အင်ဒိုနီးရှားနိုင်ငံမှာ မြေပြိုမှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး၊ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

464

ရောင်နီ (NP News) - မတ် ၇
တောင်တရုတ်ပင်လယ်အစွန်းက အင်ဒိုနီးရှားနိုင်ငံ နာတူနာဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေ ကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
အမျိုးသားသဘာဝဘေးလျော့ပါးရေးအေဂျင်စီ (BNPB) မှ ဖော်ပြထားတဲ့ ရုပ်ပုံနဲ့ ဗီဒီယိုများမှာ ဝေးလံသော စီရာစမ်ကျွန်းရှိ အိမ်များနဲ့ သစ်တောဧရိယာများအတွင်း မြေပြိုမှုများ ဖြစ်ပွားနေတာကို မြင်တွေ့ရပါတယ်။ မတ်လ ၆ ရက်၊ တနင်္လာနေ့က ပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပြီး မိုးဆက်လက်ရွာသွန်းနေတာကြောင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများကို ရှုပ်ထွေးစေခဲ့ကြောင်း BNPB က ပြောကြားခဲ့ပါတယ်။
ဆက်သွယ်ရေးတွေလည်း ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။ မြေပြိုမှုကြောင့် လူ ၁၅ ဦး သေဆုံးပြီး အယောက် ၅ဝ ပျောက်ဆုံးနေတယ်လို့ Natuna Search and Rescue Agency ရဲ့အကြီးအကဲ အလ်ဒူရာမန် က ပြောကြားခဲ့ပါတယ်။
“ရာသီဥတုက ပြောင်းလဲနေတယ်၊ လေက ပြင်းပြင်းထန်ထန်တိုက်နေဆဲပဲ၊ ဒီလှိုင်းတွေကလည်း မြင့်တက်နေတုန်း ပဲ ဖြစ်တယ်” လို့ Riau Islands Disaster Mitigation Agency မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။ လူ ၆ဝ ပါ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့ဟာ မတ်လ ၆ ရက်၊ တနင်္လာနေ့မွန်းလွဲပိုင်းမှာ ကျွန်းသို့ ထွက်ခွာခဲ့ပြီး ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်အတွက် ရဟတ်ယာဉ်တစ်စင်းကိုလည်း ဖြန့်ကျက်ချထားမယ်လို့ သိရပါ တယ်။ မြေပြိုမှုကြောင့် ဧရိယာအတွင်း တစ်ခုတည်းသောလမ်းမကြီး ပြတ်တောက်ခဲ့ရပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်ကို ပိုမိုအနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
သစ်တောပြုန်းတီးမှု၊ ကာလကြာမြင့်စွာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျွန်းစုနိုင်ငံအသီးသီးမှာ ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်နေလျက် ရှိပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရာသီဥတုနဲ့ ဆက်နွယ်တဲ့ ဘေးအန္တရာယ်များ ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံမွာ ေျမၿပိဳမႈေၾကာင့္ လူ ၁၅ ဦးထက္မနည္း ေသဆုံး၊ ဒါဇင္နဲ႔ခ်ီ ေပ်ာက္ဆုံးေန
ေရာင္နီ (NP News) - မတ္ ၇
ေတာင္တ႐ုတ္ပင္လယ္အစြန္းက အင္ဒိုနီးရွားႏိုင္ငံ နာတူနာေဒသမွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေျမၿပိဳမႈေတြ ေၾကာင့္ အနည္းဆုံး လူ ၁၅ ဦး ေသဆုံးၿပီး ဒါဇင္နဲ႔ခ်ီ ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။
အမ်ိဳးသားသဘာဝေဘးေလ်ာ့ပါးေရးေအဂ်င္စီ (BNPB) မွ ေဖာ္ျပထားတဲ့ ႐ုပ္ပုံနဲ႔ ဗီဒီယိုမ်ားမွာ ေဝးလံေသာ စီရာစမ္ကြၽန္းရွိ အိမ္မ်ားနဲ႔ သစ္ေတာဧရိယာမ်ားအတြင္း ေျမၿပိဳမႈမ်ား ျဖစ္ပြားေနတာကို ျမင္ေတြ႕ရပါတယ္။ မတ္လ ၆ ရက္၊ တနလၤာေန႔က ၿပိဳက်မႈျဖစ္ပြားခဲ့တာျဖစ္ၿပီး မိုးဆက္လက္႐ြာသြန္းေနတာေၾကာင့္ ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ရႈပ္ေထြးေစခဲ့ေၾကာင္း BNPB က ေျပာၾကားခဲ့ပါတယ္။
ဆက္သြယ္ေရးေတြလည္း ျပတ္ေတာက္သြားတယ္လို႔ ဆိုပါတယ္။ ေျမၿပိဳမႈေၾကာင့္ လူ ၁၅ ဦး ေသဆုံးၿပီး အေယာက္ ၅ဝ ေပ်ာက္ဆုံးေနတယ္လို႔ Natuna Search and Rescue Agency ရဲ႕အႀကီးအကဲ အလ္ဒူရာမန္ က ေျပာၾကားခဲ့ပါတယ္။
“ရာသီဥတုက ေျပာင္းလဲေနတယ္၊ ေလက ျပင္းျပင္းထန္ထန္တိုက္ေနဆဲပဲ၊ ဒီလႈိင္းေတြကလည္း ျမင့္တက္ေနတုန္း ပဲ ျဖစ္တယ္” လို႔ Riau Islands Disaster Mitigation Agency မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဆိုပါတယ္။ လူ ၆ဝ ပါ ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးအဖြဲ႕ဟာ မတ္လ ၆ ရက္၊ တနလၤာေန႔မြန္းလြဲပိုင္းမွာ ကြၽန္းသို႔ ထြက္ခြာခဲ့ၿပီး ေထာက္ပံ့ ပို႔ေဆာင္ေရးလုပ္ငန္းစဥ္ကို အရွိန္ျမႇင့္ရန္အတြက္ ရဟတ္ယာဥ္တစ္စင္းကိုလည္း ျဖန႔္က်က္ခ်ထားမယ္လို႔ သိရပါ တယ္။ ေျမၿပိဳမႈေၾကာင့္ ဧရိယာအတြင္း တစ္ခုတည္းေသာလမ္းမႀကီး ျပတ္ေတာက္ခဲ့ရၿပီး ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေရးလုပ္ငန္းစဥ္ကို ပိုမိုအေႏွာင့္အယွက္ျဖစ္ေစခဲ့ပါတယ္။
သစ္ေတာျပဳန္းတီးမႈ၊ ကာလၾကာျမင့္စြာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ကြၽန္းစုႏိုင္ငံအသီးသီးမွာ ေရႀကီးေရလွ်ံ မႈမ်ား ျဖစ္ေပၚေနလ်က္ ရွိပါတယ္။ ရာသီဥတု ေဖာက္ျပန္မႈေၾကာင့္ ရာသီဥတုနဲ႔ ဆက္ႏြယ္တဲ့ ေဘးအႏၲရာယ္မ်ား ပိုမိုဆိုး႐ြားလာဖြယ္ရွိတယ္လို႔ ကြၽမ္းက်င္သူမ်ားက ခန္႔မွန္းထားပါတယ္။