ယာယီအချုပ်ထောင်တွင် ဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့

 686

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃ဝ

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Churachandpur ခရိုင်ရှိ ယာယီအချုပ်ထောင်မှ မြန်မာနိုင်ငံသား သုံးဦး ထွက်ပြေးသွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အိန္ဒိယအာဏာပိုင်များသည် အနည်းဆုံးမြန်မာနိုင်ငံသား ၂၆ ဦးကို အင်ဖာမြို့ရှိ ဗဟိုအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

မဏိပူရပြည်နယ်မှ ရဲကွန်မန်ဒိုများသည် အကျဉ်းထောင်သို့ ကားဖြင့်ရောက်ရှိလာခဲ့ပြီး New Lamka မြို့ရှိ Sadbhavna Mandap ယာယီအချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာဒုက္ခသည်များကို ဘက်စ်ကားဖြင့်ခေါ်ဆောင်ကာ ဗဟိုအကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ အကျဉ်းထောင်ဌာနနှင့်နီးစပ်သော သတင်းအရင်းမြစ်များက ပြောသည်။

အဆိုပါ သတင်းအရင်းမြစ်က ရဲတပ်ဖွဲ့ဝင် ၅ဝ ကျော် ပါသောအဖွဲ့တစ်ဖွဲ့သည် ယာယီအချုပ်ထောင်သို့ လာရောက်ခဲ့ ပြီး ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများကို ဗဟိုအကျဉ်းထောင်သို့ ပြန်လွှဲပြောင်း ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကိုလက်ခံရရှိခဲ့ပြီးနောက် အကျဉ်းထောင်အရာရှိများ သည် ယာယီအချုပ်ထောင်ရှိ မြန်မာနိုင်ငံသားအကျဉ်းသား ၂၆ ဦးကို ဗဟိုအကျဉ်းထောင်သို့ လွှဲပြောင်း ပို့ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Sadbhavna Mandap ယာယီအချုပ်ထောင်တွင် တစ်လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် မြန်မာနိုင်ငံ သား အနည်းဆုံး ၅၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အများစုက အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံရပြီး ယာယီအချုပ်ထောင်ထဲတွင် ထိန်းသိမ်းခံရခြင်းဖြစ်ကာ ၎င်းတို့အပေါ် စွဲဆိုထားသောအမှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။

Zawgyi Version;
ယာယီအခ်ဳပ္ေထာင္တြင္ ဖမ္းဆီးထားေသာ ျမန္မာႏိုင္ငံသားမ်ားကို ဗဟိုအက်ဥ္းေထာင္သို႔ ေျပာင္းေ႐ႊ႕
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃ဝ

အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္ Churachandpur ခ႐ိုင္ရွိ ယာယီအခ်ဳပ္ေထာင္မွ ျမန္မာႏိုင္ငံသား သုံးဦး ထြက္ေျပး သြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ အိႏၵိယအာဏာပိုင္မ်ားသည္ အနည္းဆုံးျမန္မာႏိုင္ငံသား ၂၆ ဦးကို အင္ဖာၿမိဳ႕ရွိ ဗဟိုအက်ဥ္းေထာင္ကို ေျပာင္းေ႐ႊ႕လိုက္ေၾကာင္း အိႏၵိယသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

မဏိပူရျပည္နယ္မွ ရဲကြန္မန္ဒိုမ်ားသည္ အက်ဥ္းေထာင္သို႔ ကားျဖင့္ေရာက္ရွိလာခဲ့ၿပီး New Lamka ၿမိဳ႕ရွိ Sadbhavna Mandap ယာယီအခ်ဳပ္ေထာင္တြင္ ဖမ္းဆီးထိန္းသိမ္းထားေသာ ျမန္မာဒုကၡသည္မ်ားကို ဘက္စ္ကားျဖင့္ေခၚေဆာင္ကာ ဗဟိုအက်ဥ္းေထာင္သို႔ လႊဲေျပာင္းပို႔ေဆာင္ခဲ့ျခင္းျဖစ္သည္ဟု အိႏၵိယ အက်ဥ္းေထာင္ဌာနႏွင့္နီးစပ္ေသာ သတင္းအရင္းျမစ္မ်ားက ေျပာသည္။

အဆိုပါ သတင္းအရင္းျမစ္က ရဲတပ္ဖြဲ႕ဝင္ ၅ဝ ေက်ာ္ ပါေသာအဖြဲ႕တစ္ဖြဲ႕သည္ ယာယီအခ်ဳပ္ေထာင္သို႔ လာေရာက္ခဲ့ ၿပီး ဖမ္းဆီးထိန္းသိမ္းထားေသာ ျမန္မာႏိုင္ငံသားမ်ားကို ဗဟိုအက်ဥ္းေထာင္သို႔ ျပန္လႊဲေျပာင္း ပို႔ေဆာင္ခဲ့ျခင္းျဖစ္ ေၾကာင္း ဆိုသည္။ အိႏၵိယျပည္ထဲေရးဝန္ႀကီးဌာနမွ အမိန႔္ကိုလက္ခံရရွိခဲ့ၿပီးေနာက္ အက်ဥ္းေထာင္အရာရွိမ်ား သည္ ယာယီအခ်ဳပ္ေထာင္ရွိ ျမန္မာႏိုင္ငံသားအက်ဥ္းသား ၂၆ ဦးကို ဗဟိုအက်ဥ္းေထာင္သို႔ လႊဲေျပာင္း ပို႔ေဆာင္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

Sadbhavna Mandap ယာယီအခ်ဳပ္ေထာင္တြင္ တစ္လသားအ႐ြယ္ ကေလးငယ္တစ္ဦး အပါအဝင္ ျမန္မာႏိုင္ငံ သား အနည္းဆုံး ၅၂ ဦး ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အမ်ားစုက အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ျမန္မာႏိုင္ငံသားမ်ားသည္ အိႏၵိယႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းမႈေၾကာင့္ ဖမ္းဆီးခံရၿပီး ယာယီအခ်ဳပ္ေထာင္ထဲတြင္ ထိန္းသိမ္းခံရျခင္းျဖစ္ကာ ၎တို႔အေပၚ စြဲဆိုထားေသာအမႈမ်ားကို ရင္ဆိုင္ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.