ဂျာမနီနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးငါးပြတိုက် ပေါက်ကွဲပျက်စီးခဲ့ကြောင်း ဂျာမနီအာဏာပိုင်များဆို

 966

Pika (NP News) - ဒီဇင်ဘာ ၁၈

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ရေလီတာ တစ်သန်းနှင့် ထူးခြားဆန်းပြား ငါးအမျိုးအစားပေါင်း (၁၅ဝဝ) ကျော် ပါဝင် သော AquaDom အမည်ရှိ ဧရာမငါးပြတိုက်ကြီးသည် ဒီဇင်ဘာ(၁၆)ရက်က ပေါက်ကွဲထွက်သွားခဲ့ရာ ငါးအကောင် ရေ (၁၅ဝဝ) ခန့် သေဆုံးဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

Radisson Blu ဟိုတယ်ဧည့်ခန်းရှိ AquaDom ငါးပြတိုက်သည် ကမ္ဘာ့အကြီးဆုံး ဆလင်ဒါဒုလုံးပုံစံ ငါးပြတိုက်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။ အမြင့် (၁၄) မီတာရှည်သော အဆိုပါ ငါးပြတိုက်ကို တည်ဆောက်ရန်အတွက် ယူရို (၁၂ ဒသမ ၈) သန်း ကုန်ကျခဲ့ကြောင်းသိရသည်။

အဆိုပါ ငါးပြတိုက်ကို ၂ဝဝ၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့်(၂)နှစ်ခန့်က ခေတ်မီအောင် ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်၊၊ အဆိုပါငါးပြတိုက်သည် ဒီဇင်ဘာ(၁၆)ရက်၊ နံနက်အစောပိုင်းတွင် ပေါက်ကွဲခဲ့ ခြင်းဖြစ်ပြီး ဟိုတယ်ဧည့်ခန်းထဲတွင် ရေများလျှံခဲ့ကာ အနီးအနားရှိလမ်းများပေါ်တွင် အပျက်အစီးများဖြင့် ဖုံးလွှမ်း သွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါငါးပြတိုက်ပေါက်ကွဲမှုကြောင့် မှန်ကွဲစများလွင့်စင်လာခဲ့ပြီး လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့ကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်မံပြောကြားခဲ့သည်။ ဧည့်သည်များကို ဟိုတယ်မှ ဘေးလွတ်ကင်းရာ သို့ပြောင်းရွှေ့ခဲ့ရပြီး ၎င်းတို့ထဲမှတစ်ဦးသည် ငါးပြတိုက်ပေါက်ကွဲပြီးနောက် အဆောက်အဦးထိခိုက်ပျက်စီးမှုများကို မှတ်တမ်းတင်ရိုက်ကူးထားနိုင်ခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် မီးသတ်သမား(၁ဝဝ)ခန့်ကို ဖြန့်ကျက်ချထားပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။ Aqua Dom အော်ပရေတာဖြစ်တဲ့ Sea Life က ဘာလင်မြို့ရှိ ငါးပြတိုက်ကို ကံမကောင်းစွာဖြင့် ခေတ္တပိတ်ထားရကြောင်း ၎င်း၏ဝက်ဘ်ဆိုက်ပေါ်တွင် ရေးသား ဖော်ပြခဲ့သည်။

ငါးပြတိုက်ကို လာရောက်လည်ပတ်ရန်အတွက် လက်မှတ်ဝယ်ထားသော ဧည့်သည်များကိုလည်း ငါးပြတိုက်သို့ လာရမည့် အချိန်ပြန်လည်စီစဥ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

zawgyi version
ဂ်ာမနီႏိုင္ငံရွိ ကမာၻ႔အႀကီးဆုံးငါးျပတိုက္ ေပါက္ကြဲပ်က္စီးခဲ့ေၾကာင္း ဂ်ာမနီအာဏာပိုင္မ်ား ဆို
Pika (NP News) - ဒီဇင္ဘာ ၁၈

ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕တြင္ ေရလီတာ တစ္သန္းႏွင့္ ထူးျခားဆန္းျပား ငါးအမ်ိဳးအစားေပါင္း (၁၅ဝဝ) ေက်ာ္ ပါဝင္ ေသာ AquaDom အမည္ရွိ ဧရာမငါးျပတိုက္ႀကီးသည္ ဒီဇင္ဘာ(၁၆)ရက္က ေပါက္ကြဲထြက္သြားခဲ့ရာ ငါးအေကာင္ ေရ (၁၅ဝဝ) ခန႔္ ေသဆုံးဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

Radisson Blu ဟိုတယ္ဧည့္ခန္းရွိ AquaDom ငါးျပတိုက္သည္ ကမာၻ႔အႀကီးဆုံး ဆလင္ဒါဒုလုံးပုံစံ ငါးျပတိုက္အျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္း သိရသည္။ အျမင့္ (၁၄) မီတာရွည္ေသာ အဆိုပါ ငါးျပတိုက္ကို တည္ေဆာက္ရန္အတြက္ ယူ႐ို (၁၂ ဒသမ ၈) သန္း ကုန္က်ခဲ့ေၾကာင္းသိရသည္။

အဆိုပါ ငါးျပတိုက္ကို ၂ဝဝ၃ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ၿပီးခဲ့သည့္(၂)ႏွစ္ခန႔္က ေခတ္မီေအာင္ ျပဳျပင္မြမ္းမံမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္၊၊ အဆိုပါငါးျပတိုက္သည္ ဒီဇင္ဘာ(၁၆)ရက္၊ နံနက္အေစာပိုင္းတြင္ ေပါက္ကြဲခဲ့ ျခင္းျဖစ္ၿပီး ဟိုတယ္ဧည့္ခန္းထဲတြင္ ေရမ်ားလွ်ံခဲ့ကာ အနီးအနားရွိလမ္းမ်ားေပၚတြင္ အပ်က္အစီးမ်ားျဖင့္ ဖုံးလႊမ္း သြားေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

အဆိုပါငါးျပတိုက္ေပါက္ကြဲမႈေၾကာင့္ မွန္ကြဲစမ်ားလြင့္စင္လာခဲ့ၿပီး လူ(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ၎တို႔ကို ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထပ္မံေျပာၾကားခဲ့သည္။ ဧည့္သည္မ်ားကို ဟိုတယ္မွ ေဘးလြတ္ကင္းရာ သို႔ေျပာင္းေ႐ႊ႕ခဲ့ရၿပီး ၎တို႔ထဲမွတစ္ဦးသည္ ငါးျပတိုက္ေပါက္ကြဲၿပီးေနာက္ အေဆာက္အဦးထိခိုက္ပ်က္စီးမႈမ်ားကို မွတ္တမ္းတင္႐ိုက္ကူးထားႏိုင္ခဲ့ေၾကာင္းသိရသည္။

အခင္းျဖစ္ပြားရာေနရာတြင္ မီးသတ္သမား(၁ဝဝ)ခန႔္ကို ျဖန႔္က်က္ခ်ထားၿပီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ရသည့္ အေၾကာင္းအရင္းမ်ားကို စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။ Aqua Dom ေအာ္ပေရတာျဖစ္တဲ့ Sea Life က ဘာလင္ၿမိဳ႕ရွိ ငါးျပတိုက္ကို ကံမေကာင္းစြာျဖင့္ ေခတၱပိတ္ထားရေၾကာင္း ၎၏ဝက္ဘ္ဆိုက္ေပၚတြင္ ေရးသား ေဖာ္ျပခဲ့သည္။

ငါးျပတိုက္ကို လာေရာက္လည္ပတ္ရန္အတြက္ လက္မွတ္ဝယ္ထားေသာ ဧည့္သည္မ်ားကိုလည္း ငါးျပတိုက္သို႔ လာရမည့္ အခ်ိန္ျပန္လည္စီစဥ္ေပးမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.