“ကိုယ်လည်း အုပ်ချုပ်လို့မရစေရ၊ သူလည်း အုပ်ချုပ်လို့မရစေရဆိုရင် အဓိပ္ပါယ်ကတော့ မင်းမဲ့စရိုက် ကို ဦးတည်တာပဲ”
1927
NP News - ဇန်နဝါရီ ၂၃
“သက်တမ်း ၂ နှစ်ပြည့် နစက ဘယ်လိုရှေ့ဆက်မလဲ” ခေါင်းစဥ်ဖြင့် လာမည့် ဖေဖော်ဝါရီလ ၁ ရက်၊ နစက ၂ နှစ်ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် အစိုးရအုပ်ချုပ်ရေးပိုင်းဆိုင်ရာ အပြောင်းအလဲမည်သို့ ဖြစ်လာနိုင်သလဲ နှင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး အား NP News ၏ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းမှ မေးမြန်း ဆွေးနွေး သုံးသပ်ထားသည်ကို ပြန်လည်ရေးသားဖော်ပြလိုက်ပါသည်။
မေးမြန်း - ကျော်မျိုးမင်း၊ ရေးသား - ဖူးပြည့်
မင်္ဂလာပါ အစ်ကို။
မေး ။ ။ ကျွန်တော်တို့ ဒီနေ့လာရောက်တွေ့ဆုံမေးမြန်းရတဲ့အကြောင်းအရင်းကတော့ ၂ဝ၂၁ နိုင်ငံရေး အခင်းအကျင်းနဲ့အတူပေါ်လာတဲ့ နစကရဲ့သက်တမ်းပေါ့နော်။ သူကတော့ (၂) နှစ် မကြာခင် ပြည့်တော့ မယ်။ (၂) နှစ်ပြည့်မယ့် နစကအနေနဲ့ သူတို့ဘာတွေဆက်လုပ်မလဲပေါ့။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကိုင်ပြီး သူတို့ဘာတွေဆက်လုပ်နိုင်ချေရှိလဲဆိုတာလေးနဲ့ပတ်သက်တာပေါ့။ အစ်ကိုအနေနဲ့ ဘာများ စပြောချင် လဲ။
ဖြေ ။ ။ ကျွန်တော်တို့က ၂ဝဝ၈ ဖွဲ့စည်းပုံအရဆိုရင်တော့ အရေးပေါ်ကာလသက်တမ်းက ဖေဖော်ဝါရီ ၁ ရက်မှာပြည့်ပြီပေ့ါ။ အဲဒီတော့ ပြည့်တဲ့အခါကျတော့ ကာလုံကို ပြန်လွှဲရမယ်။ ကာလုံကနေပြီးတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်နဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းတာဝန်ပေးရမယ်။ ဆိုတော့ လက်ရှိတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုပဲ တိုးချဲ့တာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ နှုတ်ပယ်တာ အစရှိသဖြင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ (သို့မဟုတ်) အသစ်ဖွဲ့ချင်လည်း ဖွဲ့လို့ရတယ်။ အဲဒါကတော့ အဲဒီအချိန်မှာဖြစ်လာမယ့် ကာလုံရဲ့ဆုံးဖြတ်ချက်ပေါ့။
နောက်တစ်ခုကတော့ ဦးမြင့်ဆွေကနေပြီးတော့ ယာယီသမ္မတအဖြစ်နဲ့တာဝန်ယူပြီးတော့ ဆုံးဖြတ်မယ့် အပေါ်မှာ မူတည်တယ်။ သို့သော်လည်းပဲ ဖေဖော်ဝါရီ ၁ ရက်နေ့ စကတည်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ဦးဆောင်မှုနဲ့ ဆုံးဖြတ်မှုနဲ့ဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့် ဖြစ်လာမယ့် အခင်းအကျင်းအသစ်ကလည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောဆန္ဒနဲ့ ညှိနှိုင်းဆောင်ရွက်တာပဲဖြစ်လိမ့် မယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။
မေး ။ ။ ဖွဲ့စည်းပုံမှာ ပေးထားချက်အရဆိုရင်တော့ ၂ဝ၂၁ အခင်းအကျင်းဖြစ်တဲ့အချိန်မှာ အဲဒီကနေစပြီးတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က တစ်နှစ်သက်တမ်းနဲ့ (၆)လ နှစ်ကြိမ်။ တစ်နှစ်မှာလည်း မတည်ငြိမ်ရင် နောက်ထပ် ခြောက်လစီ၊ ခြောက်လစီ တိုးလို့ရတယ်လို့ပြောတယ်။ တစ်နှစ်တိတိကြာတဲ့အထိလည်း မတည်ငြိမ်ခဲ့ဘူး။ တိုးခဲ့တယ်။ နောက်ထပ်(၆)လ၊ (၆)လလည်း မတည် ငြိမ်ဘူး တိုးခဲ့တယ်။ အခု (၂) နှစ်ပြည့်လို့ ပြန်အပ်မယ့်အချိန်ထိလည်း လူတွေက ကျီးလန့်စားစားရဆဲ ဖြစ်နေတယ်။ ဆိုတော့ ပြန်အပ်မယ့်အချိန်ထိတောင် မတည်ငြိမ်သေးဘူးဆိုတဲ့အဓိပ္ပါယ်က သက်ရောက် နေတယ်။ သူ့အစီရင်ခံစာမှာလည်း မတည်ငြိမ်သေးဘူးဆိုတဲ့အကြောင်းအရာလေး ပါသွားနိုင်ချေလည်း ရှိသလို၊ တည်ငြိမ်ပါပြီလို့ပြောတာလည်း ဖြစ်နိုင်တယ်။ ဘယ်အချက်တွေနဲ့ ဒါကိုထုတ်ပြောချင်တာရှိလဲ။
ဖြေ ။ ။ တစ်ခုကတော့ သာမာန်အားဖြင့်ဆိုတဲ့စကားလုံး။ ဆိုတော့ကျွန်တော်တို့က ဥပဒေလို့ ပြောတဲ့အခါမှာလည်း Man make Law ဆိုတာ လူလုပ်တဲ့ဥပဒေ၊ လူလုပ်တဲ့ဥပဒေဆိုတော့ စပြီး ရေးဆွဲ တဲ့လူတွေကိုယ်၌က ဥပဒေအရ စကားရပ်တွေ၊ ဝေါဟာရတွေ ထည့်သွင်းထားတာရှိတယ်။ အဲဒီ စကားရပ်တွေ၊ ဝေါဟာရတွေရဲ့နောက်ကွယ်မှာ ဘာကြောင့် အဲဒီစကားရပ်ကို သုံးစွဲလည်း၊ ဘာကြောင့် အဲဒီအချိန်တုန်းက အငြင်းပွားခဲ့ကြတဲ့စကားလုံးတွေကို ဖြုတ်ပယ်ခဲ့တယ်။ အစရှိသဖြင့် သူက နောက်ကွယ်မှာ သူ့ရဲ့သမိုင်းတွေရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ဥပဒေကို လေ့လာတဲ့အခါမှာ Contact of Law ဆိုတာက ဥပဒေမှာ ဖတ်ရင်တွေ့တဲ့စကားလုံးတွေကို ပြောတာ။
နောက်တစ်ခုက Separate of Law ဆိုတာက ဥပဒေရဲ့အသက်ဝိညာဉ်၊ အဲဒီစကားလုံး၊ အဲဒီ ပုဒ်ထီး၊ ပုဒ်မတွေ ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့အကြောင်းအရင်းက ဝိညာဉ်လို့ခေါ်တယ်။ ဒါကြောင်မို့လို့ လူလုပ်တဲ့ ဥပဒေဆိုတာက အဲဒီဥပဒေကို ကျင့်သုံးခွင့်၊ သုံးစွဲခွင့် ရှိတဲ့လူက ဘာသာပြန်တာ၊ အဓိပ္ပါယ်ဖွင့် ဆိုတာ ကျင့်သုံးတာတွေကို လုပ်လေ့ရှိတယ်။ ဒါကြောင့်မို့လို့ သာမာန်အားဖြင့်လို့ပြောထားတဲ့ အပိုဒ်ဟာ သာမာန်မဟုတ်ဘူး။ တည်ငြိမ်မှုမရှိဘူးလို့ ခုနက ကိုကျော်မျိုးမင်းပြောသလိုမျိုး အစီရင်ခံစာ တက်လာခဲ့ ရင် အဲဒီမှာလည်း ဂယ်ပေါက်တစ်ပေါက်ရှိတယ်။
နောက်တစ်ခုကတော့ ကာလုံလွှဲပြီးခါမှ ကာလုံက နိုင်ငံတော်အခြေအနေက တည်ငြိမ်မှုမရှိသေးဘူးဆိုပြီး တော့ ပြန်စတာပေါ့။ အရေးပေါ်အခြေအနေကာလကို ပြန်စတာမျိုးလည်း လုပ်ကောင်းလုပ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဥပဒေကို ကျင့်သုံးခွင့်ရယူထားတဲ့ပုဂ္ဂိုလ်များက အဲဒီဥပဒေပါ ဝေါဟာရတွေ ကို အဓိပ္ပါယ်ဖွင့်ဆိုပြီး ကျင့်သုံးတာတွေလုပ်လို့ရတယ်။
သို့သော် ကျွန်တော်က သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာကတည်းက ထူးထူးခြားခြား ကျွန်တော့်ရဲ့ အယူအဆတစ်ခုကို ပြောဖြစ်တယ်။ အဲဒါဘာလဲဆိုတော့ ဥပဒေရဲ့အထက်မှာ နိုင်ငံရေးရှိတယ်။ အထူးသဖြင့် ဒီစကားကိုဘာကြောင့်ပြောလဲဆိုတော့ သာမာန်တရားဥပဒေစိုးမိုးမှုရှိတယ်။ တည်ငြိမ် တယ်။ ပွင့်လင်းမြင်သာမှုရှိတယ်။ အဂတိလိုက်စားမှုကင်းတယ်ဆိုတဲ့ Good Governance ပေါ့နော်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ရှိတဲ့ နိုင်ငံတွေမှာကတော့ တရားဥပဒေစိုးမိုးရေးက အဓိက ဖြစ်တယ်။ Rule of Law ပေါ့။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရဘူး။
သို့သော် နိုင်ငံရေးမုန်တိုင်းထန်တဲ၊ ပဋိပက္ခပြင်းထန်တဲ့နေရာတွေမှာကျတော့ Rule of Law လို့ နာမည်ခံပြီးပြောပေမယ့် Rule by Law ။ အာဏာရတဲ့လူက ဥပဒေစာအုပ်ကြီးကို ကိုင်ပြီးတော့ ကျင့်သုံး တာ။ အဲဒီတော့ အခုလည်းပဲ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက လူလုပ်တဲ့ဥပဒေ၊ လူကပဲ အဓိပ္ပါယ်ဖွင့် ဆိုပြီးတော့ လူကပဲ ကျင့်သုံးတာဖြစ်တဲ့အတွက်ကြောင့် ဥပဒေအကိုးအကားတွေနဲ့ လုပ်လို့ရချင်ရမယ်။ သို့သော် ပြဿနာက ဥပဒေရဲ့အထက်မှာက နိုင်ငံရေးရှိတယ်ဆိုတာက လူထုရဲ့အမြင်မှာ ကျတော့ ယုံကြည်မှုမရှိဘူးဆိုရင် သူက နိုင်ငံရေး ရှုံးတာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က စစ်ရေးနဲ့ နိုင်ငံရေး မှာလည်းပဲ စစ်ရေးနိုင်ပြီး နိုင်ငံရေးရှုံးတဲ့ သာဓကတွေ အများကြီးပဲ။ အဲဒီတော့ ဥပဒေအရတော့ ကိုးကား ပြီးတော့လုပ်လို့ရတယ်။ နိုင်ငံရေး ရှုံးသွားတဲ့သာဓကတွေလည်း အများကြီးပဲ။ ကျွန်တော် ဒီစကားကို ဘာကြောင့်ပြောခဲ့တာလည်းဆိုတော့ လက်ပံတန်းကျောင်းသားသပိတ်ဖြစ်တဲ့အချိန်တုန်းက အဲဒီတုန်းက ဝန်ကြီးချုပ်ဘဝနဲ့ ဦးမြင့်ဆွေ အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့မြို့တော်ခန်းမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့တွေ့တယ်။ တွေ့တော့ ဝန်ကြီးချုပ်က ဥပဒေအရ ဆောင်ရွက် နေတဲ့အကြောင်းတွေကို ရှင်းပြတယ်။ ပြီးတော့ ရန်ကုန်တိုင်း ဥပဒေချုပ်ကိုလည်း ခေါ်ထားတယ်။ အဲဒီတော့ ကျွန်တော်က အဲဒီစကားကို ပြောခဲ့တယ်။ အန်ကယ်တို့ ဥပဒေအကိုးအကားတွေနဲ့ လုပ်လို့ ရကောင်းရမယ်။ သို့သော် နိုင်ငံရေး ရှုံးသွားလိမ့်မယ်။ ဥပဒေရဲ့အထက်မှာ နိုင်ငံရေး ရှိတယ်ဆိုတဲ့စကား ကို မှတ်မှတ်ရရ ကျွန်တော်ပြောခဲ့တာ။
အခုလည်း ကျွန်တော် ထပ်ပြောရလိမ့်မယ်။ ဥပဒေရဲ့အထက်မှာ နိုင်ငံရေးရှိတယ်။ အဲဒီတော့ ကျွန်တော် တို့ကိုယ်၌က တပ်မတော်ဆိုတာ ပြည်ပရန်ကာကွယ်ဖို့အတွက် တကယ့်ကို နိုင်ငံရဲ့အချုပ်အခြာအာဏာ ကိုကာကွယ်ဖို့အတွက် တောင့်တင်းခိုင်မာတဲ့ တပ်မတော်ဖြစ်ဖို့ဆိုတာ လူထုထောက်ခံဖို့လိုတယ်။ လူထုရဲ့ယုံကြည်ကိုယ်စားမှုလိုတယ်။ အဲဒါနိုင်ငံရေး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံရေးလည်း အားကောင်းတဲ့၊ ထောက်ခံမှုရတဲ့ဆောင်ရွက်ချက်တွေ ဆုံးဖြတ်တွေဖြစ်ဖို့ ကျွန်တော်တို့ကတော့ တိုက်လည်း တိုက်တွန်းတယ်၊ မျှော်လည်း မျှော်လင့်တယ်။
မေး ။ ။ နစကပေါ့ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဆိုတာက ၂ဝ၂၁ အရေးပေါ်ကာလပြဋ္ဌာန်း ချက်ဆိုင်ရာဥပဒေနဲ့ သူက ပေါ်ပေါက်လာတယ်။ အဲဒါပေါ်ပြီး တစ်နှစ်ကြာတဲ့အခါမှာ ထူးထူးခြားခြား အိမ်စောင့်အစိုးရဆိုတာ ထပ်ပေါ်လာတယ်။ အိမ်စောင့်အစိုးရသက်တမ်းကတော့ တစ်နှစ်ပဲ ရှိသေး တယ်။ သူဖွဲ့တဲ့ပုံစံအရဆိုရင် တစ်နှစ်မပြည့်သေးဘူး။ နစကတော့ နှစ်နှစ်ပြည့်ပြီ။ ဆိုတော့ ဒီနှစ်ခုက တမင်ကို ရှေ့ဆင့်နောက်ဆင့် စဉ်ထားသလားတောင် ထင်ရတယ်။ နစက ကတော့ (၂) နှစ်ပြည့်တဲ့ အတွက် သေချာပေါက် နစကဆိုတဲ့အမည်နဲ့ (သို့မဟုတ်) အဖွဲ့က ဖျက်ရမယ်ဆိုတဲ့အဓိပ္ပါယ် သက်ရောက်နေတယ်။ အိမ်စောင့်အစိုးရကရော ဆိုတဲ့မေးခွန်းက ဆက်ရှိပြန်ပြီ။ သူကလည်း နစကနဲ့ တစ်ပါတည်း ပါသွားမှာလားဆိုတာက ရှိသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားချက်အရဆိုရင် ဘယ်လိုဆက်ဖြစ်နိုင်လဲ။
ဖြေ ။ ။ အဓိကတော့ ကာလုံကို လွှဲပြီးတဲ့အခါမှာ ကာလုံက ခန့်အပ်တာဖြစ်သွားပြီ။ အဲဒီတော့ ကာလုံ က ဒီတိုင်းပဲ ဆက်ခန့်အပ်လို့ရှိရင်တော့ အဲဒီအိမ်စောင့်အစိုးရဆိုတာ ဟိုဘက်ကိုဆက်ပြီးတော့ ပါသွား မယ်။ (သို့မဟုတ်) သူက ပြုပြင်ပြောင်းလဲမှုတွေ၊ တိုးချဲ့တာ၊ ပြင်ဆင်တာတွေလုပ်ပြီးတော့ ခန့်မယ်ဆိုရင် လည်း ခန့်လို့ရတယ်။ သေချာတာကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ ကာလုံက ခန့်အပ်သော အစိုးရသစ်နဲ့ ရွေးကောက်ပွဲကော်မရှင်အသစ် ပေါ်ပေါက်လာမယ်ပေါ့။
မေး ။ ။ လက်ရှိအချိန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့အချက်တွေမှာ ရှုပ်ထွေးနေတာတွေ လည်းရှိ တာပေါ့။ ကာလုံရဲ့သက်တမ်းက နိုင်ငံတော်သမ္မတ သကဲ့သို့ အာဏာတည်ပြီးတော့ အုပ်ချုပ်ခွင့် ရှိတယ် ဆိုတာက ဖွဲ့စည်းပုံမှာ ပြောထားတာဆိုတော့။ ပြီးတော့ နောက်ထပ်အစိုးရတွေ၊ လွှတ်တော်တွေ မပေါ် မချင်းက ဆက်ပြီးအုပ်ချုပ်ခွင့်ရှိတယ်ဆိုတော့။ ရွေးကောက်ပွဲကိုလည်း (၆)လအတွင်း ကျင်းပပေးပါ့မယ် ဆိုတဲ့ ပုဒ်မတစ်ခုကလည်း ရှိသေးတယ်။ (၆)လအတွင်းသာ ရွေးကောက်ပွဲကျင်းပပြီးရင်တောင်မှ အစိုးရသစ်ပေါ်ဖို့အတွက်ကို အနည်းဆုံး (၆)လ လောက်၊ ကျော်လောက်ကျန်နေသေးတယ်။ အဲဒီတော့ အဲဒီကြားမှာ အုပ်ချုပ်မယ့်ကာလကလည်း ကာလုံပဲဖြစ်တယ်။ အဲဒီကြားထဲမှာလည်း ဘာတွေဆက်ဖြစ် နိုင်လဲဆိုတဲ့အခင်းအကျင်းကလည်း လူတွေရဲ့ကြားထဲမှာ စိုးရိမ်နေတယ်။ အထူးသဖြင့် ၂ဝ၂၃ ခုနှစ်မှာ တကယ်စိုးရိမ်စရာကောင်းတဲ့အခင်းအကျင်းကို ရောက်မယ်လို့ နားလည်နေတယ်။ အစ်ကို ဘယ်လိုများ အဲဒါကို လူထုကို ဘယ်လိုများ မက်ဆ့ပေးချင်လဲ။
ဖြေ ။ ။ ကျွန်တော်တို့က (၆)လအတွင်း ရွေးကောက်ပွဲလုပ်ပေးရမယ်ပေါ့။ ရွေးကောက်ပွဲ လုပ်ပေးရ မယ်ဆိုတဲ့နေရာမှာလည်းပဲ တစ်နိုင်ငံလုံးမလုပ်နိုင်ရင် ဘယ်လောက်ရာခိုင်နှုန်းရွေးကောက်ပွဲလုပ်မှ အထမြောက်မယ်ဆိုတာကို ပြဋ္ဌာန်းထားချက် မတွေ့ရဘူး။ နောက်တစ်ခုက ၁၉၅၈ ခုနှစ် ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ ရွေးကောက်ပွဲမှာလည်းပဲ တပြိုင်နက်တည်း မကျင်းပနိုင်တဲ့အတွက်ကြောင့် အလီလီ ခွဲပြီး တော့ ကျင်းပခဲ့တာတွေလည်း ရှိတယ်။ အဲဒီ အစအဆုံးပြီးတဲ့အထိ ဘယ်လောက်ကြာရမယ်ဆိုတာမျိုးကို ကန့်သတ်ထားတာ ကျွန်တော်တို့ မတွေ့ရဘူး။
နောက်တစ်ခုက ရွေးကောက်ပွဲအပြီး ဘယ်နှစ်လအတွင်း အာဏာလွှဲရမယ်ဆိုတာ ကန့်သတ်ထားတာ လည်း မတွေ့ရဘူး။ သူက ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ လွှတ်တော်၊ အစိုးရနဲ့ နိုင်ငံတော်အဆင့် ကော်မတီ၊ ကော်မရှင်တွေပေါ့၊ အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီးသည်အထိလို့ပြောတာက အဲဒီမှာလည်းပဲ ကျွန်တော်တို့က gap တစ်ခုပေါ့။ ဟနေတဲ့အဟ တစ်ခုတွေ့တယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲပြီး အချိန်ကာလသတ်မှတ်ချက် ဘယ်လောက်အတောအတွင်းမှာ အာဏာလွှဲရမယ်ဆိုတာလည်း မပါဘူး။ ဒါကြောင့်မို့လို့ အခုလိုမျိုး ပဋိပက္ခပြင်းထန်တဲ့ကာလမပြောနဲ့ ကျွန်တော်တို့ ၂ဝ၁၂ ထောင်က လွတ်လာပြီးတော့ NLD က ကြားဖြတ်ရွေးကောက်ပွဲဝင်တယ်။ ၂ဝ၁၅ မှာ သောင်ပြိုကမ်းပြိုနိုင်တယ် ဆိုတဲ့အခြေအနေတွေမတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲသပ်သပ်နဲ့ အဆုံးအဖြတ်ပေးဖို့ မလွယ်ဘူး။
နောက်တစ်ခုက ရွေးကောက်ပွဲလုပ်လိုက်တာနဲ့ နိုင်ငံရဲ့ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ဖို့ ၉၆ ပါး ပျောက်တဲ့ဆေး မဟုတ်ဘူးဆိုတာကို ဒီလိုပဋိပက္ခမဖြစ်တဲ့ကာလမှာ တည်ငြိမ်နေတဲ့အချိန်မှာကတည်း က ကျွန်တော်ပြောခဲ့တာ။ ဒါကြောင့်မို့ ရွေးကောက်ပွဲက ဒီမိုကရေစီအရ ဖြတ်သန်းသွားရမယ့်မှတ်တိုင် တစ်ခု၊ နည်းလမ်းတစ်ခုသာဖြစ်တယ်။ နောက်ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးရလဒ်နဲ့က ထပ်တူမကျ ဘူး။ ရွေးကောက်ပွဲရလဒ်က သပ်သပ်၊ နိုင်ငံရေး ရလဒ်က သပ်သပ် ဒါကြောင့်မို့ ကျွန်တော် ပြောပြောနေ တာက လူထုပါဝင်နိုင်တဲ့ လူတစ်ဦးချင်း ပါဝင်နိုင်တဲ့နည်းလမ်းကတော့ ရွေးကောက်ပွဲနည်းလမ်းပဲ။ လက်နက်ကိုင်နည်းလမ်း၊ အခြားနည်းလမ်းဆိုတာ၊ ဆန္ဒပြတာကအစ လူတိုင်း ဝင်မပါနိုင်ဘူး။ သို့သော် ရွေးကောက်ပွဲဆိုတာကတော့ လူတိုင်း မဲမပေးဘဲ နေနိုင်တယ်။ ကိုယ် ထောက်ခံချင်တဲ့ပါတီကိုပဲ မဲပေးနိုင်တယ်။ အစရှိသဖြင့် ဒီအခွင့်အရေးကို ရထားတာဖြစ်တဲ့အတွက်ကြောင့် လူတစ်ဦးချင်း ပါဝင်နိုင် တာကတော့ ဒီရွေးကောက်ပွဲနည်းလမ်းပဲ။ သို့သော်လည်းပဲ တကယ့်ပြဿနာအဆုံးအဖြတ်ကတော့ နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်တဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအချင်းချင်းကြားမှာ ကိုယ့်နိုင်ငံရဲ့ပုံရိပ်ကို ၊ အနာဂတ်ကို ဘယ်လိုပုံဖော်မလဲဆိုတဲ့ဆွေးနွေးညှိနှိုင်းမှုက ပိုပြီးတော့ အရေးပါနေလိမ့်ဦးမယ်လို့ ကျွန်တော်တော့ မြင်တယ်။ ဒါကြောင့်မို့လို့ အခုအခြေအနေမှာလည်းပဲ ရွေးကောက်ပွဲရလဒ်နဲ့ လက်ရှိ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။
ရွေးကောက်ပွဲအလွန်အခင်းအကျင်းက ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်၊ ပိုပြီးရှုပ်ထွေးမယ်။ တစ်ဖက်က လည်း ခုခံမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိမယ်။ ရွေးကောက်ပွဲပြီးသွားတယ်ဆိုရင်တောင်မှ တနည်းနည်းနဲ့ပေါ့ ဗျာ၊ လုပ်နိုင်တဲ့နေရာတွေမှာ လုပ်သွားတယ်ဆိုရင်တောင်မှ အဲဒီရွေးကောက်ပွဲက တက်လာတဲ့ လွှတ်တော် နဲ့ အစိုးရက ရင်ဆိုင်ရမယ့်ပြဿနာက ပြည်တွင်းရော၊ တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ နိုင်ငံတကာဆက်ဆံရေးတွေ၊ စီးပွားရေးအကြပ်အတည်း တွေ အဲဒါတွေအားလုံးကို ခေါင်းခံပြီးတော့ ဖြေရှင်းရမယ့်အစိုးရ နဲ့ လွှတ်တော်ဖြစ်လာလိမ့်မယ်။ ဒါရွေးကောက်ပွဲ ဖြစ်ခဲ့ရင်လို့ ပြောတာနော်။
အဲဒီတော့ ရွေးကောက်ပွဲမှာ ငါတို့အာဏာရမယ်၊ ရာထူးရမယ်လို့ ဆိုတာလောက် ခပ်ပိန်းပိန်း စဉ်းစားရင် တော့ ဒီရွေးကောက်ပွဲကို မဝင်တာ ကောင်းတယ်။ တာဝန်အကြီးကြီးပဲ။ ခါတိုင်း တည်ငြိမ်နေတဲ့အချိန် တွေမှာက ဝန်ကြီးဌာနအလိုက် ဘာတွေလုပ်မယ်။ ဘာတွေလုပ်မယ်ဆိုတာမျိုး စဉ်းစားလို့ရတယ်။ အခု က တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စက နံပါတ်(၁) ဦးစားပေးဖြစ်သွားပြီ။ ဒါကြောင့်မို့ ကျွန်တော်က ပြီးခဲ့တဲ့ ဖြတ်သန်းမှုတွေအရ စဉ်းစားရင် ၂ဝ၁ဝ ကာလ ကျွန်တော်တို့ မရှိဘူး။ ကျွန်တော် တို့ထောင်ထဲမှာ၊ သို့သော် အဲဒီတုန်းက ကျွန်တော်တို့ အကဲဖြတ်ချက်က လူမပြောင်း၊ မူပြောင်း အဲဒီတော့ လူမပြောင်းဘူးဆိုတာ အရပ်ဝတ် ပြောင်းသွားတာပဲရှိတယ်။ ဒီလူတွေပဲ စစ်ဗိုလ်တွေပဲ။ ဗိုလ်ချုပ်ကြီးတွေ ယူနီဖောင်းကနေ အရပ်ဝတ်နဲ့ သမ္မတတွေ၊ ဝန်ကြီးတွေ ဖြစ်လာတယ်။ သို့သော် သူက နိုင်ငံကို ပါတီစုံ ဒီမိုကရေစီ သွားမယ်။ ဖြေလျော့မှုတွေ လုပ်မယ်။ မီဒီယာကဏ္ဍဆိုရင် သိပ်ပြီးသိသာတာပေါ့။ ဆင်ဆာတွေ ဘာတွေကလည်း ရုတ်ပြီးတော့ လွတ်လပ်ခွင့်ရသွားတယ်။ ကျွန်တော်တို့ dollar exchange rate ဆိုလို့ရှိရင်လည်းပဲ ကာလပေါက်ဈေးနဲ့ မျှောလိုက်တာပေါ့။ နိုင်ငံရေး၊ စီးပွားရေး၊ ဖြေလျော့မှုတွေ တော်တော်များများလုပ်သွားနိုင်ခဲ့တယ်။ နောက်ဆုံး ငြိမ်းချမ်းရေးကိစ္စလည်း လုပ်သွား နိုင်တယ်။ အဲဒီတော့ ကျွန်တော်တို့က လူမပြောင်း၊ မူပြောင်းလို့ ကျွန်တော်တို့က ကောက်ချက်ချလို့ရ တယ်။
