“ကမ္ဘာပေါ်မှာ ကလေး မွေးဖွားမှု အနည်းဆုံး နိုင်ငံ” (ထူးခြားသုတဆောင်းပါး)

 935

ဝတီ (NP News) - ဇန်နဝါရီ ၃

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေး မွေးဖွားမှုအနည်းဆုံး နိုင်ငံအဖြစ်ဆက်ပြီး စံချိန်တင်နေပါတယ်။ တောင်ကိုရီးယားမှာ ကလေးမွေးဖွားနှုန်း ကျဆင်းနေတာ နှစ်ပေါင်း အများကြီး ရှိသွားပြီဖြစ်ပြီး ဒီနှုန်း ပြန်တက်လာ အောင် အစိုးရအဆက်ဆက် လုပ်ဆောင်နေပေမယ့် အခုထက်ထိ ကလေး မွေးဖွားနှုန်းက တက်မလာသေးပါဘူး။ တောင်ကိုရီးယားအမျိုးသမီးတစ်ယောက်ရဲ့ ကလေးမွေးဖွားနှုန်းကို အကြမ်းမျဉ်း တွက်ကြည့်မယ်ဆိုရင် ဝ ဒသမ ၇၉ ယောက်ပဲ ရှိပါတယ်။

ဒီနှုန်းကို မြင်သာအောင် ပြောရမယ်ဆိုရင်တော့ ကာလတူမှာ အမေရိကန်အမျိုးသမီးတစ်ယောက်ရဲ့ ကလေး မွေးဖွားနှုန်းဟာ (၁ ဒသမ ၆) ယောက်ရှိပြီး ဂျပန်မှာတော့ (၁ ဒသမ ၃) ယောက် ရှိပါတယ်။ ဂျပန်ဟာလည်း ကလေး မွေးဖွားနှုန်းနည်းတဲ့နေရာမှာ နာမည်ကြီးဖြစ်ပေမယ့် တောင်ကိုရီးယားထက်တော့ ကလေးမွေးဖွားနှုန်း များနေပါ သေးတယ်။ ကလေး မွေးဖွားမှုနှုန်း အမြင့်မားဆုံးနိုင်ငံတွေကတော့ အာဖရိကနိုင်ငံတွေပါပဲ။ အာဖရိကန်အမျိုးသမီး တစ်ယောက်ရဲ့ ပျမ်းမျှ ကလေး မွေးဖွားနှုန်းက (၅) ယောက် ဒါမှမဟုတ် (၆)ယောက်ပါ။ ပျမ်းမျှ ကလေး မွေးဖွားနှုန်း (၂ ဒသမ ၁)ယောက် ရှိနေရင် လူဦးရေ တည်ငြိမ်မှာဖြစ်ပြီး အဲဒီထက်များရင်တော့ လူဦးရေ အင်မတန် များပါလိမ့်မယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ကလေး မွေးဖွားနှုန်းဟာ ၂ဝ၁၅ ခုနှစ်ကစလို့ ကျလာလိုက်တာ ၂ဝ၂ဝ ခုနှစ်မှာတော့ သေဆုံးနှုန်းက မွေးဖွားနှုန်းထက် ပထမဦးဆုံးအကြိမ် ပိုများသွားပါတော့တယ်။

အဓိပ္ပာယ်ကတော့ လူဦးရေ နည်းလာတယ်ဆိုတာပါပဲ။ တောင်ကိုရီးယားမှာ ကလေးမွေးဖွားနှုန်း ကျဆင်းလာသလို ကလေးယူတဲ့ အမျိုးသမီးတွေရဲ့အသက်အရွယ်လည်း နောက်ကျလာပါတယ်။ ကလေးမွေးတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေရဲ့ ပျမ်းမျှအသက်ဟာ (၃၃ ဒသမ ၄)နှစ်ဖြစ်လာပါတယ်။ ပြီးတော့ တောင်ကိုရီးယားမှာ ရှိပြီးသား လူဦးရေကလည်း အသက်အရွယ်ကြီးရင့်လာနေကြပါပြီ။ ဒီအတိုင်းသာ ရှေ့ဆက်သွားနေမယ်ဆိုရင် အလုပ်လုပ်နိုင် တဲ့လူဦးရေ တဖြည်းဖြည်း နည်းသထက် နည်းလာပြီး သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတဲ့ စရိတ်စက၊ ဆေးဝါးစရိတ်စက အဆမတန်များလာပါလိမ့်မယ်။
လက်ရှိမှာတော့ တောင်ကိုရီးယားလူဦးရေထဲမှာ အသက် (၆၅) နှစ်အထက်က စုစုပေါင်းလူဦးရေရဲ့ (၁၆ ဒသမ ၈) ရာခိုင်နှုန်းရှိနေပြီး အသက် (၁၄) နှစ်နဲ့အောက်ကတော့ (၁၁ ဒသမ ၈)ရာခိုင်နှုန်းပဲရှိနေပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အို ဦးရေက အလျင်အမြန်တိုးပွားလာနေပြီး အလုပ် လုပ်နိုင်၊ ကိုင်နိုင်တဲ့ အသက် (၁၅)နှစ်ကနေ (၆၄)နှစ်အတွင်း လူဦးရေက ကျလာနေပါတယ်။

