စစ်တွေကမ်းခြေ၌ ရခိုင်ရိုးရာ ရှစ်သျှောင်းမြှောက်ပွဲခေါ် သဲပုံစေတီတည်ပွဲကျင်းပခဲ့ပြီး လူအများအပြား လာရောက်

 775

မျိုးကြီး (NP News) - မတ် ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေကမ်းခြေ၌ ရခိုင်ရိုးရာ ရှစ်သျှောင်းမြှောက်ပွဲ ခေါ် သဲပုံစေတီတည်ပွဲ ကျင်းပခဲ့ပြီး လူအများအပြား လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ရိုးရာ ရှစ်သျှောင်းမြှောက်ပွဲကို မတ်လ ၅ ရက်တွင် စစ်တွေကမ်းခြေ၌ သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့အနေဖြင့် ရှစ်သျှောင်းမြှောက်ပွဲခေါ် သဲပုံစေတီတည်ပွဲအား ဦးဆောင်ကျင်းပလာခဲ့သည်မှာ (၁၅)နှစ်ခန့်ပင်ရှိပြီဖြစ်ကြောင်း ဥက္ကဋ္ဌဦးကျော်ဇင်မောင်က NP News ကို ပြော သည်။

“ရှစ်သျှောင်းမြှောက်ပွဲဖြစ်ပေါ်လာတာက ဘုရားရှင်ရဲ့ ရှစ်သောင်းလေးထောင်သော ရုပ်ကြွင်းကို အ ကြောင်းပြုပြီးတော့ ပြောလို့ရသလို ရခိုင်မှာ ရှစ်သျှောင်းဘုရာပွဲ မြောက်ဦးခေတ်မှာရှိတဲ့ ရှစ်သျှောင်း၊ ကိုးသျှောင်းအပါအဝင် အဲဒီဘုရားပုထိုးတွေကို အကြောင်းပြုပြီးတော့ ရှေးဘုရင်မင်းဆက်မှာ ရှစ်သျှောင်းမြှောက်ပွဲလို့ခေါ်တဲ့ သဲပုံစေတီတည်ပွဲကို သဲသောင်ပြင်နဲ့ ရေပတ်လည်ဝိုင်းနေတဲ့ ရခိုင်ပြည်နယ် ကမ်းစပ်တွေမှာ ပြုလုပ်ခဲ့တယ်လို့ သမိုင်းအစဉ်အလာ ရှိကြပါတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ ဆရာတို့ သာဏီမဏ္ဍိုင်က ရှစ်သျှောင်းမြှောက်ပွဲလို့ခေါ်တဲ့ သဲပုံစေတီတည်ပွဲကို အခုလို အစဉ်အလာမပြတ် ကျင်းပနေကြပါတယ်” ဟု သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်မောင်က ပြောသည်။

ယမန်နေ့တွင် စစ်တွေကမ်းခြေ၌ ကျင်းပခဲ့သော ရှစ်သျှောင်းမြှောက်ပွဲခေါ် သဲပုံစေတီတည်ပွဲကို လူပေါင်းတစ်သောင်းကျော် ခန့်လာရောက်ခဲ့ပြီး ရှစ်သျှောင်းပုထိုး၊ သာမန်စေတီ၊ ထိုင်တော်မူဘုရားများစွာကိုလည်း တည်ဆောက် ပူဇော်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ရှစ်သျှောင်းမြှောက်ပွဲ၌ ရခိုင်မင်္ဂာစည်တော်၊ ရခိုင်ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ စီတန်းလှည့်လည်ပြီး စေတီတစ်ဆူ ချင်းစီအား ရခိုင်မင်္ဂလာစည်တော် တီးကာ ပူဇော်ခဲ့ကြကြောင်း သိရသည်။