အဲဒီတော့ လူလည်းပြောင်း၊ မူလည်းပြောင်း ဆိုတာကတေ့ တော်လှန်ရေးပေါ့။ မလိုချင်ဘူး။ မင်းတို့ကို မလိုချင်ဘူး ။ မင်းတို့လည်းဆင်း၊ မင်းတို့အုပ်ချုပ်တာကို မလိုချင်ဘူး။ အဲဒီဟာကတော့ တိုင်းပြည် အခုလည်း ကျွန်တော်တို့ ဘယ်လောက်ထိခိုက်နာကျင်မှုတွေ များနေပြီလဲ။ လက်နက်မဲ့အရပ်သားတွေ သေကြေမှု၊ ပျက်စီးမှုက (၇)ထောင်ကျော်လာပြီ။ တစ်ခါမှ မကြားဖူး၊ မကြုံဖူးတဲ့ကိစ္စကတော့ ရဟန်း သံဃာတွေ တခြား ဘာသာရေးခေါင်းဆောင်တွေ ဆိုတာထက် ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေ သတ်ဖြတ် ခံရတဲ့ကိစ္စဟာ ကျွန်တော်တို့ နိုင်ငံရေးသမိုင်းမှာ တော်တော်ကို ထူးထူးခြားခြား အနိဌာရုံ ဘယ်တုန်းကမှ မရှိတာတွေ ကြုံခဲ့ရတယ်။ နေရပ်စွန့်ခွာ ရွှေ့ပြောင်းဒုက္ခသည်ကလည်း အများဆုံး စံချိန်တင်လာပြီ။ နောက်ပြီး ပြည်ပထွက်ခွာတွေ လူငယ်တွေက ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိတော့ဘူး စီးပွားရေးအခြေအနေတွေ မကောင်းတဲ့အတွက်ကြောင့် ပြည်ပထွက်ခွာတဲ့လူကလည်း ကြောက်ခမန်း လိလိဖြစ်လာတယ်။ ဒီလောက်အခြေအနေဆိုးကြီးတွေ ဖြစ်နေတဲ့အချိန်မှာ လူလည်း မပြောင်းဘူး၊ မူလည်း မပြောင်းဘူး ဆိုရင်တော့ ဒါတိုင်းပြည်ကို သတ်တာပဲ။ တိုင်းပြည်ကို နှစ်တာပဲ။ အဲဒီတော့ ကျွန်တော်ပြောတာက လက်ရှိခေါင်းဆောင်တွေကိုရော၊ နောက်နောင်ပေါ့ဗျာ ရွေးကောက်ပွဲမဖြစ်မနေ လုပ်သွားလို့ တက်သွားမယ့်ခေါင်းဆောင်တွေကိုရော ပြောချင်တာကတော့ ဒီအတိုင်း မူမပြောင်းဘူး ဆိုရင်တော့ ခင်ဗျားတို့အတ္တ နဲ့ ခင်ဗျားတို့ခေါင်းမာပြီးတော့ တိုင်းပြည်ကိုသတ်တာ။ မျိုးဆက်လိုက် နောင်မျိုးဆက်တွေကိုပါ သတ်တာပဲလို့ ကျွန်တော်ကတော့ ပြောရလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တို့က လူလည်း ပြောင်းဖို့လိုတယ်။ မူလည်း ပြောင်းဖို့လိုတယ်။ လူပြောင်းဆိုတာက အကုန်လုံးပြောင်းဖို့ ဆိုတာထက်ကို တိုင်းပြည်အပေါ်မှာ တကယ်စေတနာရှိပြီးတော့ သူ့ကဏ္ဍအလိုက်နယ်ပယ်အလိုက်၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအလိုက်၊ တိုင်းရင်းသားတွေအလိုက် ပါဝင်နိုင်တဲ့ အစိုးရမျိုး ဆုံးဖြတ်နိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်းမျိုးပေါ်လာဖို့ လိုတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ကတာ့ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲပြောနေပေမယ့် ကျွန်တော် အလေးအနက်စဉ်းစားနေတဲ့ကိစ္စက ဒီနိုင်ငံရဲ့ လက်ရှိအကြပ် အတည်းကြီးကို ဘယ်လိုကျော်လွှားမလဲဆိုတာကို စဉ်းစားနေတာ။ အဲဒီတော့ ရွေးကောက်ပွဲဆိုတာက တော့ သူ့သတ်မှတ်ချက်အတိုင်း ဖျက်သွားတာ၊ ဖြစ်သွားတာ အဲဒါတစ်ပိုင်းပေါ့၊ အဲဒီအလွန်က ပိုပြီး တာဝန်ကြီးတယ်။ အန္တရာယ်လည်း ကြီးတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကို ရွေးကောက်ပွဲလုပ်မယ်၊ ဘယ်နှစ်နေရာ ဝင်ပြိုင်မယ်၊ ဘာလုပ်မယ်ဆိုတာ မျိုးလောက်တော့ ခပ်တိမ်တိမ် မစဉ်းစားစေချင်ဘူး။ အဓိကက ဒီနိုင်ငံရဲ့အဆုံးအဖြတ်က AE Politc ထိပ်ပိုင်းခေါင်းဆောင်များကြားမှာရှိတဲ့ သဘောတူညီမှု၊ သူတို့ရဲ့အမျှော်အမြင် အဲဒါကပဲ အဓိက အဆုံးအဖြတ်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။
မေး ။ ။ ခုနကပြောတဲ့ ဥပဒေအထက်မှာ နိုင်ငံရေးရှိတယ်ဆိုတာကို ပြောချင်တာပေါ့။
ဖြေ ။ ။ ဥပဒေအထက်မှာ နိုင်ငံရေးရှိတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေး။ တရားဥပဒေအတိုင်း ဆောင်ရွက်ပါတယ်လို့ပြောနေတာအားလုံးက သေချာပြန်စဉ်းစားကြည့် Rule by Law ပဲ။ ဘာဖြစ်လို့ လည်းဆိုရင် ကျွန်တော် ကြုံဖူးတယ်။ MI ခေတ်ပေါ့။ စစ်ထောက်လှမ်းရေးခေတ်။ ကျွန်တော့်ကို ရပ်ကွက် ရုံးကို ခေါ်တယ်။ မြို့နယ်တာဝန်ခံပေါ့၊ ဗိုလ်ကြီးပေါ့၊ ခေါ်ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ခြိမ်းခြောက်တာ၊ သတိပေးတာ အဲဒီတော့ ဥပဒေအရ အရေးယူလို့ရတယ်ပေါ့။ အဲဒီတော့ ဒါကို သတိပေး တာပေါ့။ ဆိုတော့ ကျွန်တော်ကလည်း ချက်ချင်းပဲပြန်ပြောလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အထက်တန်းရှေ့နေတစ်ယောက်ဖြစ်တယ်။ နောက်တစ်ခုက ကိုယ်တိုင်လည်း ဥပဒေစိတ်ဝင်စားလို့ လေ့လာခဲ့တာဖြစ်တော့ ကျွန်တော့်ကို အမှုလာအပ်လို့ရှိရင် တရားခံက လာအပ်လည်း ဒီစာအုပ်ကြီးပဲ တရားလိုက လာအပ်လည်း ဒီစာအုပ်ကြီးပဲ။ အဲဒီ ဥပဒေ အကိုးအကားတွေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျွန်တော်တို့သုံးပြီးတော့ တရားခံဖြစ်ခဲ့ရင် လျော့ပေါ့အောင်၊ သက်သာအောင် အမှုက လွတ်အောင် ကျွန်တော်ကြိုးစားမယ်။ ဒီစာအုပ်ပဲ။ တရားလိုဖြစ်ရင် ဒီစာအုပ်ကိုပဲသုံးပြီးတော့ အမှုပြစ်ဒဏ် မဖြစ်ဖြစ် အောင်၊ မကျကျအောင်၊ ဖြစ်နိုင်လို့ရှိရင် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်အောင်လုပ်မယ်။ ဒီစာအုပ်ပဲ။ အဲဒီတော့ ဥပဒေရဲ့သဘောက တရားမျှတမှုအခြေခံ ပျောက်သွားပြီဆိုရင် ဥပဒေက သက်မဲ့ပဲ။ စာအုပ်ကြီးပဲ။ ကျင့်သုံးတဲ့လူအပေါ်မှာ သူ့ရဲ့ဆင်ခြင်တုံတရားနဲ့ သူ့ရဲ့တရားမျှတမှုအပေါ်မှာ အများကြီးတည်တယ်။ အခုက ကျွန်တော့်ကိုသတိပေးတဲ့ MI က ပုဂ္ဂိုလ်ပြောသလိုပဲ ဒီစာအုပ်ကြီး ခင်ဗျား သုံးခွင့်ရရင် ခင်ဗျား ကျွန်တော့်ကို တရားစွဲလို့ရတယ်။ ကျွန်တော်သုံးခွင့်ရရင် ခင်ဗျား အဲဒီနေရာက မထနဲ့ ချက်ချင်းပုဒ်မ တွေ တပ်ပြီး ခင်ဗျားကို တရားစွဲမယ်။ ကျွန်တော် စွဲလို့ရတယ်။ အဲဒီတော့ တရားဥပဒေကို ဒီအချိန်မှာ ပြောရတာကတော့ နိုင်ငံရေးကို နားလည်ဖို့လိုတယ်၊ နိုင်ငံရေးအကျိုးအပြစ်တွေကို ကြိုပြီးတော့ တွက်ဆ နိုင်ဖို့ လိုတယ်လို့ ကျွန်တော်တော့ ပြောချင်ပါတယ်။
မေး ။ ။ ဒီကြားကာလ (၂) နှစ်အတွင်းမှာကတော့ မတည်မငြိမ်မှုတွေ တောက်လျှောက်ဖြစ်တယ်။ ဒီနေ့ ဒီအချိန်မှာ အရင်ထက်စာရင်တော့ နည်းနည်းတည်ငြိမ်လာတယ်ဆိုပေမယ့် မတည်ငြိမ်မှုက ရှိဆဲပဲ။ ခုနက အစ်ကိုထောက်ပြတဲ့အထဲမှာလည်းပဲ အကယ်၍များ ဒီ ၂ဝ၂၃ ခုနှစ်မှာလည်း မတည်မငြိမ် ဆက်ဖြစ်နေအုံးမယ်။ ရွေးကောက်ပွဲလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြစ်အောင်လုပ်တယ်ပေါ့။ မတည်မငြိမ် ဆက်ဖြစ်နေအုံးမယ်ဆိုရင် PDF တွေကလည်း ဟိုတိုက်၊ ဒီတိုက် ဆော်နေအုံးမယ်ဆိုရင် ကာလုံကလည်း ဆက်ပြီးတော့ ကိုင်ထားလို့ရသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေတာကို သွားတွေ့ရသေးတယ်။ ဆိုတော့ ကျွန်တော်တို့အဲဒီမှာ စိုးရိမ်တာက အဲဒီမတည်မငြိမ်ဖြစ်မှာကို ကျွန်တော်တို့စိုးရိမ်တယ်။ တတ်နိုင်သမျှ တစ်ဖက်အဖွဲ့အစည်းကိုရော၊ တစ်ဖက်အဖွဲ့အစည်းကလည်း ဖျက်မယ်လို့ပြောပြီးသား။ တစ်ဖက်အဖွဲ့ အစည်းကိုရော အစ်ကိုဘာများ မက်ဆေ့ပေးချင်လဲ။
ဖြေ ။ ။ အခုကတော့ ကျယ်ကျယ်လောင်ထွက်လာတဲ့ ကြွေးကြော်သံကတော့ အုပ်ချုပ်လို့ မရစေရပေါ့။ ကိုယ်လည်း အုပ်ချုပ်လို့မရစေရ။ သူလည်း အုပ်ချုပ်လို့မရစေရဆိုရင် အဓိပ္ပါယ်ကတော့ မင်းမဲ့စရိုက်ကို ဦးတည်တာပဲ။ အဲဒီတော့ မင်းမဲ့စရိုက်ကို ဦးတည်တယ်ဆိုတာက ကျွန်တော်ပြောတာ နိုင်ငံရေးကြောင့် ဆန္ဒပြလို့ ဖမ်းခံရတာ၊ ခုခံလို့၊ လက်နက်ကိုင်ပြီးတော့ ပဋိပက္ခဖြစ်လို့ သေကြေပျက်စီးတာ အဲဒါက နိုင်ငံရေးအရဖြစ်တာ။ သာမာန်အရပ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပိုက်ဆံချေးတယ်။ ကြွေးပြန် မဆပ်ဘူး။ လုတယ်၊ ခိုးတယ်၊ လူသတ်တယ်၊ ဓါးပြတိုက်တယ် ရဲစခန်းကို သွားမတိုင်ရဲဘူး။ ရဲစခန်းထဲကို ဝင်သွားလို့ရှိရင်ပဲ ဒီကောင်က PDF ကို သတင်းပေးတာလား၊ ဘာလားဆိုလို့ရှိရင် သူကခံလည်း ခံရသေး အိမ်ဖောက်ထွင်းခံရတယ်ပေါ့ဗျာ။ ရဲသွားတိုင်လို့ရှိရင် သူလျှို၊ ဒလန်ပါဆိုရင် ထပ်ပြီးတော့ သူပါ အသက် အန္တရာယ်ပါ ထိခိုက်ကောင်းထိခိုက်သွားနိုင်တယ်။ အဲဒီတော့ ဘာဖြစ်လာလည်းဆိုတော့ တရားရုံးကို မသွားရဲဘူး။ တရားသူကြီးတောင်မှ ခြိမ်းခြောက်ခံနေရတာတွေ အများကြီးရှိတယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးမှုက လုံးဝပျက်သွားပြီ။ ပျက်သွားတဲ့အတွက်ကြောင့် နိုင်ငံရေးအရဖြစ်တဲ့ သေကြေ ပျက်စီးမှုကိုထားလိုက်တော့ နေ့စဉ်ဖြစ်လေ့ဖြစ်ထရှိတဲ့ ခိုးမှု၊ လုမှု၊ သတ်မှု၊ လိမ်လည်မှု အစရှိတဲ့ ရာဇ ဝတ်မှုတွေကအစ တိုင်စရာရဲစခန်းတရားရုံး မရှိတော့ဘူး။ အုပ်ကြီးတွေလည်း ခြိမ်းခြောက်လို့ နှုတ်ထွက် လို့ အလုပ်လုပ်မယ့်လူမရှိတော့ဘူးဆိုရင် အဲဒါက မင်းမဲစရိုက်ထဲကို ဦးတည်သွားတာ။ နောက်တစ်ခုက လက်လွတ်စပယ်တွေဖြစ်ပြီး၊ သေကြေပျက်စီးသွားပြီးတော့ တစ်ချို့ဆိုရင် ခုတ်ထစ်လှီးဖြတ် ပြီးသွားရင် လက်သည် မပေါ်ဘူး။ ကျွန်တော် မဟုတ်ဘူး။ သူမဟုတ်ဘူးနဲ့ သေတဲ့လူက သေသွားပြီ။ မိဘမဲ့ကလေး တွေဖြစ်တဲ့လူက ဖြစ်သွားရော။ ပြီးလို့ရှိရင် တစ်ခါတည်း ဟိုလွှဲချ၊ ဒီလွှဲချနဲ့ဖြစ်တော့ ဆိုလိုတာက အဲဒီ အခြေအနေကြီးကို ကာလအကန့်အသတ်မရှိ သွားကြမှာလား။ ကျွန်တော်ကလည်း သူတို့ကို မေးရလိမ့် မယ်။
နောက်တစ်ခါ နိုင်ငံတကာအကူအညီတွေနဲ့ပတ်သက်တဲ့ကိစ္စ ကျွန်တော်တို့နိုင်ငံက ကျွန်တော်တို့ ထောင်ထဲရှိစဉ်ကတည်းက အကျဉ်းသားလွတ်မြောက်ရေးတို့၊ ဒီမိုကရေစီရေးတို့ တိုက်တွန်းအားပေးနေ တဲ့နိုင်ငံတွေကို ကျွန်တော်တို့ကျေးဇူးလည်းတင်ပါတယ်။ သို့သော် မြန်မာနိုင်ငံရဲ့နိုင်ငံရေးဟာ ဒီနိုင်ငံထဲ မှာနေတဲ့ မြန်မာတောင်မှ တွက်ကိန်းတွေ လွဲနေတာ။ ပြောရရင်တော့ ဂဃနဏ နားမလည်တာပေါ့။ အထူးသဖြင့်ပြောချင်တာက စစ်တပ်မှာ စစ်ဗိုလ်တွေကို ဘယ်လိုစုဖွဲ့ထားတယ်၊ ဘယ်လိုစဉ်းစားတယ် ဆိုတာကိုနားလည်နိုင်တဲ့ဟာ တော်တော်ရှားတယ်။ ဒါကြောင့်လည်း ဒီအခြေအနေတွေ ကျွန်တော်တို့ ကြုံသွားတာပေါ့။ အဲဒီတော့ အဲဒီကြားထဲမှာမှ နိုင်ငံခြားသားပညာရှင်တို့၊ မြန်မာအရေးကျွမ်းကျင်သူတို့ ဆိုတာ ခင်ဗျားတစ်ခုချင်းစီပြန်ကောက်လို့ရှိရင် ရှေ့မှာလည်း လွဲတာတွေ ခဏခဏပဲ။ အဲဒီတော့ တောင်ပြောမြောက်ပြောတွေ လာလာပြောပြီး လုပ်တဲ့ဟာက ကျွန်တော် တို့ကိုကူညီရာမရောက်ဘဲနဲ့ ဒုက္ခပေးရာရောက်တယ်။ နောက်တစ်ခုကလည်း အကူအညီတွေကျတော့ ကျွန်တော် လိုက်ဖတ်ကြည့် တယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဘတ်ဂျက်အကူအညီကို ကျွန်တော်ကြည့်လိုက်တော့ (၁၃၆) သန်းပေါ့ ။ စတွေ့တဲ့ဟာ အဲဒီအချိန်မှာ ယူကရိန်းကိုပေးတာက ၁၃ ဒသမ ၆ ဘီလျံ ဆိုလိုတာက ဟိုမှာက စစ်တိုက်ဖို့ပေးတာ ဒီမှာက ပြောကြစို့ ဆိုလို့ရှိရင် စိတ်ပိုင်းဆိုင်ရာအရက ရောဒို့ကို ထောက်ခံနေပြီ အားပေးနေပြီ ဆိုတဲ့အားပေးမှုဖြစ်သော်လည်းပဲ ကာယကံမြောက်ကျတော့ မစို့မပို့နဲ့ သဘောက ပြီးတဲ့အခါကျတော့ အပေါ်မှာကဖြတ်ရအုံးမှာ overhead cost တွေကလည်း ဖြတ်ကြအုံးမှာ ။ပြီး တော့ခေါင်းစဉ်ပေါင်းများစွာနဲ့ လာကြအုံးမှာ။ အဲဒီတော့ အောက်မှာ ကျွန်တော်ကြည့်နေတာ စိတ်ထဲမကောင်းဘူး။ ကမ္ဘာစိုးဘောင်းဘီလေးတွေနဲ့ စွပ်ကျယ်လေးတွနဲ့ တူမီးလေးတွေနဲ့ ပိုးဆိုးပက်စက် သေနေတာကြတော့ ကိုယ့်နိုင်ငံ သားကိုယ့်လူငယ်တွေလေ ကျွန်တော်ပြောချင်တာက လူသားရင်းမြစ်ကို ပြောတဲ့အခါမှာ ဘယ်သူသေသေ ကိုယ့်နိုင်ငံသားအရင်းအမြစ်တွေ၊ နောက်တစ်ခုက ကျွန်တော်ပြောလေ့ ပြောထရှိတယ် ကျွန်တော် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်အဖွဲ့မှာ ကျွန်တော်တာဝန်ယူခဲ့စဉ် တောက်လျှောက်လုံးကလည်းပဲ စစ်သားတွေကြားမှာ စစ်ပွဲမရှိဘူး။ ပစ်သာပစ်နေတာ ဘာရန်ငြှိုးရန်စ မှ မရှိဘဲနဲ့ တာဝန်အရ၊ အမိန့်အရ ပစ်နေကြတာ။ စစ်ပွဲတွေကြားမှာ စစ်သားတွေရောက်နေတာ။ စစ်သား တွေကြားမှာ စစ်ပွဲမရှိဘူး။ ရည်းစားလုဖက်လည်း မဟုတ်ဘူး။ ပစ္စည်းဥစ္စာ လုဖက်လည်းမဟုတ်ဘူး။ ဆိုတော့ အဓိကအဆုံးအဖြတ်က ဘယ်မှာသွားတည်လည်းဆိုတော့ ခေါင်းဆောင်တွေအပေါ်မှာပဲ သွားတည်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အခြေအနေကို သေသေချာချာပြန်ပြီး သုံးသပ်ဖို့လိုတယ်။ နောက်တစ်ခုကတော့ ဖြစ်နိုင်ချေဆိုတာကို မှန်မှန်ကန်ကန်မှန်းဆနိုင်ဖို့လိုတယ်။ နောက်တစ်ခုက သမိုင်းကို ပြန်သုံးသပ်တဲ့အခါမှာ သမိုင်းတင်မကဘူး ပစ္စုပ္ပန်မှာကအစ ကိုယ်မှန်သူမှားပေါ့။ ဘာလို့လည်း ဆိုတော့ လူက အတ္တရှိတာကို။ ပစ္စုပ္ပန်မှာ ကိုယ်မှန်သူမှား ငြင်းတာထက်ကို အတိတ်ကိုပါ ငါတို့အဖွဲ့အ စည်း၊ ငါတို့ခေါင်းဆောင်တွေက ဘယ်တုန်းက မမှားခဲ့ဘူးလို့ ခုခံကာကွယ်နေတဲ့ပြဿနာ တကယ်က ဖြစ်လာတဲ့ ပစ္စုပ္ပန်ပြဿနာတွေအားလုံးက အတိတ်က အမှားအယွင်းတွေကြောင့်ဖြစ်တာ။ အဲဒီတော့ ဆိုလိုတာက စစ်တပ်မှာလည်း စစ်တပ်ခေါင်းဆောင်တွေဘက်က အမှားအယွင်းတွေ ရှိခဲ့တဲ့ဟာကို နောက်ပိုင်း မျိုးဆက်သစ်ခေါင်းဆောင်တွေကိုယ်၌က မှန်မှန်ကန်ကန်ပြန်သုံးသပ်နိုင်ရမယ်။ လက်ခံနိုင်ရ မယ်။ အမှားပြင်ဖို့တော့ လိုပြီ။ အရပ်ဘက်မှာလည်း အရပ်ဘက်က အားနည်းချက်တွေ အမှားအယွင်း တွေရှိတယ်။ အရပ်ဘက်နိုင်ငံရေးသမားတွေမှာလည်း အခုကျတော့ ဘာဖြစ်လာလည်းဆိုတော့ ဒီနိုင်ငံ ကို နိုင်ငံရေးစနစ်တစ်ခုကို နိုင်ငံရေးသမားမရှိဘဲနဲ့ ဘယ်လိုတည်ဆောက်မလဲ။ ပြဿနာက နိုင်ငံရေး သမား အသတ်ခံလိုက်ရတာ။ ၆၂ နှစ်ကတည်းက ရှိသမျှ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေအားလုံးကို ဖျက်သိမ်းပစ်လိုက်ပြီးတော့ တစ်ခုတည်းသော ဦးဆောင်ပါတီ ဆိုပြီးလုပ်လိုက်ကတည်းက သူက နိုင်ငံရေး သဘောထားကွဲလွဲခွင့်ကို လုံးဝဖျက်ဆီးပစ်လိုက်တာ။ နိုင်ငံရေးသမား သတ်ပစ်လိုက်တာ အဲဒါဟာ တောက်လျှောက် ၈၈ ဖြစ်ပြီးတော့ အာဏာသိမ်းလိုက်တာ ၂ဝ၁ဝ အထိ အခုက နိုင်ငံရေး သမားဆိုတာလေး အညှောင့်အစို့လေး ထွက်ခါစရှိသေးတယ်။ တစ်ခါထပ်ပြီးတော့ အကုန်လုံးက တော်လှန်ရေးသမားဖြစ်သွားရော။ အဲဒီတော့ နိုင်ငံရေးအရ ရပ်တည်ရင်ပဲ သစ္စာဖောက်၊ ဒလန် ဆိုပြီး တော့ တစ်ခါတည်း ဝိုင်းပြီးခြိမ်းခြောက်တာတွေ။ တိုက်ခိုက်တာတွေဖြစ်လာတယ်။ နိုင်ငံရေးသမား သတ်တဲ့လူ့အဖွဲ့အစည်းက ဘာနိုင်ငံရေးစနစ်မှ တည်ဆောက်လို့မရဘူး။ ဒါကျွန်တော်တို့ကတော့ တည့်ပဲပြောရလိမ့်မယ်။ အဲဒီတော့ စစ်တပ်ကလည်းပဲ သူက သူ့ကိုဆန့်ကျင်တယ်ဆိုလို့ရှိရင် အရေးယူမယ် ချေမှုန်းမယ်ဆိုပြီးတော့ သူကတော့ ကာယကံမြောက်ပေါ့။ သို့သော် စစ်တပ်က ချလိုက်လို့ ရှိရင် သူက နိုင်ငံရေးအတိုက်အခံထဲမှာကျတော့ နိုင်ငံရေး မသေဘူး။ Role တက်တယ်။ ဆိုလိုတာ။ ဒီဘက်ကကျတော့ ဒီကောင်က စစ်တပ်နဲ့ပေါင်းတဲ့ကောင်၊ ဒီကောင်က ဒလန်၊ သူလျှို ဆိုပြီးတော့ လူသတ်တာ မဟုတ်ဘူး။ နိုင်ငံရေး သတ်တာ။
အဲဒီတော့ ဟိုဘက်က လူရဲ့ခန္ဓာကိုယ်ကို ဖမ်းတယ်ရိုက်တယ်။ အစရှိသဖြင့် သူက နိုင်ငံရေးသမားကို၊ အတိုက်အခံကို ချေမှုန်းတဲ့အနေနဲ့လုပ်တယ်။
ဒီဘက်က ကိုယ့်အချင်းချင်းကကျတော့ ကိုယ်နဲ့မတူတာတွေအားလုံးကို တစ်ဖက်လူပဲ ဆိုပြီးတော့၊ စစ်တပ်ရဲ့လူပဲဆိုပြီးတော့ တစ်ခါတည်း တံဆိပ်ကပ်ပြီးတော့ နိုင်ငံရေး အသေသတ်ဖို့ကြိုးစားနေတယ်။
ဆိုတော့ နိုင်ငံရေးသမားသတ်တဲ့တိုင်းပြည်မှာ ဘာနိုင်ငံရေးစနစ်မှတည်ဆောက်လို့မရဘူး။ အဲဒီတော့ အဲဒါကိုနည်းနည်းလေး သတိထားပြီးတော့ သတိထားအမျှော်အမြင်ကြီးပြီးတော့ နိုင်ငံရေး Space ပေါ့၊ နိုင်ငံရေးပလပ်ဖောင်းပေါ့ အဲဒါကို မှန်မှန်ကန်ကန်ပြန်တည်ဆောက်မပေးလို့ရှိရင်တော့ ပါးစပ်ကတော့ တောက်လျှောက်ပြောနေတာပဲ ဒီမိုကရေစီတွေ၊ ဖက်ဒရယ်တွေ၊ လူ့အခွင့်အရေးတွေ ပြောချင်တာပြော ကျင့်မှ မကျင့်သုံးပဲနဲ့ မကျင့်သုံးသမျှကာလပတ်လုံး ဒီနိုင်ငံမှာ နိုင်ငံရေးကောင်းလာဖို့မမြင်ဘူး။
