"ပင်လယ်ထဲက နတ်သမီးတိုင်းပြည် (သို့မဟုတ်) မြိတ်ကျွန်းစု" (ခရီးသွားဆောင်းပါး)

 979

ထွန်း အမ်တီ (NP News) - ဇန်နဝါရီ ၁ဝ

လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်က Moana လေးနေတဲ့နေရာမျိုးကို ကျွန်မရောက်ခဲ့တယ်။ ဒါပေမယ့် အဲဒါက တောင်ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းလေးတော့မဟုတ်ပါဘူး။ မြန်မာ့တောင်ဘက် ရေပိုင်နက်ထဲက မြိတ်ကျွန်းစုထဲက King Island လို့ခေါ်တဲ့ ကျွန်းဘုရင် (ကျွန်းလေးကျွန်းဘုရင်) ဖြစ်ပါတယ်။ မြိတ်ကျွန်းစုထဲမှာ တည်ရှိပြီး မြိတ်မြို့ကနေ ရေမိုင် ၃၆ မိုင်အကွာ အနောက်မြောက်ယွန်းယွန်းမှာ တည်ရှိနေတာပါ။ Speedboat နဲ့ တစ်နာရီခန့် သွားရပြီး ကတန်ကျွန်းရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ ကျွန်းလေးကျွန်းလို့ ခေါ်ရတာက ကျွန်းဘုရင် (King Island) ၊ ဘုရင်မကျွန်း (Queen Island) ၊ မင်းသားကျွန်း (Prince Island) နဲ့ မာကိုကျွန်း (Marco Island) ရယ်လို့ အဲဒီကျွန်းအစုအဝေးကို အမည်ပေးထားတာကြောင့် ဖြစ်ပါတယ်။ လေးကျွန်းထဲမှာ ကျွန်းဘုရင်က အကြီးဆုံးပါ။ ဧရိယာစုစုပေါင်း ၂၆၅ ဧက ကျယ်ဝန်းပါတယ်။

သူ့ကို စတင်ရှာဖွေတွေ့ရှိခဲ့တာက ၂ဝ၁၅ ခုနှစ်ခန့်က ဖြစ်ပြီး အပန်းဖြေကျွန်းတစ်ကျွန်း အဖြစ် ရည်ရွယ်ဖော်ထုတ်ထားတာပါ။ Mass tourism ရဲ့ အငွေ့အသက်တွေ မရှိသေး တာကြောင့် ကျွန်းကိုရောက်တာနဲ့ သင်ဟာ အရာအားလုံးနီးပါးကို သဘာဝအတိုင်း မြင်တွေ့ရတော့မှာပါ။ မြန်မာနိုင်ငံရဲ့ အခြားကမ်းခြေတွေမှာ သင်မတွေ့နိုင်သေးတဲ့ ဖြူလွှလွှ နူးညံ့တဲ့သဲဖြူကို ထိတွေ့ကိုင်တွယ်လိုက်ရချိန်မှာ ဒီကျွန်းကိုလာရတာ တန်သွားပြီလို့တောင် သင်တွေးလိုက်မိမယ့် အခိုက်အတန့် ဖြစ်ပါလိမ့်မယ်။

Eco-tourism resort ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားပြီး လည်ပတ်သူများအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် အပြုအမူများကို ရှောင်ရှားမယ်ဆိုရင်တော့ ကျွန်းရဲ့အလှတရားတွေ ရေရှည်တည်တံ့နေစေဖို့ အထောက်အပံ့ကောင်းတွေ ဖြစ်မှာပါ။ Eco-tourism destination ဖြစ်တာကြောင့်လည်း ကျွန်းပေါ်မှာ ကမ်းခြေအပြင် hiking နဲ့ trekking လည်း လုပ်နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ snorkeling လုပ်နိုင်မယ့် ဝန်ဆောင်မှုတွေလည်း ရှိလာအုံးမှာပါ။

ကမ်းခြေကနေ အနောက်ဘက်က တောင်ကုန်းပေါ်တက်ကြည့်အုံးမယ်ဆိုရင် ကျွန်းကိုအပေါ်ကနေ တက်ကြည့်သလိုဖြစ်တာကြောင့် ရေပြင်ရယ်၊ ကမ်းခြေရယ်၊ ကျွန်းရယ် သုံးခုစလုံးကို တစ်ပြိုင်တည်းမြင်ရမှာမလို့ သင်ဟာ မိန်းကလေးဆိုရင် Moana လေးအဖြစ် ခံစားရမှာ အသေအချာပါပဲ။