“ဒီလို ရှစ်သျှောင်းမြောက်ပွဲခေါ်တဲ့ သဲပုံစေတီတည်ခြင်းအားဖြင့် စေတီတည်ပြီးတော့ အိမ်ကို ပြန်လာလို့ မရပါဘူး။ ဒီရေ တက်လာတဲ့အချိန်အခါမျိုးမှာ ဒီရေတိုက်စားလို့ အဲဒီစေတီပုထိုးတွေ ပြိုပျက်သွားပြီးမှသာလျှင် သဲပုံစေတီရဲ အောင်ပွဲဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင်ရဲ ဟောကြားချက်အရ အနိစ္စ၊ ခန္ဓာမမြဲတဲ့ ဖြစ်ပျက်သဘောမျိုးပေါ့လေ။ စေတီတစ် ဆူဖြစ်လာတယ်။ အဲဒါက ပျက်စီးသွားတယ်။ ငါတို့လည်း တစ်နေ့တော့ ဘယ်လိုပဲ လူသားဖြစ်နေပါစေ တစ်နေ့တော့ ပျက် စီးရမှာပဲ ဆိုတဲ့ အနိစ္စခန္ဓာသဘောတရားကို ရှေးရှု့ပြီးတော့ အဲဒီစေတီကို ဒီရေတက်လာပြီးတော့ ပြိုပျက်သွားအောင်စောင့် ရပါတယ်။ ဒီရေတက်လာလို့ စေတီတွေ ပြိုပျက်သွားပြီ နဂိုအတိုင်း သဲသောင်ပြင်ဖြစ်သွားဆိုမှ ရှစ်သျှောင်းမြောက်ပွဲ အောင်မြင်တယ်လို့ ယူဆကြပါတယ်” ဟု ဥက္ကဋ္ဌဦးကျော်ဇင်မောင်က ဆက်လက်ရှင်းပြသည်။

ယမန်နေ့ ည(၇)နာရီကျော်အချိန်ခန့်တွင် စစ်တွေကမ်းခြေ၌ ဒီရေများတက်လာခဲ့ပြီး တည်ထားသည့် စေ တီများပြိုကျပျက်စီးခဲ့ပြီးနောက် ရခိုင်ရိုးရာ ရှစ်သျှောင်းမြှောက်ပွဲ ခေါ် သဲပုံစေတီတည်ပွဲမှာ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ကြောင်း သိရသည်။

zawgyi version
စစ္ေတြကမ္းေျခ၌ ရခိုင္႐ိုးရာ ရွစ္ေသွ်ာင္းေျမႇာက္ပြဲေခၚ သဲပုံေစတီတည္ပြဲက်င္းပခဲ့ၿပီး လူအမ်ားအျပား လာေရာက္

မ်ိဳးႀကီး (NP News) - မတ္ ၆

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ စစ္ေတြကမ္းေျခ၌ ရခိုင္႐ိုးရာ ရွစ္ေသွ်ာင္းေျမႇာက္ပြဲ ေခၚ သဲပုံေစတီတည္ပြဲ က်င္းပခဲ့ၿပီး လူအမ်ားအျပား လာေရာက္ခဲ့ေၾကာင္း သတင္းရရွိသည္။

ရခိုင္႐ိုးရာ ရွစ္ေသွ်ာင္းေျမႇာက္ပြဲကို မတ္လ ၅ ရက္တြင္ စစ္ေတြကမ္းေျခ၌ သာကီမ႑ိဳင္ရခိုင္ယဥ္ေက်းမႈအဖြဲ႕က ဦးေဆာင္က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သာကီမ႑ိဳင္ရခိုင္ယဥ္ေက်းမႈအဖြဲ႕အေနျဖင့္ ရွစ္ေသွ်ာင္းေျမႇာက္ပြဲေခၚ သဲပုံေစတီတည္ပြဲအား ဦးေဆာင္က်င္းပလာခဲ့သည္မွာ (၁၅)ႏွစ္ခန႔္ပင္ရွိၿပီျဖစ္ေၾကာင္း ဥကၠ႒ဦးေက်ာ္ဇင္ေမာင္က NP News ကို ေျပာ သည္။

“ရွစ္ေသွ်ာင္းေျမႇာက္ပြဲျဖစ္ေပၚလာတာက ဘုရားရွင္ရဲ႕ ရွစ္ေသာင္းေလးေထာင္ေသာ ႐ုပ္ႂကြင္းကို အ ေၾကာင္းျပဳၿပီးေတာ့ ေျပာလို႔ရသလို ရခိုင္မွာ ရွစ္ေသွ်ာင္းဘုရာပြဲ ေျမာက္ဦးေခတ္မွာရွိတဲ့ ရွစ္ေသွ်ာင္း၊ ကိုးေသွ်ာင္းအပါအဝင္ အဲဒီဘုရားပုထိုးေတြကို အေၾကာင္းျပဳၿပီးေတာ့ ေရွးဘုရင္မင္းဆက္မွာ ရွစ္ေသွ်ာင္းေျမႇာက္ပြဲလို႔ေခၚတဲ့ သဲပုံေစတီတည္ပြဲကို သဲေသာင္ျပင္နဲ႔ ေရပတ္လည္ဝိုင္းေနတဲ့ ရခိုင္ျပည္နယ္ ကမ္းစပ္ေတြမွာ ျပဳလုပ္ခဲ့တယ္လို႔ သမိုင္းအစဥ္အလာ ရွိၾကပါတယ္။ အဲဒါကို အေၾကာင္းျပဳၿပီးေတာ့ ဆရာတို႔ သာဏီမ႑ိဳင္က ရွစ္ေသွ်ာင္းေျမႇာက္ပြဲလို႔ေခၚတဲ့ သဲပုံေစတီတည္ပြဲကို အခုလို အစဥ္အလာမျပတ္ က်င္းပေနၾကပါတယ္” ဟု သာကီမ႑ိဳင္ရခိုင္ယဥ္ေက်းမႈအဖြဲ႕ဥကၠ႒ ဦးေက်ာ္ဇင္ေမာင္က ေျပာသည္။

