မြန်မာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေကြောင်း ကမ္ဘာ့ဘဏ်ပြော

 1719

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃ဝ

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ စက်တင်ဘာလမှာ ကုန်ဆုံးမယ့်ဘဏ္ဍာနှစ်အတွင်း ၃ ရာခိုင်နှုန်း တိုးတက်လာဖွယ်ရှိနေပြီး အာဏာသိမ်းမှုမဖြစ်ပွားခင်ကာလရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းအောက် ရှိနေဆဲဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုများနဲ့ အခက်အခဲအတားဆီးများက ဆက်လက်ရှိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့လများအတွင်း မြန်မာစီးပွားရေး မတည်ငြိမ်မှုများရှိနေခဲ့ကြောင်း၊ ငွေကြေးလဲလှယ်မှုနှုန်း ကျဆင်းခြင်းနဲ့အတူ သယ်ယူပို့ဆောင် ရေးအတားအဆီးများ ရှိနေခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ခဲ့ကာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၂ဝ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

စီးပွားရေးထိခိုက်စေတဲ့ စည်းမျဉ်းစည်းကမ်းများ၊ လျှပ်စစ်လိုအပ်ချက် သိသိသာသာမြင့်တက်လာခြင်း နဲ့ ဆောက်လုပ်ရေးကုန်ကျစရိတ်မြင့်တက်မှုများလည်း ထပ်မံဖြစ်ပေါ်လျက်ရှိနေခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ် က ဆိုပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အတွက် တာဝန်ယူနေတဲ့ ကမ္ဘာ့ဘဏ်ရဲ့တာဝန်ရှိသူတစ်ဦးက "၂ဝ၂၂ ခုနှစ် အကုန်မှာ မြန်မာစီးပွားရေးအခြေအနေတွေက တိုးတက်မှုရှိခဲ့ပေမယ့် မကြာသေးမီက စီးပွားရေးအညွန်းကိန်းတွေ မှာ အကောင်းအဆိုး ရောနေခဲ့တယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခများ ဆက်လက်ရှိနေသလို အကြမ်းဖက်မှုနဲ့ မလုံခြုံမှု တွေကို မိသားစုတွေ ခံစားနေရဆဲဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေသူတွေနဲ့ လယ်သမားတွေဟာ ကုန်ကျစရိတ်မြင့်တက်ခြင်းနဲ့ လုပ်ငန်းများနှောင့်နေးမှုတွေကို တွေ့ကြုံနေရတယ်။ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ ကူညီထောက်ပံ့ပေးမှုတွေလည်း ကောင်းမွန်မှုမရှိခဲ့ဘူး။ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများကို ယုံကြည်မှုလျော့နည်းခြင်းတွေ တိုးမြင့်လာနေတယ်။ ဒီပြဿနာတွေက မြန်မာနိုင်ငံအတွက် နှစ်ရည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အတားဆီးတွေဖြစ်လာဖွယ်ရှိပါတယ်" လို့ပြောပါတယ်။

ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းက စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုတွေကို အတားအဆီးဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးက မရေရာမှုတွေ သိသာလာခဲ့ကြောင်း ကမ္ဘာ့ဘဏ် က ပြောပါတယ်။

အချို့စီးပွားရေးလုပ်ငန်းများမှာ ခုခံနိုင်စွမ်းရှိနေသလို အိမ်ထောင်စုများရဲ့ဝင်ငွေရရှိမှု လျော့နည်းသွားကြောင်း၊ မကြာသေးမီကဖြစ်ခဲ့တဲ့အဖြစ်အပျက်များက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအလားလာကို အားနည်းစေ သလို ဖြစ်စေခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်ရဲ့ Myanmar Economic Monitor မှာ ဖော်ပြထားပါတယ်။

Zawgyi Version;
ျမန္မာစီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္း ၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာဖြယ္ရွိေနေၾကာင္း ကမာၻ႔ဘဏ္ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃ဝ

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးမႈႏႈန္းဟာ စက္တင္ဘာလမွာ ကုန္ဆုံးမယ့္ဘ႑ာႏွစ္အတြင္း ၃ ရာခိုင္ႏႈန္း တိုးတက္လာဖြယ္ရွိေနၿပီး အာဏာသိမ္းမႈမျဖစ္ပြားခင္ကာလရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းေအာက္ ရွိေနဆဲျဖစ္ေၾကာင္း၊ ကမာၻ႔ဘဏ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ မတည္ၿငိမ္မႈမ်ားနဲ႔ အခက္အခဲအတားဆီးမ်ားက ဆက္လက္ရွိေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့လမ်ားအတြင္း ျမန္မာစီးပြားေရး မတည္ၿငိမ္မႈမ်ားရွိေနခဲ့ေၾကာင္း၊ ေငြေၾကးလဲလွယ္မႈႏႈန္း က်ဆင္းျခင္းနဲ႔အတူ သယ္ယူပို႔ေဆာင္ ေရးအတားအဆီးမ်ား ရွိေနျခင္းေၾကာင့္ ကုန္ေဈးႏႈန္းျမင့္တက္ျခင္း ျဖစ္ခဲ့ကာ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လမွာ ျမန္မာႏိုင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈႏႈန္း ၂ဝ ရာခိုင္ႏႈန္းနီးပါးအထိ ျမင့္တက္လာခဲ့ေၾကာင္း ကမာၻ႔ဘဏ္က ဆိုပါတယ္။

စီးပြားေရးထိခိုက္ေစတဲ့ စည္းမ်ဥ္းစည္းကမ္းမ်ား၊ လွ်ပ္စစ္လိုအပ္ခ်က္ သိသိသာသာျမင့္တက္လာျခင္း နဲ႔ ေဆာက္လုပ္ေရးကုန္က်စရိတ္ျမင့္တက္မႈမ်ားလည္း ထပ္မံျဖစ္ေပၚလ်က္ရွိေနခဲ့ေၾကာင္း၊ ကမာၻ႔ဘဏ္ က ဆိုပါတယ္။

ျမန္မာ၊ ကေမာၻဒီးယား၊ လာအိုႏိုင္ငံတို႔အတြက္ တာဝန္ယူေနတဲ့ ကမာၻ႔ဘဏ္ရဲ႕တာဝန္ရွိသူတစ္ဦးက "၂ဝ၂၂ ခုႏွစ္ အကုန္မွာ ျမန္မာစီးပြားေရးအေျခအေနေတြက တိုးတက္မႈရွိခဲ့ေပမယ့္ မၾကာေသးမီက စီးပြားေရးအၫြန္းကိန္းေတြ မွာ အေကာင္းအဆိုး ေရာေနခဲ့တယ္။ ျမန္မာႏိုင္ငံမွာ ပဋိပကၡမ်ား ဆက္လက္ရွိေနသလို အၾကမ္းဖက္မႈနဲ႔ မလုံၿခဳံမႈ ေတြကို မိသားစုေတြ ခံစားေနရဆဲျဖစ္ပါတယ္။ စီးပြားေရးက႑မွာ ပါဝင္လုပ္ကိုင္ေနသူေတြနဲ႔ လယ္သမားေတြဟာ ကုန္က်စရိတ္ျမင့္တက္ျခင္းနဲ႔ လုပ္ငန္းမ်ားေႏွာင့္ေနးမႈေတြကို ေတြ႕ႀကဳံေနရတယ္။ က်န္းမာေရးနဲ႔ ပညာေရး က႑ေတြမွာ ကူညီေထာက္ပံ့ေပးမႈေတြလည္း ေကာင္းမြန္မႈမရွိခဲ့ဘူး။ အမ်ားျပည္သူဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ယုံၾကည္မႈေလ်ာ့နည္းျခင္းေတြ တိုးျမင့္လာေနတယ္။ ဒီျပႆနာေတြက ျမန္မာႏိုင္ငံအတြက္ ႏွစ္ရည္စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးကို အတားဆီးေတြျဖစ္လာဖြယ္ရွိပါတယ္" လို႔ေျပာပါတယ္။

ပဋိပကၡမ်ား ဆက္လက္ျဖစ္ပြားေနျခင္းက စီးပြားေရးလုပ္ငန္း လုပ္ကိုင္မႈေတြကို အတားအဆီးျဖစ္ေနတဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးက မေရရာမႈေတြ သိသာလာခဲ့ေၾကာင္း ကမာၻ႔ဘဏ္ က ေျပာပါတယ္။

အခ်ိဳ႕စီးပြားေရးလုပ္ငန္းမ်ားမွာ ခုခံႏိုင္စြမ္းရွိေနသလို အိမ္ေထာင္စုမ်ားရဲ႕ဝင္ေငြရရွိမႈ ေလ်ာ့နည္းသြားေၾကာင္း၊ မၾကာေသးမီကျဖစ္ခဲ့တဲ့အျဖစ္အပ်က္မ်ားက ျမန္မာ့စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးအလားလာကို အားနည္းေစ သလို ျဖစ္ေစခဲ့ေၾကာင္း၊ ကမာၻ႔ဘဏ္ရဲ႕ Myanmar Economic Monitor မွာ ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.