သမီးရည်းစားစုံတွဲထံမှ ဖုန်းလုယက်ပြီး အမျိုးသမီးအား ဓားဖြင့်ခုတ်မှု လှိုင်သာယာတွင်ဖြစ်ပွား
                        
                            
                             
 2039
 
                             
                            
                            
                         
                        
Pearl (NP News) - မတ် ၆
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် သမီးရည်းစားစုံတွဲထံမှ ဖုန်းလုယက်ပြီး အမျိုး သမီးဖြစ်သူအား ဓားဖြင့် ခုတ်မှုဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၅ ရက်)၊ နေ့လည် (၁၂)နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရိုးလေး အနီးရှိ ကမ္ဘာသစ်ဆီဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ကမ္ဘာသစ်ဆီဆိုင်ရှေ့တွင် အမျိုးသား(၂)ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ သမီးရည်းစားစုံတွဲထံမှ ဖုန်းလုယက်ခဲ့ကြောင်းသိရသည်။
"ရိုးလေး နဲ့  ၂၂ ကြားပေါ့ ကမ္ဘာသစ်ဆီဆိုင်ရှေ့မှာ ဖြစ်သွားတာ။ လုခံရတာက သမီး ရည်းစားစုံတွဲပါ။ ကောင်လေးက အသာတကြည်ပေးလိုက်တယ်။ ကောင်မလေးက မပေးပဲ ပြန်ဆွဲယူတော့ ဓားနဲ့ခုတ်သွားတာ။ ခေါင်းကို ဓားထိပ်နဲ့ဆွဲခြစ်ခဲ့သလိုမျိုးဖြစ်သွားတာ။ နောက်ကနေ နားရွက်နားထိ ထိသွားတယ်။ ဒဏ်ရာက တော်တော်နက်တယ်။ လက်တစ်ဆစ်လောက်ထိ နက်တယ်။ ကောင်လေးကိုတော့ ဘာမှမလုပ်သွားဘူး။ ဖုန်းတွေကတော့ ပါသွားတယ်" ဟု သွေးဒါနမျိုးဆက်လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
ထိုသို့ဖြစ်ပွားမှုကြောင့် သွေးထွက်လွန်နေခဲ့ပြီး လူမှုကူညီရေးအသင်းမှ လိုအပ်သော ဆေးကုသမှုများပြုလုပ်၍ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 
အဆိုပါ သမီးရည်းစားအတွဲသည် လှိုင်သာယာမြို့နယ်၊ ၂၂ရပ်ကွက်၊ အုန်းတော (ခေါ်) ကြက်ခြံ၌ နေထိုင်သူများဖြစ်ကြပြီး အသက် (၂၅)နှစ်ဝန်းကျင်ခန့်ရှိကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
                     
                        
                                                                    
zawgyi version
သမီးရည္းစားစုံတြဲထံမွ ဖုန္းလုယက္ၿပီး အမ်ိဳးသမီးအား ဓားျဖင့္ခုတ္မႈ လႈိင္သာယာတြင္ျဖစ္ပြား
Pearl (NP News) - မတ္ ၆
ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္တြင္ သမီးရည္းစားစုံတြဲထံမွ ဖုန္းလုယက္ၿပီး အမ်ိဳးသမီးျဖစ္သူအား ဓားျဖင့္ ခုတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေသြးဒါနမ်ိဳးဆက္ လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၅ ရက္)၊ ေန႔လည္ (၁၂)နာရီခြဲအခ်ိန္ခန႔္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ ႐ိုးေလး အနီးရွိ ကမာၻသစ္ဆီဆိုင္ေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ကမာၻသစ္ဆီဆိုင္ေရွ႕တြင္ အမ်ိဳးသား(၂)ဦးမွ ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာကာ သမီးရည္းစားစုံတြဲထံမွ ဖုန္းလုယက္ခဲ့ေၾကာင္းသိရသည္။
"႐ိုးေလး နဲ႔  ၂၂ ၾကားေပါ့ ကမာၻသစ္ဆီဆိုင္ေရွ႕မွာ ျဖစ္သြားတာ။ လုခံရတာက သမီးရည္းစားစုံတြဲပါ။ ေကာင္ေလးက အသာတၾကည္ေပးလိုက္တယ္။ ေကာင္မေလးက မေပးပဲ ျပန္ဆြဲယူေတာ့ ဓားနဲ႔ခုတ္သြားတာ။  ေခါင္းကို ဓားထိပ္နဲ႔ဆြဲျခစ္ခဲ့သလိုမ်ိဳးျဖစ္သြားတာ။ ေနာက္ကေန နား႐ြက္နားထိ ထိသြားတယ္။ ဒဏ္ရာက ေတာ္ေတာ္နက္တယ္။ လက္တစ္ဆစ္ေလာက္ထိ နက္တယ္။ ေကာင္ေလးကိုေတာ့ ဘာမွမလုပ္သြားဘူး။ ဖုန္းေတြကေတာ့ ပါသြားတယ္" ဟု ေသြးဒါနမ်ိဳးဆက္လူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
ထိုသို႔ျဖစ္ပြားမႈေၾကာင့္ ေသြးထြက္လြန္ေနခဲ့ၿပီး လူမႈကူညီေရးအသင္းမွ လိုအပ္ေသာ ေဆးကုသမႈမ်ားျပဳလုပ္၍ လႈိင္သာယာ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ 
အဆိုပါ သမီးရည္းစားအတြဲသည္ လႈိင္သာယာၿမိဳ႕နယ္၊ ၂၂ရပ္ကြက္၊ အုန္းေတာ (ေခၚ) ၾကက္ၿခံ၌ ေနထိုင္သူမ်ားျဖစ္ၾကၿပီး အသက္ (၂၅)ႏွစ္ဝန္းက်င္ခန႔္ရွိေၾကာင္း လူမႈကူညီေရးအသင္းထံမွ သိရသည္။