အဲဒီတော့ ကျွန်တော်က ဒါကြောင့်မို့လို့ ရှေ့လာမယ့်အနာဂတ်ကို နောက်ငါးနှစ်စာ၊ နောက် (၁ဝ) နှစ်စာ၊ နောက်အနှစ် (၂ဝ) စာ နိုင်ငံကို ဘယ်လိုပုံစံပုံဖော်ရမှာလည်း၊ ထုဆစ်ကြမှာလည်း ဆိုတာကို နိုင်ငံရေး သမားချည်းလည်းပဲ မရဘူး။ နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်ရေးခေါင်းဆောင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေ၊ အခုတံခါးဖွင့်လာတဲ့အချိန်မှာ စီးပွားရေးသမားတွေ အခန်းကဏ္ဍက အရမ်းအရေးကြီး တယ်။ သူတို့ပုံပန်းတကျ ဖွံ့ဖြိုးလာဖို့လိုတယ်။ သူတို့ကလည်း နိုင်ငံတည်ဆောက်ရေးမှာ ကောင်း ကောင်းပြန် အထောက်အကူပြုဖို့လိုတယ်။ အလှူခံပြီးတည်ဆောက်ဖို့ မစဉ်းစားနဲ့။ အဲဒါ ပုံမှန် မဟုတ်ဘူး။ အခွန်နဲ့တည်ဆောက်ရမှာ။ ဆိုလိုတာက။ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာတွေ ကို နိုင်ငံသားတွေအနေနဲ့ရော၊ စီးပွားရေးသမားတွေအနေနဲ့ရော၊ မှန်မှန်ကန်ကန်ထည့်ဝင်ပြီးတော့ အဲဒီ အခွန်ဘဏ္ဍာတွေကို မှန်မှန်ကန်ကန် ခွဲဝေသုံးစွဲပြီးတော့ တည်ဆောက်ရမယ်။
အဲဒီလိုမဟုတ်ဘဲနဲ့ တင်ဒါချပေးလိုက်၊ အလှူငွေ ဘယ်လောက်ထည့်လိုက်ဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော် ဒီစီးပွားရေးကဏ္ဍ က သိပ်အရေးကြီးတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်တော့မယ် ဆိုရင် နိုင်ငံရေးခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင် သူက သက်ဆိုင်ရာ ဘာသာရေးအသိုက်အဝန်းတွေပေါ်မှာ သြဇာတိကမရှိတဲ့ပုဂ္ဂိုလ်များ သူတို့ကလည်းပဲ သိပ်အရေးကြီးတယ်။ နောက်တစ်ခုက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးခေါင်းဆောင်တွေ၊ နောက်တစ်ခါ လူထုကြားထဲမှာ ထင်ရှားကျော်ကြားတဲ့ အနုပညာသမားတွေ (စာပေ၊ ဂီတ) အစရှိသဖြင့် ဒီပုဂ္ဂိုလ်တွေအားလုံးက ကိုယ့်နိုင်ငံရဲ့အနာဂတ်ကို ဘယ်လိုပုံစံမြင်ချင်တာလည်းဆိုတဲ့ အိပ်မက်တစ်ခုကို ဝိုင်းပြီးတာ့ ထုဆစ်ကြဖို့လိုတယ်။ အဲဒါ ရွေးကောက်ပွဲထက် အရေးကြီးတယ်။
ရွေးကောက်ပွဲကတော့ ကျွန်တော် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဆုံးဖြတ်ရတော့မှာပေါ့ဗျာ။ အလားတူပဲ အခြားပါတီတွေလည်း ဆုံးဖြတ်ကြမှာပဲ။ သို့သော် ကျွန်တော်တို့ရင်ဆိုင်ရမှာက ရွေးကောက်ပွဲ မဟုတ်ဘူး။ နောင်ဖြစ်လာမယ့် နိုင်ငံရေးအခင်းအကျင်း။ အဲဒါကျွန်တော်တို့အားလုံးရင်ဆိုင်ရမှာ အဲဒီ အတွက်ကို အမျှော်အမြင်ရှိရှိနဲ့ အခုကတည်းက ကြိုးစားကြစေချင်တယ်။
ကျွန်တော်ကတော့ နိုင်ငံရေး ရူးသွပ်မှုတစ်ခုနဲ့လုပ်ခဲ့တာ။ ကျွန်တော်စလုပ်ကတည်းက ၈၇၊ ၈၈ နိုင်ငံရေး လောကထဲ ဝင်လာကတည်းက ရူးသွပ်စွာ လုပ်ခဲ့တာ။ အခုရင်ဆိုင်နေရတဲ့ခံနိုင်ရည်ဟာ ကျွန်တော်ဟို တုန်းက မခံနိုင်ဘူး။ ဒီလောက်အထင်အမြင်လွဲမှားမှု၊ ဆဲဆိုခြိမ်းခြောက်မှုတွေဖြစ်ပြီဆိုရင် တစ်ခုခု တင်းတင်းမာမာလုပ်ပြီးတော့ ထောင်ထဲဝင်ဖို့ ကျွန်တော် ဆုံးဖြတ်မိမှာ အမှန်ပဲ။ ဟိုတုန်းက ဆိုရင်ပေါ့။ ထောင်ထဲနေလိုက်ရင် ကျွန်တော်တာဝန်ကျေသွားပြီ။ ကျွန်တော့်ကို ဘယ်သူမှမဆဲနိုင်တော့ဘူး။ အခုကျ တော့ အဲဒီထက် လေးနက်တာက ကျွန်တော်လည်း (၆ဝ) ကျော်လာပြီ။ ကျွန်တော့်ကလေးတွေ။ ကျွန်တော့်ကလေးဆိုတာက ကိုယ်ပိုင်ကို ပြောတာတင်မကဘူး၊ သားသမီးမျိုးဆက်တွေအားလုံးကို ဒီလူ့ အဖွဲ့အစည်းထဲမှာ ထားခဲ့ရမှာ ဒီလောက်မိုက်ရိုင်းနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် အမုန်း အာဃာတတွေကြီးနေတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ ကျွန်တော်တို့ကလေးတွေ ကျွန်တော်တို့ မရှိတော့ ရင်တောင်မှ ထားခဲ့ရမယ့်ကိစ္စကို ကျွန်တော်တို့ဘယ်လိုမှ အသေဖြောင့်မှာမဟုတ်ဘူး။ အဲဒါကို ဗိုလ်ချုပ် ကြီးတွေရော၊ ဘက်အသီးသီးက ခေါင်းဆောင်တွေရော အလေးအနက် စဉ်းစားစေချင်တယ်။ သူကိုယ်သူ ကတော့ ငါ့မှာအင်အားရှိတယ်လို့ ထင်ကြတာပေါ့။ ငါ့မှာ နိုင်ငံတကာ ထောက်ခံမှုရှိတယ်။ ငါတို့မှာလည်း အခု လက်နက်တွေရှိလာပြီ။ စစ်တပ်ကလည်း ငါ့မှာ လေယာဉ်ပျံတွေရှိတယ်။ အမြှောက်တွေ ရှိတယ် ဆိုတာမျိုးလောက်နဲ့စဉ်းစားနေရင်တော့ တိုင်းပြည်ကို ဝိုင်းဖျက်စီးနေတာပဲ။ အလုံးစုံပျက်သုန်းရေးထဲကို တွန်းချနေတာပဲ။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်တယ်။ နည်းနည်းလေး ဆင်ဆင်ခြင်ခြင်နဲ့ အမျှော်အမြင်တရားကိုရှေ့ထားပြီးတော့ လုပ်ကြပါလို့ ကျွန်တော်တော့ အဓိက တိုက်တွန်းချင်ပါတယ်။
မေး ။ ။ ဒီနစကရဲ့ (၂)နှစ်အတွင်းမှာရော သူတို့ရဲ့ ကိုင်တွယ်ပုံက အရေးပေါ်ကာလပြဌာန်းချက် ဥပဒေ နဲ့အညီ ကိုင်တွယ်ပုံစံကရော တကယ်ပဲ သူတို့ ဥပဒေနဲ့အညီ ကိုင်တွယ်နိုင်ခဲ့ရဲ့လား။ အရေးပေါ်ကာလ ပြဌာန်းချက်ဆိုတဲ့အတိုင်း ကိုင်တွယ်နိုင်တာတွေ့ခဲ့လား၊ တွေ့မိလား။ အဲဒါကိုကြည့်မှ နောက်ဒီလာမယ့် တစ်နှစ်ကို ကျွန်တော်တို့က ခန့်မှန်းရမှာ ဆိုတော့လေ။
ဖြေ ။ ။ ဟိုတစ်ခုကလေ ကျွန်တော်တို့က နိုင်ငံကို နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်တင်မယ်ဆိုရင် နိုင်ငံရေးအခွင့်အလမ်းတွေကိုတော့ ဖွင့်ပေးရမယ်။ ဥပမာဆိုပါတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ၊ ကြေညာချက်တွေ အသစ်အသစ်တွေ ထပ်ထုတ်နေတဲ့ကိစ္စ က တည်ငြိမ်နေတဲ့ကာလကတောင်မှ မရှိခဲ့ဘူး။ အခုဒီကာလမှာ ထပ်ထပ်လုပ်တော့ နိုင်ငံရေးပါတီက ဥပမာအားဖြင့် ကျွန်တော်ဆိုလို့ရှိရင် သံတမန်ဆက်ဆံရေး ကျွန်တော်အများကြီးရှိတယ်။ ရှိတဲ့အခါမှာ လည်း ကျွန်တော့်နိုင်ငံတော်ရဲ့အကျိုးစီးပွားကိုပဲ ဦးတည်ပြီး ကျွန်တော်တစ်လျှောက်လုံး လုပ်လာတယ်။ ပြည်ပအထောက်ပံ့လိုချင်လို့ရှိရင် ရုံးမှာ တခမ်းတနား လက်ခံတွေ့ပြီးတော့ ယူမလားဗျ။ ဒါမျိုးက လူမသိ၊ သူမသိ လုပ်မှာပေါ့။ ဆိုလိုတာက။ အဲဒီတော့ နိုင်ငံရေးပါတီတွေဟာ ဒါပြည်ပ အထောက်အပံ့ မယူရဘူး။ ဒါလိုကို လိုအပ်တယ်လေ။ မဟုတ်ရင် ပြည်ပစွက်ဖက်မှုတွေ ပါလာမှာပေါ့။ သို့သော် အဲဒီက ပြည်ပက အထောက်အပံ့မယူရဖို့အတွက်ကို နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များ၊ လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံလို့ရှိရင် ကြိုတင်ခွင့်ပြုချက်ရယူရမယ်ဆိုတဲ့ဟာ ထပ်ထုတ်တဲ့ကိစ္စက ပြောရရင်တော့ မတွေ့နဲ့လို့ တားတာပဲ။ တွေ့ခွင့်မပေးဘူးလို့ တားတာပဲ။ တွေ့ခွင့်မပေးတော့ ဒီနိုင်ငံမှာ ပြောရရင်တော့ စစ်တပ် ထောက်ခံတဲ့အုပ်စုလည်း မဟုတ်။ ဒီမှာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့အုပ်စုလည်း မဟုတ်တဲ့ကြားက အသံတွေကို သူတို့ကြားခွင့်မရတော့ဘူးပေါ့ဗျာ။ နားထောင်ခွင့် မရတော့ဘူးပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက။ ကျွန်တော်တို့ကလည်း ဟိုကတွေ့ချင်တယ်လို့ ခွင့်တောင်းတဲ့အချိန်မှာ ကျွန်တော်က နိုင်ငံခြားရေးရုံးကို စာတင်ရမယ်၊ ကော်မရှင်ကို စာတင်ရမယ်။ သူတို့ဆီက စိစစ်မယ်။ အကြောင်းပြန်ကြားချက် ယူရမယ်ဆိုတာမျိုးတွေကို ကျွန်တော်လည်း မလုပ်တော့ဘူး။ အလုပ်ရှုပ် မခံတော့ဘူး။ မလုပ်တော့ ဘာနစ်နာသွားလည်းဆိုတော့ ဒီနိုင်ငံမှာ နိုင်ငံရေးနည်းလမ်းအရသွားချင်တဲ့ ပုဂ္ဂိုလ်များရဲ့အသံကို နိုင်ငံတကာက ကြားခွင့်မရတော့ဘူး။ ခုနကပြောသလို ပြည်ပအထောက်အပံ့ ယူချင်ရင် ခင်ဗျား တရားဝင် ကျွန်တော် သတင်းထုတ်ပြန်ပြီးတော့၊ Facebook တင်ပြီးတော့ ဟုတ်လား ကိုကိုကြီးနဲ့ ဘယ်သံအမတ်ကြီးနဲ့ တွေ့ပါတယ်။ ဘယ်နိုင်ငံတကာအဖွဲ့အစည်းနဲ့တွေ့ပါတယ်လို့ ဘယ်သူ က သတင်းထုတ်ပြီး တွေ့နေမလဲ။ ဆိုလိုတာက။ အဲဒါမျိုးလောက်ကတော့ ဒါ Common Sense ခေါ်တယ်လေ။ ဒီလောက်တော့ စဉ်းစားနိုင်ရမှာပေါ့ သဘောက။ အဲဒီတော့ အခုကျွန်တော်တို့က ပြည်သူ ကြားထဲမှာ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ စည်းရုံးရေး ဘယ်လိုလုပ်မလဲ။ အဲဒီတော့ နိုင်ငံရေးပါတီက လူထုကြားထဲမှာ ဘာအသံမှလည်း မထွက်နိုင်ဘူး။ ဘာစည်းရုံးမှုမှလည်း မလုပ်နိုင်ဘူးဆိုရင် အဲဒီနိုင်ငံရေးက ပါတီတစ်ခုခုကို သတ်တာမဟုတ်ဘူး။ နိုင်ငံရေးအခင်းအကျင်းတစ်ခုလုံးကို သတ်တာ။
မေး ။ ။ အဲဒီတော့ ဒီ(၂)နှစ်မှာ ကာလုံကိုပြန်ပြီး အာဏာအပ်နှင်းလိုက်တဲ့အခါမှာ လူကတော့ သေချာပေါက် လက်ရှိ ရှိတဲ့လူစာရင်းပေါ့။ နိုင်ငံတော်ကောင်စီဝင်တွေဆိုတာ အများကြီး ရှိတာကို။ သူတို့ လည်း သေချာပေါက် တချို့တွေ တော်တော်များများ နားရမယ့် ပုံရတယ်။ နောက် အဖွဲ့အစည်း ပုံစံပြောင်းသွားမယ့်သဘောတော့ မြင်ရလား အခင်းကျင်းက။ အခုရော ဘယ်လိုမျိုးပြောချင်လဲ။
ဖြေ ။ ။ အဲဒါတော့ ဆုံးဖြတ်မယ့်ပုဂ္ဂိုလ်တွေပဲ သိမှာပဲ။ ဘာလို့လဲဆိုတော့ ဒီကိစ္စက ဘယ်သူ့သဘော ထား၊ ဆန္ဒမှ ခံယူပြီးလုပ်နေတာမဟုတ်ဘူးလေ။ ဆိုတော့ ဦးဆောင်တဲ့သူတွေက ဒါသူတို့စိတ်ကြိုက် စီမံဖွဲ့စည်းတာကိုး။ ဖွဲ့စည်းတဲ့နေရာမှာလည်းပဲ ကျွန်တော်တို့က လူပုဂ္ဂိုလ်တွေကို ရာထူးနေရာတွေ ပေးတာထက်ကို အဲဒီပုဂ္ဂိုလ်တွေရဲ့ အကြံဉာဏ်သဘောထားတွေကို အလေးအနက်ထားပြီးတော့ ဆုံးဖြတ်တာမျိုးဆိုရင်တော့ စုဖွဲ့မှုကောင်းတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တပ်ရဲ့စုဖွဲ့မှုအတိုင်းပေါ့ အမိန့်ပေး၊ အမိန့်နာခံမှု ပုံစံမျိုးနဲ့သွားရင်တော့ လူတွေတော့ ရာထူးရချင် ရသွားမှာပေါ့။ ဘယ်ပါတီက ဘယ်သူတွေ ပါရင်ပါသွားမှာပေါ့။ ပြီးတဲ့အခါကျတော့ သူ့ရဲ့မူဝါဒပိုင်းပေါ့။ အဲဒီအပိုင်းက ဘာမှထူးခြားတဲ့ ပြုပြင် ပြောင်းလဲမှုတွေဖြစ်မလာဘူးဆိုရင်တော့ ဒါပြုပြင်ပြောင်းလဲတယ်လို့ ပြောလို့မရဘူးပေါ့။
မေး ။ ။ အဲဒီတော့ (၂)နှစ်ပြည့်ပြီးတော့ ပေါ်လာမယ့် အစုအဖွဲ့ပေါ့နော်။ အဲဒီအစုအဖွဲ့နဲ့ပတ်သက်ရင် အစ်ကိုအကြံပြုချင်တာက လူပြောင်း၊ မူပြောင်းဆိုတာထက် တခြားထပ်ပြီးပိုနက်နဲတဲ့ အကြံပြုချင်တာ ဘာတွေရှိမလဲ။
ဖြေ ။ ။ သေချာတာကတော့ မူမပြောင်းလို့မရဘူး။ မူမပြောင်းရင် အခုတောင်မှပြောရရင် မြန်မာနိုင်ငံ မှာကလည်း ပြည်သူတွေက ချစ်ခြင်း၊ မုန်းခြင်းနဲ့ နိုင်ငံရေးကို တည်ဆောက်ခံလိုက်ရတာ။ ဘာလို့လည်း ဆိုတော့ ဘယ်သူ့ကိုတော့ အရမ်းချစ်တာပဲဆိုရင် ဘယ်တစ်ခုမှ အဆိုးမမြင်ဘူး။ သူက ပုဂ္ဂိုလ်စွဲနဲ့ သွားတာကိုး။ မုန်းပြီဟေ့..ဆိုရင်လည်း ဘယ်လောက်ကောင်းတာလုပ်လုပ် အကောင်းမမြင်ဘူး။ အကောင်းမြင်ရင်တောင် လူသိရှင်ကြား အသိမှတ်မပြုချင်ဘူး။ ဆိုလိုတာက။ အဲဒီတော့ ကျွန်တော်တို့က ပြည်သူကြားထဲမှာ အထိုက်အလျောက်ပေါ့။ အပြည့်အဝကတော့ ဘယ်သူမှမဖြစ်နိုင်ဘူး။ အထိုက် အလျောက်ယုံကြည်မှုရှိမယ့်ပုဂ္ဂိုလ်များ ပါလာဖို့လိုမယ်။ ဟိုပြောရရင်တော့ လက်အောက်ခံတော့ မမွေးနဲ့။ လက်အောက်ခံမွေးလိုက်ရင် စစ်တပ်ရဲ့လက်အောက်ခံလို့ တံဆိပ်ကပ်ခံလိုက်ရရင် အဲဒီပုဂ္ဂိုလ် အပေါ်မှာပါ ရှိပြီးသား။ ယုံကြည်မှုပါ ပျောက်သွားရော။ အဲဒီတော့ တကယ့်တကယ်က ဒါလက်ရှိ ရှိတဲ့ တပ်မတော်ခေါင်းဆောင်များက စဉ်းစားတဲ့အခါမှာ ပြည်သူကြားထဲမှာ အထိုက်အလျောက် မျှော်လင့်မှု၊ ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်များ ပါလာဖို့လိုတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့အကြံပြုချက်သဘောထားတွေကိုလည်း အလေးအနက်ထားပြီး ထည့်သွင်းဆုံးဖြတ်ဖို့လိုတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီဆောင်ရွက်မယ့် ပုဂ္ဂိုလ်များကလည်း ဥပမာ - ကျွန်တော်တို့ဆို အမြဲတမ်းစဉ်းစားတယ်။ တစ်ခုခု အကြံပြုမယ်၊ တိုက်တွန်း မယ်ဆိုရင်တောင်မှ ကျွန်တော်တို့မှာ Red Line ဆိုတာ ရှိတယ်။ ထမင်းရည်ပူ စည်းပေါ့။ အဲဒါ မကျော် ရဘူးဗျ နိုင်ငံရေးမှာ။ အဲဒီအကန့်အသတ်ကို နားလည်ရတယ်။ စစ်တပ်မှာလည်းပဲ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ အကန့်အသတ်တွေ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်ကလည်း မဆန့်ရင်ကာ ကိုယ်ဖြစ်ချင် တာတွေချည်းပဲလျှောက်ပြောလို့မရဘူး။ လက်ရှိ ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေအရ အကန့်အသတ် ကို နားလည်ရမယ်။ နားလည်ပြီးတော့ သူ့ဘက်လည်း လိုက်လျောနိုင်ရမယ်။ လိုက်လျောခြင်းကြောင့် သူ့အတွက် အန္တရာယ်မဖြစ်စေရဘူး။ သူ့အတွက်လည်းပဲ အဲဒီလိုလိုက်လျောခြင်းကြောင့်၊ ပြောင်းလဲ လိုက်ခြင်းကြောင့် ထိုက်သင့်တဲ့ ယုံကြည်မှုပြန်ရလာမယ်ဆိုတဲ့မျှော်လင့်ချက်လည်း သူ့အတွက် ရှိရမယ်။ အဲဒီလိုမျိုး စဉ်းစားနိုင်မှ ကျွန်တော်တို့က ပြုပြင်ပြောင်းလဲရေးက အကောင်အထည်ပေါ်မှာ။ ဒါကြောင့်မို့ လို့ မူမပြောင်းလို့မရဘူး။ လူပြောင်းတာကတော့ ဒီအချိန်မှာ ဆုံးဖြတ်ချက်က လက်ရှိဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကပဲ ဘယ်သူ့ဖြုတ်မယ်၊ ဘယ်သူတတ်မယ်ဆိုတာ အားလုံး သူတို့ဆုံးဖြတ်လို့ရမယ်။ အဲဒီ တော့ ဆုံးဖြတ်ရင်လည်းပဲ လူချည်းပဲ ခေါ်လာလို့တော့မရဘူး။ လူချည်းပဲ ခေါ်လာရင်၊ လက်အောက်ခံ ဖြစ်သွားရင် အဲဒီလူအပေါ်မှာ နဂို မရှိမဲ့၊ ရှိမဲ့ ယုံကြည်မှုလေးပါပျောက်သွားမှာပဲ။ အဲဒီတော့ သူနဲ့ ပတ်သက်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အကြံဉာဏ်တွေ၊ မူပိုင်းဆိုင်ရာတွေကိုလည်း လက်ခံပေးဖို့လိုတယ်။ အဲဒါမှ လူပြောင်း၊ မူပြောင်းဖြစ်မှာ။ လူပြောင်းဆိုတာတောင်မှ လူအစားထိုးပေါ့။ တစ်အုပ်လုံးကြီး ပြောင်းပစ်ဖို့ဆိုတာ ဒီအချိန်မှာ ကျွန်တော်တို့မျှော်လင့်လို့မရနိုင်သေးဘူး။ အဲဒီတော့ ပြောင်းလိုက်တဲ့ လူမှာ မူတော့ ပါသွားဖို့လိုတယ်။ နောက်တစ်ခုကလည်း မပြောင်းဘူးဆိုရင်တောင်မှ မပြောင်းတဲ့လူတွေ က ငါတို့မူတော့ပြောင်းမှဖြစ်မယ်ဆိုတဲ့ စဉ်းစားချက်မျိုး ရှိဖို့လိုတယ်။ ဆိုတော့ အဲဒါမဟုတ်ရင် အခုအကွဲက တော်တော်ကြီးတယ်။ ပြည်သူကြားက အကွဲက။ မိသားစုထဲ တစ်ယောက်ချင်းစီအထိ ကွဲတာ။ ဆရာ/တပည့် ကွဲတယ်။ ဆရာ/ဒါကာ ကွဲတယ်။ ညီအစ်ကို ကွဲတယ်။ သားအဖကွဲတယ်။ အဲဒီလောက်ထိ ကွဲပြဲပြီးတော့ ယဉ်ကျေးမှုပါကွဲတာ။ ယဉ်ကျေးမှုပါ အကုန်လုံးပျက်ကုန်တာ။ ဆိုတော့ အဲဒီအခြေနေကြီးကို ပေါ့ပေါ့တန်တန် တွက်ပြီးတော့ အင်အားအဓိကနဲ့ ချေမှုန်းမယ်။ တည်ငြိမ်မှုဆိုတာ ချေမှုန်းလိုက်ရင် တည်ငြိမ်သွားမှာပဲဆိုတာ အဲဒီလောက်တော့ မလွယ်ဘူး။ အဲဒီလို စဉ်းစားလို့မရဘူး။
မေး ။ ။ အဲဒီတော့ ကျွန်တော်တို့ ဒီမှာ ၂ဝ၂၁ အခင်းအကျင်းနဲ့ပတ်သက်ပြီးပေါ်လာတဲ့ အစိုးရတွေ၊ ကောင်စီတွေနဲ့ပတ်သက်ရင် လူတွေက ပြောတာရှိတယ်။ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ အများဆုံး ထောက်ပြကြတာတွေ ရှိတယ်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး။ ယူတာ မညီဘူးပေါ့။ သမ္မတကို တင်ပြရမယ်တို့၊ ကာလုံက သမ္မတကို တင်ပြရမယ်တို့ ဘာတို့ဆိုတာက သမ္မတကိုဖမ်းထားမှတော့ ဘယ်လိုတင်ပြမှာလဲတို့၊ အဲဒီမေးခွန်းတွေက အကြီးအကျယ် ခုထက်ထိ ဖြေရှင်းစရာ မရှိဘူး ဖြစ်နေ တယ်။ ဖြေလို့မရဘူးဖြစ်နေတယ်ဆိုတော့ အဲဒီအခင်းအကျင်းကို ဘယ်လိုများနားလည်ထားလဲ။
ဖြေ ။ ။ ဒါကြောင့် ဒါ man-made law လို့ ပြောတာ။ လူလုပ်တဲ့ ဥပဒေ။ လူတောင်မှ ခပ်ရှင်းရှင်း ပြောရရင် စစ်ဗိုလ်တွေ လုပ်တာဗျာ။ အဓိက ဦးဆောင်လုပ်သွားတာ ညောင်နှစ်ပင်မှာ လုပ်သွားတာ။ အဲဒီတော့ ခုစစ်ဗိုလ်တွေ ဘာသာပြန်တာလေ။ စစ်ဗိုလ်တွေ ကျင့်သုံးတာလေ။ အဲဒီတော့ ဒီဟာကို သွားပြီး အငြင်းပွားနေရင် ကျွန်တော်ပြောတာက အဖြေထွက်ချင်တယ်ဆိုရင်တော့ အငြင်းပွားလို့ အဖြေ ထွက်မယ်ဆိုရင်တော့ ငြင်းပေါ့ဗျာ။ ဟုတ်လား ကျွန်တော်ပြောချင်တာက။ တကယ့်တကယ်ဆိုရင် လွတ်လပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရှိလား၊ အခု မရှိဘူးလေ။ အခုငြင်းပြီဆိုရင် ကျွန်တော် တို့က ဒါလွတ်လပ်တယ်ဆိုတဲ့စကားလုံးကို ထည့်ပြောထားတာနော်။ လွတ်လပ်တဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ရှိပြီဆိုရင်တော့ ဒါဖွဲ့စည်းပုံနဲ့ ညီညွတ်တယ်။ မညီညွတ်ဘူးဆိုတာကို သူက ဆုံးဖြတ်ပေးလိမ့် မယ်။ အမေရိကားမှာဆိုရင်တော့ သူက High Court/ Supreme Court ကို တင်ရတာပေါ့။ တရားလွှတ် တော်ချုပ်နေပြီးတော့ပဲ ဒါဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်သလား၊ မညီညွတ်ဘူးလားဆိုတာကို ဆုံးဖြတ်တယ်။ အဲဒါကို ကျွန်တော်တို့က နာခံရတယ်။ ဒီမှာ ဒီအခြေအနေမရှိဘူး။ အဲဒီတော့ ငြင်းလည်း ငြင်းတာပဲ ရှိတာပေါ့။ ဒါ အာဏာသိမ်းတယ်လို့ ငြင်း၊ အာဏာထိန်းတယ်လို့ ငြင်း၊ ငြင်းလေ။ အဲဒီတော့ အဖြေထွက်ဖို့ဆိုရင်တော့ ခုနကပြောသလို အဖြေထွက်တဲ့စဉ်းစားချက်မျိုး၊ နည်းလမ်းတွေနဲ့ စဉ်းစားပေါ့။ ကျွန်တော်တို့မှာ တစ်ဦးချင်းကောက်ချက်တွေ ရှိတာပေါ့။ သို့သော် ကျွန်တော်တို့က အဖြေကိုစဉ်းစားတဲ့ အခါကျတော့ ခုနက လက်တွေ့ကျတဲ့ချဉ်းကပ်မှုမျိုးကို စဉ်းစားတယ်။ စဉ်းစားတဲ့အခါမှာလည်းပဲ ကျွန်တော် ဒီနိုင်ငံမှာ မွေးတယ်။ ဒီနိုင်ငံမှာ ကြီးတယ်။ ဒီနိုင်ငံရဲ့နိုင်ငံရေးထဲမှာ တစ်ဘဝလုံး နှစ်မြုပ်ပြီး လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီနိုင်ငံနဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်တွေဟာ ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်တော် (၃၅)နှစ် တစ်လျှောက်လုံးမှာ မမှားခဲ့ဘူး။ နောက်ပိုင်း ကျွန်တော် အချိန်ရရင် ဘယ်ကွေ့တွေမှာ ကျွန်တော်ဘယ်လိုဆုံးဖြတ်ခဲ့တယ်၊ ဘယ်လိုအကြံဉာဏ်ပေးခဲ့တယ်။ သို့သော် မအောင်မြင်ခဲ့တဲ့ဟာတွေပေါ့။ ကျွန်တော် Series လိုက် ပြန်ပြောပြမယ်။ အဲဒီတော့ အဝေးက နေပြီးတော့ မြန်မာနိုင်ငံ ဟိုလိုဖြစ်နိုင်တယ်၊ ဒီလိုဖြစ်နိုင်တယ်ဆိုပြီးတော့ ကျွန်တော်တို့ တက္ကသိုလ်တုန်း က ဘော်လီဘောပွဲမှာ အားပေးတဲ့ပရိသတ်လိုပဲ။ ဟိုလို လုပ်လိုက်ပါလား။ ဒီလိုလုပ်လိုက်ပါလားတွေ ကတော့ အများကြီးပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံရေးမှာ။ သူ့တို့မှာ ဘာတာဝန်မှမရှိဘူးလေ။ ဒီနိုင်ငံနဲ့ ပတ်သက်ပြီးတော့။ အဲဒီတော့ ဒါကြောင့်မလို့ ဒီနိုင်ငံပြသနာဟာ ဒီနိုင်ငံထဲမှာ နေပြီးတော့၊ ဒီနိုင်ငံရေးထဲ မှာ မြှုပ်နှံပြီးတော့ လုပ်နေတဲ့သူတွေ အားကောင်းလာဖို့လိုတယ်လို့ ကျွန်တော်ကတော့ အဲဒီလိုမြင် တယ်။