တနင်္သာရီတိုင်းမှာ ကျွန်းပေါင်း ၈ဝဝ ကျော်ရှိတဲ့အနက် ဒီမြိတ်ကျွန်းစုမြို့မှာ ကျွန်းပေါင်း ၂၁ဝ ကျော် ရှိနေတာဖြစ်ပါတယ်။ မြိတ်ကျွန်းစုရဲ့ ပင်လယ်ပြင်ခရီးသွားလုပ်ငန်းမှာတော့ ကျွန်းဘုရင်က အစောဆုံးဖြစ်တယ်လို့ Blue Ocean Star Resort and Travel Company – King Island ရဲ့ CEO ဖြစ်သူ ဦးကျော်မိုးက ဆိုထားပါတယ်။

“တနင်္သာရီတိုင်းမှာ ကျွန်းပေါင်း ၈ဝဝ ကျော်ရှိတဲ့အနက် ဒီကျွန်းစုမြို့နယ်က ၂၁ဝ ကျော် ရှိပါတယ်။ သဘာဝအတိုင်းရှိတဲ့ ကျွန်းတွေရှိတယ်။ ရေအောက်မှာဆိုရင် ရေသယံဇာတတွေဖြစ်တဲ့ ငါးတွေ ပုစွန်တွေအပြင် သန္တာကျောက်တန်းတွေ၊ ဒီရေတောတွေဟာဆိုရင် သဘာဝအတိုင်းရှိနေတာ ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံး အရင်းအမြစ်တွေ ရှိနေတဲ့ နေရာ ဖြစ်ပါတယ်” လို့ King Island ရဲ့ CEO ဖြစ်သူ ဦးကျော်မိုးက ပြောထားတာပါ။

Eco-tourism ကို အဓိက ဦးစားပေးထားတဲ့ ပင်လယ်ပြင်ခရီးသွားလုပ်ငန်း ဖြစ်တာကြောင့် King Island ရဲ့ စည်းကမ်းတွေထဲမှာတော့ လည်ပတ်သူတွေအနေနဲ့ သစ်ပင်မခုတ်ရ၊ စည်းကမ်းမဲ့ အမှိုက်မပစ်ရ၊ ငါးဗုံးမခွဲရ ဆိုတာတွေကိုတော့ လိုက်နာပေးရမှာဖြစ်ကြောင်း သတင်းစကားပါးလိုက်ပါတယ်။

၂ဝ၁၅ ခုနှစ်က စတင်ခဲ့တာကြောင့် ခြောက်နှစ်၊ ခုနှစ် နှစ်ခန့်သာ ဖွံ့ဖြိုးမှု စတင်ရသေးတဲ့ မြိတ်ကျွန်းစု ပင်လယ်ပြင်ခရီးသွား လုပ်ငန်းဟာ လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ကိုဗစ်ကပ်ရောဂါ စည်းကမ်းတွေနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် မဖွံ့ဖြိုးရသေးခင် များစွာ ရပ်တန့်သွားခဲ့ပြီး ယခုအခါမှ ခရီးသွားတွေနဲ့ ပြန်လည် အသက်ဝင်လာတာ ဖြစ်ပါတယ်။

လည်ပတ်သူများအနေနဲ့ King Island အပြင် စမတ်ကျွန်း (ကျောက်တုံးကျွန်း)၊ သမီးလှကျွန်း၊ ဒုံးညောင်မှိုင်းကျွန်း (ဆလုံ၊ ကရင်နဲ့ တနင်္သာရီဒေသရှိ မြန်မာလူမျိုးများ အတူတကွ နေထိုင်ရာကျွန်း) တို့ကိုလည်း သွားရောက် လည်ပတ်နိုင်ကြအုံးမှာဖြစ်ကြောင်း တင်ပြပေးလိုက်ပါတယ်။

zawgyi version
"ပင္လယ္ထဲက နတ္သမီးတိုင္းျပည္ (သို႔မဟုတ္) ၿမိတ္ကြၽန္းစု" (ခရီးသြားေဆာင္းပါး)
ထြန္း အမ္တီ (NP News) - ဇန္နဝါရီ ၁ဝ

