ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းကြောင့် ဗြိတိန်နိုင်ငံမှာ လူပေါင်း ၅ သိန်းကျော်ပါဝင်တဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲများ ဖြစ်ပေါ်

 915

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂

ဗြိတိန်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပြီး ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး နဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးဌာနမှ ဝန်ထမ်းအလုပ်သမားများ ပူးပေါင်း ပါဝင်ခဲ့ကာ လူပေါင်း ၅ သိန်းကျော် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်း၊ ပင်စင်ကိစ္စ အငြင်းပွားမှုများ၊ လုပ်ငန်းခွင့်အခြေအနေ ကောင်းမွန်မှုမရှိခြင်း တို့အပေါ် စိတ်ဆိုးဒေါသဖြစ်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဆန္ဒပြပွဲကို အင်္ဂလန်နဲ့ ဝေးလ် ပညာရေးသမဂ္ဂမှ ဝန်ထမ်းပေါင်း ၃ သိန်းကျော် ပါဝင်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ် နောက်ပိုင်းကတည်းက ၎င်းတို့ရဲ့ လုပ်ခ လစာများ လျော့ကျဖြတ်တောက်ခံရခြင်းကို စိတ်ဆိုးဒေါသဖြစ်နေခြင်းကြောင့် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ်ကျောင်း ဆရာ၊ဆရာမများ၊ ကားမောင်းသမားများ၊ ကုန်ကားမောင်းသမား၊ အလုပ်သမားဌာန နဲ့ ပင်စင်ဌာနက ဝန်ထမ်း၊ အလုပ်သမားများလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက် နေချိန်မှာ ရှင်သန်နေထိုင်မှုစရိတ်စကများ ကြီးမြင့်နေပြီး လုပ်ခလစာများ တိုးမြင့်ခြင်းမရှိတဲ့အတွက် ပြည်သူများ အခက်အခဲများဖြစ်လျက်ရှိနေကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူများက ပြောပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း ၁ဝ ရာခိုင်နှုန်းအထိ မြင့်တက်နေချိန်မှာ ဗြိတိန်နိုင်ငံ ပုဂ္ဂလိက ဝန်ထမ်းတွေဟာ လုပ်ခလစာ ၆ ဒသမ ၉ ရာခိုင်နှုန်း တိုးမြင့်ခဲ့သလို ပြည်သူဝန်ဆောင်မှုကဏ္ဍက ဝန်ထမ်းတွေဟာ လုပ်ခလစာ ၂ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးပေးခဲ့တယ်လို့ သိရပါတယ်။

ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဥရောပမှာ ရေနံ နဲ့ အခြားကုန်ပစ္စည်းများ ဈေးတက်ရောက် ခဲ့ရာ ဗြိတိန်နိုင်ငံမှာလည်း သက်ရောက်မှုများစွာ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ ဆန္ဒပြပွဲများ ကြောင့် ဖြစ်လာမယ့်အနှောင့်အယှက်အဟန့်အတားများကို လျော့ပါးသက်သာစေဖို့ ကျယ်ပြန်တဲ့အရေးပေါ် အစီအစဉ်ကို ဆောင်ရွက်နေကြောင်း ဗြိတိန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ ၂ဝ၁၁ ခုနှစ်က အကြီးမားဆုံးဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူအလုပ်သမားပေါင်း ၁ သန်းကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ျခင္းေၾကာင့္ ၿဗိတိန္ႏိုင္ငံမွာ လူေပါင္း ၅ သိန္းေက်ာ္ပါဝင္တဲ့ ႀကီးမားတဲ့ ဆႏၵျပပြဲမ်ား ျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂

ၿဗိတိန္ႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ဆယ္စုႏွစ္အတြင္း အႀကီးမားဆုံး ဆႏၵျပပြဲမ်ားျဖစ္ေပၚခဲ့ၿပီး က်န္းမာေရး၊ ပညာေရး၊ သယ္ယူပို႔ေဆာင္ေရး နဲ႔ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးဌာနမွ ဝန္ထမ္းအလုပ္သမားမ်ား ပူးေပါင္း ပါဝင္ခဲ့ကာ လူေပါင္း ၅ သိန္းေက်ာ္ ဆႏၵျပခဲ့တယ္လို႔ သိရပါတယ္။

ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ျခင္း၊ ပင္စင္ကိစၥ အျငင္းပြားမႈမ်ား၊ လုပ္ငန္းခြင့္အေျခအေန ေကာင္းမြန္မႈမရွိျခင္း တို႔အေပၚ စိတ္ဆိုးေဒါသျဖစ္ကာ ဆႏၵျပခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါဆႏၵျပပြဲကို အဂၤလန္နဲ႔ ေဝးလ္ ပညာေရးသမဂၢမွ ဝန္ထမ္းေပါင္း ၃ သိန္းေက်ာ္ ပါဝင္ခဲ့ၿပီး ၂ဝ၁ဝ ခုႏွစ္ ေနာက္ပိုင္းကတည္းက ၎တို႔ရဲ႕ လုပ္ခ လစာမ်ား ေလ်ာ့က်ျဖတ္ေတာက္ခံရျခင္းကို စိတ္ဆိုးေဒါသျဖစ္ေနျခင္းေၾကာင့္ ဆႏၵျပပြဲမွာ ပါဝင္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ တကၠသိုလ္ေက်ာင္း ဆရာ၊ဆရာမမ်ား၊ ကားေမာင္းသမားမ်ား၊ ကုန္ကားေမာင္းသမား၊ အလုပ္သမားဌာန နဲ႔ ပင္စင္ဌာနက ဝန္ထမ္း၊ အလုပ္သမားမ်ားလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္ ေနခ်ိန္မွာ ရွင္သန္ေနထိုင္မႈစရိတ္စကမ်ား ႀကီးျမင့္ေနၿပီး လုပ္ခလစာမ်ား တိုးျမင့္ျခင္းမရွိတဲ့အတြက္ ျပည္သူမ်ား အခက္အခဲမ်ားျဖစ္လ်က္ရွိေနေၾကာင္း ဆႏၵျပပြဲမွာ ပါဝင္သူမ်ားက ေျပာပါတယ္။

ေငြေၾကးေဖာင္းပြမႈႏႈန္း ၁ဝ ရာခိုင္ႏႈန္းအထိ ျမင့္တက္ေနခ်ိန္မွာ ၿဗိတိန္ႏိုင္ငံ ပုဂၢလိက ဝန္ထမ္းေတြဟာ လုပ္ခလစာ ၆ ဒသမ ၉ ရာခိုင္ႏႈန္း တိုးျမင့္ခဲ့သလို ျပည္သူဝန္ေဆာင္မႈက႑က ဝန္ထမ္းေတြဟာ လုပ္ခလစာ ၂ ဒသမ ၇ ရာခိုင္ႏႈန္းသာ တိုးေပးခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ဥေရာပမွာ ေရနံ နဲ႔ အျခားကုန္ပစၥည္းမ်ား ေဈးတက္ေရာက္ ခဲ့ရာ ၿဗိတိန္ႏိုင္ငံမွာလည္း သက္ေရာက္မႈမ်ားစြာ ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။ အစိုးရအေနနဲ႔ ဆႏၵျပပြဲမ်ား ေၾကာင့္ ျဖစ္လာမယ့္အေႏွာင့္အယွက္အဟန႔္အတားမ်ားကို ေလ်ာ့ပါးသက္သာေစဖို႔ က်ယ္ျပန္တဲ့အေရးေပၚ အစီအစဥ္ကို ေဆာင္႐ြက္ေနေၾကာင္း ၿဗိတိန္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာပါတယ္။ ၿဗိတိန္ႏိုင္ငံမွာ ၂ဝ၁၁ ခုႏွစ္က အႀကီးမားဆုံးဆႏၵျပပြဲျဖစ္ပြားခဲ့ၿပီး ဆႏၵျပသူအလုပ္သမားေပါင္း ၁ သန္းေက်ာ္ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.