မေး ။ ။ အဲဒီတော့ ဒီနေ့လူအဖွဲ့အစည်းကြီးက ၂ဝ၂၁ အခင်းအကျင်းနဲ့အတူပေါ်လာတဲ့ လူ့အဖွဲ့အစည်း ကြီးက အမှန်/အမှား ငြင်းခုန်တဲ့အဆင့်လောက်ပဲရှိပြီးတော့ အဖြေထွက်ခြင်း၊ အဖြေရှာခြင်း လမ်းကြောင်းပေါ်တက်တာ သိပ်မတွေ့ရဘူးလို့ ပြောချင်တာလား။
ဖြေ ။ ။ အဖြေလို့ပြောရင် သူက မှန်းဆချက်တွေနဲ့ဆိုင်တယ်။ ငါတို့ နိုင်ကိုနိုင်ရမယ်ဆိုတာ ဒါ မှန်းဆ ချက်ပေါ့။ နောက်တစ်ခုက မျှော်လင့်ချက်ပေးတာနဲ့လည်း ဆိုင်တယ်။ ဒါ ကျွန်တော်တို့ (၂)နှစ်ကာလ ပြန်ကြည့်ရင် စစ်တပ်ဘက်က လုပ်တာတွေလည်း လက်လွန်ခြေလွန်လုပ်တာတွေ ကျွန်တော်တို့ တောက်လျှောက်တွေ့နေရတာ အများကြီးပဲ။ ဒါမြေပြင်ပေါ်မှာ တကယ့်ကို အတိဒုက္ခရောက်နေတာ တွေ ကျွန်တော်တို့ပြောရရင် စိတ်ထိခိုက်ပြီးတော့ ကြုံတွေ့နေရတဲ့ဟာတွေ အဲဒီတော့ ဒီဘက်ကလည်း တစ်ပတ်တောင့်ထားခံနိုင်ပြီ၊ နှစ်ပတ်တောင့်ထားနိုင်ပြီ။ R2P လာတော့မယ်။ ဘာလုပ်တော့မယ်။ ညာလုပ်တော့မယ်ဆိုတဲ့ဟာ ကျွန်တော်က ကျွန်တော်ကြုံခဲ့ရတဲ့ ထောင်ထဲက အတွေ့အကြုံတွေကို မပြောချင်လို့။ ပြန်မပြောချင်လို့။ ပြန်မပြောချင်လို့ဆိုတာ ပြောတော့ပြောချင်သော်လည်း ချိန်နေတာ ပေါ့။ ထောင်ထဲမှာလည်းပဲ ကျွန်တော်တို့လွတ်ကြောင်သတင်းလို့ ခေါ်တယ်ဗျ။ ဘာလို့လဲဆိုတော့ ထောင်ဆိုတာ သူသူကိုယ်ကိုယ် လွတ်ချင်ကြတာပေါ့။ အဲဒီတော့ တစ်ဖက်ကလည်း စေတနာဆိုးတော့ မဟုတ်ဘူး။ အထဲမှာရှိတဲ့အကျဉ်းသားတွေကို စိတ်ဓါတ်ခွန်အားဖြစ်အောင်ဆိုပြီးတော့ စိတ်ဓါတ်ခွန်အား ဖြစ်မယ့်သတင်းတွေ ယူယူလာတဲ့ဟာတွေက မဟုတ်ဘူး။ သတင်းတော်တော်များများက။ မဟုတ်ဘူး။ နောက် သတင်းအချက်အလက်တွေကိုလည်း ပုံဖျက်ပြီးတော့ ဝင်လာတာ။ အမှား၊ အမှန်တွေ ရောထည့် တာပေါ့။ အဲဒါက Facebook ခေတ်မဟုတ်သေးတော့ ထောင်ဆိုတော့ ထောင်ဝင်စာသတင်းနဲ့ ကျွန်တော်တို့ပြောရရင် ရယ်စရာပေါ့ဗျာ ထောင်ထဲရောက်ခါစကတော့ ညဘက်ဆိုရင် လွမ်းလွမ်း ဆွေးဆွေးနဲ့ဆိုတဲ့ သီချင်းလေးတွေရှိတယ်။
ဒါထူးအိမ်သင် သီချင်းပေါ့ (၃)နှစ်လောက် အမေ့ဆီမပြန်ဘဲ လွင့်တဲ့ သားလူမိုက်ဟာ ဘာညာ။ ကျွန်တော်တို့ (၃)နှစ်လောက် သီချင်းထဲမှာ ဆိုတယ်။ တကယ်နေလိုက်ရတော့ ပထမတစ်ခေါက် (၁၃) နှစ်ကျော်ကျော်လောက်နေလိုက်ရတယ်။ အားလုံးပေါင်းလိုက်ရင်တော့ (၁၉) နှစ်ကျော်ကျော်နေလိုက်ရ တယ်။ အဲဒီတော့ စိတ်ကူးမယဉ်နဲ့ ကျွန်တော်ပြောတာ နိုင်ငံရေးကို စိတ်ကူးယဉ်တာမျိုးက အချက် အလက်မခိုင်လုံပဲနဲ့ သိပ်အန္တရာယ်ကြီးတယ်။ အခုလည်းပဲ False hope တွေပေါ့။ မျှော်လင့်ချက်အမှား တွေ တောက်လျှောက်ပေးပြီးတော့ လုပ်လာတဲ့ဟာကျတော့ ပြည်သူတွေက ရယ်စရာဖြစ်လာတယ်။ အယုံအကြည်မဲ့လာတယ်ပေါ့။ ဒါတစ်မျိုးပြီးသွားရင် နောက်ထပ်မျှော်လင့်ချက်တစ်ခု ထပ်လုပ် ထပ်လုပ် နဲ့။ အမှားပေါ်မှာ အမှားတွေ ထပ်ထပ်ပြီးတော့ ဆင့်လာတဲ့ဟာတွေ။ အဲဒါသိပ်အန္တရာယ်ကြီးတယ်။ အဲဒီတော့ တပ်ဘက်အသိုင်းအဝိုင်းကြည့်လိုက်တော့လဲ တပ်ဘက်ကနေ Lobby လုပ်တဲ့အုပ်စုတွေမှာ ဟာ သူတို့အကြီးအကျယ်နိုင်နေတာပဲ။ ဒီဘက်ကကြည့်လိုက်တော့လဲ တစ်နေ့တစ်နေ့ မုန့်ဟင်းခါးပွဲရေ ကို နည်းတာမဟုတ်ဘူး။ အဲဒါမျိုးတွေနဲ့ မီဒီယာတွေကိုယ်၌ကလည်း Professional မဖြစ်တော့ဘူး။ အကုန်လုံးက ကိုယ့်ဘက်သူ့ဘက်တွေနဲ့ဖြစ်ကုန်တော့ ဒီလူအဖွဲ့အစည်းဟာ သူ့ဘက်၊ကိုယ့်ဘက်ပေါ့။ သူ့ဘက်ကိုယ့်ဘက်ဆိုတာက ဘက်မဟုတ်တဲ့သူတွေကိုပါ ကိုယ့်ဘက်မှာ မရပ်တည်ရင် သူ့ဘက်ဆိုပြီး ကန်ထည့်တာပေါ့။ အဲဒီသလိုနဲ့ တော်တော်များများက ဘာမှထုတ်မပြောတော့ပဲနဲ့ အသံတိတ်အင်အားစု ကြီးက တော်တော်ကြီးလာတယ်။ အလွှာတစ်ခုဖြစ်လာတယ်။ သိသာတာဆိုရင် ဗုဒ္ဓဘာသာလူ့အဖွဲ့အ စည်းဟာ စစ်အာဏာရှင် မလိုချင်ဘူးဗျ။ နဂိုကတည်းက။ မြတ်စွာဘုရားကိုယ်၌က ကာလာမသုတ္တံမှာ အတွေးအခေါ်လွတ်လပ်ခွင့်ကို ဖွင့်ပေးထားတာ။ အဲဒီတော့ ဒီအာဏာရှင်နဲ့ ဗုဒ္ဓဘာသာနဲ့က မတည့်ဘူးဗျ တကယ့်တကယ်က။ ဒါကြောင့်မို့လိုလဲ (၈)လေးလုံးက စပြီးတော့ သံဃာတွေက ကျွန်တော်တို့ ရွှေဝါရောင်တစ်လျှောက်လုံး ပါခဲ့ကြပြီးတော့ ဒီပွဲမှာ ဘာဖြစ်လို့ Silent ဖြစ်သွားတာလဲ။ လေးလေးနက် နက်ပြန်သုံးသပ်ဖို့လိုတယ် Silent ဖြစ်သွားတာနဲ့ စစ်တပ်ကဟာတွေဆိုပြီး သွားပြီးတော့ မဟုတ်ဘူး။ သို့သော် ပြဿနာက ဘာပေါ်လာလဲဆိုတော့ ဘယ်သူကမှ အကာအကွယ်မပေးနိုင်တော့ဘူးဆိုတဲ့ လုံခြုံမှုကင်းမဲ့တဲ့အခြေအနေကိုရောက်လာတယ်။ စစ်တပ်လွှမ်းမိုးတာကြီးကို ကြိုက်သလားဆိုတော့ လည်းမကြိုက်ဘူး။ အဲဒီလိုမျိုးကို အသံထွက်ခွင့်မရတဲ့အင်အားစုကြီး နောက်တစ်ခုက သာမန်ပြည်သူ တစ်ယောက်က ဆန္ဒပြတုန်းက ပြခဲ့ကြတာပဲ (၂)နှစ်စလုံးတော့လည်း သံဗုံးခေါက် မနေနိုင်ဘူး။ လူတွေ က ထွက်ပေါက်ကလေးယူလို့ အလှပုံလေးတွေ တင်လိုက်ရင် ဆဲကြပြန်ရော။ ဘယ်မှလည်း ပျော်ပွဲရွှင်ပွဲ လည်း မသွားရဘူး၊ ဘာမလုပ်ရဘူး၊ ညာမလုပ်ရဘူးဆိုတာကြီးကို တောက်လျှောက်တွေ ဖိအားပေး တယ်။ CDM ကိစ္စ။ CDM တကယ့်တကယ်လည်းကျရော CDM တော်တော်များများ ဘဝပျက်နေတာ။ ပြောရရင် အကုန်လုံးဈေးသည်ဖြစ်နေပြီ။ ဈေးသည်ဖြစ်နေပြီး ဝယ်စားမယ့်သူကလည်း မရှိတော့ဘူး။ နောက်ဆုံးကျတော့ ကြာလာလို့ရှိရင် Barter System ဖြစ်တော့မယ်။ သူ့မုန့်နဲ့ ကိုယ့်အထည်နဲ့ လဲစား ဆိုတာမျိုးဖြစ်တော့မယ် တဖြည်းဖြည်းနဲ့။ တိုင်းပြည်မှာ ဒီလိုအခြေအနေမျိုးကြီးဖြစ်နေတဲ့ဟာကို အမှန် အတိုင်းတော့ ပြန်သုံးသပ်ဖို့လိုတယ်။ နောက်တစ်ခုက Time Frame ရှိဖို့လိုတယ်။ ကိုယ်လုပ်တဲ့အလုပ် ဟာ အချိန်ကာလ ကန့်သတ်ချက်ဘယ်လောက်ကြာမလဲ နည်းနည်းပါးပါးတော့ ကွာမှာပေါ့။ အတိအကျ တော့ ဘယ်သူမှမလုပ်နိုင်ဘူး။ စစ်တပ်ကတော့ ပြောပြီ (၁)နှစ် (၆)လနှစ်ကြိမ် (၂)နှစ်ပြည့်ပြီ၊ ကာလုံ လွှဲမယ်၊ (၆)လအတွင်း ရွေးကောက်ပွဲလုပ်ပေးမယ်။ သူကတော့ သူ့ဘက်က Time Frame တစ်ခုပေးပြီ။ ဒီဘက်က ခုခံဆန့်ကျင်မယ့်ပုဂ္ဂိုလ်များကလည်း Time Frame ရှိသလား။ တစ်ပတ်ကြာမယ်၊ နှစ်ပတ် ကြာမယ်လောက်နဲ့တော့ မလုပ်နဲ့တော့။ ကျွန်တော်ပြောတာက (၅)နှစ်လား။ ပြောလိုက် (၅)နှစ်အတွင်း မှာ ကျွန်တော်တို့အပြတ် အပြောင်းအလဲတစ်ခုခုလုပ်မယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ လူတွေက နာလှပြီ။ တဖြည်းဖြည်းကြာရင် မြေပုံပဲကျန်ပြီး လူကုန်တော့မယ်။ ကျွန်တော်လည်း ပြောသာပြောနေရတာလေ ဆဲဆိုခြိမ်းခြောက်တာတွေ မျိုးစုံကြားထဲမှာ။ ကျွန်တော်က နိုင်ငံရေးကို ရူးသွပ်လို့လုပ်တယ်ဆိုတဲ့နေရာ မှာ ဘာကြီးဖြစ်ချင်လို့ဆိုတဲ့လောဘနဲ့လုပ်တာမဟုတ်ဘူး။ အဲဒါတော့ ကျွန်တော်ရိုးရိုးသားသား အစထဲ က ပြောထားပြီးသား။ နောက်ဆုံးက ကျွန်တော့်မိသားစုဘဝလေး အေးအေးဆေးဆေးပြောရရင်တော့ သာမန်ဘဝလေးက အအေးချမ်းဆုံးပဲ။ အခုက ကျွန်တော့်အပူကို မိသားစုပါခံရတာ။ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ပြောရရင် မတရားဘူး။ သူတို့ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ ကျွန်တော့်ရွေးချယ်မှု၊ ကျွန်တော့်ဆုံးဖြတ်မှုကို မိသားစုချင်း ကလေးတွေကအစ လိုက်ပါနေရတာပေါ့နော်။ အဲဒီတော့ ကျွန်တော်ကိုယ်တိုင်လည်း အေးချမ်းချင်ပြီ။ အထူးသဖြင့်တော့ ဖအေတစ်ယောက်ဖြစ်လာတဲ့ အခါကျ တော့ ကျွန်တော်တို့မျိုးဆက်တွေကို လုံခြုံစိတ်ချရတဲ့လူ့အဖွဲ့အစည်းထဲမှာ ထားခဲ့နိုင်ဖို့အတွက်ပေါ့ဗျာ။ အဲဒါတော့ ဝိုင်းပြီးစဉ်းစားကြပါ။ နောက်ဆုံးပြောရရင် ထိပ်ပိုင်းခေါင်းဆောင်တွေအားလုံးဟာ လုံခြုံရေး အစောင့်အရှောက်တွေအပြည့်နဲ့ Villa ကြီးတွေထဲမှာ နေနေရတာ။ မြေပြင်ပေါ်မှာ ဘယ်သူမှ မလုံခြုံပါ ဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကိုယ်စားလှယ်လောင်းများနဲ့ မိသားစုများ လုံခြုံရေး ဘယ်သူမှ တာဝန်မယူနိုင်ပါဘူး။ အရွေးခံသွားရရင်တောင်မှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ မိသားစုများ လုံခြုံရေး ဘယ်သူတာဝန်ယူမှာလဲ။ ကျွန်တော်တို့ပြောစရာတွေအများကြီး ရှိတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဆုံးဖြတ် ချက်ဟာ သန်း(၅ဝ)လုံး ရင်ဆိုင်ရမယ်ဆိုတာကိုတော့ အလေးအနက်ထားစေချင်တယ်။
မေး။ ။ နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ပေါ့။ တစ်ဖက်မှာလည်း နစက က သူရဲ့သက်တမ်းကပြည့်ပြီ ပြည့်တာနဲ့ နောက်ပေါ်လာမယ့် ကာလုံကနေ ရွေးကောက်ပွဲလုပ်မယ်လို့ သူတို့က Frame ချပြီးသွားပြီ။ ဒါသေချာပေါက် သူတို့ ၂ဝ၂၃ ခုနှစ် သြဂုတ်မှာ ယခင်ထဲက မှန်းထားတဲ့အတိုင်း လုပ်မယ်လို့ပြင်ထား တယ်။ အောင်မြင်အောင်တော့ ရသလောက် သူတို့လုပ်မယ်ပေါ့။ တစ်ဖက်မှာကျတော့ ၂ဝ၂၃ ခုနှစ်ဟာ အဆုံးအဖြတ်ပေးမယ့်နှစ်ဆိုပြီးတော့ ရွေးကောက်ပွဲကို ရအောင်ဖျက်ရမယ်။ ရွေးကောက်ပွဲမဖြစ်အောင် လုပ်ရမယ်ဆိုပြီး ရှိနေတယ်။ အဲဒီ Community နှစ်ခုလုံးကို ကြားကနေကြည့်ပြီးတော့ တကယ်တမ်း လုပ်သင့်တာ ဘာလို့ မက်ဆေ့ပေးချင်လဲ။
ဖြေ ။ ။ အဓိကကတော့ ကျွန်တော်အမြဲတမ်းပြောနေတာ အသွင်ကူးပြောင်းရေးကာလ သဘောတူညီ ချက်တစ်ရပ်ကို ရအောင်လုပ်ပါဆိုတာ ဘယ်နည်းလမ်းသွားသွား။ အဲဒီအသွင်ကူးပြောင်းရေးကာလ သဘောတူညီချက်မရှိဘဲနဲ့ ရွေးကောက်ပွဲလုပ်ပေးမယ်။ နိုင်တဲ့လူ အာဏာလွှဲပေးမယ်ဆိုတာ မရဘူး။ အဲဒီလောက်နဲ့သွားလို့ မရပါဘူးဆိုတာကို ထပ်ခါတလဲလဲပြောနေတာ။ အခု(၂)နှစ်ပြည့်ခါနီးအထိ ပြောရ ရင်တော့ ဘာမှသိသာမြင်သာတဲ့ပြုပြင်ပြောင်းလဲမှု သဘောတူညီချက်မရှိဘူး၊ ထွက်မလာဘူး။ အဲဒီတိုင်း သွားရင်တော့ ပွဲရှည်မယ်၊ ပြည်သူတွေပဲ အထိနာမယ်။ လက်နက်မဲ့ပြည်သူတွေပဲ တောက်လျှောက် အထိနာမယ်။ စီးပွားရေး၊ လူမှုရေး အကုန်ထိမယ်။ တကယ့်တကယ်က ရွေးကောက်ပွဲပျက်တယ်။ ရွေးကောက်ပွဲပျက်တော့ရော ဘာဖြစ်မလဲ ဖွဲ့စည်းပုံလည်းပျက်ပြီဆိုပါတော့ စစ်အစိုးရပေါ့၊ မာရှယ်လော ပေါ့။ တပ်ပြိုကွဲမယ်လို့ မျှော်လင့်သလား (သို့မဟုတ်) ပြည်ပတပ်တွေနဲ့ဝင်ပြီးတော့ ဖြုတ်ချနိုင်မယ်လို့ မျှော်လင့်သလား။ နောက်တစ်ခုက ပထဝီနိုင်ငံရေးကို ဘယ်တော့မှမမေ့နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး ကိုဖြေရှင်းတဲ့အခါမှာ။ ပြည်တွင်းအင်အားတွေကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့လိုတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းရဲ့ဆက်ဆံရေး၊ စိုးမိုးရာနယ်မြေဒေသ၊ စစ်တပ်ရဲ့ အခြေအနေ၊ ဒီထက်ချဲ့လိုက်ဦး အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သဘောထားအခြေ အနေ၊ အဝေးက နိုင်ငံတွေက ခဏထားလိုက် ကျွန်တော်တို့က အိမ်ရှေ့(၇)အိမ်၊ အိမ်နောက်(၇)အိမ်နဲ့ ကြီးလာတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက။ အဲဒါတွေ ကို မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ ရှုမြင်ဖို့ လိုတယ်။ နောက်ဆုံးဗျာ... စစ်ရေးနဲ့တိုက်တယ်ဆိုတာ ရှုံးတဲ့သူက သူပုန်ဖြစ်သွားမှာပဲ။ မျက်စိထဲပုံဖော် ကြည့်လိုက်ပေါ့။ ပြီးမသွားဘူးလေ။ စစ်တပ်က နိုင်လည်း သူပုန်က ဆက်ကျန်မှာပဲ။ ဒီဘက်ကနိုင်လည်း ပဲ စစ်တပ်ရဲ့အစိတ်အပိုင်းတစ်ခုက သူပုန်ဖြစ်သွားမှာပဲ။ လက်တွေ့ကျကျစဉ်းစားလေ ကျွန်တော်ပြော တာက။ သေချာတာတစ်ခုကတော့ ကျွန်တော်ကတော့ ဖိပြောရမယ့်ကိစ္စက တပ်မတော်ခေါင်းဆောင် တွေ သူဟာအာဏာကိုရယူထားတာဖြစ်တဲ့အတွက်ကြောင့် Initiated Power ခေါ်တာပေါ့။ ပြောရရင် တော့ သူက အဓိကဦးဆောင်ပြီးတော့ အဆုံးအဖြတ်တွေကို လုပ်ခွင့်ရှိနေတယ်။ အဲဒါက အဆိုးထဲက အကောင်းက ကောင်းမွေတွေကိုဆုံးဖြတ်နိုင်တဲ့အခွင့်အလမ်း သူ့မှာရနေတယ် ဆိုးမွေကတော့ တစ်သက် လုံး ခံခဲ့ရပြီးပြီ။ ထပ်ပြီးတော့ မဲတင်းချင်လည်း တင်းပေါ့ဗျာ။ ပြီးခဲ့တဲ့ ဆိုးမွေတွေကိုလည်း ကျွန်တော်တို့ ခံနေရပြီးပြီ။ နောက်ထပ် ထပ်ပြီးတော့ ဆိုးမွေတွေ ထပ်ပြီးတော့ ထည့်ဦးမယ်ဆိုရင်လည်း စေတနာပေါ့ တိုင်းပြည်ပေါ်မှာထားတဲ့စေတနာပေါ့၊ ကျွန်တော်တော့ အဲဒီလိုပဲပြောပါမယ်ဗျ။ ဒါကြောင့်မို့လို့ တပ်မတော်နဲ့ ပြည်သူနဲ့ဆက်ဆံရေး လျှော့မတွက်ပါနဲ့။ အခုဖြစ်တဲ့အခြေအနေကို။ လိုင်းပေါ်မှာ ကိုယ့်အုပ်စုနဲ့ကိုယ်ထောက်ခံနေတာကို သာယာနေလို့မရဘူး။ မြေပြင်ပေါ်မှာဖြစ်နေတဲ့ အခြေအနေတွေ က လူတွေက ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်တို့ ဒီပြဿနာမဖြစ်ခင်ထဲက လက်နက်ကိုင်ပဋိပက္ခ ဧရိယာတွေမှာရှိတဲ့ ပြည်သူတော်တော်များများ တိုင်းရင်းသားတွေ အပါအဝင် ဘယ်လက်နက်ကိုင်မှ မကြိုက်ဘူး။ ဗမာစစ်တပ်လည်း မကြိုက်ဘူး၊ တိုင်းရင်းသားစစ်တပ်လည်း မကြိုက်ဘူး သူတို့ငြိမ်းငြိမ်း ချမ်းချမ်းနေချင်တယ်လေ။ သူတို့တောင်ယာလုပ်ငန်း၊ အရောင်းအဝယ်လေးတွေ သူတို့အေးအေး ချမ်းချမ်းနဲ့ အနှောင့်အယှက်မရှိ၊ အခြိမ်းအခြောက်မရှိလုပ်ချင်တယ်လေ အဲဒါသာမန်ပြည်သူရဲ့ဆန္ဒပဲ။ အဲဒါကြောင့်မို့လို့ လက်နက်ကိုင်နည်းလမ်းနဲ့ အဆုံးအဖြတ်ပေးဖို့ မဖြစ်နိုင်ဘူး။ နိုင်သွားလည်း ရှုံးတဲ့သူက သူပုန်ဖြစ်မှာပဲ။ ဘယ်သူနိုင်နိုင်။ အဓိကက နိုင်ငံရေးထွက်ပေါက်ကောင်းကောင်း ဖန်တီးပေးဖို့လိုတယ်။ တကယ့် တိုင်းပြည်ပေါ်မှာ စိတ်ကောင်းစေတနာကောင်းရှိပြီးတော့ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးသမား တွေ ဒီနွေဦးတော်လှန်ရေးထဲက ထွက်လာရင် ကျွန်တော်သိပ်မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကိုယ်တိုင် ထားခဲ့ရတော့မှာလေ။ အဲဒီ Gen-z တွေ အဲဒီအထဲမှာလည်းပဲ တကယ့်ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်တဲ့၊ ဆုံးဖြတ်နိုင်တဲ့ မျိုးဆက်တွေ ထွက်လာဖို့လိုတယ်။ မျှော်ကြည့်လိုက် ကျွန်တော်တို့တွေ (၆ဝ)ကျော် လက်ရှိတပ်ခေါင်းဆောင်တွေအားလုံး ကျွန်တော်တို့ သက်တူရွယ်တူတွေ ပေါ့။ အဲဒီအလွှာကို အလွှာလိုက်ဖယ်လိုက် တိုင်းရင်သားလက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေထဲ က လက်ရှိလူကြီးတွေ အကုန်လုံးကို အလွှာလိုက်ဖယ်လိုက်။ တက်လာမယ့်အုပ်စုတွေဟာ တိုက်ခိုက်တဲ့ သူနဲ့ ချေမှုန်းတဲ့သူနဲ့ တကယ့်ကိုပြင်းပြင်းထန်ထန်ပဋိပက္ခကနေ မွေးဖွားလာမယ့် နောက်မျိုးဆက်တွေ ကြားထဲမှာ တပ်မတော်မျိုးဆက်သစ်၊ နွေဦးတော်လှန်ရေးမျိုးဆက်သစ်၊ တိုင်းရင်းသားလက်နက်ကိုင် မျိုးဆက်သစ် ဆိုကြပါတော့ဗျာ အခု(၄ဝ)တန်းပေါ့ နည်းနည်းကြီးရင် (၅ဝ)တန်းပေါ့ အဲဒီအလွှာတွေကြီး ပဲအပြိုင်ပြိုင်တက်လာတဲ့အချိန်မှာ ဒီတိုင်းပြည်ရဲ့ပြဿနာကို ဘယ်လိုရှင်းကြမလဲ။ အခုကျွန်တော်တို့ဆို တာ ဘာပဲပြောပြော နိုင်ငံရေးသမားတွေနဲ့ မှီခဲ့ပြီလို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးနုတို့၊ ဝိဓူရသခင်ချစ်မောင်၊ ဗိုလ်မှူးအောင်တို့၊ ဦးအောင်ကြီးတို့ အစရှိတဲ့ နိုင်ငံရဲ့လွတ်လပ်ရေးခေတ် ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့က သက်ရှိထင်ရှား မှီခဲ့တယ်။ သူတို့ဆီကနေ ကျွန်တော်တို့ သင်ခန်းစာ တွေ၊ နမူနာတွေ အများကြီးရခဲ့တယ်။ အခု ဒီလူငယ်မျိုးဆက်ကိုယ်တိုင်က နိုင်ငံရေးသမားဆိုတာ သူတို့မျက်စိအောက်မှာတွေ့တဲ့သူတွေကို နိုင်ငံရေးသမားလို့ သူတို့ထင်မှာပေါ့ဗျာ။ အဲဒီအလွှာတွေတက် လာတဲ့ အခါကျရင် အခုတပ်မတော်ခေါင်းဆောင်တွေလည်းပဲ ကြိုပြီးစဉ်းစားထားဖို့တော့လိုပြီ ဒီတပ်မတော်ခေါင်းဆောင်တွေတင်မကဘူး ပြောရရင်တော့ (၅ဝ)တန်းပေါ့ ကျန်တဲ့အလွှာအသီးသီး ကလည်း (၅ဝ)တန်းတွေတက်လာမယ်။ အဲဒီ Generation အားလုံးရဲ့သမိုင်းရေးဆိုင်ရာအမြင်၊ နိုင်ငံရေး ဆိုင်ရာအမြင်၊ နိုင်ငံတကာဆိုင်ရာအမြင် အဲဒါတွေကိုပါထည့်ပြီး တွက်ထားဖို့လိုမယ်လို့ ကျွန်တော် ကတော့ အကြံပြုချင်တယ်ဗျာ။
