"ဒေါ်လာ သောင်းချီ၊ သိန်းချီတန်တဲ့ ကမ္ဘာ့ အဖိုးအထိုက်ဆုံး သိုးများ" (ထူးခြားသုတဆောင်းပါး)

 613

ဝတီ (NP News) - ဒီဇင်ဘာ ၁၇

သိုးတွေကို သိုးမွှေးအတွက် ဒါမှမဟုတ် သိုးသားအတွက်အဓိကထားပြီး မွေးမြူလေ့ ရှိကြပေမယ့် ဆီနီဂေါလ်ဆိုတဲ့ အာဖရိကနိုင်ငံမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဆီနီဂေါလ်နိုင်ငံက သူဋ္ဌေးတွေက တချို့သိုးတွေကို အဖိုးတန် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလေ့ရှိသလို သူတို့သိုးတွေကိုလည်း သိုးအလှပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခိုင်းလေ့ရှိပါသတဲ့။ ဒါပေမဲ့ ဒီလို ဖူးဖူးမှုတ်ခံရလေ့ရှိတဲ့ သိုးတွေက သာမန် သိုးအမျိုးအစားတော့ မဟုတ်ပါဘူး။

အဲဒီသိုးတွေက လဒွန်သိုး (Ladoum sheep) ဖြစ်ပါတယ်။ သူတို့နိုင်ငံက တချို့ကြော်ငြာဘေလ်ဘုတ်ကြီးတွေမှာပါ ဒီသိုးပုံတွေကို မြင်ရနိုင်ပါတယ်။အဲဒီသိုးတွေဟာ သာမန် မြင်နေကျ သိုးပုံစံမျိုးမဟုတ်ဘဲ ထွားကျိုင်းသန်စွမ်း၊ လှပတင့်တယ်ပါတယ်။ အဲဒီနိုင်ငံက လူတွေက သာမန်သိုးတွေကိုပဲ စားလေ့ရှိပြီး ဒီလိုရှားပါးအဖိုးထိုက်တဲ့ သိုးတွေကိုကျတော့ အိမ်မွေးတိရစ္ဆာန်အဖြစ် တယုတယထားကြပါသတဲ့။ ဒီသိုးအမျိုးအစားဟာ ၁၉၇ဝ ပြည့်လွန်နှစ်တွေမှာ စပေါ်လာတာဖြစ်ပြီး
မော်ရီတန်နီယန် နဲ့ မာလီယန် (Mauritanian and Malian)မျိုးကို စပ်ထားတာပါ။ သူတို့က တကယ့်ကို သိုးချောသိုးလှကြီးတွေဖြစ်ပြီး အရပ်လည်းမြင့်၊ နှာယောင်လည်းကောက်၊ ချိုလည်း ကောက်ပါတယ်။

