တောင်ကိုရီးယားက အင်အားပြင်း Hyunmoo-5 ပဲ့ထိန်းဒုံးကျည်တွေကို ဖြန့်ကျက်ချထားသွားမယ်

 136

Pika (NP News) - အောက်တိုဘာ ၁၈

မြောက်ကိုရီးယားရဲ့ကြီးထွားလာနေတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တောင်ကိုရီးယားနိုင်ငံဟာ အင်အားပြင်း Hyunmoo-5 ပဲ့ထိန်းဒုံးကျည်ကို ယခုနှစ်ကုန်မှာ စတင်ဖြန့်ကျက်ချထားသွားမယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး Ahn Gyu-back က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ Hyunmoo-5 ပဲ့ထိန်းဒုံးကျည်တွေ အမြောက်အများထုတ်လုပ်မှုကို စတင်နေပြီဖြစ်ပြီး ထုတ်လုပ်မှုကိုမြှင့်တင်ဖို့ အစီအစဉ်တွေကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ Ahn Gyu-back က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Ahn Gyu-back က “တောင်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) ရဲ့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် နျူကလီးယားလက်နက်တွေကို ပိုင်ဆိုင်လို့မရပါဘူး။ ဒါပေမယ့်လည်း တောင်ကိုရီးယားဟာ Hyunmoo-5 ပဲ့ထိန်းဒုံးကျည်တွေကိုတော့ အမြောက်အများပိုင်ဆိုင်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
၎င်းရဲ့အရွယ်အစား၊ အဖျက်စွမ်းအားတို့နဲ့ပတ်သက်ပြီး မွန်းစတားဒုံးကျည်လို့အမည်ပေးထားတဲ့ Hyunmoo-5 ပဲ့ထိန်းဒုံးကျည်ဟာ အလေးချိန်(၈)တန်ရှိတဲ့ ထိပ်ဖူးကိုသယ်ဆောင်နိုင်ပြီး မြေပြင်ကနေ မြေပြင်ပစ်ပဲ့ထိန်းဒုံးကျည် အမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ Hyunmoo-5 ပဲ့ထိန်းဒုံးကျည်တွေဟာ မြေအောက်ဘန်ကာတွေကို ဖျက်ဆီးရာမှာ အရမ်းကို အသုံးဝင်တဲ့ဒုံးကျည်အမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်ကိုရီးယား စစ်တပ်ဟာ Hyunmoo-5 ပဲ့ထိန်းဒုံးကျည်ကို ပြီးခဲ့တဲ့နှစ်တုန်းကကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနား အတွင်းမှာ ပထမဆုံးအကြိမ် ထုတ်ပြန်ပြသခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားက အင္အားျပင္း Hyunmoo-5 ပဲ့ထိန္းဒုံးက်ည္ေတြကို ျဖန႔္က်က္ခ်ထားသြားမယ္
Pika (NP News) - ေအာက္တိုဘာ ၁၈
ေျမာက္ကိုရီးယားရဲ႕ႀကီးထြားလာေနတဲ့ န်ဴကလီးယားၿခိမ္းေျခာက္မႈေတြကို ဆန႔္က်င္ဖို႔ ႀကိဳးပမ္းမႈ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ေတာင္ကိုရီးယားႏိုင္ငံဟာ အင္အားျပင္း Hyunmoo-5 ပဲ့ထိန္းဒုံးက်ည္ကို ယခုႏွစ္ကုန္မွာ စတင္ျဖန႔္က်က္ခ်ထားသြားမယ္လို႔ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီး Ahn Gyu-back က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံဟာ Hyunmoo-5 ပဲ့ထိန္းဒုံးက်ည္ေတြ အေျမာက္အမ်ားထုတ္လုပ္မႈကို စတင္ေနၿပီျဖစ္ၿပီး ထုတ္လုပ္မႈကိုျမႇင့္တင္ဖို႔ အစီအစဥ္ေတြကို ေဆာင္႐ြက္ေနၿပီျဖစ္တယ္လို႔ Ahn Gyu-back က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Ahn Gyu-back က “ေတာင္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယားလက္နက္မျပန႔္ပြားေရးစာခ်ဳပ္ (NPT) ရဲ႕အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့အတြက္ န်ဴကလီးယားလက္နက္ေတြကို ပိုင္ဆိုင္လို႔မရပါဘူး။ ဒါေပမယ့္လည္း ေတာင္ကိုရီးယားဟာ Hyunmoo-5 ပဲ့ထိန္းဒုံးက်ည္ေတြကိုေတာ့ အေျမာက္အမ်ားပိုင္ဆိုင္သင့္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
၎ရဲ႕အ႐ြယ္အစား၊ အဖ်က္စြမ္းအားတို႔နဲ႔ပတ္သက္ၿပီး မြန္းစတားဒုံးက်ည္လို႔အမည္ေပးထားတဲ့ Hyunmoo-5 ပဲ့ထိန္းဒုံးက်ည္ဟာ အေလးခ်ိန္(၈)တန္ရွိတဲ့ ထိပ္ဖူးကိုသယ္ေဆာင္ႏိုင္ၿပီး ေျမျပင္ကေန ေျမျပင္ပစ္ပဲ့ထိန္းဒုံးက်ည္ အမ်ိဳးအစားျဖစ္တယ္လို႔လည္း သိရပါတယ္။ Hyunmoo-5 ပဲ့ထိန္းဒုံးက်ည္ေတြဟာ ေျမေအာက္ဘန္ကာေတြကို ဖ်က္ဆီးရာမွာ အရမ္းကို အသုံးဝင္တဲ့ဒုံးက်ည္အမ်ိဳးအစားျဖစ္တယ္လို႔လည္း သိရပါတယ္။ ေတာင္ကိုရီးယား စစ္တပ္ဟာ Hyunmoo-5 ပဲ့ထိန္းဒုံးက်ည္ကို ၿပီးခဲ့တဲ့ႏွစ္တုန္းကက်င္းပခဲ့တဲ့ တပ္မေတာ္ေန႔ အခမ္းအနား အတြင္းမွာ ပထမဆုံးအႀကိမ္ ထုတ္ျပန္ျပသခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.