မေး ။ ။ အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။
ဖြေ ။ ။ ဟုတ်ကဲ့ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်ဗျ။
Zawgyi Version;
“ကိုယ္လည္း အုပ္ခ်ဳပ္လို႔မရေစရ၊ သူလည္း အုပ္ခ်ဳပ္လို႔မရေစရဆိုရင္
အဓိပၸါယ္ကေတာ့ မင္းမဲ့စ႐ိုက္ ကို ဦးတည္တာပဲ”
NP News - ဇန္နဝါရီ ၂၃
“သက္တမ္း ၂ ႏွစ္ျပည့္ နစက ဘယ္လိုေရွ႕ဆက္မလဲ” ေခါင္းစဥ္ျဖင့္ လာမည့္ ေဖေဖာ္ဝါရီလ ၁ ရက္၊ နစက ၂ ႏွစ္ျပည့္ခ်ိန္တြင္ ျမန္မာႏိုင္ငံတြင္ အစိုးရအုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ အေျပာင္းအလဲမည္သို႔ ျဖစ္လာႏိုင္သလဲ ႏွင့္ လက္ရွိ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနမ်ားႏွင့္ပတ္သက္၍ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီး အား NP News ၏ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ိဳးမင္းမွ ေမးျမန္း ေဆြးေႏြး သုံးသပ္ထားသည္ကို ျပန္လည္ေရးသားေဖာ္ျပလိုက္ပါသည္။
ေမးျမန္း - ေက်ာ္မ်ိဳးမင္း၊ ေရးသား - ဖူးျပည့္
မဂၤလာပါ အစ္ကို။
ေမး ။ ။ ကြၽန္ေတာ္တို႔ ဒီေန႔လာေရာက္ေတြ႕ဆုံေမးျမန္းရတဲ့အေၾကာင္းအရင္းကေတာ့ ၂ဝ၂၁ ႏိုင္ငံေရး အခင္းအက်င္းနဲ႔အတူေပၚလာတဲ့ နစကရဲ႕သက္တမ္းေပါ့ေနာ္။ သူကေတာ့ (၂) ႏွစ္ မၾကာခင္ ျပည့္ေတာ့ မယ္။ (၂) ႏွစ္ျပည့္မယ့္ နစကအေနနဲ႔ သူတို႔ဘာေတြဆက္လုပ္မလဲေပါ့။ ၂ဝဝ၈ ဖြဲ႕စည္းပုံကို ကိုင္ၿပီး သူတို႔ဘာေတြဆက္လုပ္ႏိုင္ေခ်ရွိလဲဆိုတာေလးနဲ႔ပတ္သက္တာေပါ့။ အစ္ကိုအေနနဲ႔ ဘာမ်ား စေျပာခ်င္ လဲ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔က ၂ဝဝ၈ ဖြဲ႕စည္းပုံအရဆိုရင္ေတာ့ အေရးေပၚကာလသက္တမ္းက ေဖေဖာ္ဝါရီ ၁ ရက္မွာျပည့္ၿပီေပ့ါ။ အဲဒီေတာ့ ျပည့္တဲ့အခါက်ေတာ့ ကာလုံကို ျပန္လႊဲရမယ္။ ကာလုံကေနၿပီးေတာ့ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းအဆင့္ဆင့္နဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ဖြဲ႕စည္းတာဝန္ေပးရမယ္။ ဆိုေတာ့ လက္ရွိတာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြကိုပဲ တိုးခ်ဲ႕တာ၊ ျပင္ဆင္တာ၊ ျဖည့္စြက္တာ၊ ႏႈတ္ပယ္တာ အစရွိသျဖင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ (သို႔မဟုတ္) အသစ္ဖြဲ႕ခ်င္လည္း ဖြဲ႕လို႔ရတယ္။ အဲဒါကေတာ့ အဲဒီအခ်ိန္မွာျဖစ္လာမယ့္ ကာလုံရဲ႕ဆုံးျဖတ္ခ်က္ေပါ့။
ေနာက္တစ္ခုကေတာ့ ဦးျမင့္ေဆြကေနၿပီးေတာ့ ယာယီသမၼတအျဖစ္နဲ႔တာဝန္ယူၿပီးေတာ့ ဆုံးျဖတ္မယ့္ အေပၚမွာ မူတည္တယ္။ သို႔ေသာ္လည္းပဲ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စကတည္းက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ဦးေဆာင္မႈနဲ႔ ဆုံးျဖတ္မႈနဲ႔ျဖစ္လာတာျဖစ္တဲ့အတြက္ေၾကာင့္ ျဖစ္လာမယ့္ အခင္းအက်င္းအသစ္ကလည္း ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕သေဘာဆႏၵနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္တာပဲျဖစ္လိမ့္ မယ္လို႔ ကြၽန္ေတာ္ေတာ့ ျမင္ပါတယ္။
ေမး ။ ။ ဖြဲ႕စည္းပုံမွာ ေပးထားခ်က္အရဆိုရင္ေတာ့ ၂ဝ၂၁ အခင္းအက်င္းျဖစ္တဲ့အခ်ိန္မွာ အဲဒီကေနစၿပီးေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔က တစ္ႏွစ္သက္တမ္းနဲ႔ (၆)လ ႏွစ္ႀကိမ္။ တစ္ႏွစ္မွာလည္း မတည္ၿငိမ္ရင္ ေနာက္ထပ္ ေျခာက္လစီ၊ ေျခာက္လစီ တိုးလို႔ရတယ္လို႔ေျပာတယ္။ တစ္ႏွစ္တိတိၾကာတဲ့အထိလည္း မတည္ၿငိမ္ခဲ့ဘူး။ တိုးခဲ့တယ္။ ေနာက္ထပ္(၆)လ၊ (၆)လလည္း မတည္ ၿငိမ္ဘူး တိုးခဲ့တယ္။ အခု (၂) ႏွစ္ျပည့္လို႔ ျပန္အပ္မယ့္အခ်ိန္ထိလည္း လူေတြက က်ီးလန႔္စားစားရဆဲ ျဖစ္ေနတယ္။ ဆိုေတာ့ ျပန္အပ္မယ့္အခ်ိန္ထိေတာင္ မတည္ၿငိမ္ေသးဘူးဆိုတဲ့အဓိပၸါယ္က သက္ေရာက္ ေနတယ္။ သူ႔အစီရင္ခံစာမွာလည္း မတည္ၿငိမ္ေသးဘူးဆိုတဲ့အေၾကာင္းအရာေလး ပါသြားႏိုင္ေခ်လည္း ရွိသလို၊ တည္ၿငိမ္ပါၿပီလို႔ေျပာတာလည္း ျဖစ္ႏိုင္တယ္။ ဘယ္အခ်က္ေတြနဲ႔ ဒါကိုထုတ္ေျပာခ်င္တာရွိလဲ။
ေျဖ ။ ။ တစ္ခုကေတာ့ သာမာန္အားျဖင့္ဆိုတဲ့စကားလုံး။ ဆိုေတာ့ကြၽန္ေတာ္တို႔က ဥပေဒလို႔ ေျပာတဲ့အခါမွာလည္း Man make Law ဆိုတာ လူလုပ္တဲ့ဥပေဒ၊ လူလုပ္တဲ့ဥပေဒဆိုေတာ့ စၿပီး ေရးဆြဲ တဲ့လူေတြကိုယ္၌က ဥပေဒအရ စကားရပ္ေတြ၊ ေဝါဟာရေတြ ထည့္သြင္းထားတာရွိတယ္။ အဲဒီ စကားရပ္ေတြ၊ ေဝါဟာရေတြရဲ႕ေနာက္ကြယ္မွာ ဘာေၾကာင့္ အဲဒီစကားရပ္ကို သုံးစြဲလည္း၊ ဘာေၾကာင့္ အဲဒီအခ်ိန္တုန္းက အျငင္းပြားခဲ့ၾကတဲ့စကားလုံးေတြကို ျဖဳတ္ပယ္ခဲ့တယ္။ အစရွိသျဖင့္ သူက ေနာက္ကြယ္မွာ သူ႔ရဲ႕သမိုင္းေတြရွိတယ္။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ဥပေဒကို ေလ့လာတဲ့အခါမွာ Contact of Law ဆိုတာက ဥပေဒမွာ ဖတ္ရင္ေတြ႕တဲ့စကားလုံးေတြကို ေျပာတာ။
ေနာက္တစ္ခုက Separate of Law ဆိုတာက ဥပေဒရဲ႕အသက္ဝိညာဥ္၊ အဲဒီစကားလုံး၊ အဲဒီ ပုဒ္ထီး၊ ပုဒ္မေတြ ဘာေၾကာင့္ျဖစ္လာသလဲဆိုတဲ့အေၾကာင္းအရင္းက ဝိညာဥ္လို႔ေခၚတယ္။ ဒါေၾကာင္မို႔လို႔ လူလုပ္တဲ့ ဥပေဒဆိုတာက အဲဒီဥပေဒကို က်င့္သုံးခြင့္၊ သုံးစြဲခြင့္ ရွိတဲ့လူက ဘာသာျပန္တာ၊ အဓိပၸါယ္ဖြင့္ ဆိုတာ က်င့္သုံးတာေတြကို လုပ္ေလ့ရွိတယ္။ ဒါေၾကာင့္မို႔လို႔ သာမာန္အားျဖင့္လို႔ေျပာထားတဲ့ အပိုဒ္ဟာ သာမာန္မဟုတ္ဘူး။ တည္ၿငိမ္မႈမရွိဘူးလို႔ ခုနက ကိုေက်ာ္မ်ိဳးမင္းေျပာသလိုမ်ိဳး အစီရင္ခံစာ တက္လာခဲ့ ရင္ အဲဒီမွာလည္း ဂယ္ေပါက္တစ္ေပါက္ရွိတယ္။
ေနာက္တစ္ခုကေတာ့ ကာလုံလႊဲၿပီးခါမွ ကာလုံက ႏိုင္ငံေတာ္အေျခအေနက တည္ၿငိမ္မႈမရွိေသးဘူးဆိုၿပီး ေတာ့ ျပန္စတာေပါ့။ အေရးေပၚအေျခအေနကာလကို ျပန္စတာမ်ိဳးလည္း လုပ္ေကာင္းလုပ္ႏိုင္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဥပေဒကို က်င့္သုံးခြင့္ရယူထားတဲ့ပုဂၢိဳလ္မ်ားက အဲဒီဥပေဒပါ ေဝါဟာရေတြ ကို အဓိပၸါယ္ဖြင့္ဆိုၿပီး က်င့္သုံးတာေတြလုပ္လို႔ရတယ္။
သို႔ေသာ္ ကြၽန္ေတာ္က သမၼတႀကီးဦးသိန္းစိန္ လက္ထက္မွာကတည္းက ထူးထူးျခားျခား ကြၽန္ေတာ့္ရဲ႕ အယူအဆတစ္ခုကို ေျပာျဖစ္တယ္။ အဲဒါဘာလဲဆိုေတာ့ ဥပေဒရဲ႕အထက္မွာ ႏိုင္ငံေရးရွိတယ္။ အထူးသျဖင့္ ဒီစကားကိုဘာေၾကာင့္ေျပာလဲဆိုေတာ့ သာမာန္တရားဥပေဒစိုးမိုးမႈရွိတယ္။ တည္ၿငိမ္ တယ္။ ပြင့္လင္းျမင္သာမႈရွိတယ္။ အဂတိလိုက္စားမႈကင္းတယ္ဆိုတဲ့ Good Governance ေပါ့ေနာ္။ ေကာင္းမြန္တဲ့အုပ္ခ်ဳပ္ေရးစနစ္ရွိတဲ့ ႏိုင္ငံေတြမွာကေတာ့ တရားဥပေဒစိုးမိုးေရးက အဓိက ျဖစ္တယ္။ Rule of Law ေပါ့။ ဥပေဒရဲ႕အထက္မွာ ဘယ္သူမွမရွိေစရဘူး။
သို႔ေသာ္ ႏိုင္ငံေရးမုန္တိုင္းထန္တဲ၊ ပဋိပကၡျပင္းထန္တဲ့ေနရာေတြမွာက်ေတာ့ Rule of Law လို႔ နာမည္ခံၿပီးေျပာေပမယ့္ Rule by Law ။ အာဏာရတဲ့လူက ဥပေဒစာအုပ္ႀကီးကို ကိုင္ၿပီးေတာ့ က်င့္သုံး တာ။ အဲဒီေတာ့ အခုလည္းပဲ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒဆိုတာက လူလုပ္တဲ့ဥပေဒ၊ လူကပဲ အဓိပၸါယ္ဖြင့္ ဆိုၿပီးေတာ့ လူကပဲ က်င့္သုံးတာျဖစ္တဲ့အတြက္ေၾကာင့္ ဥပေဒအကိုးအကားေတြနဲ႔ လုပ္လို႔ရခ်င္ရမယ္။ သို႔ေသာ္ ျပႆနာက ဥပေဒရဲ႕အထက္မွာက ႏိုင္ငံေရးရွိတယ္ဆိုတာက လူထုရဲ႕အျမင္မွာ က်ေတာ့ ယုံၾကည္မႈမရွိဘူးဆိုရင္ သူက ႏိုင္ငံေရး ရႈံးတာေပါ့။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က စစ္ေရးနဲ႔ ႏိုင္ငံေရး မွာလည္းပဲ စစ္ေရးႏိုင္ၿပီး ႏိုင္ငံေရးရႈံးတဲ့ သာဓကေတြ အမ်ားႀကီးပဲ။ အဲဒီေတာ့ ဥပေဒအရေတာ့ ကိုးကား ၿပီးေတာ့လုပ္လို႔ရတယ္။ ႏိုင္ငံေရး ရႈံးသြားတဲ့သာဓကေတြလည္း အမ်ားႀကီးပဲ။ ကြၽန္ေတာ္ ဒီစကားကို ဘာေၾကာင့္ေျပာခဲ့တာလည္းဆိုေတာ့ လက္ပံတန္းေက်ာင္းသားသပိတ္ျဖစ္တဲ့အခ်ိန္တုန္းက အဲဒီတုန္းက ဝန္ႀကီးခ်ဳပ္ဘဝနဲ႔ ဦးျမင့္ေဆြ အစိုးရအဖြဲ႕နဲ႔ ကြၽန္ေတာ္တို႔ၿမိဳ႕ေတာ္ခန္းမွာ ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းေခါင္းေဆာင္ေတြနဲ႔ေတြ႕တယ္။ ေတြ႕ေတာ့ ဝန္ႀကီးခ်ဳပ္က ဥပေဒအရ ေဆာင္႐ြက္ ေနတဲ့အေၾကာင္းေတြကို ရွင္းျပတယ္။ ၿပီးေတာ့ ရန္ကုန္တိုင္း ဥပေဒခ်ဳပ္ကိုလည္း ေခၚထားတယ္။ အဲဒီေတာ့ ကြၽန္ေတာ္က အဲဒီစကားကို ေျပာခဲ့တယ္။ အန္ကယ္တို႔ ဥပေဒအကိုးအကားေတြနဲ႔ လုပ္လို႔ ရေကာင္းရမယ္။ သို႔ေသာ္ ႏိုင္ငံေရး ရႈံးသြားလိမ့္မယ္။ ဥပေဒရဲ႕အထက္မွာ ႏိုင္ငံေရး ရွိတယ္ဆိုတဲ့စကား ကို မွတ္မွတ္ရရ ကြၽန္ေတာ္ေျပာခဲ့တာ။
အခုလည္း ကြၽန္ေတာ္ ထပ္ေျပာရလိမ့္မယ္။ ဥပေဒရဲ႕အထက္မွာ ႏိုင္ငံေရးရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ တို႔ကိုယ္၌က တပ္မေတာ္ဆိုတာ ျပည္ပရန္ကာကြယ္ဖို႔အတြက္ တကယ့္ကို ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာ ကိုကာကြယ္ဖို႔အတြက္ ေတာင့္တင္းခိုင္မာတဲ့ တပ္မေတာ္ျဖစ္ဖို႔ဆိုတာ လူထုေထာက္ခံဖို႔လိုတယ္။ လူထုရဲ႕ယုံၾကည္ကိုယ္စားမႈလိုတယ္။ အဲဒါႏိုင္ငံေရး။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ႏိုင္ငံေရးလည္း အားေကာင္းတဲ့၊ ေထာက္ခံမႈရတဲ့ေဆာင္႐ြက္ခ်က္ေတြ ဆုံးျဖတ္ေတြျဖစ္ဖို႔ ကြၽန္ေတာ္တို႔ကေတာ့ တိုက္လည္း တိုက္တြန္းတယ္၊ ေမွ်ာ္လည္း ေမွ်ာ္လင့္တယ္။
ေမး ။ ။ နစကေပါ့ (ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ) ဆိုတာက ၂ဝ၂၁ အေရးေပၚကာလျပ႒ာန္း ခ်က္ဆိုင္ရာဥပေဒနဲ႔ သူက ေပၚေပါက္လာတယ္။ အဲဒါေပၚၿပီး တစ္ႏွစ္ၾကာတဲ့အခါမွာ ထူးထူးျခားျခား အိမ္ေစာင့္အစိုးရဆိုတာ ထပ္ေပၚလာတယ္။ အိမ္ေစာင့္အစိုးရသက္တမ္းကေတာ့ တစ္ႏွစ္ပဲ ရွိေသး တယ္။ သူဖြဲ႕တဲ့ပုံစံအရဆိုရင္ တစ္ႏွစ္မျပည့္ေသးဘူး။ နစကေတာ့ ႏွစ္ႏွစ္ျပည့္ၿပီ။ ဆိုေတာ့ ဒီႏွစ္ခုက တမင္ကို ေရွ႕ဆင့္ေနာက္ဆင့္ စဥ္ထားသလားေတာင္ ထင္ရတယ္။ နစက ကေတာ့ (၂) ႏွစ္ျပည့္တဲ့ အတြက္ ေသခ်ာေပါက္ နစကဆိုတဲ့အမည္နဲ႔ (သို႔မဟုတ္) အဖြဲ႕က ဖ်က္ရမယ္ဆိုတဲ့အဓိပၸါယ္ သက္ေရာက္ေနတယ္။ အိမ္ေစာင့္အစိုးရကေရာ ဆိုတဲ့ေမးခြန္းက ဆက္ရွိျပန္ၿပီ။ သူကလည္း နစကနဲ႔ တစ္ပါတည္း ပါသြားမွာလားဆိုတာက ရွိေသးတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ေပးထားခ်က္အရဆိုရင္ ဘယ္လိုဆက္ျဖစ္ႏိုင္လဲ။
ေျဖ ။ ။ အဓိကေတာ့ ကာလုံကို လႊဲၿပီးတဲ့အခါမွာ ကာလုံက ခန႔္အပ္တာျဖစ္သြားၿပီ။ အဲဒီေတာ့ ကာလုံ က ဒီတိုင္းပဲ ဆက္ခန႔္အပ္လို႔ရွိရင္ေတာ့ အဲဒီအိမ္ေစာင့္အစိုးရဆိုတာ ဟိုဘက္ကိုဆက္ၿပီးေတာ့ ပါသြား မယ္။ (သို႔မဟုတ္) သူက ျပဳျပင္ေျပာင္းလဲမႈေတြ၊ တိုးခ်ဲ႕တာ၊ ျပင္ဆင္တာေတြလုပ္ၿပီးေတာ့ ခန႔္မယ္ဆိုရင္ လည္း ခန႔္လို႔ရတယ္။ ေသခ်ာတာကေတာ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစၿပီးေတာ့ ကာလုံက ခန႔္အပ္ေသာ အစိုးရသစ္နဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္ ေပၚေပါက္လာမယ္ေပါ့။
ေမး ။ ။ လက္ရွိအခ်ိန္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ပါတဲ့အခ်က္ေတြမွာ ရႈပ္ေထြးေနတာေတြ လည္းရွိ တာေပါ့။ ကာလုံရဲ႕သက္တမ္းက ႏိုင္ငံေတာ္သမၼတ သကဲ့သို႔ အာဏာတည္ၿပီးေတာ့ အုပ္ခ်ဳပ္ခြင့္ ရွိတယ္ ဆိုတာက ဖြဲ႕စည္းပုံမွာ ေျပာထားတာဆိုေတာ့။ ၿပီးေတာ့ ေနာက္ထပ္အစိုးရေတြ၊ လႊတ္ေတာ္ေတြ မေပၚ မခ်င္းက ဆက္ၿပီးအုပ္ခ်ဳပ္ခြင့္ရွိတယ္ဆိုေတာ့။ ေ႐ြးေကာက္ပြဲကိုလည္း (၆)လအတြင္း က်င္းပေပးပါ့မယ္ ဆိုတဲ့ ပုဒ္မတစ္ခုကလည္း ရွိေသးတယ္။ (၆)လအတြင္းသာ ေ႐ြးေကာက္ပြဲက်င္းပၿပီးရင္ေတာင္မွ အစိုးရသစ္ေပၚဖို႔အတြက္ကို အနည္းဆုံး (၆)လ ေလာက္၊ ေက်ာ္ေလာက္က်န္ေနေသးတယ္။ အဲဒီေတာ့ အဲဒီၾကားမွာ အုပ္ခ်ဳပ္မယ့္ကာလကလည္း ကာလုံပဲျဖစ္တယ္။ အဲဒီၾကားထဲမွာလည္း ဘာေတြဆက္ျဖစ္ ႏိုင္လဲဆိုတဲ့အခင္းအက်င္းကလည္း လူေတြရဲ႕ၾကားထဲမွာ စိုးရိမ္ေနတယ္။ အထူးသျဖင့္ ၂ဝ၂၃ ခုႏွစ္မွာ တကယ္စိုးရိမ္စရာေကာင္းတဲ့အခင္းအက်င္းကို ေရာက္မယ္လို႔ နားလည္ေနတယ္။ အစ္ကို ဘယ္လိုမ်ား အဲဒါကို လူထုကို ဘယ္လိုမ်ား မက္ဆ့ေပးခ်င္လဲ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔က (၆)လအတြင္း ေ႐ြးေကာက္ပြဲလုပ္ေပးရမယ္ေပါ့။ ေ႐ြးေကာက္ပြဲ လုပ္ေပးရ မယ္ဆိုတဲ့ေနရာမွာလည္းပဲ တစ္ႏိုင္ငံလုံးမလုပ္ႏိုင္ရင္ ဘယ္ေလာက္ရာခိုင္ႏႈန္းေ႐ြးေကာက္ပြဲလုပ္မွ အထေျမာက္မယ္ဆိုတာကို ျပ႒ာန္းထားခ်က္ မေတြ႕ရဘူး။ ေနာက္တစ္ခုက ၁၉၅၈ ခုႏွစ္ ကြၽန္ေတာ္တို႔ ႏိုင္ငံသမိုင္းမွာ ေ႐ြးေကာက္ပြဲမွာလည္းပဲ တၿပိဳင္နက္တည္း မက်င္းပႏိုင္တဲ့အတြက္ေၾကာင့္ အလီလီ ခြဲၿပီး ေတာ့ က်င္းပခဲ့တာေတြလည္း ရွိတယ္။ အဲဒီ အစအဆုံးၿပီးတဲ့အထိ ဘယ္ေလာက္ၾကာရမယ္ဆိုတာမ်ိဳးကို ကန႔္သတ္ထားတာ ကြၽန္ေတာ္တို႔ မေတြ႕ရဘူး။
ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲအၿပီး ဘယ္ႏွစ္လအတြင္း အာဏာလႊဲရမယ္ဆိုတာ ကန႔္သတ္ထားတာ လည္း မေတြ႕ရဘူး။ သူက ေ႐ြးေကာက္ပြဲၿပီးတဲ့အခ်ိန္မွာ လႊတ္ေတာ္၊ အစိုးရနဲ႔ ႏိုင္ငံေတာ္အဆင့္ ေကာ္မတီ၊ ေကာ္မရွင္ေတြေပါ့၊ အဖြဲ႕အစည္းေတြ ဖြဲ႕စည္းၿပီးသည္အထိလို႔ေျပာတာက အဲဒီမွာလည္းပဲ ကြၽန္ေတာ္တို႔က gap တစ္ခုေပါ့။ ဟေနတဲ့အဟ တစ္ခုေတြ႕တယ္။ ဒါေၾကာင့္မို႔လို႔ ေ႐ြးေကာက္ပြဲၿပီး အခ်ိန္ကာလသတ္မွတ္ခ်က္ ဘယ္ေလာက္အေတာအတြင္းမွာ အာဏာလႊဲရမယ္ဆိုတာလည္း မပါဘူး။ ဒါေၾကာင့္မို႔လို႔ အခုလိုမ်ိဳး ပဋိပကၡျပင္းထန္တဲ့ကာလမေျပာနဲ႔ ကြၽန္ေတာ္တို႔ ၂ဝ၁၂ ေထာင္က လြတ္လာၿပီးေတာ့ NLD က ၾကားျဖတ္ေ႐ြးေကာက္ပြဲဝင္တယ္။ ၂ဝ၁၅ မွာ ေသာင္ၿပိဳကမ္းၿပိဳႏိုင္တယ္ ဆိုတဲ့အေျခအေနေတြမတိုင္ခင္ကတည္းက ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲသပ္သပ္နဲ႔ အဆုံးအျဖတ္ေပးဖို႔ မလြယ္ဘူး။
ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲလုပ္လိုက္တာနဲ႔ ႏိုင္ငံရဲ႕ျပႆနာေတြအားလုံးကိုေျဖရွင္းႏိုင္ဖို႔ ၉၆ ပါး ေပ်ာက္တဲ့ေဆး မဟုတ္ဘူးဆိုတာကို ဒီလိုပဋိပကၡမျဖစ္တဲ့ကာလမွာ တည္ၿငိမ္ေနတဲ့အခ်ိန္မွာကတည္း က ကြၽန္ေတာ္ေျပာခဲ့တာ။ ဒါေၾကာင့္မို႔ ေ႐ြးေကာက္ပြဲက ဒီမိုကေရစီအရ ျဖတ္သန္းသြားရမယ့္မွတ္တိုင္ တစ္ခု၊ နည္းလမ္းတစ္ခုသာျဖစ္တယ္။ ေနာက္ေ႐ြးေကာက္ပြဲရလဒ္နဲ႔ ႏိုင္ငံေရးရလဒ္နဲ႔က ထပ္တူမက် ဘူး။ ေ႐ြးေကာက္ပြဲရလဒ္က သပ္သပ္၊ ႏိုင္ငံေရး ရလဒ္က သပ္သပ္ ဒါေၾကာင့္မို႔ ကြၽန္ေတာ္ ေျပာေျပာေန တာက လူထုပါဝင္ႏိုင္တဲ့ လူတစ္ဦးခ်င္း ပါဝင္ႏိုင္တဲ့နည္းလမ္းကေတာ့ ေ႐ြးေကာက္ပြဲနည္းလမ္းပဲ။ လက္နက္ကိုင္နည္းလမ္း၊ အျခားနည္းလမ္းဆိုတာ၊ ဆႏၵျပတာကအစ လူတိုင္း ဝင္မပါႏိုင္ဘူး။ သို႔ေသာ္ ေ႐ြးေကာက္ပြဲဆိုတာကေတာ့ လူတိုင္း မဲမေပးဘဲ ေနႏိုင္တယ္။ ကိုယ္ ေထာက္ခံခ်င္တဲ့ပါတီကိုပဲ မဲေပးႏိုင္တယ္။ အစရွိသျဖင့္ ဒီအခြင့္အေရးကို ရထားတာျဖစ္တဲ့အတြက္ေၾကာင့္ လူတစ္ဦးခ်င္း ပါဝင္ႏိုင္ တာကေတာ့ ဒီေ႐ြးေကာက္ပြဲနည္းလမ္းပဲ။ သို႔ေသာ္လည္းပဲ တကယ့္ျပႆနာအဆုံးအျဖတ္ကေတာ့ နယ္ပယ္အသီးသီးမွာ ေခါင္းေဆာင္တဲ့ တာဝန္ရွိတဲ့ ပုဂၢိဳလ္မ်ားအခ်င္းခ်င္းၾကားမွာ ကိုယ့္ႏိုင္ငံရဲ႕ပုံရိပ္ကို ၊ အနာဂတ္ကို ဘယ္လိုပုံေဖာ္မလဲဆိုတဲ့ေဆြးေႏြးညႇိႏႈိင္းမႈက ပိုၿပီးေတာ့ အေရးပါေနလိမ့္ဦးမယ္လို႔ ကြၽန္ေတာ္ေတာ့ ျမင္တယ္။ ဒါေၾကာင့္မို႔လို႔ အခုအေျခအေနမွာလည္းပဲ ေ႐ြးေကာက္ပြဲရလဒ္နဲ႔ လက္ရွိ ျပႆနာေတြကို မေျဖရွင္းႏိုင္ဘူး။
ေ႐ြးေကာက္ပြဲအလြန္အခင္းအက်င္းက ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတယ္၊ ပိုၿပီးရႈပ္ေထြးမယ္။ တစ္ဖက္က လည္း ခုခံမႈေတြ၊ တိုက္ခိုက္မႈေတြ ရွိမယ္။ ေ႐ြးေကာက္ပြဲၿပီးသြားတယ္ဆိုရင္ေတာင္မွ တနည္းနည္းနဲ႔ေပါ့ ဗ်ာ၊ လုပ္ႏိုင္တဲ့ေနရာေတြမွာ လုပ္သြားတယ္ဆိုရင္ေတာင္မွ အဲဒီေ႐ြးေကာက္ပြဲက တက္လာတဲ့ လႊတ္ေတာ္ နဲ႔ အစိုးရက ရင္ဆိုင္ရမယ့္ျပႆနာက ျပည္တြင္းေရာ၊ တိုင္းရင္းသားေတြ၊ လက္နက္ကိုင္ အဖြဲ႕အစည္းေတြ၊ လက္နက္ကိုင္ပဋိပကၡေတြ၊ ႏိုင္ငံတကာဆက္ဆံေရးေတြ၊ စီးပြားေရးအၾကပ္အတည္း ေတြ အဲဒါေတြအားလုံးကို ေခါင္းခံၿပီးေတာ့ ေျဖရွင္းရမယ့္အစိုးရ နဲ႔ လႊတ္ေတာ္ျဖစ္လာလိမ့္မယ္။ ဒါေ႐ြးေကာက္ပြဲ ျဖစ္ခဲ့ရင္လို႔ ေျပာတာေနာ္။
