#နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဖွင့်ပွဲ မြင်ကွင်းများ

 1455

#NPNews - ဖေဖော်ဝါရီ ၆

ရန်ကုန်မြို့ ပါရမီလမ်းမပေါ်တွင် တည်ဆောက်ထားသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၆ ရက်၊ နံနက် ၁ဝ နာရီက အဆိုပါ Nuclear Technology Information Center တွင် ကျင်းပခဲ့ကြသည်။

Nuclear Technology Information Center ဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ Nuclear Technology Information Center တွင် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းမှ Director of General Mr.Alexey Likhachev နှင့် မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တို့မှ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်များဖြင့် အသုံးပြုရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ်အပေါ်တွင် MoU လက်မှတ်ရေးထိုးခဲ့ကြသည်။

Zawgyi Version;
#NPNews - ဖေဖော်ဝါရီ ၆




Related news

© 2021. All rights reserved.