အွန်လိုင်းတွင် ရောင်းချနေသော အချို့အစားအသောက်များမှာ အာမခံချက်မရှိခြင်းကြောင့် သတိပြုဝယ်ယူရန် FDA Myanmar အသိပေး

832

ပုံစာ - ဈေးကွက်အတွင်းရောင်းချနေသည့် အစားအသောက်များကို FDA မှစစ်ဆေးခဲ့စဉ်
ယွန်း (NP News) - ဇန်နဝါရီ ၃
အွန်းလိုင်းတွင် ရောင်းနေသော အချို့အစားအသောက်များမှာ သွင်းကုန်ထောက်ခံချက်မရှိကြောင်း FDA Myanmar မှ အသိပေးထုတ်ပြန်ထားသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA Myanmar) မှ ပြီးခဲ့သည့် ရက်ပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
FDA Myanmar အနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းသော အစားအသောက်များကို ပြည်သူများ စားသောက်နိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါတွင် Facebook ကဲ့သို့သော အွန်လိုင်းမီဒီယာများတွင် အစားအသောက်တင်သွင်းရောင်းချမှုများ ရှိနေကြောင်း FDA Myanmar မှ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ထိုကဲ့သို့ ရောင်းချမှုများရှိရာ အချို့တင်သွင်းအစားအသောက်များသည် အစားအ သောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သွင်းကုန်ထောက်ခံချက်ရရှိထားခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် အစားအသောက် အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို စိစစ်ထားခြင်းမရှိသည့်အတွက် အာမခံချက်မရှိခြင်းကြောင့် ပြည်သူများအနေဖြင့် သတိ ပြု၍ ရွေးချယ်ဝယ်ယူနိုင်ရန် FDA Myanmar မှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
အြန္လိုင္းတြင္ ေရာင္းခ်ေနေသာ အခ်ိဳ႕အစားအေသာက္မ်ားမွာ အာမခံခ်က္မရွိျခင္းေၾကာင့္ သတိျပဳဝယ္ယူရန္ FDA Myanmar အသိေပး
ယြန္း (NP News) - ဇန္နဝါရီ ၃
အြန္းလိုင္းတြင္ ေရာင္းေနေသာ အခ်ိဳ႕အစားအေသာက္မ်ားမွာ သြင္းကုန္ေထာက္ခံခ်က္မရွိေၾကာင္း FDA Myanmar မွ အသိေပးထုတ္ျပန္ထားသည္။
အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA Myanmar) မွ ၿပီးခဲ့သည့္ ရက္ပိုင္းက အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
FDA Myanmar အေနျဖင့္ အရည္အေသြး စစ္မွန္ေကာင္းမြန္ၿပီး ေဘးအႏၲရာယ္ကင္းေသာ အစားအေသာက္မ်ားကို ျပည္သူမ်ား စားေသာက္ႏိုင္ရန္ စဥ္ဆက္မျပတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ယခုအခါတြင္ Facebook ကဲ့သို႔ေသာ အြန္လိုင္းမီဒီယာမ်ားတြင္ အစားအေသာက္တင္သြင္းေရာင္းခ်မႈမ်ား ရွိေနေၾကာင္း FDA Myanmar မွ ထုတ္ျပန္ခ်က္တြင္ ေဖာ္ ျပထားသည္။
ထိုကဲ့သို႔ ေရာင္းခ်မႈမ်ားရွိရာ အခ်ိဳ႕တင္သြင္းအစားအေသာက္မ်ားသည္ အစားအ ေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနမွ သြင္းကုန္ေထာက္ခံခ်က္ရရွိထားျခင္း မရွိေၾကာင္း သိရသည္။
ထို႔ျပင္ အစားအေသာက္ အရည္အေသြးႏွင့္ ေဘးအႏၲရာယ္ကင္းရွင္းမႈတို႔ကို စိစစ္ထားျခင္းမရွိသည့္အတြက္ အာမခံခ်က္မရွိျခင္းေၾကာင့္ ျပည္သူမ်ားအေနျဖင့္ သတိ ျပဳ၍ ေ႐ြးခ်ယ္ဝယ္ယူႏိုင္ရန္ FDA Myanmar မွ အသိေပးထုတ္ျပန္ထားသည္။