တောင်ကိုရီးယားမှာရော ဂျပန်မှာပါ ကလေးမွေးဖွားနှုန်း ကျရတဲ့အကြောင်းရင်းတွေကဆင်တူနေပါတယ်။ အလုပ်ကို အင်မတန် အချိန်ပေးရတာ၊ အိမ်ခြံမြေဈေးနှုန်း အဆမတန် မြင့်မားတာ၊ ကုန်ဈေးနှုန်း မြင့်မားတာစတဲ့ အကြောင်းရင်းတွေကြောင့် ကလေး မွေးဖွားနှုန်း ကျဆင်းလာရတာဖြစ်ပါတယ်။ လုပ်ငန်းခွင်က သိပ်အပြိုင်အဆိုင် များတာကြောင့်အဲဒါနဲ့ နပန်းလုံးနေရတာနဲ့ပဲ ရည်းစားထားဖို့ အချိန် မပေးနိုင်၊ ပိုက်ဆံလည်း အကုန်မခံနိုင်၊ စိတ်လည်း မပါနိုင်တော့ဘူးလို့ တောင်ကိုရီးယားအမျိုးသမီးအများစုက ဆိုကြပါတယ်။ တောင်ကိုရီးယား အမျိုးသမီးတွေဟာ လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ကျားကုတ်ကျားခဲ ကြိုးစားကြရပါ တယ်။ တောင်ကိုရီးယားဟာ အခုထက်ထိ အမျိုးသားတွေ စိုးမိုးနေရာယူထားတဲ့နိုင်ငံဖြစ်တဲ့အတွက် အမျိုးသမီး တွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင်နောက်ကောက် မကျစေဖို့ဆိုပြီး လုပ်ငန်းခွင်မှာ အင်မတန်အားထုတ်ရလို့ အလုပ်ကိုပဲ ဦးစားပေးကြရပါတော့တယ်။ ကလေးမွေးဖွားနှုန်း တက်လာစေဖို့ဆိုပြီး တောင်ကိုရီးယားအစိုးရက မက်လုံးတွေ အမျိုးမျိုး ပေးပါတယ်။ ကလေး မွေးပြီးခါစဆိုရင် မိဘနှစ်ပါးလုံးကို အလုပ်ကနေ လစာအပြည့်နဲ့ ခွင့်ပေးတာ၊ ကလေး ထောက်ပံ့ကြေးတွေ ပေးတာ၊ အခမဲ့ ကလေးထိန်း စင်တာတွေ ထားရှိပေးထားတာ အစရှိသဖြင့်ပေါ့။

