ကမ္ဘာ့ရုပ်အဆိုးဆုံး အမျိုးသမီးဟု မညှာမတာအမည်တပ်ခံခဲ့ရသော်လည်း အောင်မြင် ကျော်ကြားသည့် ဟောပြောရေးသမားဖြစ်လာသူ (ထူးခြားသုတဆောင်းပါး)

 752

ဝတီ (NP News) - ဇန်နဝါရီ ၁၅

လစ်ဇီ ဗလက်စ်ကျူဇ် (Lizzie Velasquez) ဆိုတဲ့ အမျိုးသမီးဟာ အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ် (Texas) မှာ ၁၉၈၉ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သူဟာ လေးလ စောမွေးတာဖြစ်ပြီး အင်မတန်ကိုမှ ရှားပါးတဲ့ ရောဂါလည်း စွဲကပ်နေပါသေးတယ်။ အဲဒီရောဂါကြောင့် သူဟာ ခန္ဓာကိုယ်မှာ ကြွက်သား၊ အဆီ ရယ်လို့မရှိပါဘူး။ အဲဒီရောဂါဟာ ရှားပါးလွန်းလို့ ရောဂါနာမည်တောင် မရှိပါဘူး။
ကမ္ဘာပေါ်မှာ ဒီရောဂါ ဖြစ်ဖူးတဲ့လူရယ်လို့ သူ အပါအဝင်နဲ့မှ သုံးယောက်ပဲ ရှိမယ်လို့ ယူဆရပါတယ်။ အစတုန်းကဆိုရင် ဆရာဝန်တွေက သူ ဒီလိုသာမန်လူတွေလို နေထိုင်နိုင်လိမ့်လို့တောင် မထင်ခဲ့မိကြပါဘူး။ ဆရာဝန်တွေက သူ အသက်ရှင်မယ်လို့တောင် သိပ်မထင်ခဲ့ကြတာပါ။ ဒီတော့ သူ ဒီလို လမ်းလျှောက်နိုင်၊ စကားပြောနိုင်၊ ဆိုနိုင်လိမ့်မယ်လို့လည်းမထင်ခဲ့ကြဘူးပေါ့။ ဒါပေမဲ့ သူက ဆရာဝန်တွေ မထင်ထားတာအားလုံးကို လုပ်ပြနိုင်သွားခဲ့ပါတယ်။ ရောဂါကြောင့်သာ လူကောင်ကသေးသေးညှပ်ညှပ် ဖြစ်နေပေမယ့် သူ့ ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ၊ သူ့ အရိုးတွေက ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးလာခဲ့ပါတယ်။

ဒါပေမဲ့ သူလေးနှစ်သမီး အရွယ်မှာတော့မျက်စိတစ်ဖက် ကွယ်သွားခဲ့ပါတယ်။ မျက် လုံးက တိမ်ဖုံးပြီး အရောင်ပါပြောင်းသွားတော့တာပါ။ ဒါကြောင့် အခုဆိုရင် သူ့မျက်လုံး နှစ်လုံးဟာအရောင် မတူပါဘူး။ တစ်ဖက်က အညိုရောင်၊ ကျန်တဲ့တစ် ဖက်ကတော့ပြာသလိုလို အရောင်မျိုး ဖြစ်နေပါတယ်။ သူ့မျက်နှာပုံပန်းသဏ္ဍာန်ကလည်း အားလုံးမြင်တဲ့အတိုင်း တမျိုးတဖုံ ဖြစ်နေပါတယ်။ ဒါပေမဲ့သူက မိဘကံတော့ ကောင်းပါတယ်။ မိဘတွေက သူ့ကို အင်မတန် ဖေးမပေးခဲ့ကြတယ်လေ။

