ပြင်ပကမ္ဘာမှ ဂြိုလ်သားများ လက်ချက် နှင့် အုပ်စုလိုက် အရူးထခြင်း

 1119

Htay Oung (NP News) - မတ် ၃

အမေရိကန်သံတမန်များ၊ အေးဂျင့်များနဲ့ ကမ္ဘာတစ်ဝန်းရှိ အခြားဝန်ထမ်းများကို ဒုက္ခရောက်စေခဲ့တဲ့ "ဟာဗားနား ရောဂါလက္ခဏာစု" မှာ တိုင်းတစ်ပါးရန်သူရဲ့လက်ချက်ဖြစ်နိုင်ခြေ အလွန်နည်းပါးတယ်လို့ အမေရိကန် ထောက်လှမ်းရေးရဲ့ နိုင်ငံတကာဖြန့်ကျက် စုံစမ်းစစ်ဆေးမှုအရ ကောက်ချက်ချခဲ့ကြောင်း မတ်လ ၂ ရက်၊ ဗုဒ္ဓဟူးနေ့ လျှို့ဝှက်အဆင့်အတန်း လျော့ချသတ်မှတ်လိုက်တဲ့ စာရွက်စာတမ်းများမှာ ဖော်ပြထားတယ်လို့ Reuters က မတ်လ ၂ ရက်က ရေးသားဖော်ပြခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ်တွင် ကျူးဘားမြို့တော်ရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူများက ပထမဆုံး အစီရင်ခံတင်ပြခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ဝေဒနာလက္ခဏာများမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ မှတ်ဉာဏ်ပျက်ယွင်းခြင်းနဲ့ မူးဝေခြင်းတို့ ပါဝင်ပါတယ်။ အဲဒါကို အစွဲပြုပြီး "ဟာဗားနား ရောဂါလက္ခဏာစု" လို့ အမည်တွင် ခဲ့ရပါတယ်။

ယခုနှစ်အတွင်း ဖြစ်ရပ်အချို့အပါအ၀င် "ဟာဗားနား ရောဂါလက္ခဏာစု" ခံစားရတယ်လို့ အမေရိကန်အစိုးရ အေဂျင်စီများနဲ့ ဌာနဆိုင်ရာများက အစီရင်ခံခဲ့တဲ့ အမှုပေါင်း ၁,၅ဝဝ ခန့် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖက်ဒရယ် စုံစမ်း စစ်ဆေးရေးဗျူရို FBI အနေနဲ့ ရာဇဝတ်ကြောင်း စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ခဲ့ပြီး ထောက်လှမ်းရေးအေဂျင်စီပေါင်း ၁၈ ခုအနက် ၇ ခုတို့ဟာ အမေရိကန်ပြည်တွင်း အပါအဝင် နိုင်ငံပေါင်း ၉ဝ ကျော်တို့မှာ နှစ်နှစ်ကျော် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

အမေရိကန်အစိုးရဝန်ထမ်းများ ထူးဆန်းစွာ ဝေဒနာခံစားရခြင်းဟာ ပြင်ပကမ္ဘာမှ ဂြိုလ်သားများ လက်ချက်လို့ တောင် အေဂျင်စီအချို့က တင်ပြခဲ့ကြပေမယ့် ပယ်ချခြင်း ခံခဲ့ရကြောင်း၊ မီဒီယာတွေ့ဆုံပွဲမှာ အမေရိကန် ထောက်လှမ်းရေးအရာရှိတစ်ဦးက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

နိုင်ငံရပ်ခြားရန်သူရဲ့လက်ချက်ဖြစ်နိုင်တယ်ဆိုတဲ့ ကောက်ချက်မှာလည်း ဖြစ်နိုင်ခြေ အလွန်နည်းပါးတယ်လို့ IC (ထောက်လှမ်းရေးအသိုက်အဝန်း) မှ အေဂျင်စီအများစုတို့က အကဲဖြတ်ခဲ့ကြကြောင်း၊ အမေရိကန်ရဲ့ ဘယ်ရန်သူ ကမျှ အဲဒီလောက် ဝေဒနာလက္ခဏာများဖြစ်ပေါ်စေနိုင်တဲ့အထိ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်နည်း အပါအဝင် “လက်နက် (သို့မဟုတ်) ထုတ်လွှတ်ကိရိယာ” ပိုင်ဆိုင်ကြောင်း ယုံကြည်ရလောက်တဲ့ သက်သေအထောက်အထား မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

