လွတ်လပ်ရေးနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူများ စုဝေးရာနေရာများ၌ ဖောက်ခွဲရေးပြုလုပ်ရန် စီစဉ်ထားသူ (၃)ဦးအား ဖမ်းဆီးထိန်းသိမ်း

1242

NP News - ဇန်နဝါရီ ၄
နေပြည်တော်ကောင်စီနယ်မြေအတွင်း လွတ်လပ်ရေးနေ့တွင် ပြည်သူများ စုဝေးရာနေရာများ၌ ဖောက်ခွဲရေးပြုလုပ်ရန် စီစဉ်ထားသူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၃)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
လွတ်လပ်ရေးနေ့၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း တပ်ကုန်း PDF အဖွဲ့နှင့် ဆက်သွယ်ပြီး ဖောက်ခွဲရေးပြုလုပ်ရန် စီစဉ်ထားသူ ကိုကျော်မျိုးသူအား သတင်းအရ ဇန်နဝါရီလ(၁)ရက်၊ နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၌ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
ကိုကျော်မျိုးသူ၏ ထွက်ဆိုချက်အရ အဆိုပါနေ့ နေ့လည်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဆည်ထိပ်ကျေးရွာရှိ ဖမ်းဆီးရန်ကျန်ရှိသော ကိုလှမိုး၏ နေအိမ်တွင် ပစ္စတို(၁) လက်၊ ကျည်အိမ်(၁)ခု၊ ကျည်(၆)တောင့်၊ လက်လုပ်မိုင်း(၁ဝ)လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ်(၃)ခု၊ Keypad ဖုန်း(၁)လုံး၊ ရီမု(၁)ခုနှင့် ဆက် စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ကိုလှမိုးအား ဆည်ထိပ်ကျေးရွာနှင့် ရွှေမြို့ ကျေးရွာသွားလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။
ထို့နောက် ကိုလှမိုး၏ ထွက်ဆိုချက်အရ အဆိုပါနေ့ညပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့်၍ သတင်းပေးပို့နေသည့် ကိုကျော်ဆန်းအေးကို တပ်ကုန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ (ခုတင် -၁ဝဝ)ရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် အမျိုးသား (၂)ဦး အား ပစ္စတို(၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည် (၆)တောင့်၊ လက်လုပ်မိုင်း(၁ဝ)လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ်(၃)ခု၊ Keypad ဖုန်း(၁)လုံး၊ ရီမု(၁)ခုနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့(၃)ဦးသည် တပ်ကုန်း PDF အဖွဲ့ဝင် ကိုဗညား၏ ခိုင်းစေမှုဖြင့် လွတ်လပ်ရေးနေ့ အခမ်းအနားပြုလုပ်မည့် တပ်ကုန်းမြို့၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် လွပ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်နေရာ၊ မြဝတီရပ် ကွက်ရှိ မြို့နယ်အားကစားကွင်း၊ တပ်ကုန်းမြို့မဈေး ပတ်ဝန်းကျင်၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဘူတာလမ်း၊ တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ(ခုတင်-၁ဝဝ) ရှေ့ဝင်ပေါက်နှင့် မြောက်ဘက်ဝင်ပေါက် အပါအဝင် ပေါက်ကွဲမှုဖြစ်ပွားပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်မည့် နွယ်ရစ်ကျေးရွာအဝင် တံတားထိပ်တို့တွင် ဖောက်ခွဲရေး လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ထားကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
