ရုရှားနှင့် ဆက်နွယ်သည့် အော်သိုဒေါ့က်စ်ဘုရားကျောင်းများ ဖြိုခွင်းမှုကို ယူကရိန်း အရှိန်မြှင့်

 916

Htay Oung (NP News) - ဒီဇင်ဘာ ၁၁

အော့်သိုဒေါ့က်စ် ခရစ်ယာန်ဘုရားကျောင်းများကို စီးနင်းလျက်ရှိတဲ့ ယူကရိန်း ပြည်တွင်းလုံခြုံရေးအေဂျင်စီ Security Service of Ukraine (SBU) တို့ဟာ နိုင်ငံအရှေ့မြောက်ပိုင်း ခါကော့ဗ်ဒေသမှာတည်ရှိနေတဲ့ ကျောင်းတော်များကိုလည်း စနေနေ့(ဒီဇင်ဘာလ ၁ဝ ရက်)မှာ ဆက်တိုက်ထပ်မံစီးနင်းနေပါတယ်။ ဘာသာရေးအဖွဲအစည်း (၁၄)ခုကို ပစ်မှတ်ထားတဲ့ အဲ့ဒီစစ်ဆင်ရေးဟာ ရုရှားနိုင်ငံနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ယူကရိန်း အော်သိုဒေါ့က်စ် ဘုရားကျောင်း (UOC) အပေါ် ကိယက်ဗ်ရဲ့ ဖြိုခွင်းမှုဖြစ်ကြောင်း Russia Today က ဒီဇင်ဘာလ ၁ဝ ရက်က ရေးသားပါတယ်။

ရုရှားက အထူးဦးစားပေးဆောင်ရွက်နေတဲ့ နိုင်ငံအတွင်း အဖျက်အမှောက်လုပ်ရပ်တွေကို တုန့်ပြန်ဖို့အတွက် တန်ပြန်ထောက်လှမ်းရေး လှုပ်ရှားမှုများဖြစ်ကြောင်း ခါကော့ဗ်ဒေသ SBU ညွှန်ကြားရေးမှူးက ရှင်းပြပါတယ်။ ရုရှားကမ္ဘာရဲ့ ဆဲလ်တစ်ခုအဖြစ် ဘာသာရေးကို အသုံးချခြင်းမှ တားဆီးရန်ဖြစ်ကြောင်း SBU က သူတို့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထိပါးစေမယ့် ပုဂ္ဂိုလ်များအပြင် တားမြစ်ထားတဲ့ လုပ်ရပ်အမျိုးမျိုးတို့လို အထောက်အထားများကိုလည်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ယခုစစ်ဆင်ရေးဟာ ကိယက်ဗ်ဒေသမှာ အလားတူစီးနင်းမှုများနဲ့ တိုက်ဆိုင်နေပါတယ်။ SBU အေးဂျင့်တွေဟာ ချာနိုဘိုင်းလ် ပြင်ပဇုန်မှာရှိတဲ့ ခရစ်ယာန်ဘုန်းကြီး ကျောင်းငယ်တစ်ခုကို သောကြာနေ့ (ဒီဇင်ဘာလ ၉ ရက်)မှာ ဝင်ရောက်စစ်ဆေးခဲ့ပြီး ၁၆ ဦးကို သံသယဖြစ်ဖွယ်ရှိကြောင်း၊ သူတို့ရောက်ရှိနေခြင်းဟာ တရားဝင် မဟုတ်ဖူးလို့ အေဂျင်စီက ပြောပါတယ်။

လောလောဆယ် ယူကရိန်းတို့ ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံ ခါဆွန်ဒေသမှာလည်း အလားတူ စစ်ဆင်ရေးပြုလုပ်နေပါတယ်။ ခါဆွန်အသင်းတော်အဆောက်အဦးကို ဝင်ရောက်စီးနင်းစဉ် မှတ်ပုံတင်မထားတဲ့ သေနတ်တစ်လက်၊ ရုရှားဘာသာရေးအင်ပါယာ ရွှေရောင်အမှတ်အသားနဲ့ ရုရှားအပေါ် ဂုဏ်ပြုပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။

မော်စကိုနဲ့ ဆက်နွယ်တယ်လို့ ယူဆရတဲ့ ဘာသာရေးအဖွဲ့အစည်းများအပေါ် ဆန့် ကျင်ရေးလှုပ်ရှားမှုမှာ ယူကရိန်းအာဏာပိုင်များကိုယ်တိုင်ပါဝင်နေခြင်းဟာ လအတန်ကြာရှိခဲ့ပါပြီ။ နိုင်ငံရဲ့ပင်မအော်သိုဒေါ့က်စ်ဘုန်းတော်ကြီးကျောင်းကို နိုဝင်ဘာလနှောင်းပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ဖူးပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးက ဖြိုခွင်းမှုအပေါ် ထောက်ခံခဲ့ပြီး နိုင်ငံတစ်နိုင်ငံရဲ့ ဝိညာဏ လွတ်လပ်ရေးကို ကာကွယ်ရန်အတွက် ရုရှားနဲ့ ဆက်နွယ်တယ်လို့ ယူဆရတဲ့ ဘာသာရေးအဖွဲ့အစည်းများကို တားမြစ်ပိတ်ပင်သွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြောခဲ့ပါတယ်။