ဒီလိုသိုးတစ်ကောင်ရဲ့ ကိုယ်အလေးချိန်က ပေါင် ၄ဝဝ အထိဖြစ်နိုင်ပြီး အရပ်က တော့ ၄ ပေအထိ ရှည်နိုင်ပါတယ်။ ဒီသိုးတွေကို လိုချင်သူအရမ်းများပါသတဲ့။ ဆီနီဂေါလ်သူဋ္ဌေးတွေက ဒီလိုမျိုး သိုးတစ်ကောင်ကို ဒေါ်လာတစ်သောင်း ပေးဝယ်လေ့ရှိပြီး တခါတလေဆိုရင် ဒေါ်လာရှစ်သောင်းအထိ ပေးရတာတွေတောင် ရှိပါသတဲ့။ ဒါကြောင့် ဒီသိုးကို သိုးအကောင်းစား၊ သူဋ္ဌေးတွေမွေးတဲ့ သိုးဆိုပြီး ခေါ်လေ့ရှိကြပါတယ်။ သိုးရဲ့ ခန္ဓာကိုယ် အရွယ်အစား၊ ကိုယ်အလေးချိန်၊ ဦးချိုပုံစံနဲ့ ဦးချိုနှစ်ဖက် ညီ၊ မညီ၊ နှာယောင် ဘယ်လောက်အထိ ကောက်၊ မကောက် စတဲ့အချက်တွေပေါ်
မူတည်ပြီး ဈေးကွာသွားလေ့ရှိတာပါ။ လဒွန်သိုး (Ladoum sheep) မှန်ရင်အဖိုး ထိုက်တယ်ဆိုပေမယ့် သိုးထီးမှသာ တန်ဖိုးထားခံရလေ့ရှိတာကတော့ ထူးဆန်းနေပြန်ပါတယ်။ လဒွန်သိုးထီးနဲ့ လဒွန်သိုးမပေါင်းစပ်မှသာ မျိုးကောင်းမျိုးသန့်သိုးတွေ ရလာမှာဆိုပေမယ့် လဒွန်သိုးမတွေကတော့ သိပ်တန်ဖိုးထား မခံရပါဘူး။ ဒီသိုးတွေကိုမျိုးစပ်ပြီး မွေးမြူတဲ့လုပ်ငန်းကလည်း အင်မတန်ကို ဝင်ငွေကောင်းတဲ့လုပ်ငန်းပါ။ လဒွန်သိုး ပိုင်ရှင်တွေက သူတို့သိုးတွေကို သိုးအလှပြိုင်ပွဲတွေမှာ ဝင်ပြိုင်စေလေ့ရှိပါတယ်။ အဲဒီသိုးအလှပြိုင်ပွဲတွေကို ဆီနီဂေါလ်ရုပ်သံလိုင်းမှာ နှစ်တိုင်း ထုတ်လွှင့်ပြသလေ့ရှိပါတယ်။ အဲဒီပြိုင်ပွဲမှာဆုရသွားပြီဆိုရင် ဆုငွေတွေရသလို ကိုယ့်သိုးကလည်း တန်ဖိုးအရမ်းတက်သွားပြီလေ။ ဒီတော့ ပြန်ရောင်းတဲ့အခါ ဈေးအများကြီး
ရတာပေါ့။

ဘယ်လိုအချက်တွေနဲ့ ပြည့်စုံတဲ့ သိုးကိုမှ ဆုပေးသလဲဆိုတော့ အရင်နှစ်က ဆုရသွားတဲ့ သိုးရဲ့အသွင်အပြင်ပေါ် အခြေခံပြီး ဆုံးဖြတ်တာပါတဲ့။ ဆီနီဂေါလ်မှာတော့ လဒွန်သိုး (Ladoum sheep) ရှိတဲ့လူဟာ သူဋ္ဌေးပါပဲ။ ဒါကြောင့် ဒီသိုးတွေဟာ သူဋ္ဌေးတွေအတွက်အဆောင်အယောင်တစ်ခုလိုတောင် ဖြစ်နေပါပြီ။

ဒါပေမဲ့ ဆီနီဂေါလ်က သိုးချောသိုးလှကြီးတွေ ဘယ်လောက်ပဲအဖိုးထိုက်တယ်ပြောပြော သူတို့ရဲ့ ပေါက်ဈေးဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးသိုးရဲ့ ဈေးနှုန်းနဲ့ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး သိုးကတော့ Double Diamond ဆိုတဲ့သိုးထီးပါပဲ။ သူကတော့ တက်ဆယ်လ် (Texel) သိုးအမျိုးအစားပါ။
စကော့တ်လန်မှာ လုပ်သွားခဲ့တဲ့ သိုးလေလံပွဲမှာ သူက ဒေါ်လာ ၃၂၅ဝဝဝ နီးပါးနဲ့ လေလံအောင်သွားခဲ့တာဖြစ်ပါသတဲ့။ သိုးမွေးမြူရေးသမား ချာလီဘိုဒန်က ခြောက်လသားအရွယ် သူ့သိုးကို သိုးမွေးမြူရေးအဖွဲ့ဆီ စံချိန်တင်ဈေးနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီ့မတိုင်ခင်တုန်းက စံချိန်တင်ထားတဲ့ ဈေးက ဒေါ်လာ ၂၅ဝဝဝဝ နီးပါး ဆိုပေမယ့် Double Diamond ဆိုတဲ့ သိုးထီးရဲ့တန်ဖိုးဟာ အဲဒီစံချိန်တင်ဈေးကို အသာလေး ကျော်တက်သွားခဲ့တာပါ။

