လျှပ်စစ်ကားများကို ထပ်မံတင်သွင်းလျက်ရှိပြီး ၎င်းကားများအတွက် စွမ်းအင်ဈေးနှုန်း မီတာခတစ်ယူနစ်လျှင် ကျပ်(၄ဝဝ) ဝန်းကျင် သတ်မှတ်ထားဟုဆို

1516

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၉
ပြည်ပမှ လျှပ်စစ်ကားများ တင်သွင်းလျက်ရှိပြီး ၎င်းကားများအတွက် စွမ်းအင်ဈေးနှုန်းမှာ တစ်ယူနစ်လျှင် ကျပ်(၄ဝဝ) ဝန်းကျင် သတ်မှတ်ထားကြောင်း လျှပ်စစ်ကားအသိုင်းအဝိုင်းထံမှ သိရသည်။
ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းသို့ ပြီးခဲ့သော ဖေဖော်ဝါရီ ၁၅ ရက်တွင် တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကား (၂၅)စီး ထပ်မံရောက်ရှိခဲ့ကြောင်း နစကဘက်မှ ထုတ်ဖော်အသိပေးထား သည်။
အဆိုပါ လျှပ်စစ်ကား(၂၅)စီးကို Essential Motor ကုမ္ပဏီမှ တင်သွင်းလာခဲ့ခြင်းဖြစ်ပြီး ၎င်းကုမ္ပဏီအနေဖြင့် ရန်ကုန်ဘူတာကြီးအနီးတွင် Level-3 အဆင့်ရှိ Charger ငါးစုံ ပါဝင်သည့် Charging Station ကိုလည်း တည်ဆောက်လျက်ရှိကြောင်း နစကဘက်က ဆိုထားသည်။
အလားတူ ပြီးခဲ့သော ရက်ပိုင်းများအတွင်းကလည်း တရုတ်နိုင်ငံမှ လျှပ်စစ်ကားအစီး(၄ဝ) ကို ပြည်တွင်းရှိ ကုမ္ပဏီနှစ်ခုက တင်သွင်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အသုံးပြုမည့် လျှပ်စစ်ကားများအတွက် Charging Station များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် အမြန်လမ်းတို့တွင် စတင်အကောင်အထည်ဖော်ကာ တည်ဆောက်လျက်ရှိသည်။
လျှပ်စစ်ကားများအတွက် စွမ်းအင်ကုန်ကျစရိတ်နှင့်ပတ်သက်၍ တစ်ယူနစ်လျှင် ငွေကျပ်(၄ဝဝ) ဝန်းကျင်သတ်မှတ်ထားကြောင်း လျှပ်စစ်ကားအသိုင်းအဝိုင်းက ပြောဆိုနေကြသည်။
“လျှပ်စစ်ကားနဲ့ပတ်သက်လို့ စွမ်းအင်ကုန်ကျစရိတ်က ဆီးဖိုထက် အတော်သက်သာပါတယ်။ ပြီးတော့ လျှပ်စစ်တစ်ယူနစ် သုံးပြီး သွားနိုင်တဲ့ခရီးအကွာအဝေးနဲ့ ဓာတ်ဆီတစ်လီတာသုံးပြီး သွားနိုင်တဲ့ ခရီးအကွာအဝေးကလည်း နီးစပ်မှုရှိပါတယ်။ ဒါပေမယ့် လျှပ်စစ်မီတာခကတော့ ပုံသေသတ်မှတ်ထားလို့ ရပါတယ်” ဟု လျှပ်စစ်ကားအသိုင်းအဝိုင်းမှ ကုမ္ပဏီတစ်ခုက ပြောဆိုထားသည်။
လက်ရှိတွင် လျှပ်စစ်ကားများအတွက် မီတာခတစ်ယူနစ်ဈေးနှုန်းမှာ ကျပ်(၄ဝဝ)ဝန်းကျင်ဟု လျှပ်စစ်ကားအသိုင်းအဝိုင်းက ပြောဆိုနေသော်လည်း နစကဘက်မှ လျှပ်စစ်ကားများအတွက် မီတာခတစ်ယူနစ်ဈေးနှုန်းကို တရားဝင် ထုတ်ပြန်ပြောခြင်းမျိုး မရှိသေးပေ။
နစက၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ထားပြီး ၎င်းလုပ်ငန်းများအတွက် အခွန်အခများကိုလည်း ကင်းလွတ်ခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