လြတ္လပ္ေရးေန႔တြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ျပည္သူမ်ား စုေဝးရာေနရာမ်ား၌ ေဖာက္ခြဲေရးျပဳလုပ္ရန္ စီစဥ္ထားသူ (၃)ဦးအား ဖမ္းဆီးထိန္းသိမ္း
NP News - ဇန္နဝါရီ ၄
ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း လြတ္လပ္ေရးေန႔တြင္ ျပည္သူမ်ား စုေဝးရာေနရာမ်ား၌ ေဖာက္ခြဲေရးျပဳလုပ္ရန္ စီစဥ္ထားသူမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၃)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
လြတ္လပ္ေရးေန႔၌ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း တပ္ကုန္း PDF အဖြဲ႕ႏွင့္ ဆက္သြယ္ၿပီး ေဖာက္ခြဲေရးျပဳလုပ္ရန္ စီစဥ္ထားသူ ကိုေက်ာ္မ်ိဳးသူအား သတင္းအရ ဇန္နဝါရီလ(၁)ရက္၊ နံနက္ပိုင္းတြင္ တပ္ကုန္းၿမိဳ႕နယ္၊ ႏြယ္ရစ္ေက်း႐ြာ၌ ဖမ္း ဆီးရမိခဲ့ေၾကာင္း သိရသည္။
ကိုေက်ာ္မ်ိဳးသူ၏ ထြက္ဆိုခ်က္အရ အဆိုပါေန႔ ေန႔လည္ပိုင္းတြင္ တပ္ကုန္းၿမိဳ႕နယ္၊ ဆည္ထိပ္ေက်း႐ြာရွိ ဖမ္းဆီးရန္က်န္ရွိေသာ ကိုလွမိုး၏ ေနအိမ္တြင္ ပစၥတို(၁) လက္၊ က်ည္အိမ္(၁)ခု၊ က်ည္(၆)ေတာင့္၊ လက္လုပ္မိုင္း(၁ဝ)လုံး၊ Keypad ဖုန္းျဖင့္ ခ်ိတ္ဆက္ေဖာက္ခြဲရသည့္ ခလုတ္(၃)ခု၊ Keypad ဖုန္း(၁)လုံး၊ ရီမု(၁)ခုႏွင့္ ဆက္ စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ၿပီး ကိုလွမိုးအား ဆည္ထိပ္ေက်း႐ြာႏွင့္ ေ႐ႊၿမိဳ႕ ေက်း႐ြာသြားလမ္းေပၚတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထို႔ေနာက္ ကိုလွမိုး၏ ထြက္ဆိုခ်က္အရ အဆိုပါေန႔ညပိုင္းတြင္ တပ္ကုန္းၿမိဳ႕နယ္အတြင္းရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ လႈပ္ရွားမႈမ်ားအား ေစာင့္ၾကည့္၍ သတင္းေပးပို႔ေနသည့္ ကိုေက်ာ္ဆန္းေအးကို တပ္ကုန္းၿမိဳ႕နယ္၊ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ (ခုတင္ -၁ဝဝ)ေရွ႕ရွိ ဆိုင္ကယ္ကယ္ရီဂိတ္တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္တြင္ အမ်ိဳးသား (၂)ဦး အား ပစၥတို(၁)လက္၊ က်ည္အိမ္(၁)ခု၊ က်ည္ (၆)ေတာင့္၊ လက္လုပ္မိုင္း(၁ဝ)လုံး၊ Keypad ဖုန္းျဖင့္ ခ်ိတ္ဆက္ေဖာက္ခြဲရသည့္ ခလုတ္(၃)ခု၊ Keypad ဖုန္း(၁)လုံး၊ ရီမု(၁)ခုႏွင့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ၎တို႔(၃)ဦးသည္ တပ္ကုန္း PDF အဖြဲ႕ဝင္ ကိုဗညား၏ ခိုင္းေစမႈျဖင့္ လြတ္လပ္ေရးေန႔ အခမ္းအနားျပဳလုပ္မည့္ တပ္ကုန္းၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ႏွင့္ လြပ္လပ္ေရးအထိမ္းအမွတ္ ေက်ာက္တိုင္ေနရာ၊ ျမဝတီရပ္ ကြက္ရွိ ၿမိဳ႕နယ္အားကစားကြင္း၊ တပ္ကုန္းၿမိဳ႕မေဈး ပတ္ဝန္းက်င္၊ ဗိုလ္မင္းေရာင္ရပ္ကြက္ရွိ ဘူတာလမ္း၊ တပ္ကုန္းၿမိဳ႕ျပည္သူ႔ေဆး႐ုံ(ခုတင္-၁ဝဝ) ေရွ႕ဝင္ေပါက္ႏွင့္ ေျမာက္ဘက္ဝင္ေပါက္ အပါအဝင္ ေပါက္ကြဲမႈျဖစ္ပြားပါက လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား လာေရာက္မည့္ ႏြယ္ရစ္ေက်း႐ြာအဝင္ တံတားထိပ္တို႔တြင္ ေဖာက္ခြဲေရး လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။