တက်ဆယ်လ်သိုးအမျိုးအစားဟာ နယ်သာလန်က ကျွန်းလေးတစ်ကျွန်းကနေ ဆင်းသက်လာတာဖြစ်ပြီး ပုံမှန်တန်ဖိုးက ဒေါ်လာ သောင်းဂဏန်း ရှိပါတယ်။ Double Diamond ဆိုတဲ့သိုးချောသိုးလှကို ဝယ်လိုက်သူတွေကတော့ သိုးမွေးမြူရေးသမားသုံးယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့ပါပဲ။ ဒီသိုးမျိုးကောင်းမျိုးသန့်ကို သားစပ်၊ သားဖောက်လိုက်ရင် သူတို့ ကုန်ခဲ့တဲ့ ဒေါ်လာ သုံးသိန်းနှစ်သောင်းခွဲ ပြန်ကျေသွားမယ်လို့ သူတို့က မျှော်လင့်ထားကြပါတယ်။ သူတို့က သိုးရဲ့အမွှေး၊
အရောင်၊ ဦးခေါင်းပုံသဏ္ဍာန်တွေကို ကြည့်ပြီး ရွေးခဲ့ကြတာပါတဲ့။

"တကယ့်မျိုးကောင်းမျိုးသန့်ကို လိုချင်ဇောနဲ့ကြောင့်မို့သာ ဒီလောက်အထိ ငွေကုန် ကြေးကျခံပြီး ရင်းနှီးမြှုပ်နှံလိုက်တာပါ"လို့ ဝယ်သူသုံးယောက်ထဲက တစ်ယောက်က ဆိုပါတယ်။

ဒါပေမဲ့ သိုးမွေးမြူရေးသမားတွေအကုန်လုံး စီးပွားရေး သိပ်ကောင်းနေလို့ သိုးတစ် ကောင်ကို အခုလို ဒေါ်လာ သိန်းချီပေးပြီး ဝယ်နိုင်တာမဟုတ်ပါဘူး။ စကော့တလန်က သိုးမွေးမြူရေးလောကဟာ အရင်လို စီးပွားရေး မကောင်းလှတာကြောင့် ဒီလို ဒေါ်လာ သိန်းချီ ထုတ်သုံးနိုင်တဲ့ သိုးမွေးမြူရေးသမားရယ်လို့ တစ်ရာမှာ တစ်ယောက်လောက်ပဲ ရှိပါလိမ့်မယ်လို့ သူက စကော့တလန် သိုးမွေးမြူရေးလုပ်ငန်းအခြေအနေနဲ့ပတ်သက်လို့ ပြောသွားပါသေးတယ်။

zawgyi version
"ေဒၚလာ ေသာင္းခ်ီ၊ သိန္းခ်ီတန္တဲ့ ကမာၻ႔ အဖိုးအထိုက္ဆုံး သိုးမ်ား" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၁၇