ကလေး မွေးဖွားနှုန်း တက်လာစေရေးအတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အစိုးရက ပြီးခဲ့တဲ့ (၁၆) နှစ်လုံးလုံး စီမံချက်အမျိုးမျိုးချမှတ်ခဲ့ပြီး အဲဒီရည်ရွယ်ချက်အတွက် သုံးခဲ့ရတဲ့ ငွေကြေးပမာဏဟာ ဒေါ်လာ ဘီလျံ (၂ဝဝ) ကျော် သွားပါပြီ။ ဒါပေမဲ့လည်း ကလေး မွေးဖွားနှုန်းကတော့ တက်မလာဘဲ ကျပြီးရင်းဘဲ ဆက်ကျနေပါတယ်။ ဒါ့ပြင် ကလေးပြုစုစောင့်ရှောက်တဲ့ နေရာမှာ၊ အိမ်မှုကိစ္စတွေမှာ အမျိုးသားတွေ ပိုပြီးပါဝင်ကူညီလာစေဖို့ လှုံ့ဆော်မှုတွေ လုပ်နေရပါတယ်။ တချို့ တောင်ကိုရီးယားဇနီးမောင်နှံတွေမှာဆိုရင် ဇနီးဖြစ်သူက ခင်ပွန်းထက် ငွေ ပိုရှာနေနိုင်တာတောင် အိမ်ဝေယျာဝစ္စနဲ့ ကလေး ဝေယျာဝစ္စတွေကို ဇနီးဖြစ်သူကပဲ ဒိုင်ခံလုပ်နေရတာတွေ ရှိနေတုန်းပါပဲ။ ဒါကြောင့် ကလေးပြုစုစောင့်ရှောက်ရေးမှာ အမျိုးသားတွေပိုပြီး ပါဝင်လာစေဖို့ လှုံ့ဆော်မှုတွေ လုပ်နေရတာပါ။ ကလေး မွေးဖွားနှုန်းသာကျဆင်းနေပေမယ့် လက်မထပ်ရသေးဘဲ ကလေးမွေးတဲ့ အမျိုးသမီးတွေ အပေါ်မှာတော့ တောင်ကိုရီးယားလူမှုဝန်းကျင်က အခုထက်ထိ အမြင် မကြည်လင်ကြသေးပါဘူး။ အိမ်ထောင် ရှိတဲ့ အမျိုးသမီးမှသာ ကလေးမွေးသင့်တယ်ဆိုတဲ့ အယူအဆကိုတောင်ကိုရီးယားရှေးရိုးစွဲတွေက စွဲကိုင်ထားကြတုန်းပါပဲ။

zawgyi version
“ကမာၻေပၚမွာ ကေလး ေမြးဖြားမႈ အနည္းဆုံး ႏိုင္ငံ” (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဇန္နဝါရီ ၃

ေတာင္ကိုရီးယားႏိုင္ငံဟာ ကမာၻေပၚမွာ ကေလး ေမြးဖြားမႈအနည္းဆုံး ႏိုင္ငံအျဖစ္ဆက္ၿပီး စံခ်ိန္တင္ေနပါတယ္။ ေတာင္ကိုရီးယားမွာ ကေလးေမြးဖြားႏႈန္း က်ဆင္းေနတာ ႏွစ္ေပါင္း အမ်ားႀကီး ရွိသြားၿပီျဖစ္ၿပီး ဒီႏႈန္း ျပန္တက္လာ ေအာင္ အစိုးရအဆက္ဆက္ လုပ္ေဆာင္ေနေပမယ့္ အခုထက္ထိ ကေလး ေမြးဖြားႏႈန္းက တက္မလာေသးပါဘူး။ ေတာင္ကိုရီးယားအမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကေလးေမြးဖြားႏႈန္းကို အၾကမ္းမ်ဥ္း တြက္ၾကည့္မယ္ဆိုရင္ ဝ ဒသမ ၇၉ ေယာက္ပဲ ရွိပါတယ္။

ဒီႏႈန္းကို ျမင္သာေအာင္ ေျပာရမယ္ဆိုရင္ေတာ့ ကာလတူမွာ အေမရိကန္အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကေလး ေမြးဖြားႏႈန္းဟာ (၁ ဒသမ ၆) ေယာက္ရွိၿပီး ဂ်ပန္မွာေတာ့ (၁ ဒသမ ၃) ေယာက္ ရွိပါတယ္။ ဂ်ပန္ဟာလည္း ကေလး ေမြးဖြားႏႈန္းနည္းတဲ့ေနရာမွာ နာမည္ႀကီးျဖစ္ေပမယ့္ ေတာင္ကိုရီးယားထက္ေတာ့ ကေလးေမြးဖြားႏႈန္း မ်ားေနပါ ေသးတယ္။ ကေလး ေမြးဖြားမႈႏႈန္း အျမင့္မားဆုံးႏိုင္ငံေတြကေတာ့ အာဖရိကႏိုင္ငံေတြပါပဲ။ အာဖရိကန္အမ်ိဳးသမီး တစ္ေယာက္ရဲ႕ ပ်မ္းမွ် ကေလး ေမြးဖြားႏႈန္းက (၅) ေယာက္ ဒါမွမဟုတ္ (၆)ေယာက္ပါ။ ပ်မ္းမွ် ကေလး ေမြးဖြားႏႈန္း (၂ ဒသမ ၁)ေယာက္ ရွိေနရင္ လူဦးေရ တည္ၿငိမ္မွာျဖစ္ၿပီး အဲဒီထက္မ်ားရင္ေတာ့ လူဦးေရ အင္မတန္ မ်ားပါလိမ့္မယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ကေလး ေမြးဖြားႏႈန္းဟာ ၂ဝ၁၅ ခုႏွစ္ကစလို႔ က်လာလိုက္တာ ၂ဝ၂ဝ ခုႏွစ္မွာေတာ့ ေသဆုံးႏႈန္းက ေမြးဖြားႏႈန္းထက္ ပထမဦးဆုံးအႀကိမ္ ပိုမ်ားသြားပါေတာ့တယ္။

