Twitter အမှုဆောင်အရာရှိချုပ်အဖြစ်မှ အယ်လွန်မာ့စ် နှုတ်ထွက်ဖွယ်ရှိ

 663

Htay Oung (NP News) - ဒီဇင်ဘာ ၂ဝ

Twitters ကုမ္ပဏီကို ဝယ်ယူလိုက်ပြီး အမှုဆောင်အရာရှိချုပ်အဖြစ် တာ၀န်ထမ်းဆောင်နေသူ အယ်လွန်မာ့စ်ကို နှစ်လ မပြည့်မီမှာပဲ ဘီလျံနာသူဋ္ဌေးကြီးအနေနဲ့ ရာထူးမှ နှုတ်ထွက်ပေးဖို့ စစ်တမ်းတစ်ခုမှာ ဆန္ဒမဲပေးလိုက်ကြ တယ်လို့ Channel News Asia က ယနေ့ ရေးသားပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းမှ ပြုလုပ်ခဲ့တဲ့ ဆန္ဒသဘောထားကောက်ယူရာမှာ လူပေါင်း ၁၇ ဒသမ ၄ သန်းကျော်က ပါဝင်မဲပေးခဲ့ကြပါတယ်။ လူမှုကွန်ရက်ပလက်ဖောင်းကြီးရဲ့အကြီးအကဲအဖြစ်မှ နှုတ်ထွက်ဖို့ မာ့စ်ရဲ့စိတ်ကူးကို ဖြေဆိုသူ ၅၇.၅ ရာခိုင်နှုန်းခန့်က ထောက်ခံခဲ့ကြပြီး ကန့်ကွက်သူ ၄၂.၅ ရာခိုင်နှုန်းသာ ရှိနေပါတယ်။

စစ်တမ်းရလဒ်များအတိုင်း လိုက်နာမှာဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ မာ့စ်က ပြောခဲ့ပေမယ့် ရလဒ်များထွက်ပေါ်ခဲ့ရင် ဘယ်အချိန်နှုတ်ထွက်မှာဖြစ်ကြောင်း အသေးစိတ် ပါဝင်ခဲ့တာမျိုး မရှိဘူးလို့ သိရပါတယ်။

မာ့စ် ဦးစီးတဲ့ လျှပ်စစ်မော်တော်ကားထုတ်လုပ်ရေး “တက်စ်လာ” ကုမ္ပဏီရဲ့ အစုရှယ်ယာများကတော့ ကြိုတင် စျေးကွက်ရောင်းဝယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၅၄.၇ဝ နဲ့ ၃ ရာခိုင်နှုန်းခန့် မြင့်တက် တက်သွားပါတယ်။

အောက်တိုဘာလ အမှုဆောင်အရာရှိချုပ်အဖြစ် မာ့စ် တာဝန်ယူပြီးနောက်ပိုင်း ထိပ်တန်းစီမံခန့်ခွဲမှုနဲ့ ဝန်ထမ်း ထောင်ပေါင်းများစွာတို့ကို အချိန်တိုအတွင်း အလုပ်ဖြုတ်ပစ်ခြင်း၊ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့လို ယခင် ပိတ်ပင်ထားတဲ့အကောင့်များကို ပြန်လည်အသုံးပြုခွင့်ပေးခြင်း၊ သူ့ရဲ့ပလက်ဖောင်းမှာ Twitter Bule အမှန်ခြစ် အပြာရောင်အမှတ်အသားနဲ့အသုံးပြုဖို့အတွက် ငွေကြေးဘယ်လောက် ကောက်ခံမယ်ဆိုခြင်းများနဲ့ အုတ်အော် သောင်းတင်းဖြစ်ခဲ့ရပြီးနောက်ပိုင်း ယခုလို စစ်တမ်းကောက်ယူခြင်းဟာ နောက်ဆုံးအလှည့်အပြောင်းဖြစ်ပါတယ်။

တက်စ်လာမှာ ရင်းနှီးမြုပ်နှံသူများအနေနဲ့ကတော့ Twitter ရဲ့သဘောတူညီချက်အရ မာ့စ်ဟာ သူ့ကိုယ်သူ အလွန်ချိနဲ့သွားအောင် လုပ်ရာရောက်မှာကို စိုးရိမ်နေကြပါတယ်။ မာ့စ် ဆေးဘက်ဆိုင်ရာကိရိယာကုမ္ပဏီ “ နျူရာလင့်” ကို ကျောထောက်ခံပေးနေပြီး ဒုံးပျံကုမ္ပဏီ SpaceX ကိုလည်း ဦးဆောင်သူဖြစ်ပါတယ်။