အဲဒီေတာ့ ေ႐ြးေကာက္ပြဲမွာ ငါတို႔အာဏာရမယ္၊ ရာထူးရမယ္လို႔ ဆိုတာေလာက္ ခပ္ပိန္းပိန္း စဥ္းစားရင္ ေတာ့ ဒီေ႐ြးေကာက္ပြဲကို မဝင္တာ ေကာင္းတယ္။ တာဝန္အႀကီးႀကီးပဲ။ ခါတိုင္း တည္ၿငိမ္ေနတဲ့အခ်ိန္ ေတြမွာက ဝန္ႀကီးဌာနအလိုက္ ဘာေတြလုပ္မယ္။ ဘာေတြလုပ္မယ္ဆိုတာမ်ိဳး စဥ္းစားလို႔ရတယ္။ အခု က တည္ၿငိမ္ေရး၊ တရားဥပေဒစိုးမိုးေရး၊ လုံၿခဳံေရးကိစၥက နံပါတ္(၁) ဦးစားေပးျဖစ္သြားၿပီ။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္က ၿပီးခဲ့တဲ့ ျဖတ္သန္းမႈေတြအရ စဥ္းစားရင္ ၂ဝ၁ဝ ကာလ ကြၽန္ေတာ္တို႔ မရွိဘူး။ ကြၽန္ေတာ္ တို႔ေထာင္ထဲမွာ၊ သို႔ေသာ္ အဲဒီတုန္းက ကြၽန္ေတာ္တို႔ အကဲျဖတ္ခ်က္က လူမေျပာင္း၊ မူေျပာင္း အဲဒီေတာ့ လူမေျပာင္းဘူးဆိုတာ အရပ္ဝတ္ ေျပာင္းသြားတာပဲရွိတယ္။ ဒီလူေတြပဲ စစ္ဗိုလ္ေတြပဲ။ ဗိုလ္ခ်ဳပ္ႀကီးေတြ ယူနီေဖာင္းကေန အရပ္ဝတ္နဲ႔ သမၼတေတြ၊ ဝန္ႀကီးေတြ ျဖစ္လာတယ္။ သို႔ေသာ္ သူက ႏိုင္ငံကို ပါတီစုံ ဒီမိုကေရစီ သြားမယ္။ ေျဖေလ်ာ့မႈေတြ လုပ္မယ္။ မီဒီယာက႑ဆိုရင္ သိပ္ၿပီးသိသာတာေပါ့။ ဆင္ဆာေတြ ဘာေတြကလည္း ႐ုတ္ၿပီးေတာ့ လြတ္လပ္ခြင့္ရသြားတယ္။ ကြၽန္ေတာ္တို႔ dollar exchange rate ဆိုလို႔ရွိရင္လည္းပဲ ကာလေပါက္ေဈးနဲ႔ ေမွ်ာလိုက္တာေပါ့။ ႏိုင္ငံေရး၊ စီးပြားေရး၊ ေျဖေလ်ာ့မႈေတြ ေတာ္ေတာ္မ်ားမ်ားလုပ္သြားႏိုင္ခဲ့တယ္။ ေနာက္ဆုံး ၿငိမ္းခ်မ္းေရးကိစၥလည္း လုပ္သြား ႏိုင္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က လူမေျပာင္း၊ မူေျပာင္းလို႔ ကြၽန္ေတာ္တို႔က ေကာက္ခ်က္ခ်လို႔ရ တယ္။
အဲဒီေတာ့ လူလည္းေျပာင္း၊ မူလည္းေျပာင္း ဆိုတာကေတ့ ေတာ္လွန္ေရးေပါ့။ မလိုခ်င္ဘူး။ မင္းတို႔ကို မလိုခ်င္ဘူး ။ မင္းတို႔လည္းဆင္း၊ မင္းတို႔အုပ္ခ်ဳပ္တာကို မလိုခ်င္ဘူး။ အဲဒီဟာကေတာ့ တိုင္းျပည္ အခုလည္း ကြၽန္ေတာ္တို႔ ဘယ္ေလာက္ထိခိုက္နာက်င္မႈေတြ မ်ားေနၿပီလဲ။ လက္နက္မဲ့အရပ္သားေတြ ေသေၾကမႈ၊ ပ်က္စီးမႈက (၇)ေထာင္ေက်ာ္လာၿပီ။ တစ္ခါမွ မၾကားဖူး၊ မႀကဳံဖူးတဲ့ကိစၥကေတာ့ ရဟန္း သံဃာေတြ တျခား ဘာသာေရးေခါင္းေဆာင္ေတြ ဆိုတာထက္ ဗုဒၶဘာသာ ရဟန္းသံဃာေတြ သတ္ျဖတ္ ခံရတဲ့ကိစၥဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးသမိုင္းမွာ ေတာ္ေတာ္ကို ထူးထူးျခားျခား အနိဌာ႐ုံ ဘယ္တုန္းကမွ မရွိတာေတြ ႀကဳံခဲ့ရတယ္။ ေနရပ္စြန႔္ခြာ ေ႐ႊ႕ေျပာင္းဒုကၡသည္ကလည္း အမ်ားဆုံး စံခ်ိန္တင္လာၿပီ။ ေနာက္ၿပီး ျပည္ပထြက္ခြာေတြ လူငယ္ေတြက ျပည္တြင္းမွာ အလုပ္အကိုင္အခြင့္အလမ္းမရွိေတာ့ဘူး စီးပြားေရးအေျခအေနေတြ မေကာင္းတဲ့အတြက္ေၾကာင့္ ျပည္ပထြက္ခြာတဲ့လူကလည္း ေၾကာက္ခမန္း လိလိျဖစ္လာတယ္။ ဒီေလာက္အေျခအေနဆိုးႀကီးေတြ ျဖစ္ေနတဲ့အခ်ိန္မွာ လူလည္း မေျပာင္းဘူး၊ မူလည္း မေျပာင္းဘူး ဆိုရင္ေတာ့ ဒါတိုင္းျပည္ကို သတ္တာပဲ။ တိုင္းျပည္ကို ႏွစ္တာပဲ။ အဲဒီေတာ့ ကြၽန္ေတာ္ေျပာတာက လက္ရွိေခါင္းေဆာင္ေတြကိုေရာ၊ ေနာက္ေနာင္ေပါ့ဗ်ာ ေ႐ြးေကာက္ပြဲမျဖစ္မေန လုပ္သြားလို႔ တက္သြားမယ့္ေခါင္းေဆာင္ေတြကိုေရာ ေျပာခ်င္တာကေတာ့ ဒီအတိုင္း မူမေျပာင္းဘူး ဆိုရင္ေတာ့ ခင္ဗ်ားတို႔အတၱ နဲ႔ ခင္ဗ်ားတို႔ေခါင္းမာၿပီးေတာ့ တိုင္းျပည္ကိုသတ္တာ။ မ်ိဳးဆက္လိုက္ ေနာင္မ်ိဳးဆက္ေတြကိုပါ သတ္တာပဲလို႔ ကြၽန္ေတာ္ကေတာ့ ေျပာရလိမ့္မယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္ တို႔က လူလည္း ေျပာင္းဖို႔လိုတယ္။ မူလည္း ေျပာင္းဖို႔လိုတယ္။ လူေျပာင္းဆိုတာက အကုန္လုံးေျပာင္းဖို႔ ဆိုတာထက္ကို တိုင္းျပည္အေပၚမွာ တကယ္ေစတနာရွိၿပီးေတာ့ သူ႔က႑အလိုက္နယ္ပယ္အလိုက္၊ သက္ဆိုင္ရာအဖြဲ႕အစည္းေတြအလိုက္၊ တိုင္းရင္းသားေတြအလိုက္ ပါဝင္ႏိုင္တဲ့ အစိုးရမ်ိဳး ဆုံးျဖတ္ႏိုင္တဲ့ အာဏာပိုင္အဖြဲ႕အစည္းမ်ိဳးေပၚလာဖို႔ လိုတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္ကတာ့ ေ႐ြးေကာက္ပြဲ၊ ေ႐ြးေကာက္ပြဲေျပာေနေပမယ့္ ကြၽန္ေတာ္ အေလးအနက္စဥ္းစားေနတဲ့ကိစၥက ဒီႏိုင္ငံရဲ႕ လက္ရွိအၾကပ္ အတည္းႀကီးကို ဘယ္လိုေက်ာ္လႊားမလဲဆိုတာကို စဥ္းစားေနတာ။ အဲဒီေတာ့ ေ႐ြးေကာက္ပြဲဆိုတာက ေတာ့ သူ႔သတ္မွတ္ခ်က္အတိုင္း ဖ်က္သြားတာ၊ ျဖစ္သြားတာ အဲဒါတစ္ပိုင္းေပါ့၊ အဲဒီအလြန္က ပိုၿပီး တာဝန္ႀကီးတယ္။ အႏၲရာယ္လည္း ႀကီးတယ္။ ဒါေၾကာင့္မို႔လို႔ ဒီကိစၥကို ေ႐ြးေကာက္ပြဲလုပ္မယ္၊ ဘယ္ႏွစ္ေနရာ ဝင္ၿပိဳင္မယ္၊ ဘာလုပ္မယ္ဆိုတာ မ်ိဳးေလာက္ေတာ့ ခပ္တိမ္တိမ္ မစဥ္းစားေစခ်င္ဘူး။ အဓိကက ဒီႏိုင္ငံရဲ႕အဆုံးအျဖတ္က AE Politc ထိပ္ပိုင္းေခါင္းေဆာင္မ်ားၾကားမွာရွိတဲ့ သေဘာတူညီမႈ၊ သူတို႔ရဲ႕အေမွ်ာ္အျမင္ အဲဒါကပဲ အဓိက အဆုံးအျဖတ္ျဖစ္သြားလိမ့္မယ္လို႔ ကြၽန္ေတာ္ေတာ့ ျမင္ပါတယ္။
ေမး ။ ။ ခုနကေျပာတဲ့ ဥပေဒအထက္မွာ ႏိုင္ငံေရးရွိတယ္ဆိုတာကို ေျပာခ်င္တာေပါ့။
ေျဖ ။ ။ ဥပေဒအထက္မွာ ႏိုင္ငံေရးရွိတယ္။ ဒါေၾကာင့္ တရားဥပေဒစိုးမိုးေရး။ တရားဥပေဒအတိုင္း ေဆာင္႐ြက္ပါတယ္လို႔ေျပာေနတာအားလုံးက ေသခ်ာျပန္စဥ္းစားၾကည့္ Rule by Law ပဲ။ ဘာျဖစ္လို႔ လည္းဆိုရင္ ကြၽန္ေတာ္ ႀကဳံဖူးတယ္။ MI ေခတ္ေပါ့။ စစ္ေထာက္လွမ္းေရးေခတ္။ ကြၽန္ေတာ့္ကို ရပ္ကြက္ ႐ုံးကို ေခၚတယ္။ ၿမိဳ႕နယ္တာဝန္ခံေပါ့၊ ဗိုလ္ႀကီးေပါ့၊ ေခၚၿပီးေတာ့ ပြင့္ပြင့္လင္းလင္းေျပာရင္ေတာ့ ၿခိမ္းေျခာက္တာ၊ သတိေပးတာ အဲဒီေတာ့ ဥပေဒအရ အေရးယူလို႔ရတယ္ေပါ့။ အဲဒီေတာ့ ဒါကို သတိေပး တာေပါ့။ ဆိုေတာ့ ကြၽန္ေတာ္ကလည္း ခ်က္ခ်င္းပဲျပန္ေျပာလိုက္တယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အထက္တန္းေရွ႕ေနတစ္ေယာက္ျဖစ္တယ္။ ေနာက္တစ္ခုက ကိုယ္တိုင္လည္း ဥပေဒစိတ္ဝင္စားလို႔ ေလ့လာခဲ့တာျဖစ္ေတာ့ ကြၽန္ေတာ့္ကို အမႈလာအပ္လို႔ရွိရင္ တရားခံက လာအပ္လည္း ဒီစာအုပ္ႀကီးပဲ တရားလိုက လာအပ္လည္း ဒီစာအုပ္ႀကီးပဲ။ အဲဒီ ဥပေဒ အကိုးအကားေတြနဲ႔ အဓိပၸါယ္ဖြင့္ဆိုခ်က္ကို ကြၽန္ေတာ္တို႔သုံးၿပီးေတာ့ တရားခံျဖစ္ခဲ့ရင္ ေလ်ာ့ေပါ့ေအာင္၊ သက္သာေအာင္ အမႈက လြတ္ေအာင္ ကြၽန္ေတာ္ႀကိဳးစားမယ္။ ဒီစာအုပ္ပဲ။ တရားလိုျဖစ္ရင္ ဒီစာအုပ္ကိုပဲသုံးၿပီးေတာ့ အမႈျပစ္ဒဏ္ မျဖစ္ျဖစ္ ေအာင္၊ မက်က်ေအာင္၊ ျဖစ္ႏိုင္လို႔ရွိရင္ အျမင့္ဆုံး ျပစ္ဒဏ္ျဖစ္ေအာင္လုပ္မယ္။ ဒီစာအုပ္ပဲ။ အဲဒီေတာ့ ဥပေဒရဲ႕သေဘာက တရားမွ်တမႈအေျခခံ ေပ်ာက္သြားၿပီဆိုရင္ ဥပေဒက သက္မဲ့ပဲ။ စာအုပ္ႀကီးပဲ။ က်င့္သုံးတဲ့လူအေပၚမွာ သူ႔ရဲ႕ဆင္ျခင္တုံတရားနဲ႔ သူ႔ရဲ႕တရားမွ်တမႈအေပၚမွာ အမ်ားႀကီးတည္တယ္။ အခုက ကြၽန္ေတာ့္ကိုသတိေပးတဲ့ MI က ပုဂၢိဳလ္ေျပာသလိုပဲ ဒီစာအုပ္ႀကီး ခင္ဗ်ား သုံးခြင့္ရရင္ ခင္ဗ်ား ကြၽန္ေတာ့္ကို တရားစြဲလို႔ရတယ္။ ကြၽန္ေတာ္သုံးခြင့္ရရင္ ခင္ဗ်ား အဲဒီေနရာက မထနဲ႔ ခ်က္ခ်င္းပုဒ္မ ေတြ တပ္ၿပီး ခင္ဗ်ားကို တရားစြဲမယ္။ ကြၽန္ေတာ္ စြဲလို႔ရတယ္။ အဲဒီေတာ့ တရားဥပေဒကို ဒီအခ်ိန္မွာ ေျပာရတာကေတာ့ ႏိုင္ငံေရးကို နားလည္ဖို႔လိုတယ္၊ ႏိုင္ငံေရးအက်ိဳးအျပစ္ေတြကို ႀကိဳၿပီးေတာ့ တြက္ဆ ႏိုင္ဖို႔ လိုတယ္လို႔ ကြၽန္ေတာ္ေတာ့ ေျပာခ်င္ပါတယ္။
ေမး ။ ။ ဒီၾကားကာလ (၂) ႏွစ္အတြင္းမွာကေတာ့ မတည္မၿငိမ္မႈေတြ ေတာက္ေလွ်ာက္ျဖစ္တယ္။ ဒီေန႔ ဒီအခ်ိန္မွာ အရင္ထက္စာရင္ေတာ့ နည္းနည္းတည္ၿငိမ္လာတယ္ဆိုေပမယ့္ မတည္ၿငိမ္မႈက ရွိဆဲပဲ။ ခုနက အစ္ကိုေထာက္ျပတဲ့အထဲမွာလည္းပဲ အကယ္၍မ်ား ဒီ ၂ဝ၂၃ ခုႏွစ္မွာလည္း မတည္မၿငိမ္ ဆက္ျဖစ္ေနအုံးမယ္။ ေ႐ြးေကာက္ပြဲလည္း မျဖစ္ျဖစ္တဲ့နည္းနဲ႔ ျဖစ္ေအာင္လုပ္တယ္ေပါ့။ မတည္မၿငိမ္ ဆက္ျဖစ္ေနအုံးမယ္ဆိုရင္ PDF ေတြကလည္း ဟိုတိုက္၊ ဒီတိုက္ ေဆာ္ေနအုံးမယ္ဆိုရင္ ကာလုံကလည္း ဆက္ၿပီးေတာ့ ကိုင္ထားလို႔ရေသးတယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ေနတာကို သြားေတြ႕ရေသးတယ္။ ဆိုေတာ့ ကြၽန္ေတာ္တို႔အဲဒီမွာ စိုးရိမ္တာက အဲဒီမတည္မၿငိမ္ျဖစ္မွာကို ကြၽန္ေတာ္တို႔စိုးရိမ္တယ္။ တတ္ႏိုင္သမွ် တစ္ဖက္အဖြဲ႕အစည္းကိုေရာ၊ တစ္ဖက္အဖြဲ႕အစည္းကလည္း ဖ်က္မယ္လို႔ေျပာၿပီးသား။ တစ္ဖက္အဖြဲ႕ အစည္းကိုေရာ အစ္ကိုဘာမ်ား မက္ေဆ့ေပးခ်င္လဲ။
ေျဖ ။ ။ အခုကေတာ့ က်ယ္က်ယ္ေလာင္ထြက္လာတဲ့ ေႂကြးေၾကာ္သံကေတာ့ အုပ္ခ်ဳပ္လို႔ မရေစရေပါ့။ ကိုယ္လည္း အုပ္ခ်ဳပ္လို႔မရေစရ။ သူလည္း အုပ္ခ်ဳပ္လို႔မရေစရဆိုရင္ အဓိပၸါယ္ကေတာ့ မင္းမဲ့စ႐ိုက္ကို ဦးတည္တာပဲ။ အဲဒီေတာ့ မင္းမဲ့စ႐ိုက္ကို ဦးတည္တယ္ဆိုတာက ကြၽန္ေတာ္ေျပာတာ ႏိုင္ငံေရးေၾကာင့္ ဆႏၵျပလို႔ ဖမ္းခံရတာ၊ ခုခံလို႔၊ လက္နက္ကိုင္ၿပီးေတာ့ ပဋိပကၡျဖစ္လို႔ ေသေၾကပ်က္စီးတာ အဲဒါက ႏိုင္ငံေရးအရျဖစ္တာ။ သာမာန္အရပ္ထဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုက္ဆံေခ်းတယ္။ ေႂကြးျပန္ မဆပ္ဘူး။ လုတယ္၊ ခိုးတယ္၊ လူသတ္တယ္၊ ဓါးျပတိုက္တယ္ ရဲစခန္းကို သြားမတိုင္ရဲဘူး။ ရဲစခန္းထဲကို ဝင္သြားလို႔ရွိရင္ပဲ ဒီေကာင္က PDF ကို သတင္းေပးတာလား၊ ဘာလားဆိုလို႔ရွိရင္ သူကခံလည္း ခံရေသး အိမ္ေဖာက္ထြင္းခံရတယ္ေပါ့ဗ်ာ။ ရဲသြားတိုင္လို႔ရွိရင္ သူလွ်ိဳ၊ ဒလန္ပါဆိုရင္ ထပ္ၿပီးေတာ့ သူပါ အသက္ အႏၲရာယ္ပါ ထိခိုက္ေကာင္းထိခိုက္သြားႏိုင္တယ္။ အဲဒီေတာ့ ဘာျဖစ္လာလည္းဆိုေတာ့ တရား႐ုံးကို မသြားရဲဘူး။ တရားသူႀကီးေတာင္မွ ၿခိမ္းေျခာက္ခံေနရတာေတြ အမ်ားႀကီးရွိတယ္။ အဲဒီေတာ့ တရားဥပေဒစိုးမိုးမႈက လုံးဝပ်က္သြားၿပီ။ ပ်က္သြားတဲ့အတြက္ေၾကာင့္ ႏိုင္ငံေရးအရျဖစ္တဲ့ ေသေၾက ပ်က္စီးမႈကိုထားလိုက္ေတာ့ ေန႔စဥ္ျဖစ္ေလ့ျဖစ္ထရွိတဲ့ ခိုးမႈ၊ လုမႈ၊ သတ္မႈ၊ လိမ္လည္မႈ အစရွိတဲ့ ရာဇ ဝတ္မႈေတြကအစ တိုင္စရာရဲစခန္းတရား႐ုံး မရွိေတာ့ဘူး။ အုပ္ႀကီးေတြလည္း ၿခိမ္းေျခာက္လို႔ ႏႈတ္ထြက္ လို႔ အလုပ္လုပ္မယ့္လူမရွိေတာ့ဘူးဆိုရင္ အဲဒါက မင္းမဲစ႐ိုက္ထဲကို ဦးတည္သြားတာ။ ေနာက္တစ္ခုက လက္လြတ္စပယ္ေတြျဖစ္ၿပီး၊ ေသေၾကပ်က္စီးသြားၿပီးေတာ့ တစ္ခ်ိဳ႕ဆိုရင္ ခုတ္ထစ္လွီးျဖတ္ ၿပီးသြားရင္ လက္သည္ မေပၚဘူး။ ကြၽန္ေတာ္ မဟုတ္ဘူး။ သူမဟုတ္ဘူးနဲ႔ ေသတဲ့လူက ေသသြားၿပီ။ မိဘမဲ့ကေလး ေတြျဖစ္တဲ့လူက ျဖစ္သြားေရာ။ ၿပီးလို႔ရွိရင္ တစ္ခါတည္း ဟိုလႊဲခ်၊ ဒီလႊဲခ်နဲ႔ျဖစ္ေတာ့ ဆိုလိုတာက အဲဒီ အေျခအေနႀကီးကို ကာလအကန႔္အသတ္မရွိ သြားၾကမွာလား။ ကြၽန္ေတာ္ကလည္း သူတို႔ကို ေမးရလိမ့္ မယ္။
ေနာက္တစ္ခါ ႏိုင္ငံတကာအကူအညီေတြနဲ႔ပတ္သက္တဲ့ကိစၥ ကြၽန္ေတာ္တို႔ႏိုင္ငံက ကြၽန္ေတာ္တို႔ ေထာင္ထဲရွိစဥ္ကတည္းက အက်ဥ္းသားလြတ္ေျမာက္ေရးတို႔၊ ဒီမိုကေရစီေရးတို႔ တိုက္တြန္းအားေပးေန တဲ့ႏိုင္ငံေတြကို ကြၽန္ေတာ္တို႔ေက်းဇူးလည္းတင္ပါတယ္။ သို႔ေသာ္ ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးဟာ ဒီႏိုင္ငံထဲ မွာေနတဲ့ ျမန္မာေတာင္မွ တြက္ကိန္းေတြ လြဲေနတာ။ ေျပာရရင္ေတာ့ ဂဃနဏ နားမလည္တာေပါ့။ အထူးသျဖင့္ေျပာခ်င္တာက စစ္တပ္မွာ စစ္ဗိုလ္ေတြကို ဘယ္လိုစုဖြဲ႕ထားတယ္၊ ဘယ္လိုစဥ္းစားတယ္ ဆိုတာကိုနားလည္ႏိုင္တဲ့ဟာ ေတာ္ေတာ္ရွားတယ္။ ဒါေၾကာင့္လည္း ဒီအေျခအေနေတြ ကြၽန္ေတာ္တို႔ ႀကဳံသြားတာေပါ့။ အဲဒီေတာ့ အဲဒီၾကားထဲမွာမွ ႏိုင္ငံျခားသားပညာရွင္တို႔၊ ျမန္မာအေရးကြၽမ္းက်င္သူတို႔ ဆိုတာ ခင္ဗ်ားတစ္ခုခ်င္းစီျပန္ေကာက္လို႔ရွိရင္ ေရွ႕မွာလည္း လြဲတာေတြ ခဏခဏပဲ။ အဲဒီေတာ့ ေတာင္ေျပာေျမာက္ေျပာေတြ လာလာေျပာၿပီး လုပ္တဲ့ဟာက ကြၽန္ေတာ္ တို႔ကိုကူညီရာမေရာက္ဘဲနဲ႔ ဒုကၡေပးရာေရာက္တယ္။ ေနာက္တစ္ခုကလည္း အကူအညီေတြက်ေတာ့ ကြၽန္ေတာ္ လိုက္ဖတ္ၾကည့္ တယ္။ ဥပမာအားျဖင့္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ ဘတ္ဂ်က္အကူအညီကို ကြၽန္ေတာ္ၾကည့္လိုက္ေတာ့ (၁၃၆) သန္းေပါ့ ။ စေတြ႕တဲ့ဟာ အဲဒီအခ်ိန္မွာ ယူကရိန္းကိုေပးတာက ၁၃ ဒသမ ၆ ဘီလ်ံ ဆိုလိုတာက ဟိုမွာက စစ္တိုက္ဖို႔ေပးတာ ဒီမွာက ေျပာၾကစို႔ ဆိုလို႔ရွိရင္ စိတ္ပိုင္းဆိုင္ရာအရက ေရာဒို႔ကို ေထာက္ခံေနၿပီ အားေပးေနၿပီ ဆိုတဲ့အားေပးမႈျဖစ္ေသာ္လည္းပဲ ကာယကံေျမာက္က်ေတာ့ မစို႔မပို႔နဲ႔ သေဘာက ၿပီးတဲ့အခါက်ေတာ့ အေပၚမွာကျဖတ္ရအုံးမွာ overhead cost ေတြကလည္း ျဖတ္ၾကအုံးမွာ ။ၿပီး ေတာ့ေခါင္းစဥ္ေပါင္းမ်ားစြာနဲ႔ လာၾကအုံးမွာ။ အဲဒီေတာ့ ေအာက္မွာ ကြၽန္ေတာ္ၾကည့္ေနတာ စိတ္ထဲမေကာင္းဘူး။ ကမာၻစိုးေဘာင္းဘီေလးေတြနဲ႔ စြပ္က်ယ္ေလးတြနဲ႔ တူမီးေလးေတြနဲ႔ ပိုးဆိုးပက္စက္ ေသေနတာၾကေတာ့ ကိုယ့္ႏိုင္ငံ သားကိုယ့္လူငယ္ေတြေလ ကြၽန္ေတာ္ေျပာခ်င္တာက လူသားရင္းျမစ္ကို ေျပာတဲ့အခါမွာ ဘယ္သူေသေသ ကိုယ့္ႏိုင္ငံသားအရင္းအျမစ္ေတြ၊ ေနာက္တစ္ခုက ကြၽန္ေတာ္ေျပာေလ့ ေျပာထရွိတယ္ ကြၽန္ေတာ္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးေစာင့္ၾကည့္အဖြဲ႕မွာ ကြၽန္ေတာ္တာဝန္ယူခဲ့စဥ္ ေတာက္ေလွ်ာက္လုံးကလည္းပဲ စစ္သားေတြၾကားမွာ စစ္ပြဲမရွိဘူး။ ပစ္သာပစ္ေနတာ ဘာရန္ျငႇိဳးရန္စ မွ မရွိဘဲနဲ႔ တာဝန္အရ၊ အမိန႔္အရ ပစ္ေနၾကတာ။ စစ္ပြဲေတြၾကားမွာ စစ္သားေတြေရာက္ေနတာ။ စစ္သား ေတြၾကားမွာ စစ္ပြဲမရွိဘူး။ ရည္းစားလုဖက္လည္း မဟုတ္ဘူး။ ပစၥည္းဥစၥာ လုဖက္လည္းမဟုတ္ဘူး။ ဆိုေတာ့ အဓိကအဆုံးအျဖတ္က ဘယ္မွာသြားတည္လည္းဆိုေတာ့ ေခါင္းေဆာင္ေတြအေပၚမွာပဲ သြားတည္တယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔အေျခအေနကို ေသေသခ်ာခ်ာျပန္ၿပီး သုံးသပ္ဖို႔လိုတယ္။ ေနာက္တစ္ခုကေတာ့ ျဖစ္ႏိုင္ေခ်ဆိုတာကို မွန္မွန္ကန္ကန္မွန္းဆႏိုင္ဖို႔လိုတယ္။ ေနာက္တစ္ခုက သမိုင္းကို ျပန္သုံးသပ္တဲ့အခါမွာ သမိုင္းတင္မကဘူး ပစၥဳပၸန္မွာကအစ ကိုယ္မွန္သူမွားေပါ့။ ဘာလို႔လည္း ဆိုေတာ့ လူက အတၱရွိတာကို။ ပစၥဳပၸန္မွာ ကိုယ္မွန္သူမွား ျငင္းတာထက္ကို အတိတ္ကိုပါ ငါတို႔အဖြဲ႕အ စည္း၊ ငါတို႔ေခါင္းေဆာင္ေတြက ဘယ္တုန္းက မမွားခဲ့ဘူးလို႔ ခုခံကာကြယ္ေနတဲ့ျပႆနာ တကယ္က ျဖစ္လာတဲ့ ပစၥဳပၸန္ျပႆနာေတြအားလုံးက အတိတ္က အမွားအယြင္းေတြေၾကာင့္ျဖစ္တာ။ အဲဒီေတာ့ ဆိုလိုတာက စစ္တပ္မွာလည္း စစ္တပ္ေခါင္းေဆာင္ေတြဘက္က အမွားအယြင္းေတြ ရွိခဲ့တဲ့ဟာကို ေနာက္ပိုင္း မ်ိဳးဆက္သစ္ေခါင္းေဆာင္ေတြကိုယ္၌က မွန္မွန္ကန္ကန္ျပန္သုံးသပ္ႏိုင္ရမယ္။ လက္ခံႏိုင္ရ မယ္။ အမွားျပင္ဖို႔ေတာ့ လိုၿပီ။ အရပ္ဘက္မွာလည္း အရပ္ဘက္က အားနည္းခ်က္ေတြ အမွားအယြင္း ေတြရွိတယ္။ အရပ္ဘက္ႏိုင္ငံေရးသမားေတြမွာလည္း အခုက်ေတာ့ ဘာျဖစ္လာလည္းဆိုေတာ့ ဒီႏိုင္ငံ ကို ႏိုင္ငံေရးစနစ္တစ္ခုကို ႏိုင္ငံေရးသမားမရွိဘဲနဲ႔ ဘယ္လိုတည္ေဆာက္မလဲ။ ျပႆနာက ႏိုင္ငံေရး သမား အသတ္ခံလိုက္ရတာ။ ၆၂ ႏွစ္ကတည္းက ရွိသမွ် ႏိုင္ငံေရးပါတီေတြ၊ အဖြဲ႕အစည္းေတြအားလုံးကို ဖ်က္သိမ္းပစ္လိုက္ၿပီးေတာ့ တစ္ခုတည္းေသာ ဦးေဆာင္ပါတီ ဆိုၿပီးလုပ္လိုက္ကတည္းက သူက ႏိုင္ငံေရး သေဘာထားကြဲလြဲခြင့္ကို လုံးဝဖ်က္ဆီးပစ္လိုက္တာ။ ႏိုင္ငံေရးသမား သတ္ပစ္လိုက္တာ အဲဒါဟာ ေတာက္ေလွ်ာက္ ၈၈ ျဖစ္ၿပီးေတာ့ အာဏာသိမ္းလိုက္တာ ၂ဝ၁ဝ အထိ အခုက ႏိုင္ငံေရး သမားဆိုတာေလး အေညႇာင့္အစို႔ေလး ထြက္ခါစရွိေသးတယ္။ တစ္ခါထပ္ၿပီးေတာ့ အကုန္လုံးက ေတာ္လွန္ေရးသမားျဖစ္သြားေရာ။ အဲဒီေတာ့ ႏိုင္ငံေရးအရ ရပ္တည္ရင္ပဲ သစၥာေဖာက္၊ ဒလန္ ဆိုၿပီး ေတာ့ တစ္ခါတည္း ဝိုင္းၿပီးၿခိမ္းေျခာက္တာေတြ။ တိုက္ခိုက္တာေတြျဖစ္လာတယ္။ ႏိုင္ငံေရးသမား သတ္တဲ့လူ႔အဖြဲ႕အစည္းက ဘာႏိုင္ငံေရးစနစ္မွ တည္ေဆာက္လို႔မရဘူး။ ဒါကြၽန္ေတာ္တို႔ကေတာ့ တည့္ပဲေျပာရလိမ့္မယ္။ အဲဒီေတာ့ စစ္တပ္ကလည္းပဲ သူက သူ႔ကိုဆန႔္က်င္တယ္ဆိုလို႔ရွိရင္ အေရးယူမယ္ ေခ်မႈန္းမယ္ဆိုၿပီးေတာ့ သူကေတာ့ ကာယကံေျမာက္ေပါ့။ သို႔ေသာ္ စစ္တပ္က ခ်လိုက္လို႔ ရွိရင္ သူက ႏိုင္ငံေရးအတိုက္အခံထဲမွာက်ေတာ့ ႏိုင္ငံေရး မေသဘူး။ Role တက္တယ္။ ဆိုလိုတာ။ ဒီဘက္ကက်ေတာ့ ဒီေကာင္က စစ္တပ္နဲ႔ေပါင္းတဲ့ေကာင္၊ ဒီေကာင္က ဒလန္၊ သူလွ်ိဳ ဆိုၿပီးေတာ့ လူသတ္တာ မဟုတ္ဘူး။ ႏိုင္ငံေရး သတ္တာ။
အဲဒီေတာ့ ဟိုဘက္က လူရဲ႕ခႏၶာကိုယ္ကို ဖမ္းတယ္႐ိုက္တယ္။ အစရွိသျဖင့္ သူက ႏိုင္ငံေရးသမားကို၊ အတိုက္အခံကို ေခ်မႈန္းတဲ့အေနနဲ႔လုပ္တယ္။
ဒီဘက္က ကိုယ့္အခ်င္းခ်င္းကက်ေတာ့ ကိုယ္နဲ႔မတူတာေတြအားလုံးကို တစ္ဖက္လူပဲ ဆိုၿပီးေတာ့၊ စစ္တပ္ရဲ႕လူပဲဆိုၿပီးေတာ့ တစ္ခါတည္း တံဆိပ္ကပ္ၿပီးေတာ့ ႏိုင္ငံေရး အေသသတ္ဖို႔ႀကိဳးစားေနတယ္။
ဆိုေတာ့ ႏိုင္ငံေရးသမားသတ္တဲ့တိုင္းျပည္မွာ ဘာႏိုင္ငံေရးစနစ္မွတည္ေဆာက္လို႔မရဘူး။ အဲဒီေတာ့ အဲဒါကိုနည္းနည္းေလး သတိထားၿပီးေတာ့ သတိထားအေမွ်ာ္အျမင္ႀကီးၿပီးေတာ့ ႏိုင္ငံေရး Space ေပါ့၊ ႏိုင္ငံေရးပလပ္ေဖာင္းေပါ့ အဲဒါကို မွန္မွန္ကန္ကန္ျပန္တည္ေဆာက္မေပးလို႔ရွိရင္ေတာ့ ပါးစပ္ကေတာ့ ေတာက္ေလွ်ာက္ေျပာေနတာပဲ ဒီမိုကေရစီေတြ၊ ဖက္ဒရယ္ေတြ၊ လူ႔အခြင့္အေရးေတြ ေျပာခ်င္တာေျပာ က်င့္မွ မက်င့္သုံးပဲနဲ႔ မက်င့္သုံးသမွ်ကာလပတ္လုံး ဒီႏိုင္ငံမွာ ႏိုင္ငံေရးေကာင္းလာဖို႔မျမင္ဘူး။
