စာမေးပွဲဖြေပြီးပြန်လာသော ကျောင်းကား မိုင်းခွဲခံရမှုကြောင့် ကျောင်းသူ(၁)ဦးသေဆုံးကာ (၁၀)ဦး ထိခိုက်မှု အရာတော်မြို့၌ ဖြစ်ပွား
1069
NP News - ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ကျောင်းသားများ စာဖြေပြီးပြန်လာသည့်ကား မိုင်းထောင်ဖောက်ခွဲခံခဲ့ရကြောင်း နစက မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၁၅)ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်ခန့်တွင် အရာတော်မြို့၏အထွက် အနောက်မြောက်ဘက် မီတာ(၁၅၀၀)ခန့်အကွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စာဖြေပြီးပြန်လာသည့် ကျောင်းသားများ စီးနင်းလာသောကားသည် အခင်းဖြစ်ရာ နေရာအရောက်တွင် PDF များက လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုထားသည်။
ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကျောင်းသူ(၁)ဦး သေဆုံးကာ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး မိုင်းစထိ မှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အရာတော်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း နစကမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်ခဲ့သူများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။
Zawgyi Version
စာေမးပြဲေျဖၿပီးျပန္လာေသာ ေက်ာင္းကား မိုင္းခြဲခံရမႈေၾကာင့္ ေက်ာင္းသူ(၁)ဦးေသဆုံးကာ (၁၀)ဦး ထိခိုက္မႈ အရာေတာ္ၿမိဳ႕၌ ျဖစ္ပြား
NP News - ေဖေဖာ္ဝါရီ ၁၆
စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕နယ္တြင္ ေက်ာင္းသားမ်ား စာေျဖၿပီးျပန္လာသည့္ကား မိုင္းေထာင္ေဖာက္ခြဲခံခဲ့ရေၾကာင္း နစက မွ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ(၁၅)ရက္ေန႔ ေန႔လည္(၁)နာရီခြဲအခ်ိန္ခန႔္တြင္ အရာေတာ္ၿမိဳ႕၏အထြက္ အေနာက္ေျမာက္ဘက္ မီတာ(၁၅၀၀)ခန႔္အကြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အရာေတာ္ၿမိဳ႕နယ္ အေျခခံပညာအထက္တန္းေက်ာင္းတြင္ စာေျဖၿပီးျပန္လာသည့္ ေက်ာင္းသားမ်ား စီးနင္းလာေသာကားသည္ အခင္းျဖစ္ရာ ေနရာအေရာက္တြင္ PDF မ်ားက လက္လုပ္ရီမုမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။
ေပါက္ကြဲမႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ ေက်ာင္းသူ(၁)ဦး ေသဆုံးကာ ေက်ာင္းသား၊ ေက်ာင္းသူ(၁၀)ဦး မိုင္းစထိ မွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အရာေတာ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ေပးခဲ့ေၾကာင္း နစကမွ သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္ခဲ့သူမ်ားကို ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္းလည္း နစကမွ ထုတ္ျပန္ထားသည္။