သူ အသက် ၁၇ နှစ်အရွယ် အရောက်မှာတော့ အိမ်နားက ရုပ်သံဌာနတစ်ခုက သူ့ကို ခေါ်ပြီး တွေ့ဆုံမေးမြန်းခန်း လုပ်ပါတယ်။ ပြီးတော့အဲဒီဗီဒီယိုဖိုင်ကို ယူကျုပေါ် တင်လိုက်ပါတယ်။ ကမ္ဘာ့ရုပ်အဆိုးဆုံးအမျိုးသမီးနှင့် တွေ့ဆုံမေးမြန်းခြင်းဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။ ဒီဗီဒီယိုကို သူတွေ့သွားချိန်မှာတော့ ဗီဒီယိုကကြည့်ရှုမှုအကြိမ်ရေ လေးသန်းတောင် ရှိနေပါပြီ။ ဒါ့ပြင် သူ့ကိုဝိုင်းပြီး ချိုးချိုးဖဲ့ဖဲ့ ပြောထားတဲ့ ကွန်မန့်တွေကလည်း တပုံတပင်ကြီးပေါ့။ ဒါကြောင့်သူလည်း ပြောမပြတတ်အောင် စိတ်ထိခိုက်သွားရပါတော့တယ်။ သူ့ဘဝတလျှောက်လုံး အနိုင်ကျင့်ခံခဲ့ရတာချည်းပဲ ဆိုပေမယ့် အဲဒီတစ်ခေါက်မှာတော့ သူ စိတ်အထိခိုက်ရဆုံးပါပဲ။ ဒါပေမဲ့ သူ့မိဘတွေက ခါတိုင်းလိုပဲသူ့အနားမှာ အမြဲရှိနေပြီး အားပေးနှစ်သိမ့်၊ အကြံပေးပါတယ်။

"ငါ့သမီး ငိုသာ ငိုချလိုက်။ ဒါမှ စိတ်ပေါ့သွားမှာ။ ဒါပေမဲ့ ပြီးရင်တော့ခေါင်းကို ပြန်မော့ပြီး ကောင်းတာတစ်ခုခုကို လုပ်ရမယ်"လို့ မိဘတွေက ဆိုပါတယ်။ လစ်ဇီကလည်း မိဘတွေ ပြောတဲ့အတိုင်းလိုက်လုပ်ပါတယ်။ အဲဒီကတည်းကစလို့ သူက Cyberbullying လို့ခေါ်တဲ့ အွန်လိုင်းကနေဝိုင်းပြီး အနိုင်ကျင့်ပြောဆို၊ ဆဲဆိုတဲ့ကိစ္စကိုတတ်အားသရွေ့ တိုက်ဖျက်ပါတော့တယ်။ ပြီးတော့ စိတ်ဓာတ်မြှင့်တင်ရေး စကားတွေ ပြောကြားပြီးဟောပြောပို့ချလာလိုက်တာ နောက်ပိုင်းမှာတော့ သူဟာ နာမည်ကြီးသထက်ကြီးလာပါတော့တယ်။ သူ့ဟောပြောပွဲဗီဒီယိုတွေဟာလည်း ကြည့်ရှုမှုအကြိမ်ရေ သန်းတွေနဲ့ချီအောင် ရလာပါတယ်။ ဒါကြောင့် အခုဆိုရင်သူဟာ နိုင်ငံတကာနဲ့ချီပြီး အောင်မြင်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေးဟောပြောသူ ဖြစ်နေပါပြီ။

သူက စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်သုံးအုပ်လည်း ရေးသားထုတ်ဝေပြီးသွားပါပြီ။ ဒါ့ပြင် သူ့အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ The Lizzie Project ဆိုတဲ့ ရုပ်ရှင်လည်း ထွက်လာပါပြီ။ ဒီဇာတ်ကား ထုတ်နိုင်ဖို့အတွက် လှုံ့ဆော်ရေးတစ်ခု လုပ်ပြီး
ရန်ပုံငွေ ရှာလိုက်တာ တစ်လတောင် မပြည့်သေးဘဲနဲ့ လိုအပ်တဲ့ ရန်ပုံငွေအမေရိကန် ဒေါ်လာ ၁၈ဝဝဝဝ ကို ရရှိသွားခဲ့တာပါ။ လူတစ်ယောက်ကို ရုပ်ရည်သွင်ပြင်
ကြည့်ပြီး ချိုးချိုးဖဲ့ဖဲ့ ဝိုင်းပြောကြတာမျိုး ပပျောက်သွားစေဖို့ဆိုတာအပြောလွယ်သလောက် အလုပ်ခက်လှပါတယ်။ ဒါကို အခုထက်ထိအောင်အောင်မြင်မြင် မတိုက်ဖျက်နိုင်သေးဘူး ဆိုပေမယ့် လစ်ဇီရဲ့ဟောပြောပို့ချချက်တွေကြောင့် ပြောင်းလဲသွားသူတွေရှိနေပြီဆိုတာကတော့ ဘယ်လိုမှ မငြင်းနိုင်တဲ့ အချက်ပါပဲ။ လစ်ဇီရဲ့ကြိုးပမ်းချက်တွေကြောင့်သာ လူတချို့ အခုလို ပြောင်းလဲသွားပြီးသူတပါးအပေါ် ကြင်နာတတ်လာကြတာပါ။