အဓိပၸာယ္ကေတာ့ လူဦးေရ နည္းလာတယ္ဆိုတာပါပဲ။ ေတာင္ကိုရီးယားမွာ ကေလးေမြးဖြားႏႈန္း က်ဆင္းလာသလို ကေလးယူတဲ့ အမ်ိဳးသမီးေတြရဲ႕အသက္အ႐ြယ္လည္း ေနာက္က်လာပါတယ္။ ကေလးေမြးတဲ့ ေတာင္ကိုရီးယား အမ်ိဳးသမီးေတြရဲ႕ ပ်မ္းမွ်အသက္ဟာ (၃၃ ဒသမ ၄)ႏွစ္ျဖစ္လာပါတယ္။ ၿပီးေတာ့ ေတာင္ကိုရီးယားမွာ ရွိၿပီးသား လူဦးေရကလည္း အသက္အ႐ြယ္ႀကီးရင့္လာေနၾကပါၿပီ။ ဒီအတိုင္းသာ ေရွ႕ဆက္သြားေနမယ္ဆိုရင္ အလုပ္လုပ္ႏိုင္ တဲ့လူဦးေရ တျဖည္းျဖည္း နည္းသထက္ နည္းလာၿပီး သက္ႀကီး႐ြယ္အိုေတြကို ျပဳစုေစာင့္ေရွာက္ရတဲ့ စရိတ္စက၊ ေဆးဝါးစရိတ္စက အဆမတန္မ်ားလာပါလိမ့္မယ္။
လက္ရွိမွာေတာ့ ေတာင္ကိုရီးယားလူဦးေရထဲမွာ အသက္ (၆၅) ႏွစ္အထက္က စုစုေပါင္းလူဦးေရရဲ႕ (၁၆ ဒသမ ၈) ရာခိုင္ႏႈန္းရွိေနၿပီး အသက္ (၁၄) ႏွစ္နဲ႔ေအာက္ကေတာ့ (၁၁ ဒသမ ၈)ရာခိုင္ႏႈန္းပဲရွိေနပါတယ္။ ဒါေၾကာင့္ သက္ႀကီး႐ြယ္အို ဦးေရက အလ်င္အျမန္တိုးပြားလာေနၿပီး အလုပ္ လုပ္ႏိုင္၊ ကိုင္ႏိုင္တဲ့ အသက္ (၁၅)ႏွစ္ကေန (၆၄)ႏွစ္အတြင္း လူဦးေရက က်လာေနပါတယ္။

