ထိုင်းနိုင်ငံရှိ ရေနံတင်သင်္ဘောပေါက်ကွဲမီးလောင်မှုကြောင့် မြန်မာနိုင်ငံသား(၆)ဦးပျောက်ဆုံးနေဟုဆို

 682

Pika (NP News) - ဇန်နဝါရီ ၁၈

ထိုင်းနိုင်ငံ Samut Songkhram ပြည်နယ်တွင် ဇန်နဝါရီလ (၁၇)ရက်အစောပိုင်းက ရေနံတင်သင်္ဘောတစ်စီး ပေါက် ကွဲခဲ့ပြီးနောက် အနည်းဆုံးလူ(၁)ဦးသေဆုံးပြီး (၄)ဦးထိ ခိုက်ဒဏ်ရာရရှိကာ လူ(၇)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။

ဘန်ကောက်မြို့အနောက်တောင်ဘက်ရှိ သင်္ဘောကျင်းတွင် ကျောက်ချရပ်နားထားသော Smooth Sea 22 အမည်ရှိ ရေနံတင်သင်္ဘောပေါက်ကွဲခဲ့ပြီးနောက် နောက်ဆက်တွဲမီးလောင်မှုများဖြစ်ပွားခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း မီဒီယာများ၏ဖော်ပြချက်အရသိရသည်။

အဆိုပါမီးလောင်မှုကို မီးငြှိမ်းသတ်ရန်အတွက် သင်္ဘောငယ်များဖြင့် ရေဖြန်းပက်ခဲ့ရပြီး ကမ်းစပ်ပေါ်မှလည်းရေဖြန်းပက်ခဲ့ရကြောင်းသိရသည်။

ရေနံတင်သင်္ဘောသည် Ruam Mitr သင်္ဘောကျင်းတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေချိန် ဂဟေဆော်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် တစ်နာရီအကြာတွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေတပ်ဌာနကပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် သင်္ဘောမှ အလုပ်သမား(၁ဝ)ဦးနှင့် အခြားလူ(၃ဝ)ဦးတို့ရှိပြီး ဇန်နဝါရီလ(၁၇)ရက်၊ ညနေပိုင်းအထိ လူ(၇)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Somnuk Promkaew ၏ ပြောပြချက်အရသိရသည်။

ပေါက်ကွဲမှုကြောင့် သင်္ဘောကျင်းလုပ်သားတစ်ဦးသေဆုံးခဲ့ပြီး မြန်မာနိုင်ငံသား(၃)ဦးနှင့်ထိုင်းနိုင်ငံသား(၁)ဦးတို့ထိ ခိုက်ဒဏ်ရာရရှိခဲ့ကာ အခြားမြန်မာနိုင်ငံသား(၆)ဦးနှင့်ထိုင်းနိုင်ငံသား(၁)ဦးတို့မှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ် ကြောင်း မီဒီယာများကဖော်ပြခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် အနားရှိနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပေါက်ကွဲသံကို အကွာအဝေးခပ်ဝေးဝေးမှ ကြားခဲ့ရကြောင်း ဒေသခံများကပြောဆိုခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

zawgyi version
ထိုင္းႏိုင္ငံရွိ ေရနံတင္သေဘၤာေပါက္ကြဲမီးေလာင္မႈေၾကာင့္ ျမန္မာႏိုင္ငံသား(၆)ဦးေပ်ာက္ဆုံးေနဟုဆို
Pika (NP News) - ဇန္နဝါရီ ၁၈

ထိုင္းႏိုင္ငံ Samut Songkhram ျပည္နယ္တြင္ ဇန္နဝါရီလ (၁၇)ရက္အေစာပိုင္းက ေရနံတင္သေဘၤာတစ္စီး ေပါက္ ကြဲခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၁)ဦးေသဆုံးၿပီး (၄)ဦးထိ ခိုက္ဒဏ္ရာရရွိကာ လူ(၇)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ေၾကညာခဲ့သည္။

ဘန္ေကာက္ၿမိဳ႕အေနာက္ေတာင္ဘက္ရွိ သေဘၤာက်င္းတြင္ ေက်ာက္ခ်ရပ္နားထားေသာ Smooth Sea 22 အမည္ရွိ ေရနံတင္သေဘၤာေပါက္ကြဲခဲ့ၿပီးေနာက္ ေနာက္ဆက္တြဲမီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီး ေနအိမ္အမ်ားအျပား ပ်က္စီးခဲ့ေၾကာင္း မီဒီယာမ်ား၏ေဖာ္ျပခ်က္အရသိရသည္။

အဆိုပါမီးေလာင္မႈကို မီးျငႇိမ္းသတ္ရန္အတြက္ သေဘၤာငယ္မ်ားျဖင့္ ေရျဖန္းပက္ခဲ့ရၿပီး ကမ္းစပ္ေပၚမွလည္းေရျဖန္းပက္ခဲ့ရေၾကာင္းသိရသည္။

ေရနံတင္သေဘၤာသည္ Ruam Mitr သေဘၤာက်င္းတြင္ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနခ်ိန္ ဂေဟေဆာ္ေနစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ေပါက္ကြဲမႈမ်ားျဖစ္ပြားၿပီးေနာက္ တစ္နာရီအၾကာတြင္ မီးေလာင္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ ေဆာင္သြားမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံေရတပ္ဌာနကေျပာၾကားခဲ့သည္။

ေပါက္ကြဲမႈျဖစ္ပြားခ်ိန္တြင္ သေဘၤာမွ အလုပ္သမား(၁ဝ)ဦးႏွင့္ အျခားလူ(၃ဝ)ဦးတို႔ရွိၿပီး ဇန္နဝါရီလ(၁၇)ရက္၊ ညေနပိုင္းအထိ လူ(၇)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Somnuk Promkaew ၏ ေျပာျပခ်က္အရသိရသည္။

ေပါက္ကြဲမႈေၾကာင့္ သေဘၤာက်င္းလုပ္သားတစ္ဦးေသဆုံးခဲ့ၿပီး ျမန္မာႏိုင္ငံသား(၃)ဦးႏွင့္ထိုင္းႏိုင္ငံသား(၁)ဦးတို႔ထိ ခိုက္ဒဏ္ရာရရွိခဲ့ကာ အျခားျမန္မာႏိုင္ငံသား(၆)ဦးႏွင့္ထိုင္းႏိုင္ငံသား(၁)ဦးတို႔မွာ ဆက္လက္ေပ်ာက္ဆုံးေနဆဲျဖစ္ ေၾကာင္း မီဒီယာမ်ားကေဖာ္ျပခဲ့သည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ အနားရွိေနအိမ္မ်ား ထိခိုက္ပ်က္စီးခဲ့ၿပီး ေပါက္ကြဲသံကို အကြာအေဝးခပ္ေဝးေဝးမွ ၾကားခဲ့ရေၾကာင္း ေဒသခံမ်ားကေျပာဆိုခဲ့သည္။ ေပါက္ကြဲမႈျဖစ္ပြားရသည့္ အေၾကာင္းအရင္းကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္းလည္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.