ကမ္ဘာ့ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးအသုံးပြုမှု လျော့နည်းပျောက်ကွယ်မည်ဟု ရုရှားသမ္မတ ပြော

 1440

Pika (NP News) - ဖေဖော်ဝါရီ ၂၂

ကမ္ဘာ့ကုန်သွယ်မှုများတွင် အမေရိကန်နှင့် အခြားသောအနောက်အုပ်စုနိုင်ငံများ၏ နိုင်ငံသုံးငွေကြေးများ အသုံးပြု မှုသည် တဖြည်းဖြည်းပျောက်ကွယ်လာတော့မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ထုတ်ဖော်ပြောဆိုခဲ့သည်။

ရုရှားသည် ၎င်း၏ မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်းကာ အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယူရိုငွေ အပေါ် အသုံးပြုမှု ကို လျော့ချနိုင်မည့် လုံခြုံသောနိုင်ငံတကာကုန်သွယ်မှုစနစ်တစ်ခု တည်ဆောက်ရန် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း ပူတင် က ပြောဆိုခဲ့သည်။

အနောက်အုပ်စုနိုင်ငံများ၏ လက်ရှိ မူဝါဒများသည် နိုင်ငံတကာကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာ နှင့် ယူရို အသုံးပြုမှုတို့ကို ပျောက်ကွယ်လာစေခြင်းဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် က ပြောဆိုခဲ့သည်။

ရုရှား၏ အနောက်အုပ်စုမဟာမိတ်နိုင်ငံဟောင်းများက ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာ နှင့် အခြား အနာက်အုပ်စုနိုင်ငံများ၏ နိုင်ငံသုံးငွေကြေးများ အသုံးပြုမှုကို ဖြတ်တောက်ရန် တွန်းအားပေးနေကြကြောင်း ပူတင်က ပြောဆိုခဲ့သည်။ ၂ဝ၂၂ ခုနှစ်အစကတည်းက ရုရှား၏နိုင်ငံခြားကုန်သွယ်မှုများတွင် ရုရှားနိုင်ငံသုံးငွေကြေး ရူဘယ် အသုံးပြုမှုသည် နှစ်ဆမြင့်တက်လာခဲ့ကြောင်း ပူတင်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ပြောဆိုခဲ့သည်။

ရုရှား၏ နိုင်ငံတကာမိတ်ဖက်များနှင့် ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာနှင့် ယူရိုတို့အစား နိုင်ငံသုံးငွေကြေး များ အသုံးပြုမှုသည် ဆက်လက်တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း ပူတင် က ခန့်မှန်းပြောဆိုခဲ့သည်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများကြောင့် အမေရိကန် နှင့် ၎င်း၏မဟာမိတ်နိုင်ငံများသည် ရုရှား၏ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ(၃ဝဝ)ဘီလျံကျော် နှင့် အခြားပိုင်ဆိုင်မှုများကို သိမ်းယူခဲ့ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို ပိုမိုအရှိန်မြင့်လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကမာၻ႔ကုန္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာႏွင့္ ယူ႐ိုေငြေၾကးအသုံးျပဳမႈ ေလ်ာ့နည္းေပ်ာက္ကြယ္မည္ဟု ႐ုရွားသမၼတ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂

ကမာၻ႔ကုန္သြယ္မႈမ်ားတြင္ အေမရိကန္ႏွင့္ အျခားေသာအေနာက္အုပ္စုႏိုင္ငံမ်ား၏ ႏိုင္ငံသုံးေငြေၾကးမ်ား အသုံးျပဳ မႈသည္ တျဖည္းျဖည္းေပ်ာက္ကြယ္လာေတာ့မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္ က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

႐ုရွားသည္ ၎၏ မဟာမိတ္ႏိုင္ငံမ်ားႏွင့္ပူးေပါင္းကာ အေမရိကန္ေဒၚလာ (သို႔မဟုတ္) ယူ႐ိုေငြ အေပၚ အသုံးျပဳမႈ ကို ေလ်ာ့ခ်ႏိုင္မည့္ လုံၿခဳံေသာႏိုင္ငံတကာကုန္သြယ္မႈစနစ္တစ္ခု တည္ေဆာက္ရန္ တိုင္ပင္ေဆြးေႏြးခဲ့ၾကေၾကာင္း ပူတင္ က ေျပာဆိုခဲ့သည္။

အေနာက္အုပ္စုႏိုင္ငံမ်ား၏ လက္ရွိ မူဝါဒမ်ားသည္ ႏိုင္ငံတကာကုန္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာ ႏွင့္ ယူ႐ို အသုံးျပဳမႈတို႔ကို ေပ်ာက္ကြယ္လာေစျခင္းျဖစ္ေၾကာင္း ႐ုရွားသမၼတ ပူတင္ က ေျပာဆိုခဲ့သည္။

႐ုရွား၏ အေနာက္အုပ္စုမဟာမိတ္ႏိုင္ငံေဟာင္းမ်ားက ကုန္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာ ႏွင့္ အျခား အနာက္အုပ္စုႏိုင္ငံမ်ား၏ ႏိုင္ငံသုံးေငြေၾကးမ်ား အသုံးျပဳမႈကို ျဖတ္ေတာက္ရန္ တြန္းအားေပးေနၾကေၾကာင္း ပူတင္က ေျပာဆိုခဲ့သည္။ ၂ဝ၂၂ ခုႏွစ္အစကတည္းက ႐ုရွား၏ႏိုင္ငံျခားကုန္သြယ္မႈမ်ားတြင္ ႐ုရွားႏိုင္ငံသုံးေငြေၾကး ႐ူဘယ္ အသုံးျပဳမႈသည္ ႏွစ္ဆျမင့္တက္လာခဲ့ေၾကာင္း ပူတင္က ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ေျပာဆိုခဲ့သည္။

႐ုရွား၏ ႏိုင္ငံတကာမိတ္ဖက္မ်ားႏွင့္ ကုန္သြယ္မႈမ်ားတြင္ အေမရိကန္ေဒၚလာႏွင့္ ယူ႐ိုတို႔အစား ႏိုင္ငံသုံးေငြေၾကး မ်ား အသုံးျပဳမႈသည္ ဆက္လက္တိုးျမင့္လာႏိုင္ဖြယ္ရွိေၾကာင္း ပူတင္ က ခန႔္မွန္းေျပာဆိုခဲ့သည္။ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားေၾကာင့္ အေမရိကန္ ႏွင့္ ၎၏မဟာမိတ္ႏိုင္ငံမ်ားသည္ ႐ုရွား၏ ႏိုင္ငံျခားအရန္ေငြ အေမရိကန္ေဒၚလာ(၃ဝဝ)ဘီလ်ံေက်ာ္ ႏွင့္ အျခားပိုင္ဆိုင္မႈမ်ားကို သိမ္းယူခဲ့ၿပီး ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔ အေရးယူမႈမ်ားကို ပိုမိုအရွိန္ျမင့္လုပ္ေဆာင္လာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.