ေတာင္ကိုရီးယားမွာေရာ ဂ်ပန္မွာပါ ကေလးေမြးဖြားႏႈန္း က်ရတဲ့အေၾကာင္းရင္းေတြကဆင္တူေနပါတယ္။ အလုပ္ကို အင္မတန္ အခ်ိန္ေပးရတာ၊ အိမ္ၿခံေျမေဈးႏႈန္း အဆမတန္ ျမင့္မားတာ၊ ကုန္ေဈးႏႈန္း ျမင့္မားတာစတဲ့ အေၾကာင္းရင္းေတြေၾကာင့္ ကေလး ေမြးဖြားႏႈန္း က်ဆင္းလာရတာျဖစ္ပါတယ္။ လုပ္ငန္းခြင္က သိပ္အၿပိဳင္အဆိုင္ မ်ားတာေၾကာင့္အဲဒါနဲ႔ နပန္းလုံးေနရတာနဲ႔ပဲ ရည္းစားထားဖို႔ အခ်ိန္ မေပးႏိုင္၊ ပိုက္ဆံလည္း အကုန္မခံႏိုင္၊ စိတ္လည္း မပါႏိုင္ေတာ့ဘူးလို႔ ေတာင္ကိုရီးယားအမ်ိဳးသမီးအမ်ားစုက ဆိုၾကပါတယ္။ ေတာင္ကိုရီးယား အမ်ိဳးသမီးေတြဟာ လုပ္ငန္းခြင္မွာ အမ်ိဳးသားေတြနဲ႔ ရင္ေဘာင္တန္းႏိုင္ေအာင္ က်ားကုတ္က်ားခဲ ႀကိဳးစားၾကရပါ တယ္။ ေတာင္ကိုရီးယားဟာ အခုထက္ထိ အမ်ိဳးသားေတြ စိုးမိုးေနရာယူထားတဲ့ႏိုင္ငံျဖစ္တဲ့အတြက္ အမ်ိဳးသမီး ေတြဟာ အမ်ိဳးသားေတြနဲ႔ယွဥ္ရင္ေနာက္ေကာက္ မက်ေစဖို႔ဆိုၿပီး လုပ္ငန္းခြင္မွာ အင္မတန္အားထုတ္ရလို႔ အလုပ္ကိုပဲ ဦးစားေပးၾကရပါေတာ့တယ္။ ကေလးေမြးဖြားႏႈန္း တက္လာေစဖို႔ဆိုၿပီး ေတာင္ကိုရီးယားအစိုးရက မက္လုံးေတြ အမ်ိဳးမ်ိဳး ေပးပါတယ္။ ကေလး ေမြးၿပီးခါစဆိုရင္ မိဘႏွစ္ပါးလုံးကို အလုပ္ကေန လစာအျပည့္နဲ႔ ခြင့္ေပးတာ၊ ကေလး ေထာက္ပံ့ေၾကးေတြ ေပးတာ၊ အခမဲ့ ကေလးထိန္း စင္တာေတြ ထားရွိေပးထားတာ အစရွိသျဖင့္ေပါ့။

ကေလး ေမြးဖြားႏႈန္း တက္လာေစေရးအတြက္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ အစိုးရက ၿပီးခဲ့တဲ့ (၁၆) ႏွစ္လုံးလုံး စီမံခ်က္အမ်ိဳးမ်ိဳးခ်မွတ္ခဲ့ၿပီး အဲဒီရည္႐ြယ္ခ်က္အတြက္ သုံးခဲ့ရတဲ့ ေငြေၾကးပမာဏဟာ ေဒၚလာ ဘီလ်ံ (၂ဝဝ) ေက်ာ္ သြားပါၿပီ။ ဒါေပမဲ့လည္း ကေလး ေမြးဖြားႏႈန္းကေတာ့ တက္မလာဘဲ က်ၿပီးရင္းဘဲ ဆက္က်ေနပါတယ္။ ဒါ့ျပင္ ကေလးျပဳစုေစာင့္ေရွာက္တဲ့ ေနရာမွာ၊ အိမ္မႈကိစၥေတြမွာ အမ်ိဳးသားေတြ ပိုၿပီးပါဝင္ကူညီလာေစဖို႔ လႈံ႕ေဆာ္မႈေတြ လုပ္ေနရပါတယ္။ တခ်ိဳ႕ ေတာင္ကိုရီးယားဇနီးေမာင္ႏွံေတြမွာဆိုရင္ ဇနီးျဖစ္သူက ခင္ပြန္းထက္ ေငြ ပိုရွာေနႏိုင္တာေတာင္ အိမ္ေဝယ်ာဝစၥနဲ႔ ကေလး ေဝယ်ာဝစၥေတြကို ဇနီးျဖစ္သူကပဲ ဒိုင္ခံလုပ္ေနရတာေတြ ရွိေနတုန္းပါပဲ။ ဒါေၾကာင့္ ကေလးျပဳစုေစာင့္ေရွာက္ေရးမွာ အမ်ိဳးသားေတြပိုၿပီး ပါဝင္လာေစဖို႔ လႈံ႕ေဆာ္မႈေတြ လုပ္ေနရတာပါ။ ကေလး ေမြးဖြားႏႈန္းသာက်ဆင္းေနေပမယ့္ လက္မထပ္ရေသးဘဲ ကေလးေမြးတဲ့ အမ်ိဳးသမီးေတြ အေပၚမွာေတာ့ ေတာင္ကိုရီးယားလူမႈဝန္းက်င္က အခုထက္ထိ အျမင္ မၾကည္လင္ၾကေသးပါဘူး။ အိမ္ေထာင္ ရွိတဲ့ အမ်ိဳးသမီးမွသာ ကေလးေမြးသင့္တယ္ဆိုတဲ့ အယူအဆကိုေတာင္ကိုရီးယားေရွး႐ိုးစြဲေတြက စြဲကိုင္ထားၾကတုန္းပါပဲ။

Related news

© 2021. All rights reserved.