လြန္ခဲ့တဲ့ ရက္သတၱပတ္ေလာက္က Moana ေလးေနတဲ့ေနရာမ်ိဳးကို ကြၽန္မေရာက္ခဲ့တယ္။ ဒါေပမယ့္ အဲဒါက ေတာင္ပစိဖိတ္သမုဒၵရာထဲက ကြၽန္းေလးေတာ့မဟုတ္ပါဘူး။ ျမန္မာ့ေတာင္ဘက္ ေရပိုင္နက္ထဲက ၿမိတ္ကြၽန္းစုထဲက King Island လို႔ေခၚတဲ့ ကြၽန္းဘုရင္ (ကြၽန္းေလးကြၽန္းဘုရင္) ျဖစ္ပါတယ္။ ၿမိတ္ကြၽန္းစုထဲမွာ တည္ရွိၿပီး ၿမိတ္ၿမိဳ႕ကေန ေရမိုင္ ၃၆ မိုင္အကြာ အေနာက္ေျမာက္ယြန္းယြန္းမွာ တည္ရွိေနတာပါ။ Speedboat နဲ႔ တစ္နာရီခန႔္ သြားရၿပီး ကတန္ကြၽန္းရဲ႕ အေနာက္ဘက္မွာ တည္ရွိပါတယ္။ ကြၽန္းေလးကြၽန္းလို႔ ေခၚရတာက ကြၽန္းဘုရင္ (King Island) ၊ ဘုရင္မကြၽန္း (Queen Island) ၊ မင္းသားကြၽန္း (Prince Island) နဲ႔ မာကိုကြၽန္း (Marco Island) ရယ္လို႔ အဲဒီကြၽန္းအစုအေဝးကို အမည္ေပးထားတာေၾကာင့္ ျဖစ္ပါတယ္။ ေလးကြၽန္းထဲမွာ ကြၽန္းဘုရင္က အႀကီးဆုံးပါ။ ဧရိယာစုစုေပါင္း ၂၆၅ ဧက က်ယ္ဝန္းပါတယ္။

သူ႔ကို စတင္ရွာေဖြေတြ႕ရွိခဲ့တာက ၂ဝ၁၅ ခုႏွစ္ခန႔္က ျဖစ္ၿပီး အပန္းေျဖကြၽန္းတစ္ကြၽန္း အျဖစ္ ရည္႐ြယ္ေဖာ္ထုတ္ထားတာပါ။ Mass tourism ရဲ႕ အေငြ႕အသက္ေတြ မရွိေသး တာေၾကာင့္ ကြၽန္းကိုေရာက္တာနဲ႔ သင္ဟာ အရာအားလုံးနီးပါးကို သဘာဝအတိုင္း ျမင္ေတြ႕ရေတာ့မွာပါ။ ျမန္မာႏိုင္ငံရဲ႕ အျခားကမ္းေျခေတြမွာ သင္မေတြ႕ႏိုင္ေသးတဲ့ ျဖဴလႊလႊ ႏူးညံ့တဲ့သဲျဖဴကို ထိေတြ႕ကိုင္တြယ္လိုက္ရခ်ိန္မွာ ဒီကြၽန္းကိုလာရတာ တန္သြားၿပီလို႔ေတာင္ သင္ေတြးလိုက္မိမယ့္ အခိုက္အတန႔္ ျဖစ္ပါလိမ့္မယ္။

Eco-tourism resort ျဖစ္တာေၾကာင့္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းထားၿပီး လည္ပတ္သူမ်ားအေနနဲ႔လည္း သဘာဝပတ္ဝန္းက်င္ကို ထိခိုက္မယ့္ အျပဳအမူမ်ားကို ေရွာင္ရွားမယ္ဆိုရင္ေတာ့ ကြၽန္းရဲ႕အလွတရားေတြ ေရရွည္တည္တံ့ေနေစဖို႔ အေထာက္အပံ့ေကာင္းေတြ ျဖစ္မွာပါ။ Eco-tourism destination ျဖစ္တာေၾကာင့္လည္း ကြၽန္းေပၚမွာ ကမ္းေျခအျပင္ hiking နဲ႔ trekking လည္း လုပ္ႏိုင္ပါေသးတယ္။ ေနာက္ပိုင္းမွာ snorkeling လုပ္ႏိုင္မယ့္ ဝန္ေဆာင္မႈေတြလည္း ရွိလာအုံးမွာပါ။

ကမ္းေျခကေန အေနာက္ဘက္က ေတာင္ကုန္းေပၚတက္ၾကည့္အုံးမယ္ဆိုရင္ ကြၽန္းကိုအေပၚကေန တက္ၾကည့္သလိုျဖစ္တာေၾကာင့္ ေရျပင္ရယ္၊ ကမ္းေျခရယ္၊ ကြၽန္းရယ္ သုံးခုစလုံးကို တစ္ၿပိဳင္တည္းျမင္ရမွာမလို႔ သင္ဟာ မိန္းကေလးဆိုရင္ Moana ေလးအျဖစ္ ခံစားရမွာ အေသအခ်ာပါပဲ။