အဲဒီေတာ့ ကြၽန္ေတာ္က ဒါေၾကာင့္မို႔လို႔ ေရွ႕လာမယ့္အနာဂတ္ကို ေနာက္ငါးႏွစ္စာ၊ ေနာက္ (၁ဝ) ႏွစ္စာ၊ ေနာက္အႏွစ္ (၂ဝ) စာ ႏိုင္ငံကို ဘယ္လိုပုံစံပုံေဖာ္ရမွာလည္း၊ ထုဆစ္ၾကမွာလည္း ဆိုတာကို ႏိုင္ငံေရး သမားခ်ည္းလည္းပဲ မရဘူး။ ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ စစ္ေရးေခါင္းေဆာင္ေတြ၊ စီးပြားေရး ေခါင္းေဆာင္ေတြ၊ အခုတံခါးဖြင့္လာတဲ့အခ်ိန္မွာ စီးပြားေရးသမားေတြ အခန္းက႑က အရမ္းအေရးႀကီး တယ္။ သူတို႔ပုံပန္းတက် ဖြံ႕ၿဖိဳးလာဖို႔လိုတယ္။ သူတို႔ကလည္း ႏိုင္ငံတည္ေဆာက္ေရးမွာ ေကာင္း ေကာင္းျပန္ အေထာက္အကူျပဳဖို႔လိုတယ္။ အလႉခံၿပီးတည္ေဆာက္ဖို႔ မစဥ္းစားနဲ႔။ အဲဒါ ပုံမွန္ မဟုတ္ဘူး။ အခြန္နဲ႔တည္ေဆာက္ရမွာ။ ဆိုလိုတာက။ ႏိုင္ငံေတာ္က ရသင့္ရထိုက္တဲ့ အခြန္ဘ႑ာေတြ ကို ႏိုင္ငံသားေတြအေနနဲ႔ေရာ၊ စီးပြားေရးသမားေတြအေနနဲ႔ေရာ၊ မွန္မွန္ကန္ကန္ထည့္ဝင္ၿပီးေတာ့ အဲဒီ အခြန္ဘ႑ာေတြကို မွန္မွန္ကန္ကန္ ခြဲေဝသုံးစြဲၿပီးေတာ့ တည္ေဆာက္ရမယ္။
အဲဒီလိုမဟုတ္ဘဲနဲ႔ တင္ဒါခ်ေပးလိုက္၊ အလႉေငြ ဘယ္ေလာက္ထည့္လိုက္ဆိုတဲ့ပုံစံမ်ိဳးနဲ႔ ကြၽန္ေတာ္ ဒီစီးပြားေရးက႑ က သိပ္အေရးႀကီးတယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံရဲ႕အနာဂတ္ကို တည္ေဆာက္ေတာ့မယ္ ဆိုရင္ ႏိုင္ငံေရးေခါင္းေဆာင္၊ စီးပြားေရးေခါင္းေဆာင္၊ စစ္ေရးေခါင္းေဆာင္၊ ဘာသာေရးေခါင္းေဆာင္ သူက သက္ဆိုင္ရာ ဘာသာေရးအသိုက္အဝန္းေတြေပၚမွာ ၾသဇာတိကမရွိတဲ့ပုဂၢိဳလ္မ်ား သူတို႔ကလည္းပဲ သိပ္အေရးႀကီးတယ္။ ေနာက္တစ္ခုက ပညာေရး၊ က်န္းမာေရး၊ လူမႈေရးေခါင္းေဆာင္ေတြ၊ ေနာက္တစ္ခါ လူထုၾကားထဲမွာ ထင္ရွားေက်ာ္ၾကားတဲ့ အႏုပညာသမားေတြ (စာေပ၊ ဂီတ) အစရွိသျဖင့္ ဒီပုဂၢိဳလ္ေတြအားလုံးက ကိုယ့္ႏိုင္ငံရဲ႕အနာဂတ္ကို ဘယ္လိုပုံစံျမင္ခ်င္တာလည္းဆိုတဲ့ အိပ္မက္တစ္ခုကို ဝိုင္းၿပီးတာ့ ထုဆစ္ၾကဖို႔လိုတယ္။ အဲဒါ ေ႐ြးေကာက္ပြဲထက္ အေရးႀကီးတယ္။
ေ႐ြးေကာက္ပြဲကေတာ့ ကြၽန္ေတာ္ ႏိုင္ငံေရးပါတီတစ္ခုအေနနဲ႔ ဆုံးျဖတ္ရေတာ့မွာေပါ့ဗ်ာ။ အလားတူပဲ အျခားပါတီေတြလည္း ဆုံးျဖတ္ၾကမွာပဲ။ သို႔ေသာ္ ကြၽန္ေတာ္တို႔ရင္ဆိုင္ရမွာက ေ႐ြးေကာက္ပြဲ မဟုတ္ဘူး။ ေနာင္ျဖစ္လာမယ့္ ႏိုင္ငံေရးအခင္းအက်င္း။ အဲဒါကြၽန္ေတာ္တို႔အားလုံးရင္ဆိုင္ရမွာ အဲဒီ အတြက္ကို အေမွ်ာ္အျမင္ရွိရွိနဲ႔ အခုကတည္းက ႀကိဳးစားၾကေစခ်င္တယ္။
ကြၽန္ေတာ္ကေတာ့ ႏိုင္ငံေရး ႐ူးသြပ္မႈတစ္ခုနဲ႔လုပ္ခဲ့တာ။ ကြၽန္ေတာ္စလုပ္ကတည္းက ၈၇၊ ၈၈ ႏိုင္ငံေရး ေလာကထဲ ဝင္လာကတည္းက ႐ူးသြပ္စြာ လုပ္ခဲ့တာ။ အခုရင္ဆိုင္ေနရတဲ့ခံႏိုင္ရည္ဟာ ကြၽန္ေတာ္ဟို တုန္းက မခံႏိုင္ဘူး။ ဒီေလာက္အထင္အျမင္လြဲမွားမႈ၊ ဆဲဆိုၿခိမ္းေျခာက္မႈေတြျဖစ္ၿပီဆိုရင္ တစ္ခုခု တင္းတင္းမာမာလုပ္ၿပီးေတာ့ ေထာင္ထဲဝင္ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္မိမွာ အမွန္ပဲ။ ဟိုတုန္းက ဆိုရင္ေပါ့။ ေထာင္ထဲေနလိုက္ရင္ ကြၽန္ေတာ္တာဝန္ေက်သြားၿပီ။ ကြၽန္ေတာ့္ကို ဘယ္သူမွမဆဲႏိုင္ေတာ့ဘူး။ အခုက် ေတာ့ အဲဒီထက္ ေလးနက္တာက ကြၽန္ေတာ္လည္း (၆ဝ) ေက်ာ္လာၿပီ။ ကြၽန္ေတာ့္ကေလးေတြ။ ကြၽန္ေတာ့္ကေလးဆိုတာက ကိုယ္ပိုင္ကို ေျပာတာတင္မကဘူး၊ သားသမီးမ်ိဳးဆက္ေတြအားလုံးကို ဒီလူ႔ အဖြဲ႕အစည္းထဲမွာ ထားခဲ့ရမွာ ဒီေလာက္မိုက္႐ိုင္းေနတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ အမုန္း အာဃာတေတြႀကီးေနတဲ့ လူ႔အဖြဲ႕အစည္းႀကီးထဲမွာ ကြၽန္ေတာ္တို႔ကေလးေတြ ကြၽန္ေတာ္တို႔ မရွိေတာ့ ရင္ေတာင္မွ ထားခဲ့ရမယ့္ကိစၥကို ကြၽန္ေတာ္တို႔ဘယ္လိုမွ အေသေျဖာင့္မွာမဟုတ္ဘူး။ အဲဒါကို ဗိုလ္ခ်ဳပ္ ႀကီးေတြေရာ၊ ဘက္အသီးသီးက ေခါင္းေဆာင္ေတြေရာ အေလးအနက္ စဥ္းစားေစခ်င္တယ္။ သူကိုယ္သူ ကေတာ့ ငါ့မွာအင္အားရွိတယ္လို႔ ထင္ၾကတာေပါ့။ ငါ့မွာ ႏိုင္ငံတကာ ေထာက္ခံမႈရွိတယ္။ ငါတို႔မွာလည္း အခု လက္နက္ေတြရွိလာၿပီ။ စစ္တပ္ကလည္း ငါ့မွာ ေလယာဥ္ပ်ံေတြရွိတယ္။ အေျမႇာက္ေတြ ရွိတယ္ ဆိုတာမ်ိဳးေလာက္နဲ႔စဥ္းစားေနရင္ေတာ့ တိုင္းျပည္ကို ဝိုင္းဖ်က္စီးေနတာပဲ။ အလုံးစုံပ်က္သုန္းေရးထဲကို တြန္းခ်ေနတာပဲ။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုပဲျမင္တယ္။ နည္းနည္းေလး ဆင္ဆင္ျခင္ျခင္နဲ႔ အေမွ်ာ္အျမင္တရားကိုေရွ႕ထားၿပီးေတာ့ လုပ္ၾကပါလို႔ ကြၽန္ေတာ္ေတာ့ အဓိက တိုက္တြန္းခ်င္ပါတယ္။
ေမး ။ ။ ဒီနစကရဲ႕ (၂)ႏွစ္အတြင္းမွာေရာ သူတို႔ရဲ႕ ကိုင္တြယ္ပုံက အေရးေပၚကာလျပဌာန္းခ်က္ ဥပေဒ နဲ႔အညီ ကိုင္တြယ္ပုံစံကေရာ တကယ္ပဲ သူတို႔ ဥပေဒနဲ႔အညီ ကိုင္တြယ္ႏိုင္ခဲ့ရဲ႕လား။ အေရးေပၚကာလ ျပဌာန္းခ်က္ဆိုတဲ့အတိုင္း ကိုင္တြယ္ႏိုင္တာေတြ႕ခဲ့လား၊ ေတြ႕မိလား။ အဲဒါကိုၾကည့္မွ ေနာက္ဒီလာမယ့္ တစ္ႏွစ္ကို ကြၽန္ေတာ္တို႔က ခန႔္မွန္းရမွာ ဆိုေတာ့ေလ။
ေျဖ ။ ။ ဟိုတစ္ခုကေလ ကြၽန္ေတာ္တို႔က ႏိုင္ငံကို ႏိုင္ငံေရးလမ္းေၾကာင္းေပၚ ျပန္တင္မယ္ဆိုရင္ ႏိုင္ငံေရးအခြင့္အလမ္းေတြကိုေတာ့ ဖြင့္ေပးရမယ္။ ဥပမာဆိုပါေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြနဲ႔ ပတ္သက္ၿပီးေတာ့ စည္းမ်ဥ္းစည္းကမ္းေတြ၊ ေၾကညာခ်က္ေတြ အသစ္အသစ္ေတြ ထပ္ထုတ္ေနတဲ့ကိစၥ က တည္ၿငိမ္ေနတဲ့ကာလကေတာင္မွ မရွိခဲ့ဘူး။ အခုဒီကာလမွာ ထပ္ထပ္လုပ္ေတာ့ ႏိုင္ငံေရးပါတီက ဥပမာအားျဖင့္ ကြၽန္ေတာ္ဆိုလို႔ရွိရင္ သံတမန္ဆက္ဆံေရး ကြၽန္ေတာ္အမ်ားႀကီးရွိတယ္။ ရွိတဲ့အခါမွာ လည္း ကြၽန္ေတာ့္ႏိုင္ငံေတာ္ရဲ႕အက်ိဳးစီးပြားကိုပဲ ဦးတည္ၿပီး ကြၽန္ေတာ္တစ္ေလွ်ာက္လုံး လုပ္လာတယ္။ ျပည္ပအေထာက္ပံ့လိုခ်င္လို႔ရွိရင္ ႐ုံးမွာ တခမ္းတနား လက္ခံေတြ႕ၿပီးေတာ့ ယူမလားဗ်။ ဒါမ်ိဳးက လူမသိ၊ သူမသိ လုပ္မွာေပါ့။ ဆိုလိုတာက။ အဲဒီေတာ့ ႏိုင္ငံေရးပါတီေတြဟာ ဒါျပည္ပ အေထာက္အပံ့ မယူရဘူး။ ဒါလိုကို လိုအပ္တယ္ေလ။ မဟုတ္ရင္ ျပည္ပစြက္ဖက္မႈေတြ ပါလာမွာေပါ့။ သို႔ေသာ္ အဲဒီက ျပည္ပက အေထာက္အပံ့မယူရဖို႔အတြက္ကို ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ သံတမန္မ်ား၊ လူပုဂၢိဳလ္မ်ားနဲ႔ ေတြ႕ဆုံလို႔ရွိရင္ ႀကိဳတင္ခြင့္ျပဳခ်က္ရယူရမယ္ဆိုတဲ့ဟာ ထပ္ထုတ္တဲ့ကိစၥက ေျပာရရင္ေတာ့ မေတြ႕နဲ႔လို႔ တားတာပဲ။ ေတြ႕ခြင့္မေပးဘူးလို႔ တားတာပဲ။ ေတြ႕ခြင့္မေပးေတာ့ ဒီႏိုင္ငံမွာ ေျပာရရင္ေတာ့ စစ္တပ္ ေထာက္ခံတဲ့အုပ္စုလည္း မဟုတ္။ ဒီမွာ လက္နက္ကိုင္တိုက္ခိုက္ေနတဲ့အုပ္စုလည္း မဟုတ္တဲ့ၾကားက အသံေတြကို သူတို႔ၾကားခြင့္မရေတာ့ဘူးေပါ့ဗ်ာ။ နားေထာင္ခြင့္ မရေတာ့ဘူးေပါ့။ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား၊ ပုဂၢိဳလ္မ်ားက။ ကြၽန္ေတာ္တို႔ကလည္း ဟိုကေတြ႕ခ်င္တယ္လို႔ ခြင့္ေတာင္းတဲ့အခ်ိန္မွာ ကြၽန္ေတာ္က ႏိုင္ငံျခားေရး႐ုံးကို စာတင္ရမယ္၊ ေကာ္မရွင္ကို စာတင္ရမယ္။ သူတို႔ဆီက စိစစ္မယ္။ အေၾကာင္းျပန္ၾကားခ်က္ ယူရမယ္ဆိုတာမ်ိဳးေတြကို ကြၽန္ေတာ္လည္း မလုပ္ေတာ့ဘူး။ အလုပ္ရႈပ္ မခံေတာ့ဘူး။ မလုပ္ေတာ့ ဘာနစ္နာသြားလည္းဆိုေတာ့ ဒီႏိုင္ငံမွာ ႏိုင္ငံေရးနည္းလမ္းအရသြားခ်င္တဲ့ ပုဂၢိဳလ္မ်ားရဲ႕အသံကို ႏိုင္ငံတကာက ၾကားခြင့္မရေတာ့ဘူး။ ခုနကေျပာသလို ျပည္ပအေထာက္အပံ့ ယူခ်င္ရင္ ခင္ဗ်ား တရားဝင္ ကြၽန္ေတာ္ သတင္းထုတ္ျပန္ၿပီးေတာ့၊ Facebook တင္ၿပီးေတာ့ ဟုတ္လား ကိုကိုႀကီးနဲ႔ ဘယ္သံအမတ္ႀကီးနဲ႔ ေတြ႕ပါတယ္။ ဘယ္ႏိုင္ငံတကာအဖြဲ႕အစည္းနဲ႔ေတြ႕ပါတယ္လို႔ ဘယ္သူ က သတင္းထုတ္ၿပီး ေတြ႕ေနမလဲ။ ဆိုလိုတာက။ အဲဒါမ်ိဳးေလာက္ကေတာ့ ဒါ Common Sense ေခၚတယ္ေလ။ ဒီေလာက္ေတာ့ စဥ္းစားႏိုင္ရမွာေပါ့ သေဘာက။ အဲဒီေတာ့ အခုကြၽန္ေတာ္တို႔က ျပည္သူ ၾကားထဲမွာ ႏိုင္ငံေရးပါတီတစ္ခုအေနနဲ႔ စည္း႐ုံးေရး ဘယ္လိုလုပ္မလဲ။ အဲဒီေတာ့ ႏိုင္ငံေရးပါတီက လူထုၾကားထဲမွာ ဘာအသံမွလည္း မထြက္ႏိုင္ဘူး။ ဘာစည္း႐ုံးမႈမွလည္း မလုပ္ႏိုင္ဘူးဆိုရင္ အဲဒီႏိုင္ငံေရးက ပါတီတစ္ခုခုကို သတ္တာမဟုတ္ဘူး။ ႏိုင္ငံေရးအခင္းအက်င္းတစ္ခုလုံးကို သတ္တာ။
ေမး ။ ။ အဲဒီေတာ့ ဒီ(၂)ႏွစ္မွာ ကာလုံကိုျပန္ၿပီး အာဏာအပ္ႏွင္းလိုက္တဲ့အခါမွာ လူကေတာ့ ေသခ်ာေပါက္ လက္ရွိ ရွိတဲ့လူစာရင္းေပါ့။ ႏိုင္ငံေတာ္ေကာင္စီဝင္ေတြဆိုတာ အမ်ားႀကီး ရွိတာကို။ သူတို႔ လည္း ေသခ်ာေပါက္ တခ်ိဳ႕ေတြ ေတာ္ေတာ္မ်ားမ်ား နားရမယ့္ ပုံရတယ္။ ေနာက္ အဖြဲ႕အစည္း ပုံစံေျပာင္းသြားမယ့္သေဘာေတာ့ ျမင္ရလား အခင္းက်င္းက။ အခုေရာ ဘယ္လိုမ်ိဳးေျပာခ်င္လဲ။
ေျဖ ။ ။ အဲဒါေတာ့ ဆုံးျဖတ္မယ့္ပုဂၢိဳလ္ေတြပဲ သိမွာပဲ။ ဘာလို႔လဲဆိုေတာ့ ဒီကိစၥက ဘယ္သူ႔သေဘာ ထား၊ ဆႏၵမွ ခံယူၿပီးလုပ္ေနတာမဟုတ္ဘူးေလ။ ဆိုေတာ့ ဦးေဆာင္တဲ့သူေတြက ဒါသူတို႔စိတ္ႀကိဳက္ စီမံဖြဲ႕စည္းတာကိုး။ ဖြဲ႕စည္းတဲ့ေနရာမွာလည္းပဲ ကြၽန္ေတာ္တို႔က လူပုဂၢိဳလ္ေတြကို ရာထူးေနရာေတြ ေပးတာထက္ကို အဲဒီပုဂၢိဳလ္ေတြရဲ႕ အႀကံဉာဏ္သေဘာထားေတြကို အေလးအနက္ထားၿပီးေတာ့ ဆုံးျဖတ္တာမ်ိဳးဆိုရင္ေတာ့ စုဖြဲ႕မႈေကာင္းတယ္။ အဲဒီလိုမဟုတ္ဘဲနဲ႔ တပ္ရဲ႕စုဖြဲ႕မႈအတိုင္းေပါ့ အမိန႔္ေပး၊ အမိန႔္နာခံမႈ ပုံစံမ်ိဳးနဲ႔သြားရင္ေတာ့ လူေတြေတာ့ ရာထူးရခ်င္ ရသြားမွာေပါ့။ ဘယ္ပါတီက ဘယ္သူေတြ ပါရင္ပါသြားမွာေပါ့။ ၿပီးတဲ့အခါက်ေတာ့ သူ႔ရဲ႕မူဝါဒပိုင္းေပါ့။ အဲဒီအပိုင္းက ဘာမွထူးျခားတဲ့ ျပဳျပင္ ေျပာင္းလဲမႈေတြျဖစ္မလာဘူးဆိုရင္ေတာ့ ဒါျပဳျပင္ေျပာင္းလဲတယ္လို႔ ေျပာလို႔မရဘူးေပါ့။
ေမး ။ ။ အဲဒီေတာ့ (၂)ႏွစ္ျပည့္ၿပီးေတာ့ ေပၚလာမယ့္ အစုအဖြဲ႕ေပါ့ေနာ္။ အဲဒီအစုအဖြဲ႕နဲ႔ပတ္သက္ရင္ အစ္ကိုအႀကံျပဳခ်င္တာက လူေျပာင္း၊ မူေျပာင္းဆိုတာထက္ တျခားထပ္ၿပီးပိုနက္နဲတဲ့ အႀကံျပဳခ်င္တာ ဘာေတြရွိမလဲ။
ေျဖ ။ ။ ေသခ်ာတာကေတာ့ မူမေျပာင္းလို႔မရဘူး။ မူမေျပာင္းရင္ အခုေတာင္မွေျပာရရင္ ျမန္မာႏိုင္ငံ မွာကလည္း ျပည္သူေတြက ခ်စ္ျခင္း၊ မုန္းျခင္းနဲ႔ ႏိုင္ငံေရးကို တည္ေဆာက္ခံလိုက္ရတာ။ ဘာလို႔လည္း ဆိုေတာ့ ဘယ္သူ႔ကိုေတာ့ အရမ္းခ်စ္တာပဲဆိုရင္ ဘယ္တစ္ခုမွ အဆိုးမျမင္ဘူး။ သူက ပုဂၢိဳလ္စြဲနဲ႔ သြားတာကိုး။ မုန္းၿပီေဟ့..ဆိုရင္လည္း ဘယ္ေလာက္ေကာင္းတာလုပ္လုပ္ အေကာင္းမျမင္ဘူး။ အေကာင္းျမင္ရင္ေတာင္ လူသိရွင္ၾကား အသိမွတ္မျပဳခ်င္ဘူး။ ဆိုလိုတာက။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ျပည္သူၾကားထဲမွာ အထိုက္အေလ်ာက္ေပါ့။ အျပည့္အဝကေတာ့ ဘယ္သူမွမျဖစ္ႏိုင္ဘူး။ အထိုက္ အေလ်ာက္ယုံၾကည္မႈရွိမယ့္ပုဂၢိဳလ္မ်ား ပါလာဖို႔လိုမယ္။ ဟိုေျပာရရင္ေတာ့ လက္ေအာက္ခံေတာ့ မေမြးနဲ႔။ လက္ေအာက္ခံေမြးလိုက္ရင္ စစ္တပ္ရဲ႕လက္ေအာက္ခံလို႔ တံဆိပ္ကပ္ခံလိုက္ရရင္ အဲဒီပုဂၢိဳလ္ အေပၚမွာပါ ရွိၿပီးသား။ ယုံၾကည္မႈပါ ေပ်ာက္သြားေရာ။ အဲဒီေတာ့ တကယ့္တကယ္က ဒါလက္ရွိ ရွိတဲ့ တပ္မေတာ္ေခါင္းေဆာင္မ်ားက စဥ္းစားတဲ့အခါမွာ ျပည္သူၾကားထဲမွာ အထိုက္အေလ်ာက္ ေမွ်ာ္လင့္မႈ၊ ယုံၾကည္မႈရွိတဲ့ပုဂၢိဳလ္မ်ား ပါလာဖို႔လိုတယ္။ အဲဒီပုဂၢိဳလ္ေတြရဲ႕အႀကံျပဳခ်က္သေဘာထားေတြကိုလည္း အေလးအနက္ထားၿပီး ထည့္သြင္းဆုံးျဖတ္ဖို႔လိုတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒီေဆာင္႐ြက္မယ့္ ပုဂၢိဳလ္မ်ားကလည္း ဥပမာ - ကြၽန္ေတာ္တို႔ဆို အၿမဲတမ္းစဥ္းစားတယ္။ တစ္ခုခု အႀကံျပဳမယ္၊ တိုက္တြန္း မယ္ဆိုရင္ေတာင္မွ ကြၽန္ေတာ္တို႔မွာ Red Line ဆိုတာ ရွိတယ္။ ထမင္းရည္ပူ စည္းေပါ့။ အဲဒါ မေက်ာ္ ရဘူးဗ် ႏိုင္ငံေရးမွာ။ အဲဒီအကန႔္အသတ္ကို နားလည္ရတယ္။ စစ္တပ္မွာလည္းပဲ လုပ္ခ်င္တိုင္းလုပ္လို႔ မရဘူး။ အကန႔္အသတ္ေတြ ရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ဘက္ကလည္း မဆန႔္ရင္ကာ ကိုယ္ျဖစ္ခ်င္ တာေတြခ်ည္းပဲေလွ်ာက္ေျပာလို႔မရဘူး။ လက္ရွိ ရွိေနတဲ့ ပတ္ဝန္းက်င္အေျခအေနအရ အကန႔္အသတ္ ကို နားလည္ရမယ္။ နားလည္ၿပီးေတာ့ သူ႔ဘက္လည္း လိုက္ေလ်ာႏိုင္ရမယ္။ လိုက္ေလ်ာျခင္းေၾကာင့္ သူ႔အတြက္ အႏၲရာယ္မျဖစ္ေစရဘူး။ သူ႔အတြက္လည္းပဲ အဲဒီလိုလိုက္ေလ်ာျခင္းေၾကာင့္၊ ေျပာင္းလဲ လိုက္ျခင္းေၾကာင့္ ထိုက္သင့္တဲ့ ယုံၾကည္မႈျပန္ရလာမယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္လည္း သူ႔အတြက္ ရွိရမယ္။ အဲဒီလိုမ်ိဳး စဥ္းစားႏိုင္မွ ကြၽန္ေတာ္တို႔က ျပဳျပင္ေျပာင္းလဲေရးက အေကာင္အထည္ေပၚမွာ။ ဒါေၾကာင့္မို႔ လို႔ မူမေျပာင္းလို႔မရဘူး။ လူေျပာင္းတာကေတာ့ ဒီအခ်ိန္မွာ ဆုံးျဖတ္ခ်က္က လက္ရွိဆုံးျဖတ္ႏိုင္တဲ့ ပုဂၢိဳလ္ေတြကပဲ ဘယ္သူ႔ျဖဳတ္မယ္၊ ဘယ္သူတတ္မယ္ဆိုတာ အားလုံး သူတို႔ဆုံးျဖတ္လို႔ရမယ္။ အဲဒီ ေတာ့ ဆုံးျဖတ္ရင္လည္းပဲ လူခ်ည္းပဲ ေခၚလာလို႔ေတာ့မရဘူး။ လူခ်ည္းပဲ ေခၚလာရင္၊ လက္ေအာက္ခံ ျဖစ္သြားရင္ အဲဒီလူအေပၚမွာ နဂို မရွိမဲ့၊ ရွိမဲ့ ယုံၾကည္မႈေလးပါေပ်ာက္သြားမွာပဲ။ အဲဒီေတာ့ သူနဲ႔ ပတ္သက္တဲ့၊ ျဖစ္သင့္ျဖစ္ထိုက္တဲ့အႀကံဉာဏ္ေတြ၊ မူပိုင္းဆိုင္ရာေတြကိုလည္း လက္ခံေပးဖို႔လိုတယ္။ အဲဒါမွ လူေျပာင္း၊ မူေျပာင္းျဖစ္မွာ။ လူေျပာင္းဆိုတာေတာင္မွ လူအစားထိုးေပါ့။ တစ္အုပ္လုံးႀကီး ေျပာင္းပစ္ဖို႔ဆိုတာ ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္လို႔မရႏိုင္ေသးဘူး။ အဲဒီေတာ့ ေျပာင္းလိုက္တဲ့ လူမွာ မူေတာ့ ပါသြားဖို႔လိုတယ္။ ေနာက္တစ္ခုကလည္း မေျပာင္းဘူးဆိုရင္ေတာင္မွ မေျပာင္းတဲ့လူေတြ က ငါတို႔မူေတာ့ေျပာင္းမွျဖစ္မယ္ဆိုတဲ့ စဥ္းစားခ်က္မ်ိဳး ရွိဖို႔လိုတယ္။ ဆိုေတာ့ အဲဒါမဟုတ္ရင္ အခုအကြဲက ေတာ္ေတာ္ႀကီးတယ္။ ျပည္သူၾကားက အကြဲက။ မိသားစုထဲ တစ္ေယာက္ခ်င္းစီအထိ ကြဲတာ။ ဆရာ/တပည့္ ကြဲတယ္။ ဆရာ/ဒါကာ ကြဲတယ္။ ညီအစ္ကို ကြဲတယ္။ သားအဖကြဲတယ္။ အဲဒီေလာက္ထိ ကြဲၿပဲၿပီးေတာ့ ယဥ္ေက်းမႈပါကြဲတာ။ ယဥ္ေက်းမႈပါ အကုန္လုံးပ်က္ကုန္တာ။ ဆိုေတာ့ အဲဒီအေျခေနႀကီးကို ေပါ့ေပါ့တန္တန္ တြက္ၿပီးေတာ့ အင္အားအဓိကနဲ႔ ေခ်မႈန္းမယ္။ တည္ၿငိမ္မႈဆိုတာ ေခ်မႈန္းလိုက္ရင္ တည္ၿငိမ္သြားမွာပဲဆိုတာ အဲဒီေလာက္ေတာ့ မလြယ္ဘူး။ အဲဒီလို စဥ္းစားလို႔မရဘူး။
ေမး ။ ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒီမွာ ၂ဝ၂၁ အခင္းအက်င္းနဲ႔ပတ္သက္ၿပီးေပၚလာတဲ့ အစိုးရေတြ၊ ေကာင္စီေတြနဲ႔ပတ္သက္ရင္ လူေတြက ေျပာတာရွိတယ္။ ဆန႔္က်င္ဘက္အဖြဲ႕အစည္းေတြ အမ်ားဆုံး ေထာက္ျပၾကတာေတြ ရွိတယ္ေပါ့။ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ မညီဘူး။ ယူတာ မညီဘူးေပါ့။ သမၼတကို တင္ျပရမယ္တို႔၊ ကာလုံက သမၼတကို တင္ျပရမယ္တို႔ ဘာတို႔ဆိုတာက သမၼတကိုဖမ္းထားမွေတာ့ ဘယ္လိုတင္ျပမွာလဲတို႔၊ အဲဒီေမးခြန္းေတြက အႀကီးအက်ယ္ ခုထက္ထိ ေျဖရွင္းစရာ မရွိဘူး ျဖစ္ေန တယ္။ ေျဖလို႔မရဘူးျဖစ္ေနတယ္ဆိုေတာ့ အဲဒီအခင္းအက်င္းကို ဘယ္လိုမ်ားနားလည္ထားလဲ။
ေျဖ ။ ။ ဒါေၾကာင့္ ဒါ man-made law လို႔ ေျပာတာ။ လူလုပ္တဲ့ ဥပေဒ။ လူေတာင္မွ ခပ္ရွင္းရွင္း ေျပာရရင္ စစ္ဗိုလ္ေတြ လုပ္တာဗ်ာ။ အဓိက ဦးေဆာင္လုပ္သြားတာ ေညာင္ႏွစ္ပင္မွာ လုပ္သြားတာ။ အဲဒီေတာ့ ခုစစ္ဗိုလ္ေတြ ဘာသာျပန္တာေလ။ စစ္ဗိုလ္ေတြ က်င့္သုံးတာေလ။ အဲဒီေတာ့ ဒီဟာကို သြားၿပီး အျငင္းပြားေနရင္ ကြၽန္ေတာ္ေျပာတာက အေျဖထြက္ခ်င္တယ္ဆိုရင္ေတာ့ အျငင္းပြားလို႔ အေျဖ ထြက္မယ္ဆိုရင္ေတာ့ ျငင္းေပါ့ဗ်ာ။ ဟုတ္လား ကြၽန္ေတာ္ေျပာခ်င္တာက။ တကယ့္တကယ္ဆိုရင္ လြတ္လပ္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးရွိလား၊ အခု မရွိဘူးေလ။ အခုျငင္းၿပီဆိုရင္ ကြၽန္ေတာ္ တို႔က ဒါလြတ္လပ္တယ္ဆိုတဲ့စကားလုံးကို ထည့္ေျပာထားတာေနာ္။ လြတ္လပ္တဲ့ဖြဲ႕စည္းပုံ အေျခခံ ဥပေဒခုံ႐ုံး ရွိၿပီဆိုရင္ေတာ့ ဒါဖြဲ႕စည္းပုံနဲ႔ ညီၫြတ္တယ္။ မညီၫြတ္ဘူးဆိုတာကို သူက ဆုံးျဖတ္ေပးလိမ့္ မယ္။ အေမရိကားမွာဆိုရင္ေတာ့ သူက High Court/ Supreme Court ကို တင္ရတာေပါ့။ တရားလႊတ္ ေတာ္ခ်ဳပ္ေနၿပီးေတာ့ပဲ ဒါဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ညီၫြတ္သလား၊ မညီၫြတ္ဘူးလားဆိုတာကို ဆုံးျဖတ္တယ္။ အဲဒါကို ကြၽန္ေတာ္တို႔က နာခံရတယ္။ ဒီမွာ ဒီအေျခအေနမရွိဘူး။ အဲဒီေတာ့ ျငင္းလည္း ျငင္းတာပဲ ရွိတာေပါ့။ ဒါ အာဏာသိမ္းတယ္လို႔ ျငင္း၊ အာဏာထိန္းတယ္လို႔ ျငင္း၊ ျငင္းေလ။ အဲဒီေတာ့ အေျဖထြက္ဖို႔ဆိုရင္ေတာ့ ခုနကေျပာသလို အေျဖထြက္တဲ့စဥ္းစားခ်က္မ်ိဳး၊ နည္းလမ္းေတြနဲ႔ စဥ္းစားေပါ့။ ကြၽန္ေတာ္တို႔မွာ တစ္ဦးခ်င္းေကာက္ခ်က္ေတြ ရွိတာေပါ့။ သို႔ေသာ္ ကြၽန္ေတာ္တို႔က အေျဖကိုစဥ္းစားတဲ့ အခါက်ေတာ့ ခုနက လက္ေတြ႕က်တဲ့ခ်ဥ္းကပ္မႈမ်ိဳးကို စဥ္းစားတယ္။ စဥ္းစားတဲ့အခါမွာလည္းပဲ ကြၽန္ေတာ္ ဒီႏိုင္ငံမွာ ေမြးတယ္။ ဒီႏိုင္ငံမွာ ႀကီးတယ္။ ဒီႏိုင္ငံရဲ႕ႏိုင္ငံေရးထဲမွာ တစ္ဘဝလုံး ႏွစ္ျမဳပ္ၿပီး လုပ္ေနတာျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ ဒီႏိုင္ငံနဲ႔ပတ္သက္တဲ့ အကဲျဖတ္ခ်က္ေတြဟာ ပြင့္ပြင့္ လင္းလင္းေျပာရရင္ ကြၽန္ေတာ္ (၃၅)ႏွစ္ တစ္ေလွ်ာက္လုံးမွာ မမွားခဲ့ဘူး။ ေနာက္ပိုင္း ကြၽန္ေတာ္ အခ်ိန္ရရင္ ဘယ္ေကြ႕ေတြမွာ ကြၽန္ေတာ္ဘယ္လိုဆုံးျဖတ္ခဲ့တယ္၊ ဘယ္လိုအႀကံဉာဏ္ေပးခဲ့တယ္။ သို႔ေသာ္ မေအာင္ျမင္ခဲ့တဲ့ဟာေတြေပါ့။ ကြၽန္ေတာ္ Series လိုက္ ျပန္ေျပာျပမယ္။ အဲဒီေတာ့ အေဝးက ေနၿပီးေတာ့ ျမန္မာႏိုင္ငံ ဟိုလိုျဖစ္ႏိုင္တယ္၊ ဒီလိုျဖစ္ႏိုင္တယ္ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ တကၠသိုလ္တုန္း က ေဘာ္လီေဘာပြဲမွာ အားေပးတဲ့ပရိသတ္လိုပဲ။ ဟိုလို လုပ္လိုက္ပါလား။ ဒီလိုလုပ္လိုက္ပါလားေတြ ကေတာ့ အမ်ားႀကီးပဲ။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံေရးမွာ။ သူ႔တို႔မွာ ဘာတာဝန္မွမရွိဘူးေလ။ ဒီႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့။ အဲဒီေတာ့ ဒါေၾကာင့္မလို႔ ဒီႏိုင္ငံျပသနာဟာ ဒီႏိုင္ငံထဲမွာ ေနၿပီးေတာ့၊ ဒီႏိုင္ငံေရးထဲ မွာ ျမႇဳပ္ႏွံၿပီးေတာ့ လုပ္ေနတဲ့သူေတြ အားေကာင္းလာဖို႔လိုတယ္လို႔ ကြၽန္ေတာ္ကေတာ့ အဲဒီလိုျမင္ တယ္။