သိုးေတြကို သိုးေမႊးအတြက္ ဒါမွမဟုတ္ သိုးသားအတြက္အဓိကထားၿပီး ေမြးျမဴေလ့ ရွိၾကေပမယ့္ ဆီနီေဂါလ္ဆိုတဲ့ အာဖရိကႏိုင္ငံမွာေတာ့ ဒီလိုမဟုတ္ပါဘူး။ ဆီနီေဂါလ္ႏိုင္ငံက သူေ႒းေတြက တခ်ိဳ႕သိုးေတြကို အဖိုးတန္ အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးျမဴေလ့ရွိသလို သူတို႔သိုးေတြကိုလည္း သိုးအလွၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ခိုင္းေလ့ရွိပါသတဲ့။ ဒါေပမဲ့ ဒီလို ဖူးဖူးမႈတ္ခံရေလ့ရွိတဲ့ သိုးေတြက သာမန္ သိုးအမ်ိဳးအစားေတာ့ မဟုတ္ပါဘူး။

အဲဒီသိုးေတြက လဒြန္သိုး (Ladoum sheep) ျဖစ္ပါတယ္။ သူတို႔ႏိုင္ငံက တခ်ိဳ႕ေၾကာ္ျငာေဘလ္ဘုတ္ႀကီးေတြမွာပါ ဒီသိုးပုံေတြကို ျမင္ရႏိုင္ပါတယ္။အဲဒီသိုးေတြဟာ သာမန္ ျမင္ေနက် သိုးပုံစံမ်ိဳးမဟုတ္ဘဲ ထြားက်ိဳင္းသန္စြမ္း၊ လွပတင့္တယ္ပါတယ္။ အဲဒီႏိုင္ငံက လူေတြက သာမန္သိုးေတြကိုပဲ စားေလ့ရွိၿပီး ဒီလိုရွားပါးအဖိုးထိုက္တဲ့ သိုးေတြကိုက်ေတာ့ အိမ္ေမြးတိရစာၦန္အျဖစ္ တယုတယထားၾကပါသတဲ့။ ဒီသိုးအမ်ိဳးအစားဟာ ၁၉၇ဝ ျပည့္လြန္ႏွစ္ေတြမွာ စေပၚလာတာျဖစ္ၿပီး
ေမာ္ရီတန္နီယန္ နဲ႔ မာလီယန္ (Mauritanian and Malian)မ်ိဳးကို စပ္ထားတာပါ။ သူတို႔က တကယ့္ကို သိုးေခ်ာသိုးလွႀကီးေတြျဖစ္ၿပီး အရပ္လည္းျမင့္၊ ႏွာေယာင္လည္းေကာက္၊ ခ်ိဳလည္း ေကာက္ပါတယ္။