ဟာဗားနားရောဂါလက္ခဏာစုလို့ ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ရောဂါတစ်မျိုးကြောင့် ထိခိုက်ခံရတဲ့ အမေရိကန် သံတမန်တွေနဲ့ ထောက်လှမ်းရေးအရာရှိ ၁,ဝဝဝ ထဲက တချို့ဟာ လျှပ်စစ်သံလိုက်လှိုင်း ခုန်နှုန်းမျိုးစုံနဲ့ တိုက်ခိုက် ခံရတာဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့နှစ် အမေရိကန်အစိုးရအဖွဲ့အတွင်းနဲ့ ပြင်ပကျွမ်းကျင်သူများ ပါဝင်တဲ့ အကြံပေး အဖွဲ့တစ်ဖွဲ့က အစီရင်ခံခဲ့ဖူးပါတယ်။

အမေရိကန်ဝန်ထမ်းတွေ တင်ပြတဲ့ ဝေဒနာလက္ခဏာတွေအပေါ် ထောက်လှမ်းရေးအေဂျင်စီများက ကိုယ်တိုင် တွေ့ဆုံ သုံးသပ်အကဲဖြတ်ရာမှာ အရင်ရှိနှင့်ပြီးသား အခြေအနေတွေ၊ သမားရိုးကျ ဖျားနာမှုတွေနဲ့ ပတ်ဝန်းကျင် ဆိုင်ရာအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ကြောင်း (မြောက်ကိုရီးယား-တရုတ်-ရုရှားတို့လို) နိုင်ငံရပ်ခြား ရန်ဘက် ပြုသူတွေရဲ့ ပယောဂ ပါဝင်ကြောင်း မတွေ့ရဘူးလို့ ကောက်ချက်မှာ နိဂုံးချုပ်ထားကြောင်း၊ ဆေးဘက်ဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာအချက်အလက်များက အဲဒီဝေဒနာလက္ခဏာအတော်များများ တို့ရဲ့အကြောင်းရင်းကို ရှင်းပြနိုင်တဲ့အတွက် ကောက်ချက်အပေါ်ယုံကြည်မှုကို ခိုင်မာအား ကောင်းစေခဲ့ကြောင်း၊ ဘယ်ဖြစ်စဉ်ကမျှ နိုင်ငံရပ်ခြားရန်သူနဲ့ပတ်သက်တယ်လို့ ဆက်စပ်နိုင်ခြင်း မရှိခဲ့ကြောင်း၊ အလားတူ လက္ခဏာများ ခံစားရကြောင်း ၂ဝ၁၆ ခုနှစ်မတိုင်မီ အစီရင်ခံစာများကိုလည်း စစ်ဆေးခဲ့ပြီး ဆက်စပ်ပတ်သက်တဲ့ အချက်အလက် မလုံလောက်ကြောင်း၊ စုံစမ်းစစ်ဆေးမှုအတွင်း အခြားတိုင်းပြည်များရဲ့ထောက်လှမ်းရေးဌာနများထံ ဆက်သွယ် မေးမြန်းခဲ့ရာ သူတို့မှာ အလားတူဖြစ်ရပ်မျိုး မရှိကြောင်း၊ ရာချီအရေအတွက်ရှိတဲ့ အမေရိကန်ထောက်လှမ်းရေး အရာရှိများ၊ အခြားအရာရှိများနဲ့ ပြင်ပကျွမ်းကျင်သူများကို တွေ့ဆုံစစ်ဆေးခဲ့ပြီး နိုင်ငံပေါင်း ၉ဝ ကျော်ကို လွှမ်းခြုံ ထားကြောင်း ထောက်လှမ်းရေးအရာရှိများက ပြောပြပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ ရုရှားပါဝင်ပတ်သက်မှုကို ဆန်းစစ်ခြင်း၊ အင်တာဗျူးများ၊ မှတ်တမ်းများကို ပြန်လည်သုံးသပ်ခြင်း၊ အထူးအာရုံခံကိရိယာများနဲ့ စမ်းသပ်ခြင်း၊ အခင်းဖြစ်ပွားရာနေရာများရဲ့ အနေအထားကို 3-D မော်ဒယ်များဖြင့် ပုံဖော်ခြင်း၊ အခင်းဖြစ်ပွားရာအနီးတစ်ဝှိုက်မှာ ရှိနေခဲ့တဲ့ လူတစ်ဦးချင်းစီနဲ့ အဆောက်အအုံများကို ဖော်ထုတ်ခြင်း၊ စိစစ်ရေးကတ်နဲ့ မော်တော်ကား လိုင်စင်နံပါတ်များကို ခြေရာခံခြင်းအထိ ပါဝင်ကြောင်း၊ လက်နက်ရောင်းဝယ်သူ တွေလို လူပုဂ္ဂိုလ်များကို သူတို့ရဲ့အီလက်ထရွန်နစ် ကိရိယာများမှတဆင့် ကမ္ဘာတစ်ဝန်းလုံးမှာ “ဘာတွေလုပ်၊ ဘယ်သူနဲ့ စကားပြောနေ” အထိ တစ်ခုချင်း ခြေရာခံခဲ့ကြောင်း၊ အဲဒါတွေချည့်သက်သက် အဖြေထုတ်ဖို့ ၉ လခန့် အချိန်ယူခဲ့ရကြောင်း ဒုတိယထောက်လှမ်းရေးအရာရှိက မှတ်ချက်ပေးပါတယ်။