ကဲ..ဒါကတော့ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး အမျိုးသမီးရယ်လို့ မစာမနာ အမည်တပ်ခံခဲ့ရပေမယ့် အရှုံးထဲက ရုန်းထနိုင်ခဲ့တဲ့အမျိုးသမီးအကြောင်းပါပဲ။

zawgyi version
ကမာၻ႔႐ုပ္အဆိုးဆုံး အမ်ိဳးသမီးဟု မညႇာမတာအမည္တပ္ခံခဲ့ရေသာ္လည္း ေအာင္ျမင္ ေက်ာ္ၾကားသည့္ ေဟာေျပာေရးသမားျဖစ္လာသူ (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဇန္နဝါရီ ၁၅

လစ္ဇီ ဗလက္စ္က်ဴဇ္ (Lizzie Velasquez) ဆိုတဲ့ အမ်ိဳးသမီးဟာ အေမရိကန္ ျပည္ေထာင္စု၊ တကၠဆက္စ္ျပည္နယ္ (Texas) မွာ ၁၉၈၉ ခုႏွစ္က ေမြးဖြားခဲ့ပါတယ္။ သူဟာ ေလးလ ေစာေမြးတာျဖစ္ၿပီး အင္မတန္ကိုမွ ရွားပါးတဲ့ ေရာဂါလည္း စြဲကပ္ေနပါေသးတယ္။ အဲဒီေရာဂါေၾကာင့္ သူဟာ ခႏၶာကိုယ္မွာ ႂကြက္သား၊ အဆီ ရယ္လို႔မရွိပါဘူး။ အဲဒီေရာဂါဟာ ရွားပါးလြန္းလို႔ ေရာဂါနာမည္ေတာင္ မရွိပါဘူး။
ကမာၻေပၚမွာ ဒီေရာဂါ ျဖစ္ဖူးတဲ့လူရယ္လို႔ သူ အပါအဝင္နဲ႔မွ သုံးေယာက္ပဲ ရွိမယ္လို႔ ယူဆရပါတယ္။ အစတုန္းကဆိုရင္ ဆရာဝန္ေတြက သူ ဒီလိုသာမန္လူေတြလို ေနထိုင္ႏိုင္လိမ့္လို႔ေတာင္ မထင္ခဲ့မိၾကပါဘူး။ ဆရာဝန္ေတြက သူ အသက္ရွင္မယ္လို႔ေတာင္ သိပ္မထင္ခဲ့ၾကတာပါ။ ဒီေတာ့ သူ ဒီလို လမ္းေလွ်ာက္ႏိုင္၊ စကားေျပာႏိုင္၊ ဆိုႏိုင္လိမ့္မယ္လို႔လည္းမထင္ခဲ့ၾကဘူးေပါ့။ ဒါေပမဲ့ သူက ဆရာဝန္ေတြ မထင္ထားတာအားလုံးကို လုပ္ျပႏိုင္သြားခဲ့ပါတယ္။ ေရာဂါေၾကာင့္သာ လူေကာင္ကေသးေသးညႇပ္ညႇပ္ ျဖစ္ေနေပမယ့္ သူ႔ ဦးေႏွာက္နဲ႔ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြ၊ သူ႔ အ႐ိုးေတြက ပုံမွန္အတိုင္း ႀကီးထြားဖြံ႕ၿဖိဳးလာခဲ့ပါတယ္။

