ထိုင်းအစိုးရက မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို မေလလယ်အထိ အလုပ်လုပ်ခွင့်သက်တမ်း တိုးခွင့်ရန် ခွင့်ပြု

 751

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၃

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် အလုပ်လုပ်ခွင့် သက်တမ်းတိုး ခြင်းကို မေလအလယ်အထိ လုပ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်း ထိုင်းသတင်းများ က ဖော်ပြထားသည်။

ထိုင်းအစိုးရအဖွဲ့သည် မြန်မာနိုင်ငံသားများ အပါအဝင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်အသစ်လျှောက်ထားမှု နောက်ဆုံးရက်ကို မေလ အလယ်အထိ အချိန်တိုးပေးရန် ခွင့်ပြုပေးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Traisuree Traisaranakul က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် လိုလားနေ သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်း အချိန်သတ်မှတ်မှုကို ယခင်သတ်မှတ်ထားသော ဖေဖော်ဝါရီ ၁၃ ရက်မှ မေလ ၁၅ ရက်အထိ ရက်ပေါင်း ၉ဝ ကြာ အချိန်တိုးမြင့်ပေးသွားဖွယ်ရှိနေကြောင်း ပြောသည်။

ထိုင်းအစိုးရသည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်သက်တမ်းတိုးခြင်းကို ဖေဖော်ဝါရီ ၁၃ ရက် နောက်ဆုံးထားပြုလုပ်ရန် ယခင်က ထုတ်ပြန်ထားခဲ့ ကြောင်း သိရသည်။ ယင်းကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများသည် ဗီဇာသက်တမ်းကျော်လွန်မှု နှင့် ပတ်သက်ပြီး ဒဏ်ရိုက်မှုကိုလည်း ကင်းလွတ်ခွင့်ရဖွယ်ရှိနေကြောင်း၊ အလုပ်သမားများသည် ၎င်းတို့နှင့်ပတ်သက် သော လူမူဖူလုံရေး အကျိုးခံစားခွင့်များကိုလည်း ဆက်လက်ခံစားခွင့်ရဖွယ်ရှိနေကြောင်း ထိုင်းအစိုးရအဖွဲ့ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

အလုပ်လုပ်ခွင့် ခွင့်ပြုချက်အသစ်ကြောင့် မြန်မာအပါအဝင် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံ တွင် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် (သို့မဟုတ်) ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက်လုပ်ကိုင်ခွင့် ရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ လျှောက်ထားသော အလုပ်လုပ်ခွင့် အမျိုးအစားပေါ် မူတည်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Traisuree Traisaranakul က ပြောသည်။

ထိုင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasatien က ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်လုပ်ခွင့် အသစ်လျှောက်ထားမှုများကို ထိုင်းအလုပ်သမားဝန်ကြီးဌာနဝက်ဆိုက် DoE's တွင်လည်း မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ဆိုသည်။

အဆိုပါ အွန်လိုင်းမှ လျှောက်ထားမည့်သူများအနေဖြင့် Krung Thai ဘဏ်တွင် ငွေကြေးပေးသွင်းရမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ် အပါအဝင် အလုပ်လုပ်ခွင့်သက်တမ်းအသစ်လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်း များကို ပူးတွဲတင်ပြလျှောက်ထားရမည်ဖြစ်ကြောင် ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြော သည်။

ထို့အပြင် အွန်လိုင်းမှ လျှောက်ထားရန် ဆန္ဒမရှိဘဲ ရုံးတွင် လူကိုယ်တိုင်လာရောက် လျှောက်ထားလိုသူများအနေ ဖြင့်လည်း ဘန်ကောက်မြို့ရှိ အလုပ်သမားရေးရာရုံး (၁ဝ) ရုံးတွင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ တစ်ပတ်ကို (၇) ရက်အထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

Zawgyi Version;
ထိုင္းအစိုးရက ျမန္မာႏိုင္ငံသားမ်ား အပါအဝင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ေမလလယ္အထိ အလုပ္လုပ္ခြင့္သက္တမ္း တိုးခြင့္ရန္ ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၃

ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား အေနျဖင့္ အလုပ္လုပ္ခြင့္ သက္တမ္းတိုး ျခင္းကို ေမလအလယ္အထိ လုပ္ေဆာင္ခြင့္ရမည္ျဖစ္ေၾကာင္း ထိုင္းသတင္းမ်ား က ေဖာ္ျပထားသည္။

