မြန်မာလုပ်သား(၁ဝဝဝ)ကျော် ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ကမ်းလှမ်း
588
ယွန်း (NP News) - ဇန်နဝါရီ ၃၁
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား(၁ဝဝဝ)ကျော်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှ ကြေညာထားသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇန်နဝါရီလ ၃၁ ရက်) ၊ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာသံရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အဆိုပါ စက်ရုံနှင့် ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိကို စာရွက်စာတမ်း အထောက်အထားများနှင့် စိစစ်ပြီး သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဆိုသည်၊
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် (၂ဝ၂၃)ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်မှ (၃၁)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့သည့် အလုပ်ကမ်း လှမ်းစာ (၃၁၂)ခု ရှိကြောင်း သိရသည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ(၃၁၂)ခုအရ မြန်မာနိုင်ငံသား အမျိုးသား(၄၂၂)ဦးနှင့် အမျိုးသမီး (၆၂၄)ဦး စုစုပေါင်း (၁ဝ၄၆)ဦးကို ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထား သည်။
zawgyi version
ျမန္မာလုပ္သား(၁ဝဝဝ)ေက်ာ္ ဂ်ပန္ႏိုင္ငံ၌ အလုပ္လုပ္ကိုင္ရန္ ကမ္းလွမ္း
ယြန္း (NP News) - ဇန္နဝါရီ ၃၁
ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ ျမန္မာလုပ္သား(၁ဝဝဝ)ေက်ာ္ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံရွိ ျမန္မာသံ႐ုံးမွ ေၾကညာထားသည္။
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ဇန္နဝါရီလ ၃၁ ရက္) ၊ နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာသံ႐ုံးမွ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္ ေပးပို႔လာသည့္ အလုပ္ကမ္းလွမ္းစာမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးရာတြင္ အဆိုပါ စက္႐ုံႏွင့္ ကုမၸဏီမ်ားသည္ ဂ်ပန္ႏိုင္ငံတြင္ တရားဝင္တည္ေထာင္ထားျခင္း ရွိ၊ မရွိကို စာ႐ြက္စာတမ္း အေထာက္အထားမ်ားႏွင့္ စိစစ္ၿပီး သေဘာထားမွတ္ခ်က္မ်ားကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔လ်က္ရွိေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ဆိုသည္၊
ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕အေနျဖင့္ (၂ဝ၂၃)ခုႏွစ္၊ ဇန္နဝါရီလ(၁၇)ရက္မွ (၃၁)ရက္အတြင္း စိစစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔ခဲ့သည့္ အလုပ္ကမ္း လွမ္းစာ (၃၁၂)ခု ရွိေၾကာင္း သိရသည္။
အဆိုပါ အလုပ္ကမ္းလွမ္းစာ(၃၁၂)ခုအရ ျမန္မာႏိုင္ငံသား အမ်ိဳးသား(၄၂၂)ဦးႏွင့္ အမ်ိဳးသမီး (၆၂၄)ဦး စုစုေပါင္း (၁ဝ၄၆)ဦးကို ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ ေခၚယူသြားမည္ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထား သည္။