အခြားမော်တော်ကားထုတ်လုပ်သူတွေလိုပဲ တက်စ်လာရဲ့ရှယ်ယာတွေဟာ ထောက်ပံ့ရေးကွင်းဆက်ပြဿနာများ ရှိနေပါတယ်။ EV လို့ ခေါ်တဲ့ လျှပ်စစ်မော်တော်ကားလောကမှာ ပြိုင်ဆိုင်မှုတွေ တိုးမြင့်လာတဲ့အတွက် ယခုနှစ် တက်စ်လာရဲ့ ရှယ်ယာတွေဟာ မူလတန်ဖိုးရဲ့ ၆ဝ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးသွားခဲ့ပြီးဖြစ်ပါတယ်။

တကယ်လို့ Twitter မှာ မာ့စ်အနေနဲ့ ရာထူးက ဆင်းပေးခဲ့ရင် တက်စ်လာရဲ့ရှယ်ယာတွေအပေါ် ယာယီအကောင်း မြင်စိတ် ထိုးသွင်းပေးနိုင်ပြီး၊ နောက်ဆုံး ကားထုတ်လုပ်သူအဖြစ် အာရုံစိုက်ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ စျေးကွက်လေ့လာသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

တက်စ်လာဟာ ကမ္ဘာ့ထိပ်တန်း မော်တော်ကားထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်ပြီး လောလောဆယ် ထောက်ပံ့ ပို့ဆောင်ရေးစိန်ခေါ်မှုများ၊ တရုတ်နိုင်ငံမှာ ကူးစက်ရောဂါဖြစ်ပွားမှုနဲ့ဆက်နွယ်တဲ့ တားမြစ်ပိတ်ဆို့မှုများ၊ ချေးငွေ စရိတ်မြင့်မားမှုနဲ့ ကမ္ဘာ့စီးပွားရေး ထိုင်းမှိုင်းမှုအလားအလာများကြောင့် စိုးရိမ်မှုများ မြင့်တက်လာခဲ့ရပါတယ်။

မာ့စ်အနေနဲ့ Twitter မှာ သူရဲ့အချိန်ကိုလျှော့ချပြီး ဆိုရှယ်မီဒီယာကုမ္ပဏီကို လည်ပတ်ဖို့အတွက် ခေါင်းဆောင် အသစ်ကို ရှာဖွေမှာဖြစ်ကြောင်း ပြီးခဲ့တဲ့လ ဒီလာဝဲ သမာဓိခုံရုံးကို ပြောပြခဲ့ဖူးပါတယ်။

ဒါပေမဲ့ သူ့နေရာမှာ ဆက်ခံမယ့်သူ မရှိပါဘူးလို့ အမှုဆောင်အရာရှိချုပ် အပြောင်းအလဲဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး Twitter အသုံးပြုသူတစ်ဦးရဲ့မေးမြန်းချက်ကို ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ ပြန်လည်ဖြေဆိုပါတယ်။

"Twitter ကို တကယ် ရှင်သန်အောင်ထိန်သိမ်းးရတဲ့အလုပ်မျိုး ဘယ်သူမှမလုပ်ချင်ပါဘူး” လို့ ဆက်လက် မှတ်ချက် ပေးပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့ ဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်မှာ "Elon"၊ "Twitter ရဲ့ CEO"၊ "vote Yes" နဲ့ "vote No" တို့ဟာ ခေတ်စားနေတဲ့အကြောင်းအရာများထဲမှ တစ်ခုဖြစ်နေပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့က ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မြင်တွေ့ခဲ့ရတဲ့ မက်စ် က ဒီဇင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့ စစ်တမ်းရလဒ်အပေါ် တုံ့ပြန်တာမျိုးလည်း မရှိသေးသလို မှတ်ချက်ပေးဖို့ မေတ္တာရပ်ခံချက်ကိုလည်း Twitter က လောလောဆယ် တုံ့ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

(Channel News Asia.,19 December 2022,” Elon Musk poll shows majority want him to step down as Twitter chief.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)

Zawgyi Version;
Twitter အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္မွ အယ္လြန္မာ့စ္ ႏႈတ္ထြက္ဖြယ္ရွိ
Htay Oung (NP News) - ဒီဇင္ဘာ ၂ဝ

Twitters ကုမၸဏီကို ဝယ္ယူလိုက္ၿပီး အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္ေနသူ အယ္လြန္မာ့စ္ကို ႏွစ္လ မျပည့္မီမွာပဲ ဘီလ်ံနာသူေ႒းႀကီးအေနနဲ႔ ရာထူးမွ ႏႈတ္ထြက္ေပးဖို႔ စစ္တမ္းတစ္ခုမွာ ဆႏၵမဲေပးလိုက္ၾက တယ္လို႔ Channel News Asia က ယေန႔ ေရးသားပါတယ္။

