မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကဖြစ်သည့် ကျင့်စန်းကျော့ဂိတ်တွင် ရှန်တိန်စနစ် ပယ်ဖျက်သွားဖွယ်ရှိနေ

 995

ဖူးပြည့် (NP News) - ဒီဇင်ဘာ ၁၈

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် ဂိတ်တစ်ခုဖြစ်သည့် ကျင့်စန်းကျော့ဂိတ်တွင် အစားထိုးယာဉ်မောင်း(ရှိန်တိန်စနစ်)ဖြင့် ကုန်စည်များပို့ဆောင်ရမှုကို ပယ်ဖျက်သွားဖွယ်ရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်က အဆိုပါစနစ်ကို စတင်ပယ်ဖျက်မည်ဆိုသည့်သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အဆိုပါစနစ်ကို ဆက်လက်ကျင့်သုံးလျက်ရှိကြောင်းသိရသည်။

သို့သော် ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်တွင် အစားထိုးယာဉ်မောင်းစနစ်ဖြင့် ကုန်သွယ်မှုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကုန်သည်များထံမှသိရသည်။

“ကျင့်စန်းကျော့ဂိတ်မှာ ရှန်တိန်စနစ်ကို မသုံးတော့ပဲ မြန်မာကားတွေတိုက်ရိုက်ဝင်လို့ရအောင် ဖွင့်မယ်ပြောပြီး မဖွင့်ဖြစ်တာ။ အခုကတော့ အစားထိုးယာဉ်မောင်းနဲ့ပဲသွားတယ်။ အကယ်၍သာ ကျင့်စန်းကျော့ဂိတ်မှာ အစားထိုး ယာဉ်မောင်းစနစ်ကိုပယ်ဖျက်ပြီးတော့ မိမိကားနဲ့မိမိတန်းဝင်လို့ရမယ်ဆိုရင် ခေါက်တိုကားစရိတ်တွေ သက်သာမယ်။ အလုပ်သမားကားခတွေသက်သာမယ်။ ကွင်းကြေးတွေသက်သာမယ်”ဟု မူဆယ်မှကုန်သည်တစ်ဦးက NP News ကိုပြောသည်။

လက်ရှိအချိန်တွင် အစားထိုးယာဉ်မောင်း(ရှန်တိန်စနစ်)ကို အသုံးပြုနေသည့်အ တွက် ဆန်အိတ် ၁ဝဝဝ ခန့်ဆံ့သည့် တန် (၅ဝ) တွဲကားတစ်စီး တရုတ်ပြည်သို့ရောက်ရှိရန်အတွက် ငွေကျပ် (၁ဝ) သိန်းလောက်ခန့် ကုန်ကျနေရကြောင်း သိရသည်။

“ရှန်တိန်စနစ်ရှိနေတဲ့အတွက် ဒီစရိတ်တွေက မကုန်ကျသင့်ပဲကုန်ကျသွားတယ်။ တကယ်လို့ အစားထိုးယာဉ် မောင်းစနစ်ကိုဖြုတ်မယ်ဆိုရင် ငွေ (၁ဝ) သိန်းလောက်ပြန်ပြီးတော့ သက်သာသွားမယ်။ အစားထိုးယာဉ် မောင်းစနစ်ကို ပယ်ဖျက်ပေးပါလို့ ကုန်သည်တွေဘက်ကလည်းတောင်းဆိုတယ်”ဟု ဆန်ကုန်သည် တစ်ဦးကလည်း ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ကြက် သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်စည်များကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်၊ ဆေးဝါး၊ ဆိုလာပြားများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျင့်စန်းကျော့ဂိတ်တွင် တစ်ရက်လျှင် ကားအစီးရေ ၁၅ဝ နှင့် ၁၆ဝ ကြားပုံမှန်ဝင်ထွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးအတြက္ အဓိကျဖစ္သည့္ က်င့္စန္းေက်ာ့ဂိတ္တြင္ ရွန္တိန္စနစ္ ပယ္ဖ်က္သြားဖြယ္ရွိေန
ဖူးျပည့္ (NP News) - ဒီဇင္ဘာ ၁၈

ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးအတြက္ အဓိကအေရးပါသည့္ ဂိတ္တစ္ခုျဖစ္သည့္ က်င့္စန္းေက်ာ့ဂိတ္တြင္ အစားထိုးယာဥ္ေမာင္း(ရွိန္တိန္စနစ္)ျဖင့္ ကုန္စည္မ်ားပို႔ေဆာင္ရမႈကို ပယ္ဖ်က္သြားဖြယ္ရွိေနေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၃ ရက္က အဆိုပါစနစ္ကို စတင္ပယ္ဖ်က္မည္ဆိုသည့္သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း လက္ရွိအခ်ိန္ထိ အဆိုပါစနစ္ကို ဆက္လက္က်င့္သုံးလ်က္ရွိေၾကာင္းသိရသည္။

သို႔ေသာ္ ကခ်င္ျပည္နယ္ လြယ္ဂ်ယ္ဂိတ္တြင္ အစားထိုးယာဥ္ေမာင္းစနစ္ျဖင့္ ကုန္သြယ္မႈကို ပယ္ဖ်က္လိုက္ၿပီျဖစ္ေၾကာင္း ကုန္သည္မ်ားထံမွသိရသည္။

“က်င့္စန္းေက်ာ့ဂိတ္မွာ ရွန္တိန္စနစ္ကို မသုံးေတာ့ပဲ ျမန္မာကားေတြတိုက္႐ိုက္ဝင္လို႔ရေအာင္ ဖြင့္မယ္ေျပာၿပီး မဖြင့္ျဖစ္တာ။ အခုကေတာ့ အစားထိုးယာဥ္ေမာင္းနဲ႔ပဲသြားတယ္။ အကယ္၍သာ က်င့္စန္းေက်ာ့ဂိတ္မွာ အစားထိုး ယာဥ္ေမာင္းစနစ္ကိုပယ္ဖ်က္ၿပီးေတာ့ မိမိကားနဲ႔မိမိတန္းဝင္လို႔ရမယ္ဆိုရင္ ေခါက္တိုကားစရိတ္ေတြ သက္သာမယ္။ အလုပ္သမားကားခေတြသက္သာမယ္။ ကြင္းေၾကးေတြသက္သာမယ္”ဟု မူဆယ္မွကုန္သည္တစ္ဦးက NP News ကိုေျပာသည္။

လက္ရွိအခ်ိန္တြင္ အစားထိုးယာဥ္ေမာင္း(ရွန္တိန္စနစ္)ကို အသုံးျပဳေနသည့္အ တြက္ ဆန္အိတ္ ၁ဝဝဝ ခန႔္ဆံ့သည့္ တန္ (၅ဝ) တြဲကားတစ္စီး တ႐ုတ္ျပည္သို႔ေရာက္ရွိရန္အတြက္ ေငြက်ပ္ (၁ဝ) သိန္းေလာက္ခန႔္ ကုန္က်ေနရေၾကာင္း သိရသည္။

“ရွန္တိန္စနစ္ရွိေနတဲ့အတြက္ ဒီစရိတ္ေတြက မကုန္က်သင့္ပဲကုန္က်သြားတယ္။ တကယ္လို႔ အစားထိုးယာဥ္ ေမာင္းစနစ္ကိုျဖဳတ္မယ္ဆိုရင္ ေငြ (၁ဝ) သိန္းေလာက္ျပန္ၿပီးေတာ့ သက္သာသြားမယ္။ အစားထိုးယာဥ္ ေမာင္းစနစ္ကို ပယ္ဖ်က္ေပးပါလို႔ ကုန္သည္ေတြဘက္ကလည္းေတာင္းဆိုတယ္”ဟု ဆန္ကုန္သည္ တစ္ဦးကလည္း ေျပာသည္။

လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံမွ ဆန္၊ ဆန္ကြဲ၊ ပဲ၊ ေျပာင္း၊ ႏွမ္း၊ ေရာ္ဘာ၊ ၾကက္ သြန္၊ ေရထြက္ပစၥည္း၊ င႐ုတ္သီး အစရွိသည့္ ကုန္စည္မ်ားကို တ႐ုတ္ျပည္သို႔ တင္ပို႔ေနၿပီး တ႐ုတ္ႏိုင္ငံဘက္မွ ေဆာက္လုပ္ေရးပစၥည္း၊ လွ်ပ္စစ္ပစၥည္း၊ စက္ပစၥည္း၊ စားကုန္ေသာက္ကုန္၊ ေဆးဝါး၊ ဆိုလာျပားမ်ား ျပန္လည္တင္သြင္းလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ က်င့္စန္းေက်ာ့ဂိတ္တြင္ တစ္ရက္လွ်င္ ကားအစီးေရ ၁၅ဝ ႏွင့္ ၁၆ဝ ၾကားပုံမွန္ဝင္ထြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.