တနသၤာရီတိုင္းမွာ ကြၽန္းေပါင္း ၈ဝဝ ေက်ာ္ရွိတဲ့အနက္ ဒီၿမိတ္ကြၽန္းစုၿမိဳ႕မွာ ကြၽန္းေပါင္း ၂၁ဝ ေက်ာ္ ရွိေနတာျဖစ္ပါတယ္။ ၿမိတ္ကြၽန္းစုရဲ႕ ပင္လယ္ျပင္ခရီးသြားလုပ္ငန္းမွာေတာ့ ကြၽန္းဘုရင္က အေစာဆုံးျဖစ္တယ္လို႔ Blue Ocean Star Resort and Travel Company – King Island ရဲ႕ CEO ျဖစ္သူ ဦးေက်ာ္မိုးက ဆိုထားပါတယ္။

“တနသၤာရီတိုင္းမွာ ကြၽန္းေပါင္း ၈ဝဝ ေက်ာ္ရွိတဲ့အနက္ ဒီကြၽန္းစုၿမိဳ႕နယ္က ၂၁ဝ ေက်ာ္ ရွိပါတယ္။ သဘာဝအတိုင္းရွိတဲ့ ကြၽန္းေတြရွိတယ္။ ေရေအာက္မွာဆိုရင္ ေရသယံဇာတေတြျဖစ္တဲ့ ငါးေတြ ပုစြန္ေတြအျပင္ သႏၲာေက်ာက္တန္းေတြ၊ ဒီေရေတာေတြဟာဆိုရင္ သဘာဝအတိုင္းရွိေနတာ ျဖစ္တဲ့အတြက္ ခရီးသြားလုပ္ငန္းအတြက္ အေကာင္းဆုံး အရင္းအျမစ္ေတြ ရွိေနတဲ့ ေနရာ ျဖစ္ပါတယ္” လို႔ King Island ရဲ႕ CEO ျဖစ္သူ ဦးေက်ာ္မိုးက ေျပာထားတာပါ။

Eco-tourism ကို အဓိက ဦးစားေပးထားတဲ့ ပင္လယ္ျပင္ခရီးသြားလုပ္ငန္း ျဖစ္တာေၾကာင့္ King Island ရဲ႕ စည္းကမ္းေတြထဲမွာေတာ့ လည္ပတ္သူေတြအေနနဲ႔ သစ္ပင္မခုတ္ရ၊ စည္းကမ္းမဲ့ အမႈိက္မပစ္ရ၊ ငါးဗုံးမခြဲရ ဆိုတာေတြကိုေတာ့ လိုက္နာေပးရမွာျဖစ္ေၾကာင္း သတင္းစကားပါးလိုက္ပါတယ္။

၂ဝ၁၅ ခုႏွစ္က စတင္ခဲ့တာေၾကာင့္ ေျခာက္ႏွစ္၊ ခုႏွစ္ ႏွစ္ခန႔္သာ ဖြံ႕ၿဖိဳးမႈ စတင္ရေသးတဲ့ ၿမိတ္ကြၽန္းစု ပင္လယ္ျပင္ခရီးသြား လုပ္ငန္းဟာ လြန္ခဲ့တဲ့ သုံးႏွစ္ကစလို႔ ကိုဗစ္ကပ္ေရာဂါ စည္းကမ္းေတြနဲ႔ ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ မဖြံ႕ၿဖိဳးရေသးခင္ မ်ားစြာ ရပ္တန႔္သြားခဲ့ၿပီး ယခုအခါမွ ခရီးသြားေတြနဲ႔ ျပန္လည္ အသက္ဝင္လာတာ ျဖစ္ပါတယ္။

လည္ပတ္သူမ်ားအေနနဲ႔ King Island အျပင္ စမတ္ကြၽန္း (ေက်ာက္တုံးကြၽန္း)၊ သမီးလွကြၽန္း၊ ဒုံးေညာင္မႈိင္းကြၽန္း (ဆလုံ၊ ကရင္နဲ႔ တနသၤာရီေဒသရွိ ျမန္မာလူမ်ိဳးမ်ား အတူတကြ ေနထိုင္ရာကြၽန္း) တို႔ကိုလည္း သြားေရာက္ လည္ပတ္ႏိုင္ၾကအုံးမွာျဖစ္ေၾကာင္း တင္ျပေပးလိုက္ပါတယ္။

Related news

© 2021. All rights reserved.