ဒီဇင္ဘာ ၁၈ ရက္ေန႔ ညပိုင္းမွ ျပဳလုပ္ခဲ့တဲ့ ဆႏၵသေဘာထားေကာက္ယူရာမွာ လူေပါင္း ၁၇ ဒသမ ၄ သန္းေက်ာ္က ပါဝင္မဲေပးခဲ့ၾကပါတယ္။ လူမႈကြန္ရက္ပလက္ေဖာင္းႀကီးရဲ႕အႀကီးအကဲအျဖစ္မွ ႏႈတ္ထြက္ဖို႔ မာ့စ္ရဲ႕စိတ္ကူးကို ေျဖဆိုသူ ၅၇.၅ ရာခိုင္ႏႈန္းခန္႔က ေထာက္ခံခဲ့ၾကၿပီး ကန္႔ကြက္သူ ၄၂.၅ ရာခိုင္ႏႈန္းသာ ရွိေနပါတယ္။

စစ္တမ္းရလဒ္မ်ားအတိုင္း လိုက္နာမွာျဖစ္တယ္လို႔ ဒီဇင္ဘာလ ၁၈ ရက္၊ တနဂၤေႏြေန႔မွာ မာ့စ္က ေျပာခဲ့ေပမယ့္ ရလဒ္မ်ားထြက္ေပၚခဲ့ရင္ ဘယ္အခ်ိန္ႏႈတ္ထြက္မွာျဖစ္ေၾကာင္း အေသးစိတ္ ပါဝင္ခဲ့တာမ်ိဳး မရွိဘူးလို႔ သိရပါတယ္။

မာ့စ္ ဦးစီးတဲ့ လွ်ပ္စစ္ေမာ္ေတာ္ကားထုတ္လုပ္ေရး “တက္စ္လာ” ကုမၸဏီရဲ႕ အစုရွယ္ယာမ်ားကေတာ့ ႀကိဳတင္ ေစ်းကြက္ေရာင္းဝယ္မႈမွာ အေမရိကန္ေဒၚလာ ၁၅၄.၇ဝ နဲ႔ ၃ ရာခိုင္ႏႈန္းခန႔္ ျမင့္တက္ တက္သြားပါတယ္။

ေအာက္တိုဘာလ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ မာ့စ္ တာဝန္ယူၿပီးေနာက္ပိုင္း ထိပ္တန္းစီမံခန႔္ခြဲမႈနဲ႔ ဝန္ထမ္း ေထာင္ေပါင္းမ်ားစြာတို႔ကို အခ်ိန္တိုအတြင္း အလုပ္ျဖဳတ္ပစ္ျခင္း၊ သမၼတေဟာင္း ေဒၚနယ္ထရမ့္တို႔လို ယခင္ ပိတ္ပင္ထားတဲ့အေကာင့္မ်ားကို ျပန္လည္အသုံးျပဳခြင့္ေပးျခင္း၊ သူ႔ရဲ႕ပလက္ေဖာင္းမွာ Twitter Bule အမွန္ျခစ္ အျပာေရာင္အမွတ္အသားနဲ႔အသုံးျပဳဖို႔အတြက္ ေငြေၾကးဘယ္ေလာက္ ေကာက္ခံမယ္ဆိုျခင္းမ်ားနဲ႔ အုတ္ေအာ္ ေသာင္းတင္းျဖစ္ခဲ့ရၿပီးေနာက္ပိုင္း ယခုလို စစ္တမ္းေကာက္ယူျခင္းဟာ ေနာက္ဆုံးအလွည့္အေျပာင္းျဖစ္ပါတယ္။

တက္စ္လာမွာ ရင္းႏွီးျမဳပ္ႏွံသူမ်ားအေနနဲ႔ကေတာ့ Twitter ရဲ႕သေဘာတူညီခ်က္အရ မာ့စ္ဟာ သူ႔ကိုယ္သူ အလြန္ခ်ိနဲ႔သြားေအာင္ လုပ္ရာေရာက္မွာကို စိုးရိမ္ေနၾကပါတယ္။ မာ့စ္ ေဆးဘက္ဆိုင္ရာကိရိယာကုမၸဏီ “ န်ဴရာလင့္” ကို ေက်ာေထာက္ခံေပးေနၿပီး ဒုံးပ်ံကုမၸဏီ SpaceX ကိုလည္း ဦးေဆာင္သူျဖစ္ပါတယ္။

အျခားေမာ္ေတာ္ကားထုတ္လုပ္သူေတြလိုပဲ တက္စ္လာရဲ႕ရွယ္ယာေတြဟာ ေထာက္ပံ့ေရးကြင္းဆက္ျပႆနာမ်ား ရွိေနပါတယ္။ EV လို႔ ေခၚတဲ့ လွ်ပ္စစ္ေမာ္ေတာ္ကားေလာကမွာ ၿပိဳင္ဆိုင္မႈေတြ တိုးျမင့္လာတဲ့အတြက္ ယခုႏွစ္ တက္စ္လာရဲ႕ ရွယ္ယာေတြဟာ မူလတန္ဖိုးရဲ႕ ၆ဝ ရာခိုင္ႏႈန္းနီးပါး ဆုံးရႈံးသြားခဲ့ၿပီးျဖစ္ပါတယ္။