ယမန္ေန႔တြင္ စစ္ေတြကမ္းေျခ၌ က်င္းပခဲ့ေသာ ရွစ္ေသွ်ာင္းေျမႇာက္ပြဲေခၚ သဲပုံေစတီတည္ပြဲကို လူေပါင္းတစ္ေသာင္းေက်ာ္ ခန႔္လာေရာက္ခဲ့ၿပီး ရွစ္ေသွ်ာင္းပုထိုး၊ သာမန္ေစတီ၊ ထိုင္ေတာ္မူဘုရားမ်ားစြာကိုလည္း တည္ေဆာက္ ပူေဇာ္ခဲ့ၾကေၾကာင္း ၎က ဆိုသည္။

ထို႔ျပင္ ရွစ္ေသွ်ာင္းေျမႇာက္ပြဲ၌ ရခိုင္မဂၤာစည္ေတာ္၊ ရခိုင္႐ိုးရာဝတ္စုံမ်ား ဝတ္ဆင္ကာ စီတန္းလွည့္လည္ၿပီး ေစတီတစ္ဆူ ခ်င္းစီအား ရခိုင္မဂၤလာစည္ေတာ္ တီးကာ ပူေဇာ္ခဲ့ၾကေၾကာင္း သိရသည္။

“ဒီလို ရွစ္ေသွ်ာင္းေျမာက္ပြဲေခၚတဲ့ သဲပုံေစတီတည္ျခင္းအားျဖင့္ ေစတီတည္ၿပီးေတာ့ အိမ္ကို ျပန္လာလို႔ မရပါဘူး။ ဒီေရ တက္လာတဲ့အခ်ိန္အခါမ်ိဳးမွာ ဒီေရတိုက္စားလို႔ အဲဒီေစတီပုထိုးေတြ ၿပိဳပ်က္သြားၿပီးမွသာလွ်င္ သဲပုံေစတီရဲ ေအာင္ပြဲျဖစ္ပါ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဘုရားရွင္ရဲ ေဟာၾကားခ်က္အရ အနိစၥ၊ ခႏၶာမၿမဲတဲ့ ျဖစ္ပ်က္သေဘာမ်ိဳးေပါ့ေလ။ ေစတီတစ္ ဆူျဖစ္လာတယ္။ အဲဒါက ပ်က္စီးသြားတယ္။ ငါတို႔လည္း တစ္ေန႔ေတာ့ ဘယ္လိုပဲ လူသားျဖစ္ေနပါေစ တစ္ေန႔ေတာ့ ပ်က္ စီးရမွာပဲ ဆိုတဲ့ အနိစၥခႏၶာသေဘာတရားကို ေရွးရႈ႕ၿပီးေတာ့ အဲဒီေစတီကို ဒီေရတက္လာၿပီးေတာ့ ၿပိဳပ်က္သြားေအာင္ေစာင့္ ရပါတယ္။ ဒီေရတက္လာလို႔ ေစတီေတြ ၿပိဳပ်က္သြားၿပီ နဂိုအတိုင္း သဲေသာင္ျပင္ျဖစ္သြားဆိုမွ ရွစ္ေသွ်ာင္းေျမာက္ပြဲ ေအာင္ျမင္တယ္လို႔ ယူဆၾကပါတယ္” ဟု ဥကၠ႒ဦးေက်ာ္ဇင္ေမာင္က ဆက္လက္ရွင္းျပသည္။

ယမန္ေန႔ ည(၇)နာရီေက်ာ္အခ်ိန္ခန႔္တြင္ စစ္ေတြကမ္းေျခ၌ ဒီေရမ်ားတက္လာခဲ့ၿပီး တည္ထားသည့္ ေစ တီမ်ားၿပိဳက်ပ်က္စီးခဲ့ၿပီးေနာက္ ရခိုင္႐ိုးရာ ရွစ္ေသွ်ာင္းေျမႇာက္ပြဲ ေခၚ သဲပုံေစတီတည္ပြဲမွာ ေအာင္ျမင္စြာ ၿပီးေျမာက္သြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.