မြို့နယ်ပေါင်း (၃၃ဝ)အနက် (၁ဝဝ)ရာခိုင်နှုန်းအေးချမ်းသည့် မြို့နယ်(၂ဝဝ)နီးပါသာရှိဟု ကာလုံအစည်းအဝေး၌ တပ်ချုပ်တင်ပြ

 2690

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ မြို့နယ်ပေါင်း (၃၃ဝ)ရှိသည့်အနက် (၁ဝဝ)ရာခိုင်နှုန်းအေးချမ်းသည့် မြို့နယ်မှာ(၂ဝဝ)နီးပါသာရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှတ်တမ်းများအရ သိရသည်။

ကာလုံအစည်းအဝေးကို နေပြည်တော်၌ ဇန်နဝါရီလ ၃၁ ရက်တွင်ကျင်းပခဲ့ပြီး ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

၎င်းအစည်းအဝေး၌ တပ်ချုပ်က (၁ဝဝ)ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ်သည် (၁၉၈)မြို့နယ်ရှိသည်ဟု တင်ပြချက်များအရသိရကြောင်း ထည့်သွင်းပြောဆိုထားသည်။

သို့သော် လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ်မှာ (၆၇)မြို့နယ်ရှိပြီး လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ပေးရမည့်မြို့နယ်မှာ (၆၅)မြို့နယ်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာလုံအစည်းအဝေးသို့ ထည့်သွင်းတင်ပြခဲ့သည်။

ထို့ပြင် အချို့ကျေးလက်ဒေသများသည် လုံခြုံရေးပိုမိုလိုအပ်ကြောင်း တွေ့ရှိရသည်ဟုလည်း ၎င်းက တင်ပြထားသည်။

အကြမ်းဖက်မှုဖြစ်စဉ်များ၏ နောက်ကွယ်တွင် အချို့သော EAO များသည် ထဲထဲဝင်ဝင်ပါဝင်ပတ်သက်လျက်ရှိပြီး PDF များသည် တိုင်းရင်းသား EAO များနှင့် မတူသည့်လုပ်ရပ်များကို တွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းတို့သည် ဒလန်ဟုစွပ်စွဲကာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ပစ္စည်းများကို လုယက်ခြင်း၊ ဆက်ကြေးတောင်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည့်အတွက် ယခုအချိန်အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုများနှင့် ဝေးကွာနေရခြင်းဖြစ်ကြောင်း တပ်ချုပ်က ထည့်သွင်းတင်ပြခဲ့သည်။

၂ဝ၂၂ ခုနှစ် တစ်နှစ်တာလုံး၌ အကြမ်းဖက်မှုဖြစ်စဉ် အကြိမ်အရေအတွက် လျော့ နည်းလာသော်လည်း သေဆုံး၊ ဒဏ်ရာရမှုများလာကြောင်း နစကဥက္ကဋ္ဌက ဆို သည်။

ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားအပါအဝင် စုစုပေါင်း (၅၄၄၃)ဦး သေဆုံးခဲ့ကြောင်း နစကမှ ဆိုထားသည်။

zawgyi version
ၿမိဳ႕နယ္ေပါင္း (၃၃ဝ)အနက္ (၁ဝဝ)ရာခိုင္ႏႈန္းေအးခ်မ္းသည့္ ၿမိဳ႕နယ္(၂ဝဝ)နီးပါသာရွိဟု ကာလုံအစည္းအေဝး၌ တပ္ခ်ဳပ္တင္ျပ
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂

ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံး၌ ၿမိဳ႕နယ္ေပါင္း (၃၃ဝ)ရွိသည့္အနက္ (၁ဝဝ)ရာခိုင္ႏႈန္းေအးခ်မ္းသည့္ ၿမိဳ႕နယ္မွာ(၂ဝဝ)နီးပါသာရွိေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေဝးမွတ္တမ္းမ်ားအရ သိရသည္။

ကာလုံအစည္းအေဝးကို ေနျပည္ေတာ္၌ ဇန္နဝါရီလ ၃၁ ရက္တြင္က်င္းပခဲ့ၿပီး ဗိုလ္ ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အထက္ပါကဲ့သို႔ ထည့္သြင္းတင္ျပခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

၎အစည္းအေဝး၌ တပ္ခ်ဳပ္က (၁ဝဝ)ရာခိုင္ႏႈန္း တည္ၿငိမ္ေအးခ်မ္းသည့္ ၿမိဳ႕နယ္သည္ (၁၉၈)ၿမိဳ႕နယ္ရွိသည္ဟု တင္ျပခ်က္မ်ားအရသိရေၾကာင္း ထည့္သြင္းေျပာဆိုထားသည္။

သို႔ေသာ္ လုံၿခဳံေရးအေလးထားေဆာင္႐ြက္ရမည့္ ၿမိဳ႕နယ္မွာ (၆၇)ၿမိဳ႕နယ္ရွိၿပီး လုံၿခဳံေရးထိထိေရာက္ေရာက္ေဆာင္႐ြက္ေပးရမည့္ၿမိဳ႕နယ္မွာ (၆၅)ၿမိဳ႕နယ္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ကာလုံအစည္းအေဝးသို႔ ထည့္သြင္းတင္ျပခဲ့သည္။

ထို႔ျပင္ အခ်ိဳ႕ေက်းလက္ေဒသမ်ားသည္ လုံၿခဳံေရးပိုမိုလိုအပ္ေၾကာင္း ေတြ႕ရွိရသည္ဟုလည္း ၎က တင္ျပထားသည္။

အၾကမ္းဖက္မႈျဖစ္စဥ္မ်ား၏ ေနာက္ကြယ္တြင္ အခ်ိဳ႕ေသာ EAO မ်ားသည္ ထဲထဲဝင္ဝင္ပါဝင္ပတ္သက္လ်က္ရွိၿပီး PDF မ်ားသည္ တိုင္းရင္းသား EAO မ်ားႏွင့္ မတူသည့္လုပ္ရပ္မ်ားကို ေတြ႕ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

၎တို႔သည္ ဒလန္ဟုစြပ္စြဲကာ အျပစ္မဲ့ျပည္သူမ်ားကို သတ္ျဖတ္ျခင္း၊ ပစၥည္းမ်ားကို လုယက္ျခင္း၊ ဆက္ေၾကးေတာင္းျခင္းတို႔ကို လုပ္ေဆာင္လ်က္ရွိသည့္အတြက္ ယခုအခ်ိန္အထိ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈမ်ားႏွင့္ ေဝးကြာေနရျခင္းျဖစ္ေၾကာင္း တပ္ခ်ဳပ္က ထည့္သြင္းတင္ျပခဲ့သည္။

၂ဝ၂၂ ခုႏွစ္ တစ္ႏွစ္တာလုံး၌ အၾကမ္းဖက္မႈျဖစ္စဥ္ အႀကိမ္အေရအတြက္ ေလ်ာ့ နည္းလာေသာ္လည္း ေသဆုံး၊ ဒဏ္ရာရမႈမ်ားလာေၾကာင္း နစကဥကၠ႒က ဆို သည္။

ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္အထိ အစိုးရဝန္ထမ္းမ်ား၊ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ရဟန္းသံဃာ၊ ကေလးသူငယ္၊ အရပ္သားအပါအဝင္ စုစုေပါင္း (၅၄၄၃)ဦး ေသဆုံးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

Related news

© 2021. All rights reserved.