တကယ္လို႔ Twitter မွာ မာ့စ္အေနနဲ႔ ရာထူးက ဆင္းေပးခဲ့ရင္ တက္စ္လာရဲ႕ရွယ္ယာေတြအေပၚ ယာယီအေကာင္း ျမင္စိတ္ ထိုးသြင္းေပးႏိုင္ၿပီး၊ ေနာက္ဆုံး ကားထုတ္လုပ္သူအျဖစ္ အာ႐ုံစိုက္ေပးစြမ္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ေစ်းကြက္ေလ့လာသူတစ္ဦးက မွတ္ခ်က္ေပးပါတယ္။

တက္စ္လာဟာ ကမာၻ႔ထိပ္တန္း ေမာ္ေတာ္ကားထုတ္လုပ္သူမ်ားထဲမွ တစ္ခုျဖစ္ၿပီး ေလာေလာဆယ္ ေထာက္ပံ့ ပို႔ေဆာင္ေရးစိန္ေခၚမႈမ်ား၊ တ႐ုတ္ႏိုင္ငံမွာ ကူးစက္ေရာဂါျဖစ္ပြားမႈနဲ႔ဆက္ႏြယ္တဲ့ တားျမစ္ပိတ္ဆို႔မႈမ်ား၊ ေခ်းေငြ စရိတ္ျမင့္မားမႈနဲ႔ ကမာၻ႔စီးပြားေရး ထိုင္းမႈိင္းမႈအလားအလာမ်ားေၾကာင့္ စိုးရိမ္မႈမ်ား ျမင့္တက္လာခဲ့ရပါတယ္။

မာ့စ္အေနနဲ႔ Twitter မွာ သူရဲ႕အခ်ိန္ကိုေလွ်ာ့ခ်ၿပီး ဆိုရွယ္မီဒီယာကုမၸဏီကို လည္ပတ္ဖို႔အတြက္ ေခါင္းေဆာင္ အသစ္ကို ရွာေဖြမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့လ ဒီလာဝဲ သမာဓိခုံ႐ုံးကို ေျပာျပခဲ့ဖူးပါတယ္။

ဒါေပမဲ့ သူ႔ေနရာမွာ ဆက္ခံမယ့္သူ မရွိပါဘူးလို႔ အမႈေဆာင္အရာရွိခ်ဳပ္ အေျပာင္းအလဲျဖစ္ႏိုင္ေခ်နဲ႔ ပတ္သက္ၿပီး Twitter အသုံးျပဳသူတစ္ဦးရဲ႕ေမးျမန္းခ်က္ကို ဒီဇင္ဘာလ ၁၈ ရက္၊ တနဂၤေႏြေန႔မွာ ျပန္လည္ေျဖဆိုပါတယ္။

"Twitter ကို တကယ္ ရွင္သန္ေအာင္ထိန္သိမ္းးရတဲ့အလုပ္မ်ိဳး ဘယ္သူမွမလုပ္ခ်င္ပါဘူး” လို႔ ဆက္လက္ မွတ္ခ်က္ ေပးပါတယ္။

ဒီဇင္ဘာလ ၁၉ ရက္၊ တနလၤာေန႔ ဆိုရွယ္မီဒီယာပလပ္ေဖာင္းေပၚမွာ "Elon"၊ "Twitter ရဲ႕ CEO"၊ "vote Yes" နဲ႔ "vote No" တို႔ဟာ ေခတ္စားေနတဲ့အေၾကာင္းအရာမ်ားထဲမွ တစ္ခုျဖစ္ေနပါတယ္။

ဒီဇင္ဘာလ ၁၈ ရက္၊ တနဂၤေႏြေန႔က ကာတာႏိုင္ငံမွာ က်င္းပေနတဲ့ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ မက္စ္ က ဒီဇင္ဘာလ ၁၉ ရက္၊ တနလၤာေန႔ စစ္တမ္းရလဒ္အေပၚ တုံ႔ျပန္တာမ်ိဳးလည္း မရွိေသးသလို မွတ္ခ်က္ေပးဖို႔ ေမတၱာရပ္ခံခ်က္ကိုလည္း Twitter က ေလာေလာဆယ္ တုံ႔ျပန္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။

(Channel News Asia.,19 December 2022,” Elon Musk poll shows majority want him to step down as Twitter chief.” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာ ျပန္ဆိုသည္။)

Related news

© 2021. All rights reserved.