ဇီလန်စကီးရဲ့ အဓိကပစ်မှတ်ဟာ ဖေဖော်ဝါရီလ စစ်ရေးဆောင်ရွက်မှု စတင်ခဲ့တဲ့ ရုရှားနိုင်ငံနဲ့ သမိုင်းကြောင်းအရ ဆက်နွယ်လျက်ရှိတဲ့ ယူကရိန်းအော်သိုဒေါ့က်စ်ကျောင်းတော်ဖြစ်ပါတယ်။ အဖွဲအစည်းဂိုဏ်းကွဲအများအပြားတို့နဲ့ ဘာသာရေးတင်း မာမှုများ ကာလရှည်ကြာစွာ ဖြစ်ပေါ်လျက်ရှိတဲ့ ယူကရိန်းဟာ မော်စကိုခရစ်ယာန် ဂိုဏ်းချုပ်ရဲ့ အခွင့်အာဏာအပေါ် စိန်ခေါ်နေသလို ရှိနေပါတယ်။ ရုရှားအော်သိုဒေါ့က်ကျောင်းတော်က ဂိုဏ်းကွဲတစ်ခုအဖြစ် ယူဆထားတဲ့ ယူကရိန်း အော်သိုဒေါ့က်စ် ကျောင်းတော် (OCU) တို့ဟာ ယေဘူယျအားဖြင့် အတူတကွ ရပ်တည်နေကြပါတယ်။

(Russia Today., 10 December 2022,” Ukraine ramps up crackdown on Orthodox Church” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
႐ုရွားႏွင့္ ဆက္ႏြယ္သည့္ ေအာ္သိုေဒါ့က္စ္ဘုရားေက်ာင္းမ်ား ၿဖိဳခြင္းမႈကို ယူကရိန္း အရွိန္ျမႇင့္
Htay Oung (NP News) - ဒီဇင္ဘာ ၁၁

ေအာ့္သိုေဒါ့က္စ္ ခရစ္ယာန္ဘုရားေက်ာင္းမ်ားကို စီးနင္းလ်က္ရွိတဲ့ ယူကရိန္း ျပည္တြင္းလုံၿခဳံေရးေအဂ်င္စီ Security Service of Ukraine (SBU) တို႔ဟာ ႏိုင္ငံအေရွ႕ေျမာက္ပိုင္း ခါေကာ့ဗ္ေဒသမွာတည္ရွိေနတဲ့ ေက်ာင္းေတာ္မ်ားကိုလည္း စေနေန႔(ဒီဇင္ဘာလ ၁ဝ ရက္)မွာ ဆက္တိုက္ထပ္မံစီးနင္းေနပါတယ္။ ဘာသာေရးအဖြဲအစည္း (၁၄)ခုကို ပစ္မွတ္ထားတဲ့ အဲ့ဒီစစ္ဆင္ေရးဟာ ႐ုရွားႏိုင္ငံနဲ႔ ဆက္စပ္ေနတယ္လို႔ စြပ္စြဲခံထားရတဲ့ ယူကရိန္း ေအာ္သိုေဒါ့က္စ္ ဘုရားေက်ာင္း (UOC) အေပၚ ကိယက္ဗ္ရဲ႕ ၿဖိဳခြင္းမႈျဖစ္ေၾကာင္း Russia Today က ဒီဇင္ဘာလ ၁ဝ ရက္က ေရးသားပါတယ္။

႐ုရွားက အထူးဦးစားေပးေဆာင္႐ြက္ေနတဲ့ ႏိုင္ငံအတြင္း အဖ်က္အေမွာက္လုပ္ရပ္ေတြကို တုန႔္ျပန္ဖို႔အတြက္ တန္ျပန္ေထာက္လွမ္းေရး လႈပ္ရွားမႈမ်ားျဖစ္ေၾကာင္း ခါေကာ့ဗ္ေဒသ SBU ၫႊန္ၾကားေရးမႉးက ရွင္းျပပါတယ္။ ႐ုရွားကမာၻရဲ႕ ဆဲလ္တစ္ခုအျဖစ္ ဘာသာေရးကို အသုံးခ်ျခင္းမွ တားဆီးရန္ျဖစ္ေၾကာင္း SBU က သူတို႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။ ယူကရိန္းရဲ႕ အခ်ဳပ္အျခာအာဏာကို ထိပါးေစမယ့္ ပုဂၢိဳလ္မ်ားအျပင္ တားျမစ္ထားတဲ့ လုပ္ရပ္အမ်ိဳးမ်ိဳးတို႔လို အေထာက္အထားမ်ားကိုလည္း ရွာေဖြေနတယ္လို႔ ဆိုပါတယ္။

