မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ချဉ်းကပ်ပုံကွဲပြားသော်လည်း အစိုးရ၏ လက်ရှိဆောင်ရွက်ချက်များအပေါ် အိမ်နီးချင်းသုံးနိုင်ငံက ဆက်လက်ထောက်ခံ၊ ပံ့ပိုးမည်

 351

သုတကျော် (NP News) - အောက်တိုဘာ ၁၈
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ချဉ်းကပ် ပုံကွဲပြားသော်လည်း အိမ်နီးချင်းသုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အစိုးရ၏ လက်ရှိဆောင်ရွက်ချက်များအပေါ် ဆက်လက်ထောက်ခံ၊ ပံ့ပိုးမည်ဖြစ် ကြောင်း အောက်တိုဘာလ (၁၀)ရက်ကပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ယင်းနိုင်ငံတို့မှ ကိုယ်စားတက်ရောက်သူများ၏ ပြောကြားချက်အရသိ ရသည်။
ယင်းအခမ်းအနားသို့ NCA လက်မှတ် ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေများ၏ ကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun၊ အိန္ဒိယနိုင်ငံအသိသက် သေနှင့် နိုင်ငံခြားရေးအတွင်းဝန်ကိုယ်စားအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Shri Abhay Thakur ၊ ထိုင်းနိုင်ငံမှ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ(APRC)၏ ယာယီ အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း Mr. Pslanu Suvan­ajata တို့က အသီးသီး ဂုဏ်ပြုစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ကြခြင်းဖြစ်သည်။
ကုန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံသည် ပြည်တွင်း၊ ပြည်ပအခြေအနေအရပ်ရပ်နှင့် ကြုံတွေ့ခဲ့ရ သကဲ့သို့ ကပ်ရောဂါ၊ တိုက်ဖွန်းမုန်တိုင်း နှင့် ငလျင်လှုပ်ခတ်မှု စသော စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ခဲ့ရပြီး တိုင်းပြည်၏ ခံနိုင်ရည်စွမ်းအားကို အပြည့်အဝပြသခဲ့သည်ဟု အာရှရေးရာ အထူးကိုယ် စားလှယ် Mr.Deng Xijun ကဆိုသည်။
“မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုအပ်နေပါတယ်။ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံတစ် နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားရေး၊ စည်းလုံးညီညွတ်မှုနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့်အပေါ် ခိုင်ခိုင်မာမာထောက်ခံပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည် တွင်းငြိမ်းချမ်း ရေးနဲ့တည်ငြိမ်ရေးအတွက် ကတိကဝတ်များ ပေးအပ်ဆောင်ရွက်နေတာကိုလည်း ခိုင်ခိုင်မာမာထောက် ခံပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခတွေ မြင့်တက်လာတာ ဒါမှမဟုတ် ထိန်းသိမ်းရခက်တဲ့ စည်းကမ်းမဲ့ အခြေအနေတွေပေါ်ပေါက်လာမှာကိုတော့ မလိုလားပါဘူး”ဟု ၎င်းကဆိုသည်။
မကြာသေးမီ နှစ်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရန်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန် တရုတ်နိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်ကို ကူညီခဲ့ကြောင်း၊ တစ်ဖက် တွင်လည်း သက်ဆိုင်ရာ နယ်မြေများ၏ တည်ငြိမ်ရေးနှင့် အခြေအနေကောင်း မွန်လာရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာအချုပ် အခြာအာဏာကိုလေးစားသကဲ့သို့ ငြိမ်းချမ်းရေး ဆွေး နွေးပွဲများကို အကျိုးတော်ဆောင်အနေဖြင့် ကြား ဝင်ဆောင်ရွက်ပေးရသော အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန်အသင့်ရှိကြောင်း လည်း Mr.Deng Xijun က ပြောကြားသည်။
“တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတစ် လျှောက်မှာရှိတဲ့ အဓိကစီမံကိန်းတွေကိုလည်း တဖြည်းဖြည်း အားထည့် ဆောင်ရွက်သွားမှာဖြစ်သလို အသက်မွေး ဝမ်းကျောင်း အစီစဉ်များကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ အသင့်တော် ဆုံးဖြစ်သော ဖြေရှင်းချက်တစ်ခုရရှိရေးကို အမြဲ ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Shri Abhay Thakur ကပြောသည်။
“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကဦးဆောင်ပြီး မြန်မာနိုင်ငံကပိုင်ဆိုင်တဲ့ နိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်တဲ့ ဖြေရှင်းနည်းတစ်ခုရရှိလာရေးကို အမြဲတမ်း ထောက်ခံရပ်တည်ခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။ အိန္ဒိယ၏ အရေးပါသော နိုင်ငံခြားရေးမူဝါဒများဖြစ်သော အိမ်နီးချင်းဦးစားပေးမူဝါဒ၊ အရှေ့ မျှော်ဝါဒနှင့် အင်ဒိုပစိဖိတ် စသော မူဝါဒများ၏ဆုံရပ် တွင် မြန်မာနိုင်ငံကရှိနေကြောင်းလည်း ပြောကြားသည်။
“အိန္ဒိယနိုင်ငံဟာ နှစ်ပေါင်းများစွာ ကတည်းက ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ ပြည်သူချင်း ဆက်ဆံရေးတွေရှိခဲ့တဲ့ ယုံကြည်ရတဲ့ အိမ်နီးချင်း မိတ်ဖက်နိုင်ငံအဖြစ် မြန်မာနိုင်ငံဘက်က အမြဲရပ် တည်ခဲ့ပါတယ်”ဟုပြောကြားသည်။
ထိုင်းနိုင်ငံအတွက် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံသက်သက်သာမဟုတ်ဘဲ မြန်မာနိုင်ငံသည် မိသားစုဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးသည် မိမိတို့၏ ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ မြန်မာ၏ သာယာဝပြောရေးသည် မိမိတို့၏ သာယာဝပြော ရေးဖြစ်ကြောင်း အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့် မြတ်ရေးကောင်စီ(APRC)၏ ယာယီ အထွေထွေအ တွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ကြီးဟောင်း Mr. Pslanu Suvanajata ကဆိုသည်။
“ဒါကြောင့်မို့လို့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ကနဦးအစတည်းက အမြဲတမ်း ထောက်ခံအားပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ဝိုင်းဝန်းထောက်ခံသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို မြန်မာဦး ဆောင်မှုနဲ့ရယူပြီး မြန်မာကပဲပိုင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်”ဟု ၎င်းကဆိုသည်။
ခင်မင်ရင်းနှီးသော မိတ်ဆွေနိုင်ငံ တစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံကနားထောင်ရန်၊ ကူညီပေးရန် နှင့် အားပေး ထောက်ခံရန် အမြဲအသင့်ရှိမည်ဖြစ် ကြောင်းပြောကြားသည်။ “ထိုင်းနိုင်ငံနဲ့ အာဆီယံဟာ မြန်မာနိုင်ငံနဲ့ ဒေသ အကြားက အားလုံးပါဝင်ပြီး စစ်မှန်တဲ့ရလာဒ်ထွက်ပေါ်စေမယ့် အပြုသဘောထိ တွေ့ဆက်ဆံမှုအားလုံးကို ထောက်ခံဖို့ အသင့်ရှိ ကြောင်းပြောကြားလိုပါတယ်”ဟုလည်း ထည့်သွင်း ပြောကြားသည်။

