ပြင်သစ်မှာ ဆရာကို ကျောင်းသားက ဓားထိုးသတ်မှုဖြစ်ပွား

668

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်က စာသင်ခန်းအတွင်း ဆယ်ကျော်သက် ကျောင်းသားတစ်ဦးရဲ့ ဓားနဲ့ထိုးသတ်မှုကြောင့် ဆရာမတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသ ဆိုင်ရာအစိုးရရှေ့နေက ပြောကြားခဲ့ပါတယ်။
ပင်လယ်ကမ်းစပ်မြို့ စိန့်ဂျန်ဒီလက်ဇ်ရှိ စိန့်သောမတ်အာကွင်းကျောင်းမှာ အသက် ၅ဝ နှစ် ဝန်းကျင်ရှိ စပိန် ဘာသာစကားသင်တဲ့ဆရာမဟာ သူမရဲ့ စာသင်ချိန်အတွင်း ကျောင်းသားတစ်ဦးရဲ့ ဓါးနဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူမကို အခင်းဖြစ်ပွားရာနေရာမှာ အရေးပေါ်အကူအညီတွေပေးခဲ့ပေမယ့် သူမရဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ အစိုးရရှေ့နေ ဂျာရိုမီဘောရီ က ပြောပါတယ်။
အသက် ၁၆ နှစ်အရွယ် ကျောင်းသားဟာ ၎င်းနဲ့ အတန်းမတူတဲ့ ဆရာမရဲ့စပိန်စာသင်ခန်းထဲသို့ဝင်ကာ ဆရာမကို ဓားနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယင်းအဖြစ်အပျက်ကြောင့် ကျောင်းသားတွေ ထိတ်လန့်စွာ ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။
BFM TV အပါအဝင် ဒေသခံမီဒီယာများရဲ့ပြောကြားချက်အရ အဆိုပါကျောင်းသားကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီဖြစ် တယ်လို့ သိရပါတယ်။ စိန့်သောမတ်အာကွင်း ကျောင်းဟာ စိန့်ဂျင်းဒီလက်ဇ်မြို့ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ပုဂ္ဂလိကနဲ့ ကက်သလစ်အခြေခံအဆောက်အအုံဖြစ်ပါတယ်။
"ကျွန်တော့်ရဲ့အတွေးအမြင်ကတော့ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျောင်းသားတွေနဲ့ ထပ်တူပါပဲ။ ကျွန်တော် အခင်းဖြစ်နေရာကို ချက်ချင်းသွားရောက်ကြည့်ရှုပါမယ်" လို့ ပညာရေးဝန်ကြီး ပက်နာဒီယာ က ပြောကြားပြီး ဆရာမရဲ့ သေဆုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြခဲ့ပါတယ်။

Zawgyi Version;
ျပင္သစ္မွာ ဆရာကို ေက်ာင္းသားက ဓားထိုးသတ္မႈျဖစ္ပြား
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
ျပင္သစ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ စာသင္ေက်ာင္းတစ္ေက်ာင္းမွာ ေဖေဖာ္ဝါရီ ၂၂ ရက္က စာသင္ခန္းအတြင္း ဆယ္ေက်ာ္သက္ ေက်ာင္းသားတစ္ဦးရဲ႕ ဓားနဲ႔ထိုးသတ္မႈေၾကာင့္ ဆရာမတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း ေဒသ ဆိုင္ရာအစိုးရေရွ႕ေနက ေျပာၾကားခဲ့ပါတယ္။
ပင္လယ္ကမ္းစပ္ၿမိဳ႕ စိန႔္ဂ်န္ဒီလက္ဇ္ရွိ စိန႔္ေသာမတ္အာကြင္းေက်ာင္းမွာ အသက္ ၅ဝ ႏွစ္ ဝန္းက်င္ရွိ စပိန္ ဘာသာစကားသင္တဲ့ဆရာမဟာ သူမရဲ႕ စာသင္ခ်ိန္အတြင္း ေက်ာင္းသားတစ္ဦးရဲ႕ ဓါးနဲ႔တိုက္ခိုက္ျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။ သူမကို အခင္းျဖစ္ပြားရာေနရာမွာ အေရးေပၚအကူအညီေတြေပးခဲ့ေပမယ့္ သူမရဲ႕ဒဏ္ရာေတြေၾကာင့္ ေသဆုံးသြားခဲ့တယ္လို႔ အစိုးရေရွ႕ေန ဂ်ာ႐ိုမီေဘာရီ က ေျပာပါတယ္။
အသက္ ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသားဟာ ၎နဲ႔ အတန္းမတူတဲ့ ဆရာမရဲ႕စပိန္စာသင္ခန္းထဲသို႔ဝင္ကာ ဆရာမကို ဓားနဲ႔တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ယင္းအျဖစ္အပ်က္ေၾကာင့္ ေက်ာင္းသားေတြ ထိတ္လန႔္စြာ ထြက္ေျပးခဲ့ေၾကာင္း သိရပါတယ္။
BFM TV အပါအဝင္ ေဒသခံမီဒီယာမ်ားရဲ႕ေျပာၾကားခ်က္အရ အဆိုပါေက်ာင္းသားကို ရဲတပ္ဖြဲ႕က ဖမ္းမိခဲ့ၿပီျဖစ္ တယ္လို႔ သိရပါတယ္။ စိန႔္ေသာမတ္အာကြင္း ေက်ာင္းဟာ စိန႔္ဂ်င္းဒီလက္ဇ္ၿမိဳ႕ရဲ႕ အလယ္ဗဟိုမွာရွိတဲ့ ပုဂၢလိကနဲ႔ ကက္သလစ္အေျခခံအေဆာက္အအုံျဖစ္ပါတယ္။
"ကြၽန္ေတာ့္ရဲ႕အေတြးအျမင္ကေတာ့ မိသားစု၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေက်ာင္းသားေတြနဲ႔ ထပ္တူပါပဲ။ ကြၽန္ေတာ္ အခင္းျဖစ္ေနရာကို ခ်က္ခ်င္းသြားေရာက္ၾကည့္ရႈပါမယ္" လို႔ ပညာေရးဝန္ႀကီး ပက္နာဒီယာ က ေျပာၾကားၿပီး ဆရာမရဲ႕ ေသဆုံးမႈအတြက္ အလြန္စိတ္မေကာင္းျဖစ္မိေၾကာင္း ေဖာ္ျပခဲ့ပါတယ္။