ထိုင္းအစိုးရအဖြဲ႕သည္ ျမန္မာႏိုင္ငံသားမ်ား အပါအဝင္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနေသာ ႏိုင္ငံျခားသား ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ အလုပ္လုပ္ခြင့္အသစ္ေလွ်ာက္ထားမႈ ေနာက္ဆုံးရက္ကို ေမလ အလယ္အထိ အခ်ိန္တိုးေပးရန္ ခြင့္ျပဳေပးခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ထိုင္းအစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ Traisuree Traisaranakul က ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ လိုလားေန ေသာ ဗီယက္နမ္၊ ကေမာၻဒီးယား၊ လာအို ႏွင့္ ျမန္မာႏိုင္ငံတို႔မွ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ အလုပ္လုပ္ခြင့္ သက္တမ္းတိုးျခင္း အခ်ိန္သတ္မွတ္မႈကို ယခင္သတ္မွတ္ထားေသာ ေဖေဖာ္ဝါရီ ၁၃ ရက္မွ ေမလ ၁၅ ရက္အထိ ရက္ေပါင္း ၉ဝ ၾကာ အခ်ိန္တိုးျမင့္ေပးသြားဖြယ္ရွိေနေၾကာင္း ေျပာသည္။

ထိုင္းအစိုးရသည္ ဗီယက္နမ္၊ ကေမာၻဒီးယား၊ လာအို ႏွင့္ ျမန္မာႏိုင္ငံတို႔မွ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ အလုပ္လုပ္ခြင့္သက္တမ္းတိုးျခင္းကို ေဖေဖာ္ဝါရီ ၁၃ ရက္ ေနာက္ဆုံးထားျပဳလုပ္ရန္ ယခင္က ထုတ္ျပန္ထားခဲ့ ေၾကာင္း သိရသည္။ ယင္းကာလအတြင္း ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ ဗီဇာသက္တမ္းေက်ာ္လြန္မႈ ႏွင့္ ပတ္သက္ၿပီး ဒဏ္႐ိုက္မႈကိုလည္း ကင္းလြတ္ခြင့္ရဖြယ္ရွိေနေၾကာင္း၊ အလုပ္သမားမ်ားသည္ ၎တို႔ႏွင့္ပတ္သက္ ေသာ လူမူဖူလုံေရး အက်ိဳးခံစားခြင့္မ်ားကိုလည္း ဆက္လက္ခံစားခြင့္ရဖြယ္ရွိေနေၾကာင္း ထိုင္းအစိုးရအဖြဲ႕ေျပာေရး ဆိုခြင့္ရွိသူက ေျပာသည္။

အလုပ္လုပ္ခြင့္ ခြင့္ျပဳခ်က္အသစ္ေၾကာင့္ ျမန္မာအပါအဝင္ ႏိုင္ငံျခားေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ ထိုင္းႏိုင္ငံ တြင္ ၂ဝ၂၄ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၃ ရက္ (သို႔မဟုတ္) ၂ဝ၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၃ ရက္အထိ ဆက္လက္လုပ္ကိုင္ခြင့္ ရမည္ျဖစ္ေၾကာင္း၊ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ေလွ်ာက္ထားေသာ အလုပ္လုပ္ခြင့္ အမ်ိဳးအစားေပၚ မူတည္ၿပီး ထိုင္းႏိုင္ငံအတြင္း အလုပ္လုပ္ခြင့္ရမည္ျဖစ္ေၾကာင္း ထိုင္းအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Traisuree Traisaranakul က ေျပာသည္။

ထိုင္း အလုပ္သမားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ Pairoj Chotikasatien က ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ အလုပ္လုပ္ခြင့္ အသစ္ေလွ်ာက္ထားမႈမ်ားကို ထိုင္းအလုပ္သမားဝန္ႀကီးဌာနဝက္ဆိုက္ DoE's တြင္လည္း မွတ္ပုံတင္ေလွ်ာက္ထားႏိုင္ေၾကာင္း ဆိုသည္။

အဆိုပါ အြန္လိုင္းမွ ေလွ်ာက္ထားမည့္သူမ်ားအေနျဖင့္ Krung Thai ဘဏ္တြင္ ေငြေၾကးေပးသြင္းရမည္ျဖစ္ၿပီး ႏိုင္ငံကူးလက္မွတ္ အပါအဝင္ အလုပ္လုပ္ခြင့္သက္တမ္းအသစ္ေလွ်ာက္ထားရာတြင္ လိုအပ္ေသာ စာ႐ြက္စာတမ္း မ်ားကို ပူးတြဲတင္ျပေလွ်ာက္ထားရမည္ျဖစ္ေၾကာင္ ထိုင္းအလုပ္သမားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာ သည္။

ထို႔အျပင္ အြန္လိုင္းမွ ေလွ်ာက္ထားရန္ ဆႏၵမရွိဘဲ ႐ုံးတြင္ လူကိုယ္တိုင္လာေရာက္ ေလွ်ာက္ထားလိုသူမ်ားအေန ျဖင့္လည္း ဘန္ေကာက္ၿမိဳ႕ရွိ အလုပ္သမားေရးရာ႐ုံး (၁ဝ) ႐ုံးတြင္ ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း၊ တစ္ပတ္ကို (၇) ရက္အထိ ဝန္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာင္း ထိုင္းအလုပ္သမားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာသည္။

Related news

© 2021. All rights reserved.