ဒါေပမဲ့ သူေလးႏွစ္သမီး အ႐ြယ္မွာေတာ့မ်က္စိတစ္ဖက္ ကြယ္သြားခဲ့ပါတယ္။ မ်က္ လုံးက တိမ္ဖုံးၿပီး အေရာင္ပါေျပာင္းသြားေတာ့တာပါ။ ဒါေၾကာင့္ အခုဆိုရင္ သူ႔မ်က္လုံး ႏွစ္လုံးဟာအေရာင္ မတူပါဘူး။ တစ္ဖက္က အညိဳေရာင္၊ က်န္တဲ့တစ္ ဖက္ကေတာ့ျပာသလိုလို အေရာင္မ်ိဳး ျဖစ္ေနပါတယ္။ သူ႔မ်က္ႏွာပုံပန္းသ႑ာန္ကလည္း အားလုံးျမင္တဲ့အတိုင္း တမ်ိဳးတဖုံ ျဖစ္ေနပါတယ္။ ဒါေပမဲ့သူက မိဘကံေတာ့ ေကာင္းပါတယ္။ မိဘေတြက သူ႔ကို အင္မတန္ ေဖးမေပးခဲ့ၾကတယ္ေလ။

သူ အသက္ ၁၇ ႏွစ္အ႐ြယ္ အေရာက္မွာေတာ့ အိမ္နားက ႐ုပ္သံဌာနတစ္ခုက သူ႔ကို ေခၚၿပီး ေတြ႕ဆုံေမးျမန္းခန္း လုပ္ပါတယ္။ ၿပီးေတာ့အဲဒီဗီဒီယိုဖိုင္ကို ယူက်ဳေပၚ တင္လိုက္ပါတယ္။ ကမာၻ႔႐ုပ္အဆိုးဆုံးအမ်ိဳးသမီးႏွင့္ ေတြ႕ဆုံေမးျမန္းျခင္းဆိုၿပီး ေခါင္းစဥ္တပ္ထားပါတယ္။ ဒီဗီဒီယိုကို သူေတြ႕သြားခ်ိန္မွာေတာ့ ဗီဒီယိုကၾကည့္ရႈမႈအႀကိမ္ေရ ေလးသန္းေတာင္ ရွိေနပါၿပီ။ ဒါ့ျပင္ သူ႔ကိုဝိုင္းၿပီး ခ်ိဳးခ်ိဳးဖဲ့ဖဲ့ ေျပာထားတဲ့ ကြန္မန႔္ေတြကလည္း တပုံတပင္ႀကီးေပါ့။ ဒါေၾကာင့္သူလည္း ေျပာမျပတတ္ေအာင္ စိတ္ထိခိုက္သြားရပါေတာ့တယ္။ သူ႔ဘဝတေလွ်ာက္လုံး အႏိုင္က်င့္ခံခဲ့ရတာခ်ည္းပဲ ဆိုေပမယ့္ အဲဒီတစ္ေခါက္မွာေတာ့ သူ စိတ္အထိခိုက္ရဆုံးပါပဲ။ ဒါေပမဲ့ သူ႔မိဘေတြက ခါတိုင္းလိုပဲသူ႔အနားမွာ အၿမဲရွိေနၿပီး အားေပးႏွစ္သိမ့္၊ အႀကံေပးပါတယ္။

