လက်ဖက်ခြောက်အိတ်များဖြင့် ထုတ်ပိုးကာ ပြည်ပသို့သိုဝှက်သယ်ဆောင်သွားမည့် ငွေကျပ်(၃၀)ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

995

NP News - မတ် ၁၁
ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့သယ်ဆောင်သွားမည့် ငွေကျပ်ဘီလျံ(၃၀)တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မတ်လ(၁၀)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မတ်လ(၄)ရက်၊ နေ့လည်(၁၂)နာရီအချိန်တွင် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် ကလောမြို့ဘက်မှ သာစည်မြို့ဘက်သို့ မောင်းလာသည့် ဆီဘောက်ဆာ(၈)ဘီးယာဥ်ကို ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ ကိုသိန်းဝင်းဆွေ မောင်းနှင်ပြီး ကိုကျော်ခိုင်ထွေး လိုက်ပါလာသည့် အဆိုပါ(၈)ဘီး မော်တော်ယာဥ်၏ ကိုယ်ထည်အတွင်း လက်ဖက်ခြောက်အိတ်များဖြင့် ထုတ်ပိုးပြီး သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် (၃၀)ဘီလျံ တန်ဖိုးရှိသော အိုက်စ်(မက်သ်အဖက်တမင်း) (၁ ဒသမ ၅)တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် ကိုဘုန်းနိုင်ဝင်းအား မတ်လ(၅)ရက်၊ နေ့လည်(၁၂)နာရီအချိန်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၂)ရှိ နေအိမ်တွင် FORD ယာဥ် (၁)စီးနှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။
ယခင်က ဖမ်းဆီးရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း)များသည် လက်ဖက်ခြောက်အိတ်ခွံအမျိုးမျိုးဖြင့် ထုတ်ပိုးခြင်းဖြစ်ပြီး ယခုထပ်မံဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးများသည် လက်ဖက်ခြောက်အိတ်ထုတ်ပိုးခွံ အမှတ်တံဆိပ်အသစ်ဖြင့် ထုတ်ပိုးထားခြင်းဖြစ်သည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ မူးယစ်ဆေးများသည် ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်ပြီး ၎င်းမှတဆင့် ပင်လယ်ရေကြောင်း အသုံးပြု၍ ပြည်ပသို့ ဆက်လက်သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
လက္ဖက္ေျခာက္အိတ္မ်ားျဖင့္ ထုတ္ပိုးကာ ျပည္ပသို႔သိုဝွက္သယ္ေဆာင္သြားမည့္ ေငြက်ပ္(၃၀)ဘီလ်ံ တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းဆီးရမိ
NP News - မတ္ ၁၁
ပင္လယ္ေရေၾကာင္းမွတစ္ဆင့္ ျပည္ပသို႔သယ္ေဆာင္သြားမည့္ ေငြက်ပ္ဘီလ်ံ(၃၀)တန္ဖိုးရွိေသာ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ မတ္လ(၁၀)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က မတ္လ(၄)ရက္၊ ေန႔လည္(၁၂)နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ သာစည္ၿမိဳ႕နယ္၊ ကြၽဲတပ္ဆုံရွာေဖြစစ္ေဆးေရးစခန္းတြင္ ကေလာၿမိဳ႕ဘက္မွ သာစည္ၿမိဳ႕ဘက္သို႔ ေမာင္းလာသည့္ ဆီေဘာက္ဆာ(၈)ဘီးယာဥ္ကို ရွာေဖြစစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြခဲ့ရာ ကိုသိန္းဝင္းေဆြ ေမာင္းႏွင္ၿပီး ကိုေက်ာ္ခိုင္ေထြး လိုက္ပါလာသည့္ အဆိုပါ(၈)ဘီး ေမာ္ေတာ္ယာဥ္၏ ကိုယ္ထည္အတြင္း လက္ဖက္ေျခာက္အိတ္မ်ားျဖင့္ ထုတ္ပိုးၿပီး သိုဝွက္သယ္ေဆာင္လာသည့္ ေဒသကာလတန္ဖိုးေငြက်ပ္ (၃၀)ဘီလ်ံ တန္ဖိုးရွိေသာ အိုက္စ္(မက္သ္အဖက္တမင္း) (၁ ဒသမ ၅)တန္ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားကို သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သည့္ ကိုဘုန္းႏိုင္ဝင္းအား မတ္လ(၅)ရက္၊ ေန႔လည္(၁၂)နာရီအခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ နယ္ေျမ(၁၂)ရွိ ေနအိမ္တြင္ FORD ယာဥ္ (၁)စီးႏွင့္အတူ ဆက္လက္ဖမ္းဆီး ရမိခဲ့ေၾကာင္းသိရသည္။
ယခင္က ဖမ္းဆီးရမိသည့္ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားသည္ လက္ဖက္ေျခာက္အိတ္ခြံအမ်ိဳးမ်ိဳးျဖင့္ ထုတ္ပိုးျခင္းျဖစ္ၿပီး ယခုထပ္မံဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးမ်ားသည္ လက္ဖက္ေျခာက္အိတ္ထုတ္ပိုးခြံ အမွတ္တံဆိပ္အသစ္ျဖင့္ ထုတ္ပိုးထားျခင္းျဖစ္သည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါ မူးယစ္ေဆးမ်ားသည္ ရွမ္းျပည္နယ္မွ ရန္ကုန္တိုင္းသို႔ သယ္ေဆာင္ၿပီး ၎မွတဆင့္ ပင္လယ္ေရေၾကာင္း အသုံးျပဳ၍ ျပည္ပသို႔ ဆက္လက္သယ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိသူမ်ားအား ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။