ဒီလိုသိုးတစ္ေကာင္ရဲ႕ ကိုယ္အေလးခ်ိန္က ေပါင္ ၄ဝဝ အထိျဖစ္ႏိုင္ၿပီး အရပ္က ေတာ့ ၄ ေပအထိ ရွည္ႏိုင္ပါတယ္။ ဒီသိုးေတြကို လိုခ်င္သူအရမ္းမ်ားပါသတဲ့။ ဆီနီေဂါလ္သူေ႒းေတြက ဒီလိုမ်ိဳး သိုးတစ္ေကာင္ကို ေဒၚလာတစ္ေသာင္း ေပးဝယ္ေလ့ရွိၿပီး တခါတေလဆိုရင္ ေဒၚလာရွစ္ေသာင္းအထိ ေပးရတာေတြေတာင္ ရွိပါသတဲ့။ ဒါေၾကာင့္ ဒီသိုးကို သိုးအေကာင္းစား၊ သူေ႒းေတြေမြးတဲ့ သိုးဆိုၿပီး ေခၚေလ့ရွိၾကပါတယ္။ သိုးရဲ႕ ခႏၶာကိုယ္ အ႐ြယ္အစား၊ ကိုယ္အေလးခ်ိန္၊ ဦးခ်ိဳပုံစံနဲ႔ ဦးခ်ိဳႏွစ္ဖက္ ညီ၊ မညီ၊ ႏွာေယာင္ ဘယ္ေလာက္အထိ ေကာက္၊ မေကာက္ စတဲ့အခ်က္ေတြေပၚ
မူတည္ၿပီး ေဈးကြာသြားေလ့ရွိတာပါ။ လဒြန္သိုး (Ladoum sheep) မွန္ရင္အဖိုး ထိုက္တယ္ဆိုေပမယ့္ သိုးထီးမွသာ တန္ဖိုးထားခံရေလ့ရွိတာကေတာ့ ထူးဆန္းေနျပန္ပါတယ္။ လဒြန္သိုးထီးနဲ႔ လဒြန္သိုးမေပါင္းစပ္မွသာ မ်ိဳးေကာင္းမ်ိဳးသန႔္သိုးေတြ ရလာမွာဆိုေပမယ့္ လဒြန္သိုးမေတြကေတာ့ သိပ္တန္ဖိုးထား မခံရပါဘူး။ ဒီသိုးေတြကိုမ်ိဳးစပ္ၿပီး ေမြးျမဴတဲ့လုပ္ငန္းကလည္း အင္မတန္ကို ဝင္ေငြေကာင္းတဲ့လုပ္ငန္းပါ။ လဒြန္သိုး ပိုင္ရွင္ေတြက သူတို႔သိုးေတြကို သိုးအလွၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ေစေလ့ရွိပါတယ္။ အဲဒီသိုးအလွၿပိဳင္ပြဲေတြကို ဆီနီေဂါလ္႐ုပ္သံလိုင္းမွာ ႏွစ္တိုင္း ထုတ္လႊင့္ျပသေလ့ရွိပါတယ္။ အဲဒီၿပိဳင္ပြဲမွာဆုရသြားၿပီဆိုရင္ ဆုေငြေတြရသလို ကိုယ့္သိုးကလည္း တန္ဖိုးအရမ္းတက္သြားၿပီေလ။ ဒီေတာ့ ျပန္ေရာင္းတဲ့အခါ ေဈးအမ်ားႀကီး
ရတာေပါ့။

ဘယ္လိုအခ်က္ေတြနဲ႔ ျပည့္စုံတဲ့ သိုးကိုမွ ဆုေပးသလဲဆိုေတာ့ အရင္ႏွစ္က ဆုရသြားတဲ့ သိုးရဲ႕အသြင္အျပင္ေပၚ အေျခခံၿပီး ဆုံးျဖတ္တာပါတဲ့။ ဆီနီေဂါလ္မွာေတာ့ လဒြန္သိုး (Ladoum sheep) ရွိတဲ့လူဟာ သူေ႒းပါပဲ။ ဒါေၾကာင့္ ဒီသိုးေတြဟာ သူေ႒းေတြအတြက္အေဆာင္အေယာင္တစ္ခုလိုေတာင္ ျဖစ္ေနပါၿပီ။

ဒါေပမဲ့ ဆီနီေဂါလ္က သိုးေခ်ာသိုးလွႀကီးေတြ ဘယ္ေလာက္ပဲအဖိုးထိုက္တယ္ေျပာေျပာ သူတို႔ရဲ႕ ေပါက္ေဈးဟာ ကမာၻ႔တန္ဖိုးအႀကီးဆုံးသိုးရဲ႕ ေဈးႏႈန္းနဲ႔ယွဥ္ရင္ ဘာမွ မေျပာပေလာက္ပါဘူး။ကမာၻေပၚမွာ တန္ဖိုးအႀကီးဆုံး သိုးကေတာ့ Double Diamond ဆိုတဲ့သိုးထီးပါပဲ။ သူကေတာ့ တက္ဆယ္လ္ (Texel) သိုးအမ်ိဳးအစားပါ။
စေကာ့တ္လန္မွာ လုပ္သြားခဲ့တဲ့ သိုးေလလံပြဲမွာ သူက ေဒၚလာ ၃၂၅ဝဝဝ နီးပါးနဲ႔ ေလလံေအာင္သြားခဲ့တာျဖစ္ပါသတဲ့။ သိုးေမြးျမဴေရးသမား ခ်ာလီဘိုဒန္က ေျခာက္လသားအ႐ြယ္ သူ႔သိုးကို သိုးေမြးျမဴေရးအဖြဲ႕ဆီ စံခ်ိန္တင္ေဈးနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ဒီ့မတိုင္ခင္တုန္းက စံခ်ိန္တင္ထားတဲ့ ေဈးက ေဒၚလာ ၂၅ဝဝဝဝ နီးပါး ဆိုေပမယ့္ Double Diamond ဆိုတဲ့ သိုးထီးရဲ႕တန္ဖိုးဟာ အဲဒီစံခ်ိန္တင္ေဈးကို အသာေလး ေက်ာ္တက္သြားခဲ့တာပါ။

