ခွဲစိတ်ဖို့ ငွေကြေးမတတ်နိုင်တဲ့ မြန်မာကလေးငယ်ရဲ့မီးလောင်ဒဏ်ရာများကို တောင်ကိုရီးယားဆရာဝန်ကြီးက အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ဟုဆို

 912

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၈

တောင်ကိုရီးယား ခွဲစိတ်အထူးကုဆရာဝန်ကြီး ရှင်ယောင်ယိုဟာ ခွဲစိတ်ဖို့ ငွေကြေးမတတ်နိုင်တဲ့ အသက် ၅ နှစ် အရွယ်ရှိ မြန်မာကလေးငယ်ကို တောင်ကိုရီးယားနိုင်ငံမှာ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့တဲ့အတွက် ချီးကျူးခံနေရ တယ်လို့ သိရပါတယ်။

Niangta Yuhuai အမည်ရှိ မြန်မာကလေးငယ်ဟာ သူမရဲ့အသက် ၁ နှစ်ပြည့်မွေးနေ့မှာ မီးလောင်နေတဲ့ အမှိုက်ပုံ ထဲကို တွားသွားသွားခဲ့ရာ မီးလောင်မှုများဖြစ်ခဲ့ရကြောင်း၊ ကလေးငယ်ရဲ့အစ်ကိုဖြစ်သူက မီးလောင်မှုများထဲမှ ညီမ ဖြစ်သူကို စွန့်စွာပြီး ကယ်တင်ခဲ့ကြောင်း၊ ကလေးငယ်ဟာ မီးလောင်မှုနဲ့ အပူရှိန်ကြောင့် ဘယ်ဖက် လက်ချောင်း များ၊ ပုခုံးနဲ့ လက်တွေ ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရကြောင်း မိသားစုဝင်များ က ပြောပါတယ်။

မီးလောင်မှုဒဏ်ရာက ကလေးငယ်ရဲ့လက်ကို ကြီးထွားဖွံ့ဖြိုးဖို့ အဟန့်အတားများဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါမြန်မာကလေးငယ်တို့ မိသားစုနေထိုင်တဲ့နေရာဟာ ဆေးရုံနဲ့ဝေးကြောင်း၊ မိသားစုအခြေအနေများကြောင့် ကလေးငယ်ကို အချိန်မီကုသနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ကလေးငယ်ရဲ့မိသားစုဟာ နောက်ပိုင်းမှာ ရန်ကုန် ဆေးရုံကိုလာရောက်ပြီး ကုသဖို့ ကြိုးပမ်းခဲ့ပေမယ့် အခက်အခဲတွေရှိခဲ့ကြောင်း၊ NGO အဖွဲ့အစည်းတစ်ခုဟာ Niangta Yuhuai အမည်ရှိ မြန်မာကလေးငယ်ရဲ့အဖြစ်အပျက်များကို သိရှိပြီးနောက် တောင်ကိုရီးယားနိုင်ငံ Hankangsoo ဆေးရုံမှာ ခွဲစိတ်ကုသနိုင်အောင် ကူညီပေးနိုင်ဖို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အစ်ကိုဖြစ်သူနဲ့အတူ တောင်ကိုရီးယားနိုင်ငံကို ခေါ်ဆောင်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိချိန်မှာ ခွဲစိတ်ကုသရာမှာ အသုံးပြုဖို့ ကူညီထောက်ပံ့ငွေနည်းပါးတဲ့အတွက် အခက်အခဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ဒဏ်ရာများရရှိနေတဲ့ မြန်မာကလေးငယ်ရဲ့သတင်းကို ကြားသိခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံရဲ့ ခွဲစိတ်ပညာရှင် ရှင်ယောင်ယိုဟာ ကလေးငယ်ရဲ့ ဘယ်ဖက်လက်ချောင်းများ၊ ကျောကုန်းနဲ့ လက်တို့မှာဖြစ်နေတဲ့ မီးလောင်ဒဏ်ရာကို ကုသနိုင်အောင် အရေးပြားခွဲစိတ်ကုသမှုများကို အခမဲ့ လုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာကလေးငယ်ဟာ တောင်ကိုရီးယားဆေးရုံမှာ ခွဲစိတ်ဆရာဝန်ကြီး ရှင်ယောင်ယိုရဲ့ခွဲစိတ်ကုသမှုနဲ့အတူ လေးလကြာ ကုသခဲ့ပြီးနောက် လက်ရှိအချိန်မှာ ပြန်သက်သာကောင်းမွန်နေပြီး မကြာမီမှာ မြန်မာနိုင်ငံကို မိခင်ဖြစ်သူနဲ့အတူ ပြန်ဖွယ်ရှိနေကြောင်း တောင်ကိုရီးယားသတင်းတွေက ဖော်ပြထားပါတယ်။

Zawgyi Version;
ခြဲစိတ္ဖို႔ ေငြေၾကးမတတ္ႏိုင္တဲ့ ျမန္မာကေလးငယ္ရဲ႕မီးေလာင္ဒဏ္ရာမ်ားကို ေတာင္ကိုရီးယားဆရာဝန္ႀကီးက ေအာင္ျမင္စြာ ခြဲစိတ္ကုသေပးခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၈

