ထိုင်းအစိုးရက MOU သက်တမ်း (၄)နှစ်ပြည့်ပြီးသည့် မြန်မာအပါအဝင်လုပ်သား(၁)သိန်းကျော်ကို (၆)လထက်မပိုသော ယာယီနေထိုင်အလုပ်လုပ်ခွင့်ပေး

 437

ယွန်း (NP News) - ဇန်နဝါရီ ၂၉

ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေပြီး သက်တမ်း(၄)နှစ်ပြည့်ပြီးသည့် မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများအတွက် အထူးအစီအစဥ်တစ်ခုအား ပေးခဲ့ကြောင်း ထိုင်းနိုင်ငံရှိ သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံတွင် ၂ဝ၂ဝ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှ ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်အထိ (၄)နှစ်ပြည့်ခဲ့သော MOU လုပ်သားလူဦးရေ (၆ဝဝဝဝ)ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ ဇူလိုင်လ(၃၁)ရက်အထိ (၄)နှစ်သက်တမ်းပြည့်သည့် MOU လုပ်သားဦးရေ (၅ဝဝဝဝ)ရှိပြီး စုစုပေါင်း နိုင်ငံခြားသား အလုပ်သမား (၁၁ဝဝဝဝ)ကို ၎င်းတို့နိုင်ငံ၏ အထူးအစီအစဥ်အဖြစ် ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဥ်အရ နိုင်ငံအတွင်းဆက်လက်နေထိုင်ခွင့်ကို မူလပါမစ်သက်တမ်း ကုန်ဆုံးသည့်နေ့မှစ၍ (၆)လထက်မပိုသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့‌ကြောင့် MOU လုပ်သားများအနေဖြင့် နေရပ်နိုင်ငံသို့ ပြန်ရန်မလိုဘဲ အလုပ်ရှင်များအနေဖြင့် နိုင်ငံခြားသားအလုပ်သမားများ ခေါ်ယူခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ကို လျှောက်ထားဆောင်ရွက်နိုင်ကြောင်း သတင်းများတွင် ပါရှိသည်။

ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းလူမျိုးများ မလုပ်ကိုင်လိုသည့် အလုပ်အကိုင်များတွင် ရွှေ့ပြောင်းအလုပ်သမားများ မရှိမဖြစ်လိုအပ်နေဆဲဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း ၎င်းတို့၏လုပ်ငန်းများ လည်ပတ်စေရန် လုပ်သားအင်အားရှိရန်လိုကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်မှ အသိပေးပြောဆိုထားသည်။

zawgyi version
ထိုင္းအစိုးရက MOU သက္တမ္း (၄)ႏွစ္ျပည့္ၿပီးသည့္ ျမန္မာအပါအဝင္လုပ္သား(၁)သိန္းေက်ာ္ကို (၆)လထက္မပိုေသာ ယာယီေနထိုင္အလုပ္လုပ္ခြင့္ေပး
ယြန္း (NP News) - ဇန္နဝါရီ ၂၉

ထိုင္းႏိုင္ငံတြင္ MOU စနစ္ျဖင့္ အလုပ္လုပ္ကိုင္ေနၿပီး သက္တမ္း(၄)ႏွစ္ျပည့္ၿပီးသည့္ ျမန္မာအပါအဝင္ ႏိုင္ငံျခားသား အလုပ္သမားမ်ားအတြက္ အထူးအစီအစဥ္တစ္ခုအား ေပးခဲ့ေၾကာင္း ထိုင္းႏိုင္ငံရွိ သတင္းမ်ားအရ သိရသည္။

ထိုင္းႏိုင္ငံတြင္ ၂ဝ၂ဝ ခုႏွစ္၊ ႏိုဝင္ဘာလ(၁)ရက္မွ ၂ဝ၂၂ ခုႏွစ္၊ ဒီဇင္ဘာလ(၃၁)ရက္အထိ (၄)ႏွစ္ျပည့္ခဲ့ေသာ MOU လုပ္သားလူဦးေရ (၆ဝဝဝဝ)ခန႔္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္မွ ဇူလိုင္လ(၃၁)ရက္အထိ (၄)ႏွစ္သက္တမ္းျပည့္သည့္ MOU လုပ္သားဦးေရ (၅ဝဝဝဝ)ရွိၿပီး စုစုေပါင္း ႏိုင္ငံျခားသား အလုပ္သမား (၁၁ဝဝဝဝ)ကို ၎တို႔ႏိုင္ငံ၏ အထူးအစီအစဥ္အျဖစ္ ဆက္လက္ေနထိုင္ အလုပ္လုပ္ကိုင္ခြင့္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါအစီအစဥ္အရ ႏိုင္ငံအတြင္းဆက္လက္ေနထိုင္ခြင့္ကို မူလပါမစ္သက္တမ္း ကုန္ဆုံးသည့္ေန႔မွစ၍ (၆)လထက္မပိုေသာ ယာယီေနထိုင္ အလုပ္လုပ္ကိုင္ခြင့္ကို ခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။

ထို႔‌ေၾကာင့္ MOU လုပ္သားမ်ားအေနျဖင့္ ေနရပ္ႏိုင္ငံသို႔ ျပန္ရန္မလိုဘဲ အလုပ္ရွင္မ်ားအေနျဖင့္ ႏိုင္ငံျခားသားအလုပ္သမားမ်ား ေခၚယူခြင့္၊ အလုပ္လုပ္ကိုင္ခြင့္ကို ေလွ်ာက္ထားေဆာင္႐ြက္ႏိုင္ေၾကာင္း သတင္းမ်ားတြင္ ပါရွိသည္။

ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားႏွင့္ပတ္သက္၍ ထိုင္းလူမ်ိဳးမ်ား မလုပ္ကိုင္လိုသည့္ အလုပ္အကိုင္မ်ားတြင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား မရွိမျဖစ္လိုအပ္ေနဆဲျဖစ္ၿပီး လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း ၎တို႔၏လုပ္ငန္းမ်ား လည္ပတ္ေစရန္ လုပ္သားအင္အားရွိရန္လိုေၾကာင္း ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္မွ အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.