ဖိလစ်ပိုင်နိုင်ငံတွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၉)ဦး သေဆုံး

432

Pika (NP News) - ဒီဇင်ဘာ ၁၈
ဖိလစ်ပိုင်နိုင်ငံ မန်တင်လူပါမြို့တွင် ဒီဇင်ဘာ(၁၈)ရက်၊ နံနက်ပိုင်းက နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၉)ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များ က ပြောကြားခဲ့သည်။
ဘာရန်ဂီပူတာတန်ရပ်ကွက်ရှိ နှစ်ထပ်တိုက်တစ်လုံး မီးလောင်ခဲ့ပြီးနောက် သေဆုံးသူများကို အိမ်၏မြေညီထပ် တွင် တွေ့ရှိခဲ့ကြောင်း မန်တင်လူပါမြို့ မီးသတ်ဌာနအကြီးအကဲ အူဂီနီဘရီအိုနက်စ်က ပြောကြားခဲ့သည်။ အဆိုပါ မီးလောင်မှုများဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူ(၁)ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြားတစ်ဦးမှာ မီးလောင်ဒဏ်ရာ များ ရရှိခဲ့ကြောင်း မီးသတ်ဌာနအကြီးအကဲ က ပြောကြားခဲ့သည်။
ဘာရန်ဂီပူတာတန် ရပ်ကွက်ရှိ လာဗာလမ်းတွင် ဒီဇင်ဘာ(၁၈)ရက် နံနက်(၈)နာရီ (၅၆) မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း BFP National Capital Region (NCR) ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါမီးလောင်မှုကို နံနက်(၉) နာရီ (၂၅) မိနစ်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး (၁ဝ)နာရီ (၂၅)မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုများကြောင့် အနီးရှိ ဘန်ဂလိုအိမ်တစ်လုံးနှင့် နှစ်ထပ်တိုက်တစ်လုံးတို့ကို မီးကူးကာ လောင်ကျွမ်းမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများ က ပြောကြားခဲ့သည်။
အဆိုပါနှစ်ထပ်တိုက်မီးလောင်ကျွမ်းနေချိန်တွင် အိမ်ထဲမှာ လူ(၁ဝ)ဦးရှိကြောင်း မီးသတ်ဌာနအကြီးအကဲ က ပြောဆိုခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွားနေချိန်အတွင်း အိမ်ထဲရှိလူများသည် အိပ်ပျော်နေခဲ့ခြင်းကြောင့် မီးထဲမှ မလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း မီးသတ်ဌာနအကြီးအကဲက အစောပိုင်းတွင် ပြောကြားခဲ့သည်။ BFP National Capital Region (NCR) ရုံးက အဆိုပါနှစ်ထပ်တိုက်မီးလောင်ကျွမ်းခဲ့ရသည့် အကြောင်းအရင်းများ ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံတြင္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၉)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၁၈
ဖိလစ္ပိုင္ႏိုင္ငံ မန္တင္လူပါၿမိဳ႕တြင္ ဒီဇင္ဘာ(၁၈)ရက္၊ နံနက္ပိုင္းက ႏွစ္ထပ္တိုက္တစ္လုံး မီးေလာင္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၉)ဦးေသဆုံးခဲ့ေၾကာင္း ဖိလစ္ပိုင္အာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။
ဘာရန္ဂီပူတာတန္ရပ္ကြက္ရွိ ႏွစ္ထပ္တိုက္တစ္လုံး မီးေလာင္ခဲ့ၿပီးေနာက္ ေသဆုံးသူမ်ားကို အိမ္၏ေျမညီထပ္ တြင္ ေတြ႕ရွိခဲ့ေၾကာင္း မန္တင္လူပါၿမိဳ႕ မီးသတ္ဌာနအႀကီးအကဲ အူဂီနီဘရီအိုနက္စ္က ေျပာၾကားခဲ့သည္။ အဆိုပါ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၁)ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ၿပီး အျခားတစ္ဦးမွာ မီးေလာင္ဒဏ္ရာ မ်ား ရရွိခဲ့ေၾကာင္း မီးသတ္ဌာနအႀကီးအကဲ က ေျပာၾကားခဲ့သည္။
ဘာရန္ဂီပူတာတန္ ရပ္ကြက္ရွိ လာဗာလမ္းတြင္ ဒီဇင္ဘာ(၁၈)ရက္ နံနက္(၈)နာရီ (၅၆) မိနစ္က မီးေလာင္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း BFP National Capital Region (NCR) ႐ုံးက သတင္းထုတ္ျပန္ခဲ့သည္။ အဆိုပါမီးေလာင္မႈကို နံနက္(၉) နာရီ (၂၅) မိနစ္တြင္ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး (၁ဝ)နာရီ (၂၅)မိနစ္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း အာဏာပိုင္ မ်ားက ေျပာၾကားခဲ့သည္။
အဆိုပါမီးေလာင္မႈမ်ားေၾကာင့္ အနီးရွိ ဘန္ဂလိုအိမ္တစ္လုံးႏွင့္ ႏွစ္ထပ္တိုက္တစ္လုံးတို႔ကို မီးကူးကာ ေလာင္ကြၽမ္းမႈမ်ား ထပ္မံျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းစစ္ေဆးေရးမႉးမ်ား က ေျပာၾကားခဲ့သည္။
အဆိုပါႏွစ္ထပ္တိုက္မီးေလာင္ကြၽမ္းေနခ်ိန္တြင္ အိမ္ထဲမွာ လူ(၁ဝ)ဦးရွိေၾကာင္း မီးသတ္ဌာနအႀကီးအကဲ က ေျပာဆိုခဲ့သည္။ အဆိုပါမီးေလာင္မႈျဖစ္ပြားေနခ်ိန္အတြင္း အိမ္ထဲရွိလူမ်ားသည္ အိပ္ေပ်ာ္ေနခဲ့ျခင္းေၾကာင့္ မီးထဲမွ မလြတ္ေျမာက္ႏိုင္ခဲ့ျခင္း ျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း မီးသတ္ဌာနအႀကီးအကဲက အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။ BFP National Capital Region (NCR) ႐ုံးက အဆိုပါႏွစ္ထပ္တိုက္မီးေလာင္ကြၽမ္းခဲ့ရသည့္ အေၾကာင္းအရင္းမ်ား ကို ဆက္လက္စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္းသိရသည္။