ဝေဒနာခံစားရကြောင်း အစီရင်ခံချက်များမှာ ထင်မြင်ယုံကြည်မှုကလည်း အဆင့်အမျိုးမျိုး ရှိနေတယ်လို့ စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ ၇ ခုတို့က တင်ပြထားကြောင်း လျှို့ဝှက်အဆင့် အတန်း လျော့ချသတ်မှတ်လိုက်တဲ့ စာရွက်စာတမ်းများမှာ တွေ့ရှိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ပင်တာဂွန်စစ်ဋ္ဌာချုပ်ကလည်း သီးခြားသုံးသပ်မှု ဆက်လက်လုပ်ဆောင်နေပါတယ်။ အမေရိကန်ထောက်လှမ်းရေးအသိုက်အဝန်းကို ကြီးကြပ်ရတဲ့ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး ကတော့ အေဂျင်စီတွေရဲ့သုံးသပ်ချက်ကို ဆက်လက်လေ့လာပြီး ဟားဗားနားရောဂါစုကို ခံစားခဲ့ရကြောင်း သတင်းပို့သူ ပုဂ္ဂိုလ်များကို အသိပေးသွားမယ်လို့ ပြောပါတယ်။

နိုင်ငံရပ်ခြားရဲ့ပတ်သက်မှုမဖြစ်နိုင်ကြောင်း အေဂျင်စီများက ဘာ့ကြောင့် သုံးသပ်ရတယ်ဆိုတဲ့ မေးခွန်းကို ပထမ ထောက်လှမ်းရေးအရာရှိက အသေးစိတ်ပြန်လည်ရှင်းလင်းပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြား ရန်သူများ ကြားမှာလည်း ရှုပ်ထွေးမှုများ ရှိနေကြောင်း၊ ဒီကိစ္စဟာ အမေရိကန်က သက်သက်မဲ့ ကလိန်စေ့ ငြမ်းဆင် အကွက်ချ လံကြုတ်လုပ်ခြင်းသာဖြစ်တယ်လို့ သူတို့အများစုက ယုံကြည်နေကြောင်း ဖော်ပြဖို့ မဖြစ်နိုင်တဲ့ ဖရဲသီး (အတွင်း သတင်းပေးများ) မှတဆင့် သိရှိရတယ်လို့ ဖြေကြားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မော်စကိုမှာ တာ၀န်ရှိတယ်လို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေက စောင်းပါးရိပ်ခြေပြောနေတာကြာပဲ ကြာလှပါပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မာရီယာ_ဇာခါရိုဗာက ငေါ့တော့တော့ မှတ်ချက်ပေးလိုက်ပါတယ်။ "ဒါဆို၊ ကျွန်မတို့ရဲ့ မကောင်းဆိုးဝါး အင်ပါယာ ရဲ့ “လေအုတ်” တွေက မျက်စိရှေ့မှာတင် ပြိုကွဲသွားရပြန်ပြီလို့ သူ့ရဲ့အင်တာနက်စာမျက်နှာမှာ ရေးသားပါတယ်။