တက္ဆယ္လ္သိုးအမ်ိဳးအစားဟာ နယ္သာလန္က ကြၽန္းေလးတစ္ကြၽန္းကေန ဆင္းသက္လာတာျဖစ္ၿပီး ပုံမွန္တန္ဖိုးက ေဒၚလာ ေသာင္းဂဏန္း ရွိပါတယ္။ Double Diamond ဆိုတဲ့သိုးေခ်ာသိုးလွကို ဝယ္လိုက္သူေတြကေတာ့ သိုးေမြးျမဴေရးသမားသုံးေယာက္နဲ႔ဖြဲ႕စည္းထားတဲ့ အဖြဲ႕ပါပဲ။ ဒီသိုးမ်ိဳးေကာင္းမ်ိဳးသန႔္ကို သားစပ္၊ သားေဖာက္လိုက္ရင္ သူတို႔ ကုန္ခဲ့တဲ့ ေဒၚလာ သုံးသိန္းႏွစ္ေသာင္းခြဲ ျပန္ေက်သြားမယ္လို႔ သူတို႔က ေမွ်ာ္လင့္ထားၾကပါတယ္။ သူတို႔က သိုးရဲ႕အေမႊး၊
အေရာင္၊ ဦးေခါင္းပုံသ႑ာန္ေတြကို ၾကည့္ၿပီး ေ႐ြးခဲ့ၾကတာပါတဲ့။

"တကယ့္မ်ိဳးေကာင္းမ်ိဳးသန႔္ကို လိုခ်င္ေဇာနဲ႔ေၾကာင့္မို႔သာ ဒီေလာက္အထိ ေငြကုန္ ေၾကးက်ခံၿပီး ရင္းႏွီးျမႇဳပ္ႏွံလိုက္တာပါ"လို႔ ဝယ္သူသုံးေယာက္ထဲက တစ္ေယာက္က ဆိုပါတယ္။

ဒါေပမဲ့ သိုးေမြးျမဴေရးသမားေတြအကုန္လုံး စီးပြားေရး သိပ္ေကာင္းေနလို႔ သိုးတစ္ ေကာင္ကို အခုလို ေဒၚလာ သိန္းခ်ီေပးၿပီး ဝယ္ႏိုင္တာမဟုတ္ပါဘူး။ စေကာ့တလန္က သိုးေမြးျမဴေရးေလာကဟာ အရင္လို စီးပြားေရး မေကာင္းလွတာေၾကာင့္ ဒီလို ေဒၚလာ သိန္းခ်ီ ထုတ္သုံးႏိုင္တဲ့ သိုးေမြးျမဴေရးသမားရယ္လို႔ တစ္ရာမွာ တစ္ေယာက္ေလာက္ပဲ ရွိပါလိမ့္မယ္လို႔ သူက စေကာ့တလန္ သိုးေမြးျမဴေရးလုပ္ငန္းအေျခအေနနဲ႔ပတ္သက္လို႔ ေျပာသြားပါေသးတယ္။

Related news

© 2021. All rights reserved.