ယခုစစ္ဆင္ေရးဟာ ကိယက္ဗ္ေဒသမွာ အလားတူစီးနင္းမႈမ်ားနဲ႔ တိုက္ဆိုင္ေနပါတယ္။ SBU ေအးဂ်င့္ေတြဟာ ခ်ာႏိုဘိုင္းလ္ ျပင္ပဇုန္မွာရွိတဲ့ ခရစ္ယာန္ဘုန္းႀကီး ေက်ာင္းငယ္တစ္ခုကို ေသာၾကာေန႔ (ဒီဇင္ဘာလ ၉ ရက္)မွာ ဝင္ေရာက္စစ္ေဆးခဲ့ၿပီး ၁၆ ဦးကို သံသယျဖစ္ဖြယ္ရွိေၾကာင္း၊ သူတို႔ေရာက္ရွိေနျခင္းဟာ တရားဝင္ မဟုတ္ဖူးလို႔ ေအဂ်င္စီက ေျပာပါတယ္။

ေလာေလာဆယ္ ယူကရိန္းတို႔ ထိန္းခ်ဳပ္ထားတဲ့ ႐ုရွားႏိုင္ငံ ခါဆြန္ေဒသမွာလည္း အလားတူ စစ္ဆင္ေရးျပဳလုပ္ေနပါတယ္။ ခါဆြန္အသင္းေတာ္အေဆာက္အဦးကို ဝင္ေရာက္စီးနင္းစဥ္ မွတ္ပုံတင္မထားတဲ့ ေသနတ္တစ္လက္၊ ႐ုရွားဘာသာေရးအင္ပါယာ ေ႐ႊေရာင္အမွတ္အသားနဲ႔ ႐ုရွားအေပၚ ဂုဏ္ျပဳပစၥည္းမ်ားကို ေတြ႕ရွိခဲ့ေၾကာင္း သိရွိရပါတယ္။

ေမာ္စကိုနဲ႔ ဆက္ႏြယ္တယ္လို႔ ယူဆရတဲ့ ဘာသာေရးအဖြဲ႕အစည္းမ်ားအေပၚ ဆန႔္ က်င္ေရးလႈပ္ရွားမႈမွာ ယူကရိန္းအာဏာပိုင္မ်ားကိုယ္တိုင္ပါဝင္ေနျခင္းဟာ လအတန္ၾကာရွိခဲ့ပါၿပီ။ ႏိုင္ငံရဲ႕ပင္မေအာ္သိုေဒါ့က္စ္ဘုန္းေတာ္ႀကီးေက်ာင္းကို ႏိုဝင္ဘာလေႏွာင္းပိုင္းမွာ ဝင္ေရာက္စီးနင္းခဲ့ဖူးပါတယ္။

ယူကရိန္းသမၼတ ဗိုလိုဒီျမာ ဇီလန္စကီးက ၿဖိဳခြင္းမႈအေပၚ ေထာက္ခံခဲ့ၿပီး ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ဝိညာဏ လြတ္လပ္ေရးကို ကာကြယ္ရန္အတြက္ ႐ုရွားနဲ႔ ဆက္ႏြယ္တယ္လို႔ ယူဆရတဲ့ ဘာသာေရးအဖြဲ႕အစည္းမ်ားကို တားျမစ္ပိတ္ပင္သြားမွာ ျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ေျပာခဲ့ပါတယ္။

ဇီလန္စကီးရဲ႕ အဓိကပစ္မွတ္ဟာ ေဖေဖာ္ဝါရီလ စစ္ေရးေဆာင္႐ြက္မႈ စတင္ခဲ့တဲ့ ႐ုရွားႏိုင္ငံနဲ႔ သမိုင္းေၾကာင္းအရ ဆက္ႏြယ္လ်က္ရွိတဲ့ ယူကရိန္းေအာ္သိုေဒါ့က္စ္ေက်ာင္းေတာ္ျဖစ္ပါတယ္။ အဖြဲအစည္းဂိုဏ္းကြဲအမ်ားအျပားတို႔နဲ႔ ဘာသာေရးတင္း မာမႈမ်ား ကာလရွည္ၾကာစြာ ျဖစ္ေပၚလ်က္ရွိတဲ့ ယူကရိန္းဟာ ေမာ္စကိုခရစ္ယာန္ ဂိုဏ္းခ်ဳပ္ရဲ႕ အခြင့္အာဏာအေပၚ စိန္ေခၚေနသလို ရွိေနပါတယ္။ ႐ုရွားေအာ္သိုေဒါ့က္ေက်ာင္းေတာ္က ဂိုဏ္းကြဲတစ္ခုအျဖစ္ ယူဆထားတဲ့ ယူကရိန္း ေအာ္သိုေဒါ့က္စ္ ေက်ာင္းေတာ္ (OCU) တို႔ဟာ ေယဘူယ်အားျဖင့္ အတူတကြ ရပ္တည္ေနၾကပါတယ္။

(Russia Today., 10 December 2022,” Ukraine ramps up crackdown on Orthodox Church” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.