#ဟားဗားနားရောဂါလက္ခဏာစု #အုပ်စုလိုက်အရူးထခြင်း #ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို #FBI #မာရီယာ_ဇာခါရိုဗာ

(Reuters.,23 February 2023,” 'Havana syndrome' not caused by foreign adversary, U.S. intel finds” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်သည်။)

Zawgyi Version;
ျပင္ပကမာၻမွ ၿဂိဳလ္သားမ်ား လက္ခ်က္ ႏွင့္ အုပ္စုလိုက္ အ႐ူးထျခင္း
Htay Oung (NP News) - မတ္ ၃

အေမရိကန္သံတမန္မ်ား၊ ေအးဂ်င့္မ်ားနဲ႔ ကမာၻတစ္ဝန္းရွိ အျခားဝန္ထမ္းမ်ားကို ဒုကၡေရာက္ေစခဲ့တဲ့ "ဟာဗားနား ေရာဂါလကၡဏာစု" မွာ တိုင္းတစ္ပါးရန္သူရဲ႕လက္ခ်က္ျဖစ္ႏိုင္ေျခ အလြန္နည္းပါးတယ္လို႔ အေမရိကန္ ေထာက္လွမ္းေရးရဲ႕ ႏိုင္ငံတကာျဖန္႔က်က္ စုံစမ္းစစ္ေဆးမႈအရ ေကာက္ခ်က္ခ်ခဲ့ေၾကာင္း မတ္လ ၂ ရက္၊ ဗုဒၶဟူးေန႔ လွ်ိဳ႕ဝွက္အဆင့္အတန္း ေလ်ာ့ခ်သတ္မွတ္လိုက္တဲ့ စာ႐ြက္စာတမ္းမ်ားမွာ ေဖာ္ျပထားတယ္လို႔ Reuters က မတ္လ ၂ ရက္က ေရးသားေဖာ္ျပခဲ့ပါတယ္။

၂ဝ၁၆ ခုႏွစ္တြင္ က်ဴးဘားၿမိဳ႕ေတာ္ရွိ အေမရိကန္သံ႐ုံးမွ တာဝန္ရွိသူမ်ားက ပထမဆုံး အစီရင္ခံတင္ျပခဲ့တဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္ ေဝဒနာလကၡဏာမ်ားမွာ ေခါင္းတစ္ျခမ္းကိုက္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ မွတ္ဉာဏ္ပ်က္ယြင္းျခင္းနဲ႔ မူးေဝျခင္းတို႔ ပါဝင္ပါတယ္။ အဲဒါကို အစြဲျပဳၿပီး "ဟာဗားနား ေရာဂါလကၡဏာစု" လို႔ အမည္တြင္ ခဲ့ရပါတယ္။

ယခုႏွစ္အတြင္း ျဖစ္ရပ္အခ်ိဳ႕အပါအ၀င္ "ဟာဗားနား ေရာဂါလကၡဏာစု" ခံစားရတယ္လို႔ အေမရိကန္အစိုးရ ေအဂ်င္စီမ်ားနဲ႔ ဌာနဆိုင္ရာမ်ားက အစီရင္ခံခဲ့တဲ့ အမႈေပါင္း ၁,၅ဝဝ ခန႔္ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဖက္ဒရယ္ စုံစမ္း စစ္ေဆးေရးဗ်ဴ႐ို FBI အေနနဲ႔ ရာဇဝတ္ေၾကာင္း စုံစမ္းစစ္ေဆးမႈ ဖြင့္လွစ္ခဲ့ၿပီး ေထာက္လွမ္းေရးေအဂ်င္စီေပါင္း ၁၈ ခုအနက္ ၇ ခုတို႔ဟာ အေမရိကန္ျပည္တြင္း အပါအဝင္ ႏိုင္ငံေပါင္း ၉ဝ ေက်ာ္တို႔မွာ ႏွစ္ႏွစ္ေက်ာ္ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရွိရပါတယ္။