Zawgyi Version:
ျမန္မာျပည္ၿငိမ္းခ်မ္းေရးအတြက္ ခ်ဥ္းကပ္ပုံကြဲျပားေသာ္လည္း အစိုးရ၏ လက္ရွိေဆာင္႐ြက္ခ်က္မ်ားအေပၚ အိမ္နီးခ်င္းသုံးႏိုင္ငံက ဆက္လက္ေထာက္ခံ၊ ပံ့ပိုးမည္
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၈
ျမန္မာျပည္ၿငိမ္းခ်မ္းေရးအတြက္ ခ်ဥ္းကပ္ ပုံကြဲျပားေသာ္လည္း အိမ္နီးခ်င္းသုံးႏိုင္ငံျဖစ္သည့္ တ႐ုတ္ႏိုင္ငံ၊ အိႏၵိယႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔က အစိုးရ၏ လက္ရွိေဆာင္႐ြက္ခ်က္မ်ားအေပၚ ဆက္လက္ေထာက္ခံ၊ ပံ့ပိုးမည္ျဖစ္ ေၾကာင္း ေအာက္တိုဘာလ (၁၀)ရက္ကျပဳလုပ္ေသာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA (၁၀)ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားတြင္ ယင္းႏိုင္ငံတို႔မွ ကိုယ္စားတက္ေရာက္သူမ်ား၏ ေျပာၾကားခ်က္အရသိ ရသည္။
ယင္းအခမ္းအနားသို႔ NCA လက္မွတ္ ေရးထိုးခဲ့သည့္ ႏိုင္ငံတကာအသိသက္ေသမ်ား၏ ကိုယ္စားလွယ္အျဖစ္ တ႐ုတ္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာ အထူးကိုယ္စားလွယ္ Mr. Deng Xijun၊ အိႏၵိယႏိုင္ငံအသိသက္ ေသႏွင့္ ႏိုင္ငံျခားေရးအတြင္းဝန္ကိုယ္စားအျဖစ္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Mr. Shri Abhay Thakur ၊ ထိုင္းႏိုင္ငံမွ အာရွၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္သင့္ျမတ္ေရးေကာင္စီ(APRC)၏ ယာယီ အေထြေထြအတြင္းေရးမႉးခ်ဳပ္၊ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ႀကီးေဟာင္း Mr. Pslanu Suvan­ajata တို႔က အသီးသီး ဂုဏ္ျပဳစကားေျပာၾကား ရာတြင္ ထည့္သြင္းေျပာၾကားခဲ့ၾကျခင္းျဖစ္သည္။
ကုန္ခဲ့ေသာ ဆယ္စုႏွစ္အတြင္း ျမန္မာႏိုင္ငံသည္ ျပည္တြင္း၊ ျပည္ပအေျခအေနအရပ္ရပ္ႏွင့္ ႀကဳံေတြ႕ခဲ့ရ သကဲ့သို႔ ကပ္ေရာဂါ၊ တိုက္ဖြန္းမုန္တိုင္း ႏွင့္ ငလ်င္လႈပ္ခတ္မႈ စေသာ စိန္ေခၚမႈမ်ားကိုလည္း ရင္ဆိုင္ခဲ့ရၿပီး တိုင္းျပည္၏ ခံႏိုင္ရည္စြမ္းအားကို အျပည့္အဝျပသခဲ့သည္ဟု အာရွေရးရာ အထူးကိုယ္ စားလွယ္ Mr.Deng Xijun ကဆိုသည္။
“ျမန္မာျပည္သူေတြဟာ ၿငိမ္းခ်မ္းေရးကို လိုအပ္ေနပါတယ္။ ခ်စ္ၾကည္ရင္းႏွီးတဲ့ အိမ္နီးခ်င္း ႏိုင္ငံတစ္ ႏိုင္ငံအေနနဲ႔ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ေရး၊ အခ်ဳပ္အျခာအာဏာ၊ အမ်ိဳးသားေရး၊ စည္းလုံးညီၫြတ္မႈနဲ႔ နယ္ေျမပိုင္ဆိုင္မႈတို႔ကို ကာကြယ္ေစာင့္ေရွာက္ပိုင္ခြင့္အေပၚ ခိုင္ခိုင္မာမာေထာက္ခံပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ျပည္ တြင္းၿငိမ္းခ်မ္း ေရးနဲ႔တည္ၿငိမ္ေရးအတြက္ ကတိကဝတ္မ်ား ေပးအပ္ေဆာင္႐ြက္ေနတာကိုလည္း ခိုင္ခိုင္မာမာေထာက္ ခံပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံအတြင္းမွာ ပဋိပကၡေတြ ျမင့္တက္လာတာ ဒါမွမဟုတ္ ထိန္းသိမ္းရခက္တဲ့ စည္းကမ္းမဲ့ အေျခအေနေတြေပၚေပါက္လာမွာကိုေတာ့ မလိုလားပါဘူး”ဟု ၎ကဆိုသည္။
