ဘင်္ဂလားဒေရှ့်နှင့် မြန်မာနယ်စပ် no-man’s land တွင် ARSA အဖွဲ့အသုံးပြုနေသော မြေအောက်ဥမင်လှိုင်ခေါင်းများ တွေ့ရှိ

1027

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံနယ်စပ်ဒေသရှိ no-man’s land တွင် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ဖြစ်သော ARSA တို့ အသုံးပြုသော မြေအောက်ဥမင်လိုင်ခေါင်းများ တွေ့ရှိထားကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများ က ထုတ်ဖော်ပြောဆိုထားသည်။
သတင်းအရင်းမြစ်တစ်ခုက "လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့ရဲ့ မြေအောက်ဥမင်လိုင်ခေါင်းများကို တွေ့ရှိထားတယ်။ လူတွေကို ပြန်ပေးဆွဲပြီးနောက် အဲဒီဥမင်လိုင်ခေါင်းတွေထဲမှာ ထိန်းသိမ်းထားတယ်။ အဲဒီ ဥမင် လိုင်ခေါင်းတွေက ARSA အဖွဲ့ အသုံးပြုနေတဲ့ မြေအောက်ဥမင်လိုင်ခေါင်းတွေ ဖြစ်တယ်" ဟု ပြောသည်။
အဆိုပါ ဥမင်လိုင်ခေါင်းများသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်နိုင်ပြီး ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ ARSA အဖွဲ့ဝင်များ အသုံးပြုကြောင်း၊ နယ်စပ်ဒေသဥပဒေများအရ ဘင်္ဂလားဒေရှ် နှင့် မြန်မာနိုင်ငံ ကြားရှိ no-man’s land တွင် စစ်ဆေးမှုများပြုလုပ်ရန် နယ်စပ်ဒေသစေလွှတ်ခွင့်မရှိကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်နယ်စပ်ဒေသ တွင် နေထိုင်သူ ရှာမာဆိုသူက "no-man’s land မှာ မြေအောက်ဥမင်လိုင်ခေါင်းများ ရှိနေတာကို မီဒီယာတွေ ဖော်ပြချက်အရ သိထားပါတယ်" ဟု ဆိုသည်။
ထို့အပြင် သတင်းအရင်းမြစ်တစ်ခုကလည်း "no-man’s land မှာ မြေအောက်ဥမင်လိုင်ခေါင်း (၇) ခု ရှိနေပါတယ်။ လိုင်ခေါင်းများအနက် တစ်ခုက ARSA အဖွဲ့ခေါင်းဆောင် အတူလာ အသုံးပြုတယ်။ နောက်ထပ်တစ်ခုက ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ Ustad Khaled ဆိုသူ အသုံးပြုတယ်။ အခြားလိုင်ခေါင်းတွေကတော့ လက်နက်တွ မှောင်ခို တင်သွင်းဖို့အပြင် အခြားရည်ရွယ်များအတွက် အသုံးပြုကြတယ်။ အဲဒီလှိုင်ခေါင်းတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းကို မြေအောက်ကနေ အလွယ်တကူ သွားလာလို့ရတယ်" ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနယ်စပ်ဒေသ zero line နားတွင် မြန်မာ လက်နက်ကိုင်အဖွဲ့များကြား တိုက်ခိုက်မှုများ အတွင်း ဘင်္ဂါလီအိမ်ယာများ မီးလောင်မှုများဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်တွင် ARSA အဖွဲ့ အသုံးပြုနေ သော ဥမင်လှိုင်ခေါင်းများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဘဂၤလားေဒရွ႕္ႏွင့္ ျမန္မာနယ္စပ္ no-man’s land တြင္ ARSA အဖြဲ႕အသုံးျပဳေနေသာ ေျမေအာက္ဥမင္လႈိင္ေခါင္းမ်ား ေတြ႕ရွိ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃၁
ျမန္မာႏိုင္ငံ ႏွင့္ ဘဂၤလားေဒ့ရွ႕္ႏိုင္ငံနယ္စပ္ေဒသရွိ no-man’s land တြင္ ဘဂၤါလီ လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ ARSA တို႔ အသုံးျပဳေသာ ေျမေအာက္ဥမင္လိုင္ေခါင္းမ်ား ေတြ႕ရွိထားေၾကာင္း အဆိုပါကိစၥႏွင့္နီးစပ္သူမ်ား က ထုတ္ေဖာ္ေျပာဆိုထားသည္။
သတင္းအရင္းျမစ္တစ္ခုက "လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ARSA အဖြဲ႕ရဲ႕ ေျမေအာက္ဥမင္လိုင္ေခါင္းမ်ားကို ေတြ႕ရွိထားတယ္။ လူေတြကို ျပန္ေပးဆြဲၿပီးေနာက္ အဲဒီဥမင္လိုင္ေခါင္းေတြထဲမွာ ထိန္းသိမ္းထားတယ္။ အဲဒီ ဥမင္ လိုင္ေခါင္းေတြက ARSA အဖြဲ႕ အသုံးျပဳေနတဲ့ ေျမေအာက္ဥမင္လိုင္ေခါင္းေတြ ျဖစ္တယ္" ဟု ေျပာသည္။
အဆိုပါ ဥမင္လိုင္ေခါင္းမ်ားသည္ ျမန္မာႏိုင္ငံအတြင္း ဝင္ေရာက္ႏိုင္ၿပီး ဘဂၤါလီလက္နက္ကိုင္အဖြဲ႕ ARSA အဖြဲ႕ဝင္မ်ား အသုံးျပဳေၾကာင္း၊ နယ္စပ္ေဒသဥပေဒမ်ားအရ ဘဂၤလားေဒရွ္ ႏွင့္ ျမန္မာႏိုင္ငံ ၾကားရွိ no-man’s land တြင္ စစ္ေဆးမႈမ်ားျပဳလုပ္ရန္ နယ္စပ္ေဒသေစလႊတ္ခြင့္မရွိေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္နယ္စပ္ေဒသ တြင္ ေနထိုင္သူ ရွာမာဆိုသူက "no-man’s land မွာ ေျမေအာက္ဥမင္လိုင္ေခါင္းမ်ား ရွိေနတာကို မီဒီယာေတြ ေဖာ္ျပခ်က္အရ သိထားပါတယ္" ဟု ဆိုသည္။
ထို႔အျပင္ သတင္းအရင္းျမစ္တစ္ခုကလည္း "no-man’s land မွာ ေျမေအာက္ဥမင္လိုင္ေခါင္း (၇) ခု ရွိေနပါတယ္။ လိုင္ေခါင္းမ်ားအနက္ တစ္ခုက ARSA အဖြဲ႕ေခါင္းေဆာင္ အတူလာ အသုံးျပဳတယ္။ ေနာက္ထပ္တစ္ခုက ဒုတိယ ေခါင္းေဆာင္ျဖစ္တဲ့ Ustad Khaled ဆိုသူ အသုံးျပဳတယ္။ အျခားလိုင္ေခါင္းေတြကေတာ့ လက္နက္တြ ေမွာင္ခို တင္သြင္းဖို႔အျပင္ အျခားရည္႐ြယ္မ်ားအတြက္ အသုံးျပဳၾကတယ္။ အဲဒီလႈိင္ေခါင္းေတြဟာ ျမန္မာႏိုင္ငံဘက္ျခမ္းကို ေျမေအာက္ကေန အလြယ္တကူ သြားလာလို႔ရတယ္" ဟု ဆိုသည္။
ဘဂၤလားေဒ့ရွ္ ႏွင့္ ျမန္မာနယ္စပ္ေဒသ zero line နားတြင္ ျမန္မာ လက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ခိုက္မႈမ်ား အတြင္း ဘဂၤါလီအိမ္ယာမ်ား မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ဇန္နဝါရီ ၁၈ ရက္တြင္ ARSA အဖြဲ႕ အသုံးျပဳေန ေသာ ဥမင္လႈိင္ေခါင္းမ်ား ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။