အေမရိကန္အစိုးရဝန္ထမ္းမ်ား ထူးဆန္းစြာ ေဝဒနာခံစားရျခင္းဟာ ျပင္ပကမာၻမွ ၿဂိဳလ္သားမ်ား လက္ခ်က္လို႔ ေတာင္ ေအဂ်င္စီအခ်ိဳ႕က တင္ျပခဲ့ၾကေပမယ့္ ပယ္ခ်ျခင္း ခံခဲ့ရေၾကာင္း၊ မီဒီယာေတြ႕ဆုံပြဲမွာ အေမရိကန္ ေထာက္လွမ္းေရးအရာရွိတစ္ဦးက သတင္းေထာက္ေတြကို ရွင္းျပခဲ့ပါတယ္။

ႏိုင္ငံရပ္ျခားရန္သူရဲ႕လက္ခ်က္ျဖစ္ႏိုင္တယ္ဆိုတဲ့ ေကာက္ခ်က္မွာလည္း ျဖစ္ႏိုင္ေျခ အလြန္နည္းပါးတယ္လို႔ IC (ေထာက္လွမ္းေရးအသိုက္အဝန္း) မွ ေအဂ်င္စီအမ်ားစုတို႔က အကဲျဖတ္ခဲ့ၾကေၾကာင္း၊ အေမရိကန္ရဲ႕ ဘယ္ရန္သူ ကမွ် အဲဒီေလာက္ ေဝဒနာလကၡဏာမ်ားျဖစ္ေပၚေစႏိုင္တဲ့အထိ လွ်ပ္စစ္သံလိုက္လႈိင္း ထုတ္လႊတ္နည္း အပါအဝင္ “လက္နက္ (သို႔မဟုတ္) ထုတ္လႊတ္ကိရိယာ” ပိုင္ဆိုင္ေၾကာင္း ယုံၾကည္ရေလာက္တဲ့ သက္ေသအေထာက္အထား မေတြ႕ရွိရဘူးလို႔ ဆိုပါတယ္။

ဟာဗားနားေရာဂါလကၡဏာစုလို႔ ေခၚတဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ေရာဂါတစ္မ်ိဳးေၾကာင့္ ထိခိုက္ခံရတဲ့ အေမရိကန္ သံတမန္ေတြနဲ႔ ေထာက္လွမ္းေရးအရာရွိ ၁,ဝဝဝ ထဲက တခ်ိဳ႕ဟာ လွ်ပ္စစ္သံလိုက္လႈိင္း ခုန္ႏႈန္းမ်ိဳးစုံနဲ႔ တိုက္ခိုက္ ခံရတာျဖစ္ႏိုင္တယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ အေမရိကန္အစိုးရအဖြဲ႕အတြင္းနဲ႔ ျပင္ပကြၽမ္းက်င္သူမ်ား ပါဝင္တဲ့ အႀကံေပး အဖြဲ႕တစ္ဖြဲ႕က အစီရင္ခံခဲ့ဖူးပါတယ္။