Zawgyi Version;
လွ်ပ္စစ္ကားမ်ားကို ထပ္မံတင္သြင္းလ်က္ရွိၿပီး ၎ကားမ်ားအတြက္ စြမ္းအင္ေဈးႏႈန္း မီတာခတစ္ယူနစ္လွ်င္ က်ပ္(၄ဝဝ) ဝန္းက်င္ သတ္မွတ္ထားဟုဆို
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁၉
ျပည္ပမွ လွ်ပ္စစ္ကားမ်ား တင္သြင္းလ်က္ရွိၿပီး ၎ကားမ်ားအတြက္ စြမ္းအင္ေဈးႏႈန္းမွာ တစ္ယူနစ္လွ်င္ က်ပ္(၄ဝဝ) ဝန္းက်င္ သတ္မွတ္ထားေၾကာင္း လွ်ပ္စစ္ကားအသိုင္းအဝိုင္းထံမွ သိရသည္။
ရန္ကုန္ၿမိဳ႕ရွိ Asia World ဆိပ္ကမ္းသို႔ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ တ႐ုတ္ႏိုင္ငံထုတ္ BYD အမွတ္တံဆိပ္ လွ်ပ္စစ္ကား (၂၅)စီး ထပ္မံေရာက္ရွိခဲ့ေၾကာင္း နစကဘက္မွ ထုတ္ေဖာ္အသိေပးထား သည္။
အဆိုပါ လွ်ပ္စစ္ကား(၂၅)စီးကို Essential Motor ကုမၸဏီမွ တင္သြင္းလာခဲ့ျခင္းျဖစ္ၿပီး ၎ကုမၸဏီအေနျဖင့္ ရန္ကုန္ဘူတာႀကီးအနီးတြင္ Level-3 အဆင့္ရွိ Charger ငါးစုံ ပါဝင္သည့္ Charging Station ကိုလည္း တည္ေဆာက္လ်က္ရွိေၾကာင္း နစကဘက္က ဆိုထားသည္။
အလားတူ ၿပီးခဲ့ေသာ ရက္ပိုင္းမ်ားအတြင္းကလည္း တ႐ုတ္ႏိုင္ငံမွ လွ်ပ္စစ္ကားအစီး(၄ဝ) ကို ျပည္တြင္းရွိ ကုမၸဏီႏွစ္ခုက တင္သြင္းခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ အသုံးျပဳမည့္ လွ်ပ္စစ္ကားမ်ားအတြက္ Charging Station မ်ားကို ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ ႏွင့္ အျမန္လမ္းတို႔တြင္ စတင္အေကာင္အထည္ေဖာ္ကာ တည္ေဆာက္လ်က္ရွိသည္။
လွ်ပ္စစ္ကားမ်ားအတြက္ စြမ္းအင္ကုန္က်စရိတ္ႏွင့္ပတ္သက္၍ တစ္ယူနစ္လွ်င္ ေငြက်ပ္(၄ဝဝ) ဝန္းက်င္သတ္မွတ္ထားေၾကာင္း လွ်ပ္စစ္ကားအသိုင္းအဝိုင္းက ေျပာဆိုေနၾကသည္။
“လွ်ပ္စစ္ကားနဲ႔ပတ္သက္လို႔ စြမ္းအင္ကုန္က်စရိတ္က ဆီးဖိုထက္ အေတာ္သက္သာပါတယ္။ ၿပီးေတာ့ လွ်ပ္စစ္တစ္ယူနစ္ သုံးၿပီး သြားႏိုင္တဲ့ခရီးအကြာအေဝးနဲ႔ ဓာတ္ဆီတစ္လီတာသုံးၿပီး သြားႏိုင္တဲ့ ခရီးအကြာအေဝးကလည္း နီးစပ္မႈရွိပါတယ္။ ဒါေပမယ့္ လွ်ပ္စစ္မီတာခကေတာ့ ပုံေသသတ္မွတ္ထားလို႔ ရပါတယ္” ဟု လွ်ပ္စစ္ကားအသိုင္းအဝိုင္းမွ ကုမၸဏီတစ္ခုက ေျပာဆိုထားသည္။
လက္ရွိတြင္ လွ်ပ္စစ္ကားမ်ားအတြက္ မီတာခတစ္ယူနစ္ေဈးႏႈန္းမွာ က်ပ္(၄ဝဝ)ဝန္းက်င္ဟု လွ်ပ္စစ္ကားအသိုင္းအဝိုင္းက ေျပာဆိုေနေသာ္လည္း နစကဘက္မွ လွ်ပ္စစ္ကားမ်ားအတြက္ မီတာခတစ္ယူနစ္ေဈးႏႈန္းကို တရားဝင္ ထုတ္ျပန္ေျပာျခင္းမ်ိဳး မရွိေသးေပ။
နစက၏ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အေနျဖင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ဆက္စပ္လုပ္ငန္းမ်ားကို ဦးစားေပးျမႇင့္တင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑အျဖစ္ သတ္မွတ္ထားၿပီး ၎လုပ္ငန္းမ်ားအတြက္ အခြန္အခမ်ားကိုလည္း ကင္းလြတ္ခြင့္ေလွ်ာက္ထားႏိုင္ေၾကာင္း ေၾကညာထားသည္။