မၾကာေသးမီ ႏွစ္ကာလအတြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားျပဳလုပ္ႏိုင္ရန္၊ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူညီခ်က္မ်ား လက္မွတ္ေရးထိုးႏိုင္ရန္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာ့တပ္မေတာ္ကို ကူညီခဲ့ေၾကာင္း၊ တစ္ဖက္ တြင္လည္း သက္ဆိုင္ရာ နယ္ေျမမ်ား၏ တည္ၿငိမ္ေရးႏွင့္ အေျခအေနေကာင္း မြန္လာေရးေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ျမန္မာအခ်ဳပ္ အျခာအာဏာကိုေလးစားသကဲ့သို႔ ၿငိမ္းခ်မ္းေရး ေဆြး ေႏြးပြဲမ်ားကို အက်ိဳးေတာ္ေဆာင္အေနျဖင့္ ၾကား ဝင္ေဆာင္႐ြက္ေပးရေသာ အျပဳသေဘာေဆာင္သည့္ အခန္းက႑မွ ဆက္လက္ပါဝင္ရန္အသင့္ရွိေၾကာင္း လည္း Mr.Deng Xijun က ေျပာၾကားသည္။
“တ႐ုတ္-ျမန္မာ စီးပြားေရး စႀကႍတစ္ ေလွ်ာက္မွာရွိတဲ့ အဓိကစီမံကိန္းေတြကိုလည္း တျဖည္းျဖည္း အားထည့္ ေဆာင္႐ြက္သြားမွာျဖစ္သလို အသက္ေမြး ဝမ္းေက်ာင္း အစီစဥ္မ်ားကိုလည္း ေပးအပ္သြားမွာျဖစ္ပါတယ္”ဟု ၎က ေျပာသည္။
ျမန္မာ့အေရးႏွင့္ပတ္သက္၍ အသင့္ေတာ္ ဆုံးျဖစ္ေသာ ေျဖရွင္းခ်က္တစ္ခုရရွိေရးကို အၿမဲ ေထာက္ခံေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Mr. Shri Abhay Thakur ကေျပာသည္။
“ကြၽန္ေတာ္တို႔ဟာ ျမန္မာႏိုင္ငံကဦးေဆာင္ၿပီး ျမန္မာႏိုင္ငံကပိုင္ဆိုင္တဲ့ ႏိုင္ငံအတြက္ အသင့္ေတာ္ဆုံးျဖစ္တဲ့ ေျဖရွင္းနည္းတစ္ခုရရွိလာေရးကို အၿမဲတမ္း ေထာက္ခံရပ္တည္ခဲ့ပါတယ္”ဟု ၎ကဆိုသည္။ အိႏၵိယ၏ အေရးပါေသာ ႏိုင္ငံျခားေရးမူဝါဒမ်ားျဖစ္ေသာ အိမ္နီးခ်င္းဦးစားေပးမူဝါဒ၊ အေရွ႕ ေမွ်ာ္ဝါဒႏွင့္ အင္ဒိုပစိဖိတ္ စေသာ မူဝါဒမ်ား၏ဆုံရပ္ တြင္ ျမန္မာႏိုင္ငံကရွိေနေၾကာင္းလည္း ေျပာၾကားသည္။
“အိႏၵိယႏိုင္ငံဟာ ႏွစ္ေပါင္းမ်ားစြာ ကတည္းက ယဥ္ေက်းမႈ၊ ဘာသာေရးနဲ႔ ျပည္သူခ်င္း ဆက္ဆံေရးေတြရွိခဲ့တဲ့ ယုံၾကည္ရတဲ့ အိမ္နီးခ်င္း မိတ္ဖက္ႏိုင္ငံအျဖစ္ ျမန္မာႏိုင္ငံဘက္က အၿမဲရပ္ တည္ခဲ့ပါတယ္”ဟုေျပာၾကားသည္။
ထိုင္းႏိုင္ငံအတြက္ ျမန္မာႏိုင္ငံသည္ အိမ္နီးခ်င္းႏိုင္ငံသက္သက္သာမဟုတ္ဘဲ ျမန္မာႏိုင္ငံသည္ မိသားစုျဖစ္ ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ၿငိမ္းခ်မ္း ေရးသည္ မိမိတို႔၏ ၿငိမ္းခ်မ္းေရးျဖစ္ေၾကာင္း၊ ျမန္မာ၏ သာယာဝေျပာေရးသည္ မိမိတို႔၏ သာယာဝေျပာ ေရးျဖစ္ေၾကာင္း အာရွၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္သင့္ ျမတ္ေရးေကာင္စီ(APRC)၏ ယာယီ အေထြေထြအ တြင္းေရးမႉးခ်ဳပ္၊ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ ႀကီးေဟာင္း Mr. Pslanu Suvanajata ကဆိုသည္။
“ဒါေၾကာင့္မို႔လို႔ ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈေတြကို ကနဦးအစတည္းက အၿမဲတမ္း ေထာက္ခံအားေပးခဲ့ပါတယ္။ ဆက္လက္ၿပီးလည္း ဝိုင္းဝန္းေထာက္ခံသြားမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးကို ျမန္မာဦး ေဆာင္မႈနဲ႔ရယူၿပီး ျမန္မာကပဲပိုင္ဆိုင္ရမယ္လို႔ ကြၽန္ေတာ္တို႔ အခိုင္အမာယုံၾကည္ပါတယ္”ဟု ၎ကဆိုသည္။
ခင္မင္ရင္းႏွီးေသာ မိတ္ေဆြႏိုင္ငံ တစ္ႏိုင္ငံအျဖစ္ ထိုင္းႏိုင္ငံကနားေထာင္ရန္၊ ကူညီေပးရန္ ႏွင့္ အားေပး ေထာက္ခံရန္ အၿမဲအသင့္ရွိမည္ျဖစ္ ေၾကာင္းေျပာၾကားသည္။ “ထိုင္းႏိုင္ငံနဲ႔ အာဆီယံဟာ ျမန္မာႏိုင္ငံနဲ႔ ေဒသ အၾကားက အားလုံးပါဝင္ၿပီး စစ္မွန္တဲ့ရလာဒ္ထြက္ေပၚေစမယ့္ အျပဳသေဘာထိ ေတြ႕ဆက္ဆံမႈအားလုံးကို ေထာက္ခံဖို႔ အသင့္ရွိ ေၾကာင္းေျပာၾကားလိုပါတယ္”ဟုလည္း ထည့္သြင္း ေျပာၾကားသည္။

Picture

Tha Lwin

18/10/2025 16:01

ကျေးဇူးပါ အိမ်နီးချင်း မိတ်ကောင်းဆွေကောင်းရေ

Related news

© 2021. All rights reserved.