ဒလသင်္ဘောကျင်းအနီးတွင် သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား

 981

Pearl (NP News) - ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ဒလသင်္ဘောကျင်းအနီးတွင် သင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

မီးလောင်ကျွမ်းမှုသည် ယနေ့ (ဖေဖော်ဝါရီလ ၈ရက်)၊ ညနေ ၄ နာရီ ၅ဝ မိနစ်အချိန်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သင်္သောကျင်းရှေ့မှာ ကမ်းကပ်ထားတဲ့ သင်္ဘောပါ။ ပြည်တွင်းရေကြောင်း ပိုင်သင်္ဘောပါ။ ဘယ်လိုဖြစ်ပြီးတော့ မီးလောင်တယ်ဆိုတာတော့ မသိဘူး” ဟုအခင်း ဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါသင်္ဘောမီးလောင်မှုဖြစ်စဉ်အား ဒလမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ညနေ ၅ နာရီ ၇ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ဆိုထားသည်။

ယနေ့တစ်ရက်တည်းတွင် ရန်ကုန်တိုင်းအတွင်း၌ မီးလောင်မှုဖြစ်စဉ် (၄)ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
ဒလသေဘၤာက်င္းအနီးတြင္ သေဘၤာတစ္စီး မီးေလာင္မႈျဖစ္ပြား
Pearl (NP News) - ေဖေဖာ္ဝါရီ ၈

ရန္ကုန္တိုင္း၊ ဒလၿမိဳ႕နယ္ရွိ ဒလသေဘၤာက်င္းအနီးတြင္ သေဘၤာတစ္စီး မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။

မီးေလာင္ကြၽမ္းမႈသည္ ယေန႔ (ေဖေဖာ္ဝါရီလ ၈ရက္)၊ ညေန ၄ နာရီ ၅ဝ မိနစ္အခ်ိန္ခန႔္တြင္ စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သေသၤာက်င္းေရွ႕မွာ ကမ္းကပ္ထားတဲ့ သေဘၤာပါ။ ျပည္တြင္းေရေၾကာင္း ပိုင္သေဘၤာပါ။ ဘယ္လိုျဖစ္ၿပီးေတာ့ မီးေလာင္တယ္ဆိုတာေတာ့ မသိဘူး” ဟုအခင္း ျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါသေဘၤာမီးေလာင္မႈျဖစ္စဥ္အား ဒလၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္ (၂)စီး ထြက္ခြာျငႇိမ္းသတ္ခဲ့ၿပီး ညေန ၅ နာရီ ၇ မိနစ္အခ်ိန္ခန႔္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနက ဆိုထားသည္။

ယေန႔တစ္ရက္တည္းတြင္ ရန္ကုန္တိုင္းအတြင္း၌ မီးေလာင္မႈျဖစ္စဥ္ (၄)ႀကိမ္ထက္ မနည္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.