ေတာင္ကိုရီးယား ခြဲစိတ္အထူးကုဆရာဝန္ႀကီး ရွင္ေယာင္ယိုဟာ ခြဲစိတ္ဖို႔ ေငြေၾကးမတတ္ႏိုင္တဲ့ အသက္ ၅ ႏွစ္ အ႐ြယ္ရွိ ျမန္မာကေလးငယ္ကို ေတာင္ကိုရီးယားႏိုင္ငံမွာ ေအာင္ျမင္စြာ ခြဲစိတ္ေပးႏိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးခံေနရ တယ္လို႔ သိရပါတယ္။

Niangta Yuhuai အမည္ရွိ ျမန္မာကေလးငယ္ဟာ သူမရဲ႕အသက္ ၁ ႏွစ္ျပည့္ေမြးေန႔မွာ မီးေလာင္ေနတဲ့ အမႈိက္ပုံ ထဲကို တြားသြားသြားခဲ့ရာ မီးေလာင္မႈမ်ားျဖစ္ခဲ့ရေၾကာင္း၊ ကေလးငယ္ရဲ႕အစ္ကိုျဖစ္သူက မီးေလာင္မႈမ်ားထဲမွ ညီမ ျဖစ္သူကို စြန႔္စြာၿပီး ကယ္တင္ခဲ့ေၾကာင္း၊ ကေလးငယ္ဟာ မီးေလာင္မႈနဲ႔ အပူရွိန္ေၾကာင့္ ဘယ္ဖက္ လက္ေခ်ာင္း မ်ား၊ ပုခုံးနဲ႔ လက္ေတြ ဆိုး႐ြားစြာထိခိုက္ပ်က္စီးခဲ့ရေၾကာင္း မိသားစုဝင္မ်ား က ေျပာပါတယ္။

မီးေလာင္မႈဒဏ္ရာက ကေလးငယ္ရဲ႕လက္ကို ႀကီးထြားဖြံ႕ၿဖိဳးဖို႔ အဟန႔္အတားမ်ားျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။


အဆိုပါျမန္မာကေလးငယ္တို႔ မိသားစုေနထိုင္တဲ့ေနရာဟာ ေဆး႐ုံနဲ႔ေဝးေၾကာင္း၊ မိသားစုအေျခအေနမ်ားေၾကာင့္ ကေလးငယ္ကို အခ်ိန္မီကုသႏိုင္ျခင္းမရွိခဲ့ဘူးလို႔ သိရပါတယ္။ ကေလးငယ္ရဲ႕မိသားစုဟာ ေနာက္ပိုင္းမွာ ရန္ကုန္ ေဆး႐ုံကိုလာေရာက္ၿပီး ကုသဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အခက္အခဲေတြရွိခဲ့ေၾကာင္း၊ NGO အဖြဲ႕အစည္းတစ္ခုဟာ Niangta Yuhuai အမည္ရွိ ျမန္မာကေလးငယ္ရဲ႕အျဖစ္အပ်က္မ်ားကို သိရွိၿပီးေနာက္ ေတာင္ကိုရီးယားႏိုင္ငံ Hankangsoo ေဆး႐ုံမွာ ခြဲစိတ္ကုသႏိုင္ေအာင္ ကူညီေပးႏိုင္ဖို႔ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လမွာ အစ္ကိုျဖစ္သူနဲ႔အတူ ေတာင္ကိုရီးယားႏိုင္ငံကို ေခၚေဆာင္ခဲ့ေၾကာင္း၊ ဒါေပမယ့္လည္း ေတာင္ကိုရီးယားႏိုင္ငံကိုေရာက္ရွိခ်ိန္မွာ ခြဲစိတ္ကုသရာမွာ အသုံးျပဳဖို႔ ကူညီေထာက္ပံ့ေငြနည္းပါးတဲ့အတြက္ အခက္အခဲေတြျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

မီးေလာင္ဒဏ္ရာမ်ားရရွိေနတဲ့ ျမန္မာကေလးငယ္ရဲ႕သတင္းကို ၾကားသိခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ခြဲစိတ္ပညာရွင္ ရွင္ေယာင္ယိုဟာ ကေလးငယ္ရဲ႕ ဘယ္ဖက္လက္ေခ်ာင္းမ်ား၊ ေက်ာကုန္းနဲ႔ လက္တို႔မွာျဖစ္ေနတဲ့ မီးေလာင္ဒဏ္ရာကို ကုသႏိုင္ေအာင္ အေရးျပားခြဲစိတ္ကုသမႈမ်ားကို အခမဲ့ လုပ္ေဆာင္ေပးဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာကေလးငယ္ဟာ ေတာင္ကိုရီးယားေဆး႐ုံမွာ ခြဲစိတ္ဆရာဝန္ႀကီး ရွင္ေယာင္ယိုရဲ႕ခြဲစိတ္ကုသမႈနဲ႔အတူ ေလးလၾကာ ကုသခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ျပန္သက္သာေကာင္းမြန္ေနၿပီး မၾကာမီမွာ ျမန္မာႏိုင္ငံကို မိခင္ျဖစ္သူနဲ႔အတူ ျပန္ဖြယ္ရွိေနေၾကာင္း ေတာင္ကိုရီးယားသတင္းေတြက ေဖာ္ျပထားပါတယ္။

© 2021. All rights reserved.