"ငါ့သမီး ငိုသာ ငိုခ်လိုက္။ ဒါမွ စိတ္ေပါ့သြားမွာ။ ဒါေပမဲ့ ၿပီးရင္ေတာ့ေခါင္းကို ျပန္ေမာ့ၿပီး ေကာင္းတာတစ္ခုခုကို လုပ္ရမယ္"လို႔ မိဘေတြက ဆိုပါတယ္။ လစ္ဇီကလည္း မိဘေတြ ေျပာတဲ့အတိုင္းလိုက္လုပ္ပါတယ္။ အဲဒီကတည္းကစလို႔ သူက Cyberbullying လို႔ေခၚတဲ့ အြန္လိုင္းကေနဝိုင္းၿပီး အႏိုင္က်င့္ေျပာဆို၊ ဆဲဆိုတဲ့ကိစၥကိုတတ္အားသေ႐ြ႕ တိုက္ဖ်က္ပါေတာ့တယ္။ ၿပီးေတာ့ စိတ္ဓာတ္ျမႇင့္တင္ေရး စကားေတြ ေျပာၾကားၿပီးေဟာေျပာပို႔ခ်လာလိုက္တာ ေနာက္ပိုင္းမွာေတာ့ သူဟာ နာမည္ႀကီးသထက္ႀကီးလာပါေတာ့တယ္။ သူ႔ေဟာေျပာပြဲဗီဒီယိုေတြဟာလည္း ၾကည့္ရႈမႈအႀကိမ္ေရ သန္းေတြနဲ႔ခ်ီေအာင္ ရလာပါတယ္။ ဒါေၾကာင့္ အခုဆိုရင္သူဟာ ႏိုင္ငံတကာနဲ႔ခ်ီၿပီး ေအာင္ျမင္ေနတဲ့ စိတ္ဓာတ္ျမႇင့္တင္ေရးေဟာေျပာသူ ျဖစ္ေနပါၿပီ။

သူက စိတ္ဓာတ္ျမႇင့္တင္ေရး စာအုပ္သုံးအုပ္လည္း ေရးသားထုတ္ေဝၿပီးသြားပါၿပီ။ ဒါ့ျပင္ သူ႔အေၾကာင္းကိုအေျခခံ႐ိုက္ကူးထားတဲ့ The Lizzie Project ဆိုတဲ့ ႐ုပ္ရွင္လည္း ထြက္လာပါၿပီ။ ဒီဇာတ္ကား ထုတ္ႏိုင္ဖို႔အတြက္ လႈံ႕ေဆာ္ေရးတစ္ခု လုပ္ၿပီး
ရန္ပုံေငြ ရွာလိုက္တာ တစ္လေတာင္ မျပည့္ေသးဘဲနဲ႔ လိုအပ္တဲ့ ရန္ပုံေငြအေမရိကန္ ေဒၚလာ ၁၈ဝဝဝဝ ကို ရရွိသြားခဲ့တာပါ။ လူတစ္ေယာက္ကို ႐ုပ္ရည္သြင္ျပင္
ၾကည့္ၿပီး ခ်ိဳးခ်ိဳးဖဲ့ဖဲ့ ဝိုင္းေျပာၾကတာမ်ိဳး ပေပ်ာက္သြားေစဖို႔ဆိုတာအေျပာလြယ္သေလာက္ အလုပ္ခက္လွပါတယ္။ ဒါကို အခုထက္ထိေအာင္ေအာင္ျမင္ျမင္ မတိုက္ဖ်က္ႏိုင္ေသးဘူး ဆိုေပမယ့္ လစ္ဇီရဲ႕ေဟာေျပာပို႔ခ်ခ်က္ေတြေၾကာင့္ ေျပာင္းလဲသြားသူေတြရွိေနၿပီဆိုတာကေတာ့ ဘယ္လိုမွ မျငင္းႏိုင္တဲ့ အခ်က္ပါပဲ။ လစ္ဇီရဲ႕ႀကိဳးပမ္းခ်က္ေတြေၾကာင့္သာ လူတခ်ိဳ႕ အခုလို ေျပာင္းလဲသြားၿပီးသူတပါးအေပၚ ၾကင္နာတတ္လာၾကတာပါ။

ကဲ..ဒါကေတာ့ ကမာၻေပၚမွာ ႐ုပ္အဆိုးဆုံး အမ်ိဳးသမီးရယ္လို႔ မစာမနာ အမည္တပ္ခံခဲ့ရေပမယ့္ အရႈံးထဲက ႐ုန္းထႏိုင္ခဲ့တဲ့အမ်ိဳးသမီးအေၾကာင္းပါပဲ။

Related news

© 2021. All rights reserved.