အေမရိကန္ဝန္ထမ္းေတြ တင္ျပတဲ့ ေဝဒနာလကၡဏာေတြအေပၚ ေထာက္လွမ္းေရးေအဂ်င္စီမ်ားက ကိုယ္တိုင္ ေတြ႕ဆုံ သုံးသပ္အကဲျဖတ္ရာမွာ အရင္ရွိႏွင့္ၿပီးသား အေျခအေနေတြ၊ သမား႐ိုးက် ဖ်ားနာမႈေတြနဲ႔ ပတ္ဝန္းက်င္ ဆိုင္ရာအေၾကာင္းရင္းေတြေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း (ေျမာက္ကိုရီးယား-တ႐ုတ္-႐ုရွားတို႔လို) ႏိုင္ငံရပ္ျခား ရန္ဘက္ ျပဳသူေတြရဲ႕ ပေယာဂ ပါဝင္ေၾကာင္း မေတြ႕ရဘူးလို႔ ေကာက္ခ်က္မွာ နိဂုံးခ်ဳပ္ထားေၾကာင္း၊ ေဆးဘက္ဆိုင္ရာ စစ္ေဆးေတြ႕ရွိခ်က္၊ ပတ္ဝန္းက်င္နဲ႔ လူမႈေရးဆိုင္ရာအခ်က္အလက္မ်ားက အဲဒီေဝဒနာလကၡဏာအေတာ္မ်ားမ်ား တို႔ရဲ႕အေၾကာင္းရင္းကို ရွင္းျပႏိုင္တဲ့အတြက္ ေကာက္ခ်က္အေပၚယုံၾကည္မႈကို ခိုင္မာအား ေကာင္းေစခဲ့ေၾကာင္း၊ ဘယ္ျဖစ္စဥ္ကမွ် ႏိုင္ငံရပ္ျခားရန္သူနဲ႔ပတ္သက္တယ္လို႔ ဆက္စပ္ႏိုင္ျခင္း မရွိခဲ့ေၾကာင္း၊ အလားတူ လကၡဏာမ်ား ခံစားရေၾကာင္း ၂ဝ၁၆ ခုႏွစ္မတိုင္မီ အစီရင္ခံစာမ်ားကိုလည္း စစ္ေဆးခဲ့ၿပီး ဆက္စပ္ပတ္သက္တဲ့ အခ်က္အလက္ မလုံေလာက္ေၾကာင္း၊ စုံစမ္းစစ္ေဆးမႈအတြင္း အျခားတိုင္းျပည္မ်ားရဲ႕ေထာက္လွမ္းေရးဌာနမ်ားထံ ဆက္သြယ္ ေမးျမန္းခဲ့ရာ သူတို႔မွာ အလားတူျဖစ္ရပ္မ်ိဳး မရွိေၾကာင္း၊ ရာခ်ီအေရအတြက္ရွိတဲ့ အေမရိကန္ေထာက္လွမ္းေရး အရာရွိမ်ား၊ အျခားအရာရွိမ်ားနဲ႔ ျပင္ပကြၽမ္းက်င္သူမ်ားကို ေတြ႕ဆုံစစ္ေဆးခဲ့ၿပီး ႏိုင္ငံေပါင္း ၉ဝ ေက်ာ္ကို လႊမ္းၿခဳံ ထားေၾကာင္း ေထာက္လွမ္းေရးအရာရွိမ်ားက ေျပာျပပါတယ္။

ျဖစ္ႏိုင္ေခ်ရွိတဲ့ ႐ုရွားပါဝင္ပတ္သက္မႈကို ဆန္းစစ္ျခင္း၊ အင္တာဗ်ဴးမ်ား၊ မွတ္တမ္းမ်ားကို ျပန္လည္သုံးသပ္ျခင္း၊ အထူးအာ႐ုံခံကိရိယာမ်ားနဲ႔ စမ္းသပ္ျခင္း၊ အခင္းျဖစ္ပြားရာေနရာမ်ားရဲ႕ အေနအထားကို 3-D ေမာ္ဒယ္မ်ားျဖင့္ ပုံေဖာ္ျခင္း၊ အခင္းျဖစ္ပြားရာအနီးတစ္ဝႈိက္မွာ ရွိေနခဲ့တဲ့ လူတစ္ဦးခ်င္းစီနဲ႔ အေဆာက္အအုံမ်ားကို ေဖာ္ထုတ္ျခင္း၊ စိစစ္ေရးကတ္နဲ႔ ေမာ္ေတာ္ကား လိုင္စင္နံပါတ္မ်ားကို ေျခရာခံျခင္းအထိ ပါဝင္ေၾကာင္း၊ လက္နက္ေရာင္းဝယ္သူ ေတြလို လူပုဂၢိဳလ္မ်ားကို သူတို႔ရဲ႕အီလက္ထ႐ြန္နစ္ ကိရိယာမ်ားမွတဆင့္ ကမာၻတစ္ဝန္းလုံးမွာ “ဘာေတြလုပ္၊ ဘယ္သူနဲ႔ စကားေျပာေန” အထိ တစ္ခုခ်င္း ေျခရာခံခဲ့ေၾကာင္း၊ အဲဒါေတြခ်ည့္သက္သက္ အေျဖထုတ္ဖို႔ ၉ လခန္႔ အခ်ိန္ယူခဲ့ရေၾကာင္း ဒုတိယေထာက္လွမ္းေရးအရာရွိက မွတ္ခ်က္ေပးပါတယ္။

