကို ထည့္သြင္းက်င္းပဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ေအာင္လအန္ဆန္ဟာ ONE Championship စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့အေၾကာင္းကို သူရဲ႕လူမူကြန္ရက္မွာေဖာ္ျပခဲ့ေပမယ့္ ထိုးသတ္ရမယ့္ပြဲစဥ္အေရအတြက္ အပါအဝင္ စာခ်ဳပ္နဲ႔ပတ္သက္ၿပီး အေသးစိတ္ထုတ္ျပန္ျခင္းမရွိေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.