ေမး ။ ။ အဲဒီေတာ့ ဒီေန႔လူအဖြဲ႕အစည္းႀကီးက ၂ဝ၂၁ အခင္းအက်င္းနဲ႔အတူေပၚလာတဲ့ လူ႔အဖြဲ႕အစည္း ႀကီးက အမွန္/အမွား ျငင္းခုန္တဲ့အဆင့္ေလာက္ပဲရွိၿပီးေတာ့ အေျဖထြက္ျခင္း၊ အေျဖရွာျခင္း လမ္းေၾကာင္းေပၚတက္တာ သိပ္မေတြ႕ရဘူးလို႔ ေျပာခ်င္တာလား။
ေျဖ ။ ။ အေျဖလို႔ေျပာရင္ သူက မွန္းဆခ်က္ေတြနဲ႔ဆိုင္တယ္။ ငါတို႔ ႏိုင္ကိုႏိုင္ရမယ္ဆိုတာ ဒါ မွန္းဆ ခ်က္ေပါ့။ ေနာက္တစ္ခုက ေမွ်ာ္လင့္ခ်က္ေပးတာနဲ႔လည္း ဆိုင္တယ္။ ဒါ ကြၽန္ေတာ္တို႔ (၂)ႏွစ္ကာလ ျပန္ၾကည့္ရင္ စစ္တပ္ဘက္က လုပ္တာေတြလည္း လက္လြန္ေျခလြန္လုပ္တာေတြ ကြၽန္ေတာ္တို႔ ေတာက္ေလွ်ာက္ေတြ႕ေနရတာ အမ်ားႀကီးပဲ။ ဒါေျမျပင္ေပၚမွာ တကယ့္ကို အတိဒုကၡေရာက္ေနတာ ေတြ ကြၽန္ေတာ္တို႔ေျပာရရင္ စိတ္ထိခိုက္ၿပီးေတာ့ ႀကဳံေတြ႕ေနရတဲ့ဟာေတြ အဲဒီေတာ့ ဒီဘက္ကလည္း တစ္ပတ္ေတာင့္ထားခံႏိုင္ၿပီ၊ ႏွစ္ပတ္ေတာင့္ထားႏိုင္ၿပီ။ R2P လာေတာ့မယ္။ ဘာလုပ္ေတာ့မယ္။ ညာလုပ္ေတာ့မယ္ဆိုတဲ့ဟာ ကြၽန္ေတာ္က ကြၽန္ေတာ္ႀကဳံခဲ့ရတဲ့ ေထာင္ထဲက အေတြ႕အႀကဳံေတြကို မေျပာခ်င္လို႔။ ျပန္မေျပာခ်င္လို႔။ ျပန္မေျပာခ်င္လို႔ဆိုတာ ေျပာေတာ့ေျပာခ်င္ေသာ္လည္း ခ်ိန္ေနတာ ေပါ့။ ေထာင္ထဲမွာလည္းပဲ ကြၽန္ေတာ္တို႔လြတ္ေၾကာင္သတင္းလို႔ ေခၚတယ္ဗ်။ ဘာလို႔လဲဆိုေတာ့ ေထာင္ဆိုတာ သူသူကိုယ္ကိုယ္ လြတ္ခ်င္ၾကတာေပါ့။ အဲဒီေတာ့ တစ္ဖက္ကလည္း ေစတနာဆိုးေတာ့ မဟုတ္ဘူး။ အထဲမွာရွိတဲ့အက်ဥ္းသားေတြကို စိတ္ဓါတ္ခြန္အားျဖစ္ေအာင္ဆိုၿပီးေတာ့ စိတ္ဓါတ္ခြန္အား ျဖစ္မယ့္သတင္းေတြ ယူယူလာတဲ့ဟာေတြက မဟုတ္ဘူး။ သတင္းေတာ္ေတာ္မ်ားမ်ားက။ မဟုတ္ဘူး။ ေနာက္ သတင္းအခ်က္အလက္ေတြကိုလည္း ပုံဖ်က္ၿပီးေတာ့ ဝင္လာတာ။ အမွား၊ အမွန္ေတြ ေရာထည့္ တာေပါ့။ အဲဒါက Facebook ေခတ္မဟုတ္ေသးေတာ့ ေထာင္ဆိုေတာ့ ေထာင္ဝင္စာသတင္းနဲ႔ ကြၽန္ေတာ္တို႔ေျပာရရင္ ရယ္စရာေပါ့ဗ်ာ ေထာင္ထဲေရာက္ခါစကေတာ့ ညဘက္ဆိုရင္ လြမ္းလြမ္း ေဆြးေဆြးနဲ႔ဆိုတဲ့ သီခ်င္းေလးေတြရွိတယ္။
ဒါထူးအိမ္သင္ သီခ်င္းေပါ့ (၃)ႏွစ္ေလာက္ အေမ့ဆီမျပန္ဘဲ လြင့္တဲ့ သားလူမိုက္ဟာ ဘာညာ။ ကြၽန္ေတာ္တို႔ (၃)ႏွစ္ေလာက္ သီခ်င္းထဲမွာ ဆိုတယ္။ တကယ္ေနလိုက္ရေတာ့ ပထမတစ္ေခါက္ (၁၃) ႏွစ္ေက်ာ္ေက်ာ္ေလာက္ေနလိုက္ရတယ္။ အားလုံးေပါင္းလိုက္ရင္ေတာ့ (၁၉) ႏွစ္ေက်ာ္ေက်ာ္ေနလိုက္ရ တယ္။ အဲဒီေတာ့ စိတ္ကူးမယဥ္နဲ႔ ကြၽန္ေတာ္ေျပာတာ ႏိုင္ငံေရးကို စိတ္ကူးယဥ္တာမ်ိဳးက အခ်က္ အလက္မခိုင္လုံပဲနဲ႔ သိပ္အႏၲရာယ္ႀကီးတယ္။ အခုလည္းပဲ False hope ေတြေပါ့။ ေမွ်ာ္လင့္ခ်က္အမွား ေတြ ေတာက္ေလွ်ာက္ေပးၿပီးေတာ့ လုပ္လာတဲ့ဟာက်ေတာ့ ျပည္သူေတြက ရယ္စရာျဖစ္လာတယ္။ အယုံအၾကည္မဲ့လာတယ္ေပါ့။ ဒါတစ္မ်ိဳးၿပီးသြားရင္ ေနာက္ထပ္ေမွ်ာ္လင့္ခ်က္တစ္ခု ထပ္လုပ္ ထပ္လုပ္ နဲ႔။ အမွားေပၚမွာ အမွားေတြ ထပ္ထပ္ၿပီးေတာ့ ဆင့္လာတဲ့ဟာေတြ။ အဲဒါသိပ္အႏၲရာယ္ႀကီးတယ္။ အဲဒီေတာ့ တပ္ဘက္အသိုင္းအဝိုင္းၾကည့္လိုက္ေတာ့လဲ တပ္ဘက္ကေန Lobby လုပ္တဲ့အုပ္စုေတြမွာ ဟာ သူတို႔အႀကီးအက်ယ္ႏိုင္ေနတာပဲ။ ဒီဘက္ကၾကည့္လိုက္ေတာ့လဲ တစ္ေန႔တစ္ေန႔ မုန႔္ဟင္းခါးပြဲေရ ကို နည္းတာမဟုတ္ဘူး။ အဲဒါမ်ိဳးေတြနဲ႔ မီဒီယာေတြကိုယ္၌ကလည္း Professional မျဖစ္ေတာ့ဘူး။ အကုန္လုံးက ကိုယ့္ဘက္သူ႔ဘက္ေတြနဲ႔ျဖစ္ကုန္ေတာ့ ဒီလူအဖြဲ႕အစည္းဟာ သူ႔ဘက္၊ကိုယ့္ဘက္ေပါ့။ သူ႔ဘက္ကိုယ့္ဘက္ဆိုတာက ဘက္မဟုတ္တဲ့သူေတြကိုပါ ကိုယ့္ဘက္မွာ မရပ္တည္ရင္ သူ႔ဘက္ဆိုၿပီး ကန္ထည့္တာေပါ့။ အဲဒီသလိုနဲ႔ ေတာ္ေတာ္မ်ားမ်ားက ဘာမွထုတ္မေျပာေတာ့ပဲနဲ႔ အသံတိတ္အင္အားစု ႀကီးက ေတာ္ေတာ္ႀကီးလာတယ္။ အလႊာတစ္ခုျဖစ္လာတယ္။ သိသာတာဆိုရင္ ဗုဒၶဘာသာလူ႔အဖြဲ႕အ စည္းဟာ စစ္အာဏာရွင္ မလိုခ်င္ဘူးဗ်။ နဂိုကတည္းက။ ျမတ္စြာဘုရားကိုယ္၌က ကာလာမသုတၱံမွာ အေတြးအေခၚလြတ္လပ္ခြင့္ကို ဖြင့္ေပးထားတာ။ အဲဒီေတာ့ ဒီအာဏာရွင္နဲ႔ ဗုဒၶဘာသာနဲ႔က မတည့္ဘူးဗ် တကယ့္တကယ္က။ ဒါေၾကာင့္မို႔လိုလဲ (၈)ေလးလုံးက စၿပီးေတာ့ သံဃာေတြက ကြၽန္ေတာ္တို႔ ေ႐ႊဝါေရာင္တစ္ေလွ်ာက္လုံး ပါခဲ့ၾကၿပီးေတာ့ ဒီပြဲမွာ ဘာျဖစ္လို႔ Silent ျဖစ္သြားတာလဲ။ ေလးေလးနက္ နက္ျပန္သုံးသပ္ဖို႔လိုတယ္ Silent ျဖစ္သြားတာနဲ႔ စစ္တပ္ကဟာေတြဆိုၿပီး သြားၿပီးေတာ့ မဟုတ္ဘူး။ သို႔ေသာ္ ျပႆနာက ဘာေပၚလာလဲဆိုေတာ့ ဘယ္သူကမွ အကာအကြယ္မေပးႏိုင္ေတာ့ဘူးဆိုတဲ့ လုံၿခဳံမႈကင္းမဲ့တဲ့အေျခအေနကိုေရာက္လာတယ္။ စစ္တပ္လႊမ္းမိုးတာႀကီးကို ႀကိဳက္သလားဆိုေတာ့ လည္းမႀကိဳက္ဘူး။ အဲဒီလိုမ်ိဳးကို အသံထြက္ခြင့္မရတဲ့အင္အားစုႀကီး ေနာက္တစ္ခုက သာမန္ျပည္သူ တစ္ေယာက္က ဆႏၵျပတုန္းက ျပခဲ့ၾကတာပဲ (၂)ႏွစ္စလုံးေတာ့လည္း သံဗုံးေခါက္ မေနႏိုင္ဘူး။ လူေတြ က ထြက္ေပါက္ကေလးယူလို႔ အလွပုံေလးေတြ တင္လိုက္ရင္ ဆဲၾကျပန္ေရာ။ ဘယ္မွလည္း ေပ်ာ္ပြဲ႐ႊင္ပြဲ လည္း မသြားရဘူး၊ ဘာမလုပ္ရဘူး၊ ညာမလုပ္ရဘူးဆိုတာႀကီးကို ေတာက္ေလွ်ာက္ေတြ ဖိအားေပး တယ္။ CDM ကိစၥ။ CDM တကယ့္တကယ္လည္းက်ေရာ CDM ေတာ္ေတာ္မ်ားမ်ား ဘဝပ်က္ေနတာ။ ေျပာရရင္ အကုန္လုံးေဈးသည္ျဖစ္ေနၿပီ။ ေဈးသည္ျဖစ္ေနၿပီး ဝယ္စားမယ့္သူကလည္း မရွိေတာ့ဘူး။ ေနာက္ဆုံးက်ေတာ့ ၾကာလာလို႔ရွိရင္ Barter System ျဖစ္ေတာ့မယ္။ သူ႔မုန႔္နဲ႔ ကိုယ့္အထည္နဲ႔ လဲစား ဆိုတာမ်ိဳးျဖစ္ေတာ့မယ္ တျဖည္းျဖည္းနဲ႔။ တိုင္းျပည္မွာ ဒီလိုအေျခအေနမ်ိဳးႀကီးျဖစ္ေနတဲ့ဟာကို အမွန္ အတိုင္းေတာ့ ျပန္သုံးသပ္ဖို႔လိုတယ္။ ေနာက္တစ္ခုက Time Frame ရွိဖို႔လိုတယ္။ ကိုယ္လုပ္တဲ့အလုပ္ ဟာ အခ်ိန္ကာလ ကန႔္သတ္ခ်က္ဘယ္ေလာက္ၾကာမလဲ နည္းနည္းပါးပါးေတာ့ ကြာမွာေပါ့။ အတိအက် ေတာ့ ဘယ္သူမွမလုပ္ႏိုင္ဘူး။ စစ္တပ္ကေတာ့ ေျပာၿပီ (၁)ႏွစ္ (၆)လႏွစ္ႀကိမ္ (၂)ႏွစ္ျပည့္ၿပီ၊ ကာလုံ လႊဲမယ္၊ (၆)လအတြင္း ေ႐ြးေကာက္ပြဲလုပ္ေပးမယ္။ သူကေတာ့ သူ႔ဘက္က Time Frame တစ္ခုေပးၿပီ။ ဒီဘက္က ခုခံဆန႔္က်င္မယ့္ပုဂၢိဳလ္မ်ားကလည္း Time Frame ရွိသလား။ တစ္ပတ္ၾကာမယ္၊ ႏွစ္ပတ္ ၾကာမယ္ေလာက္နဲ႔ေတာ့ မလုပ္နဲ႔ေတာ့။ ကြၽန္ေတာ္ေျပာတာက (၅)ႏွစ္လား။ ေျပာလိုက္ (၅)ႏွစ္အတြင္း မွာ ကြၽန္ေတာ္တို႔အျပတ္ အေျပာင္းအလဲတစ္ခုခုလုပ္မယ္။ အဲဒီလိုမဟုတ္ဘဲနဲ႔ လူေတြက နာလွၿပီ။ တျဖည္းျဖည္းၾကာရင္ ေျမပုံပဲက်န္ၿပီး လူကုန္ေတာ့မယ္။ ကြၽန္ေတာ္လည္း ေျပာသာေျပာေနရတာေလ ဆဲဆိုၿခိမ္းေျခာက္တာေတြ မ်ိဳးစုံၾကားထဲမွာ။ ကြၽန္ေတာ္က ႏိုင္ငံေရးကို ႐ူးသြပ္လို႔လုပ္တယ္ဆိုတဲ့ေနရာ မွာ ဘာႀကီးျဖစ္ခ်င္လို႔ဆိုတဲ့ေလာဘနဲ႔လုပ္တာမဟုတ္ဘူး။ အဲဒါေတာ့ ကြၽန္ေတာ္႐ိုး႐ိုးသားသား အစထဲ က ေျပာထားၿပီးသား။ ေနာက္ဆုံးက ကြၽန္ေတာ့္မိသားစုဘဝေလး ေအးေအးေဆးေဆးေျပာရရင္ေတာ့ သာမန္ဘဝေလးက အေအးခ်မ္းဆုံးပဲ။ အခုက ကြၽန္ေတာ့္အပူကို မိသားစုပါခံရတာ။ အိမ္ေထာင္ဦးစီး တစ္ေယာက္အေနနဲ႔ေျပာရရင္ မတရားဘူး။ သူတို႔ဆုံးျဖတ္တာမဟုတ္ဘဲနဲ႔ ကြၽန္ေတာ့္ေ႐ြးခ်ယ္မႈ၊ ကြၽန္ေတာ့္ဆုံးျဖတ္မႈကို မိသားစုခ်င္း ကေလးေတြကအစ လိုက္ပါေနရတာေပါ့ေနာ္။ အဲဒီေတာ့ ကြၽန္ေတာ္ကိုယ္တိုင္လည္း ေအးခ်မ္းခ်င္ၿပီ။ အထူးသျဖင့္ေတာ့ ဖေအတစ္ေယာက္ျဖစ္လာတဲ့ အခါက် ေတာ့ ကြၽန္ေတာ္တို႔မ်ိဳးဆက္ေတြကို လုံၿခဳံစိတ္ခ်ရတဲ့လူ႔အဖြဲ႕အစည္းထဲမွာ ထားခဲ့ႏိုင္ဖို႔အတြက္ေပါ့ဗ်ာ။ အဲဒါေတာ့ ဝိုင္းၿပီးစဥ္းစားၾကပါ။ ေနာက္ဆုံးေျပာရရင္ ထိပ္ပိုင္းေခါင္းေဆာင္ေတြအားလုံးဟာ လုံၿခဳံေရး အေစာင့္အေရွာက္ေတြအျပည့္နဲ႔ Villa ႀကီးေတြထဲမွာ ေနေနရတာ။ ေျမျပင္ေပၚမွာ ဘယ္သူမွ မလုံၿခဳံပါ ဘူး။ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ ကိုယ္စားလွယ္ေလာင္းမ်ားနဲ႔ မိသားစုမ်ား လုံၿခဳံေရး ဘယ္သူမွ တာဝန္မယူႏိုင္ပါဘူး။ အေ႐ြးခံသြားရရင္ေတာင္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားနဲ႔ မိသားစုမ်ား လုံၿခဳံေရး ဘယ္သူတာဝန္ယူမွာလဲ။ ကြၽန္ေတာ္တို႔ေျပာစရာေတြအမ်ားႀကီး ရွိတယ္။ ဒါေၾကာင့္မို႔လို႔ ကိုယ့္ဆုံးျဖတ္ ခ်က္ဟာ သန္း(၅ဝ)လုံး ရင္ဆိုင္ရမယ္ဆိုတာကိုေတာ့ အေလးအနက္ထားေစခ်င္တယ္။
ေမး။ ။ ေနာက္ဆုံးေမးခြန္းတစ္ခုအေနနဲ႔ေပါ့။ တစ္ဖက္မွာလည္း နစက က သူရဲ႕သက္တမ္းကျပည့္ၿပီ ျပည့္တာနဲ႔ ေနာက္ေပၚလာမယ့္ ကာလုံကေန ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ သူတို႔က Frame ခ်ၿပီးသြားၿပီ။ ဒါေသခ်ာေပါက္ သူတို႔ ၂ဝ၂၃ ခုႏွစ္ ၾသဂုတ္မွာ ယခင္ထဲက မွန္းထားတဲ့အတိုင္း လုပ္မယ္လို႔ျပင္ထား တယ္။ ေအာင္ျမင္ေအာင္ေတာ့ ရသေလာက္ သူတို႔လုပ္မယ္ေပါ့။ တစ္ဖက္မွာက်ေတာ့ ၂ဝ၂၃ ခုႏွစ္ဟာ အဆုံးအျဖတ္ေပးမယ့္ႏွစ္ဆိုၿပီးေတာ့ ေ႐ြးေကာက္ပြဲကို ရေအာင္ဖ်က္ရမယ္။ ေ႐ြးေကာက္ပြဲမျဖစ္ေအာင္ လုပ္ရမယ္ဆိုၿပီး ရွိေနတယ္။ အဲဒီ Community ႏွစ္ခုလုံးကို ၾကားကေနၾကည့္ၿပီးေတာ့ တကယ္တမ္း လုပ္သင့္တာ ဘာလို႔ မက္ေဆ့ေပးခ်င္လဲ။
ေျဖ ။ ။ အဓိကကေတာ့ ကြၽန္ေတာ္အၿမဲတမ္းေျပာေနတာ အသြင္ကူးေျပာင္းေရးကာလ သေဘာတူညီ ခ်က္တစ္ရပ္ကို ရေအာင္လုပ္ပါဆိုတာ ဘယ္နည္းလမ္းသြားသြား။ အဲဒီအသြင္ကူးေျပာင္းေရးကာလ သေဘာတူညီခ်က္မရွိဘဲနဲ႔ ေ႐ြးေကာက္ပြဲလုပ္ေပးမယ္။ ႏိုင္တဲ့လူ အာဏာလႊဲေပးမယ္ဆိုတာ မရဘူး။ အဲဒီေလာက္နဲ႔သြားလို႔ မရပါဘူးဆိုတာကို ထပ္ခါတလဲလဲေျပာေနတာ။ အခု(၂)ႏွစ္ျပည့္ခါနီးအထိ ေျပာရ ရင္ေတာ့ ဘာမွသိသာျမင္သာတဲ့ျပဳျပင္ေျပာင္းလဲမႈ သေဘာတူညီခ်က္မရွိဘူး၊ ထြက္မလာဘူး။ အဲဒီတိုင္း သြားရင္ေတာ့ ပြဲရွည္မယ္၊ ျပည္သူေတြပဲ အထိနာမယ္။ လက္နက္မဲ့ျပည္သူေတြပဲ ေတာက္ေလွ်ာက္ အထိနာမယ္။ စီးပြားေရး၊ လူမႈေရး အကုန္ထိမယ္။ တကယ့္တကယ္က ေ႐ြးေကာက္ပြဲပ်က္တယ္။ ေ႐ြးေကာက္ပြဲပ်က္ေတာ့ေရာ ဘာျဖစ္မလဲ ဖြဲ႕စည္းပုံလည္းပ်က္ၿပီဆိုပါေတာ့ စစ္အစိုးရေပါ့၊ မာရွယ္ေလာ ေပါ့။ တပ္ၿပိဳကြဲမယ္လို႔ ေမွ်ာ္လင့္သလား (သို႔မဟုတ္) ျပည္ပတပ္ေတြနဲ႔ဝင္ၿပီးေတာ့ ျဖဳတ္ခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္သလား။ ေနာက္တစ္ခုက ပထဝီႏိုင္ငံေရးကို ဘယ္ေတာ့မွမေမ့နဲ႔ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ႏိုင္ငံေရး ကိုေျဖရွင္းတဲ့အခါမွာ။ ျပည္တြင္းအင္အားေတြကို မွန္မွန္ကန္ကန္ အသုံးခ်တတ္ဖို႔လိုတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအခ်င္းခ်င္းရဲ႕ဆက္ဆံေရး၊ စိုးမိုးရာနယ္ေျမေဒသ၊ စစ္တပ္ရဲ႕ အေျခအေန၊ ဒီထက္ခ်ဲ႕လိုက္ဦး အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ သေဘာထားအေျခ အေန၊ အေဝးက ႏိုင္ငံေတြက ခဏထားလိုက္ ကြၽန္ေတာ္တို႔က အိမ္ေရွ႕(၇)အိမ္၊ အိမ္ေနာက္(၇)အိမ္နဲ႔ ႀကီးလာတာ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းက။ အဲဒါေတြ ကို မွန္မွန္ကန္ကန္ သုံးသပ္ၿပီးေတာ့ ရႈျမင္ဖို႔ လိုတယ္။ ေနာက္ဆုံးဗ်ာ... စစ္ေရးနဲ႔တိုက္တယ္ဆိုတာ ရႈံးတဲ့သူက သူပုန္ျဖစ္သြားမွာပဲ။ မ်က္စိထဲပုံေဖာ္ ၾကည့္လိုက္ေပါ့။ ၿပီးမသြားဘူးေလ။ စစ္တပ္က ႏိုင္လည္း သူပုန္က ဆက္က်န္မွာပဲ။ ဒီဘက္ကႏိုင္လည္း ပဲ စစ္တပ္ရဲ႕အစိတ္အပိုင္းတစ္ခုက သူပုန္ျဖစ္သြားမွာပဲ။ လက္ေတြ႕က်က်စဥ္းစားေလ ကြၽန္ေတာ္ေျပာ တာက။ ေသခ်ာတာတစ္ခုကေတာ့ ကြၽန္ေတာ္ကေတာ့ ဖိေျပာရမယ့္ကိစၥက တပ္မေတာ္ေခါင္းေဆာင္ ေတြ သူဟာအာဏာကိုရယူထားတာျဖစ္တဲ့အတြက္ေၾကာင့္ Initiated Power ေခၚတာေပါ့။ ေျပာရရင္ ေတာ့ သူက အဓိကဦးေဆာင္ၿပီးေတာ့ အဆုံးအျဖတ္ေတြကို လုပ္ခြင့္ရွိေနတယ္။ အဲဒါက အဆိုးထဲက အေကာင္းက ေကာင္းေမြေတြကိုဆုံးျဖတ္ႏိုင္တဲ့အခြင့္အလမ္း သူ႔မွာရေနတယ္ ဆိုးေမြကေတာ့ တစ္သက္ လုံး ခံခဲ့ရၿပီးၿပီ။ ထပ္ၿပီးေတာ့ မဲတင္းခ်င္လည္း တင္းေပါ့ဗ်ာ။ ၿပီးခဲ့တဲ့ ဆိုးေမြေတြကိုလည္း ကြၽန္ေတာ္တို႔ ခံေနရၿပီးၿပီ။ ေနာက္ထပ္ ထပ္ၿပီးေတာ့ ဆိုးေမြေတြ ထပ္ၿပီးေတာ့ ထည့္ဦးမယ္ဆိုရင္လည္း ေစတနာေပါ့ တိုင္းျပည္ေပၚမွာထားတဲ့ေစတနာေပါ့၊ ကြၽန္ေတာ္ေတာ့ အဲဒီလိုပဲေျပာပါမယ္ဗ်။ ဒါေၾကာင့္မို႔လို႔ တပ္မေတာ္နဲ႔ ျပည္သူနဲ႔ဆက္ဆံေရး ေလွ်ာ့မတြက္ပါနဲ႔။ အခုျဖစ္တဲ့အေျခအေနကို။ လိုင္းေပၚမွာ ကိုယ့္အုပ္စုနဲ႔ကိုယ္ေထာက္ခံေနတာကို သာယာေနလို႔မရဘူး။ ေျမျပင္ေပၚမွာျဖစ္ေနတဲ့ အေျခအေနေတြ က လူေတြက ပြင့္ပြင့္လင္းလင္းေျပာရင္ ကြၽန္ေတာ္တို႔ ဒီျပႆနာမျဖစ္ခင္ထဲက လက္နက္ကိုင္ပဋိပကၡ ဧရိယာေတြမွာရွိတဲ့ ျပည္သူေတာ္ေတာ္မ်ားမ်ား တိုင္းရင္းသားေတြ အပါအဝင္ ဘယ္လက္နက္ကိုင္မွ မႀကိဳက္ဘူး။ ဗမာစစ္တပ္လည္း မႀကိဳက္ဘူး၊ တိုင္းရင္းသားစစ္တပ္လည္း မႀကိဳက္ဘူး သူတို႔ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းေနခ်င္တယ္ေလ။ သူတို႔ေတာင္ယာလုပ္ငန္း၊ အေရာင္းအဝယ္ေလးေတြ သူတို႔ေအးေအး ခ်မ္းခ်မ္းနဲ႔ အေႏွာင့္အယွက္မရွိ၊ အၿခိမ္းအေျခာက္မရွိလုပ္ခ်င္တယ္ေလ အဲဒါသာမန္ျပည္သူရဲ႕ဆႏၵပဲ။ အဲဒါေၾကာင့္မို႔လို႔ လက္နက္ကိုင္နည္းလမ္းနဲ႔ အဆုံးအျဖတ္ေပးဖို႔ မျဖစ္ႏိုင္ဘူး။ ႏိုင္သြားလည္း ရႈံးတဲ့သူက သူပုန္ျဖစ္မွာပဲ။ ဘယ္သူႏိုင္ႏိုင္။ အဓိကက ႏိုင္ငံေရးထြက္ေပါက္ေကာင္းေကာင္း ဖန္တီးေပးဖို႔လိုတယ္။ တကယ့္ တိုင္းျပည္ေပၚမွာ စိတ္ေကာင္းေစတနာေကာင္းရွိၿပီးေတာ့ အေျမာ္အျမင္ရွိတဲ့ ႏိုင္ငံေရးသမား ေတြ ဒီေႏြဦးေတာ္လွန္ေရးထဲက ထြက္လာရင္ ကြၽန္ေတာ္သိပ္ေမွ်ာ္လင့္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ထားခဲ့ရေတာ့မွာေလ။ အဲဒီ Gen-z ေတြ အဲဒီအထဲမွာလည္းပဲ တကယ့္ကို က်ယ္က်ယ္ျပန႔္ျပန႔္ေလ့လာႏိုင္တဲ့၊ ဆုံးျဖတ္ႏိုင္တဲ့ မ်ိဳးဆက္ေတြ ထြက္လာဖို႔လိုတယ္။ ေမွ်ာ္ၾကည့္လိုက္ ကြၽန္ေတာ္တို႔ေတြ (၆ဝ)ေက်ာ္ လက္ရွိတပ္ေခါင္းေဆာင္ေတြအားလုံး ကြၽန္ေတာ္တို႔ သက္တူ႐ြယ္တူေတြ ေပါ့။ အဲဒီအလႊာကို အလႊာလိုက္ဖယ္လိုက္ တိုင္းရင္သားလက္နက္ကိုင္ေတာ္လွန္ေရး အင္အားစုေတြထဲ က လက္ရွိလူႀကီးေတြ အကုန္လုံးကို အလႊာလိုက္ဖယ္လိုက္။ တက္လာမယ့္အုပ္စုေတြဟာ တိုက္ခိုက္တဲ့ သူနဲ႔ ေခ်မႈန္းတဲ့သူနဲ႔ တကယ့္ကိုျပင္းျပင္းထန္ထန္ပဋိပကၡကေန ေမြးဖြားလာမယ့္ ေနာက္မ်ိဳးဆက္ေတြ ၾကားထဲမွာ တပ္မေတာ္မ်ိဳးဆက္သစ္၊ ေႏြဦးေတာ္လွန္ေရးမ်ိဳးဆက္သစ္၊ တိုင္းရင္းသားလက္နက္ကိုင္ မ်ိဳးဆက္သစ္ ဆိုၾကပါေတာ့ဗ်ာ အခု(၄ဝ)တန္းေပါ့ နည္းနည္းႀကီးရင္ (၅ဝ)တန္းေပါ့ အဲဒီအလႊာေတြႀကီး ပဲအၿပိဳင္ၿပိဳင္တက္လာတဲ့အခ်ိန္မွာ ဒီတိုင္းျပည္ရဲ႕ျပႆနာကို ဘယ္လိုရွင္းၾကမလဲ။ အခုကြၽန္ေတာ္တို႔ဆို တာ ဘာပဲေျပာေျပာ ႏိုင္ငံေရးသမားေတြနဲ႔ မွီခဲ့ၿပီလို႔ေျပာရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဦးႏုတို႔၊ ဝိဓူရသခင္ခ်စ္ေမာင္၊ ဗိုလ္မႉးေအာင္တို႔၊ ဦးေအာင္ႀကီးတို႔ အစရွိတဲ့ ႏိုင္ငံရဲ႕လြတ္လပ္ေရးေခတ္ ေခါင္းေဆာင္ေတြနဲ႔ ကြၽန္ေတာ္တို႔က သက္ရွိထင္ရွား မွီခဲ့တယ္။ သူတို႔ဆီကေန ကြၽန္ေတာ္တို႔ သင္ခန္းစာ ေတြ၊ နမူနာေတြ အမ်ားႀကီးရခဲ့တယ္။ အခု ဒီလူငယ္မ်ိဳးဆက္ကိုယ္တိုင္က ႏိုင္ငံေရးသမားဆိုတာ သူတို႔မ်က္စိေအာက္မွာေတြ႕တဲ့သူေတြကို ႏိုင္ငံေရးသမားလို႔ သူတို႔ထင္မွာေပါ့ဗ်ာ။ အဲဒီအလႊာေတြတက္ လာတဲ့ အခါက်ရင္ အခုတပ္မေတာ္ေခါင္းေဆာင္ေတြလည္းပဲ ႀကိဳၿပီးစဥ္းစားထားဖို႔ေတာ့လိုၿပီ ဒီတပ္မေတာ္ေခါင္းေဆာင္ေတြတင္မကဘူး ေျပာရရင္ေတာ့ (၅ဝ)တန္းေပါ့ က်န္တဲ့အလႊာအသီးသီး ကလည္း (၅ဝ)တန္းေတြတက္လာမယ္။ အဲဒီ Generation အားလုံးရဲ႕သမိုင္းေရးဆိုင္ရာအျမင္၊ ႏိုင္ငံေရး ဆိုင္ရာအျမင္၊ ႏိုင္ငံတကာဆိုင္ရာအျမင္ အဲဒါေတြကိုပါထည့္ၿပီး တြက္ထားဖို႔လိုမယ္လို႔ ကြၽန္ေတာ္ ကေတာ့ အႀကံျပဳခ်င္တယ္ဗ်ာ။
ေမး ။ ။ အခ်ိန္ေပးၿပီးေတာ့ ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်။
ေျဖ ။ ။ ဟုတ္ကဲ့ ကြၽန္ေတာ္လည္း ေက်းဇူးတင္ပါတယ္ဗ်။