ေဝဒနာခံစားရေၾကာင္း အစီရင္ခံခ်က္မ်ားမွာ ထင္ျမင္ယုံၾကည္မႈကလည္း အဆင့္အမ်ိဳးမ်ိဳး ရွိေနတယ္လို႔ စုံစမ္း စစ္ေဆးမႈျပဳလုပ္ခဲ့တဲ့ အေမရိကန္ေထာက္လွမ္းေရးေအဂ်င္စီ ၇ ခုတို႔က တင္ျပထားေၾကာင္း လွ်ိဳ႕ဝွက္အဆင့္ အတန္း ေလ်ာ့ခ်သတ္မွတ္လိုက္တဲ့ စာ႐ြက္စာတမ္းမ်ားမွာ ေတြ႕ရွိရပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ပင္တာဂြန္စစ္႒ာခ်ဳပ္ကလည္း သီးျခားသုံးသပ္မႈ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ အေမရိကန္ေထာက္လွမ္းေရးအသိုက္အဝန္းကို ႀကီးၾကပ္ရတဲ့ အမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉး႐ုံး ကေတာ့ ေအဂ်င္စီေတြရဲ႕သုံးသပ္ခ်က္ကို ဆက္လက္ေလ့လာၿပီး ဟားဗားနားေရာဂါစုကို ခံစားခဲ့ရေၾကာင္း သတင္းပို႔သူ ပုဂၢိဳလ္မ်ားကို အသိေပးသြားမယ္လို႔ ေျပာပါတယ္။

ႏိုင္ငံရပ္ျခားရဲ႕ပတ္သက္မႈမျဖစ္ႏိုင္ေၾကာင္း ေအဂ်င္စီမ်ားက ဘာ့ေၾကာင့္ သုံးသပ္ရတယ္ဆိုတဲ့ ေမးခြန္းကို ပထမ ေထာက္လွမ္းေရးအရာရွိက အေသးစိတ္ျပန္လည္ရွင္းလင္းပါတယ္။ ယခုကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံျခား ရန္သူမ်ား ၾကားမွာလည္း ရႈပ္ေထြးမႈမ်ား ရွိေနေၾကာင္း၊ ဒီကိစၥဟာ အေမရိကန္က သက္သက္မဲ့ ကလိန္ေစ့ ျငမ္းဆင္ အကြက္ခ် လံၾကဳတ္လုပ္ျခင္းသာျဖစ္တယ္လို႔ သူတို႔အမ်ားစုက ယုံၾကည္ေနေၾကာင္း ေဖာ္ျပဖို႔ မျဖစ္ႏိုင္တဲ့ ဖရဲသီး (အတြင္း သတင္းေပးမ်ား) မွတဆင့္ သိရွိရတယ္လို႔ ေျဖၾကားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေမာ္စကိုမွာ တာ၀န္ရွိတယ္လို႔ အေမရိကန္ေထာက္လွမ္းေရးအသိုင္းအဝိုင္းနဲ႔ မီဒီယာေတြက ေစာင္းပါးရိပ္ေျခေျပာေနတာၾကာပဲ ၾကာလွပါၿပီလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ အမ်ိဳးသမီး မာရီယာ_ဇာခါ႐ိုဗာက ေငါ့ေတာ့ေတာ့ မွတ္ခ်က္ေပးလိုက္ပါတယ္။ "ဒါဆို၊ ကြၽန္မတို႔ရဲ႕ မေကာင္းဆိုးဝါး အင္ပါယာ ရဲ႕ “ေလအုတ္” ေတြက မ်က္စိေရွ႕မွာတင္ ၿပိဳကြဲသြားရျပန္ၿပီလို႔ သူ႔ရဲ႕အင္တာနက္စာမ်က္ႏွာမွာ ေရးသားပါတယ္။

#ဟားဗားနားေရာဂါလကၡဏာစု #အုပ္စုလိုက္အ႐ူးထျခင္း #ဖက္ဒရယ္စုံစမ္းစစ္ေဆးေရးဗ်ဴ႐ို #FBI #မာရီယာ_ဇာခါ႐ိုဗာ

(Reuters.,23 February 2023,” 'Havana syndrome' not caused by foreign adversary, U.S. intel finds” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္သည္။)

Related news

© 2021. All rights reserved.