အင်ဒိုနီးရှားနိုင်ငံက ရွှေတွင်းတစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး

257
Pika (NP News) - မေ ၂ဝ
အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသက ရွှေတွင်းတစ်ခုမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြေပြိုမှုတွေကြောင့် အနည်းဆုံးအလုပ်သမား(၆)ဦးသေဆုံးကာ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားလူ(၁၄)ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မေလ(၁၉)ရက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။ အာဏာပိုင်တွေဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မေလ(၂၀)ရက်မှာ ပြန်လည်စတင်သွားမှာဖြစ်ပြီး ပျောက်ဆုံးနေဆဲလူတွေကို ရှာဖွေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်တင်သွားမယ်လို့ တာဝန်ရှိသူတွေက ထပ်မံပြောကြားခဲ့ပါတယ်။ မေလ(၁၉)ရက်က မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ဆိုးရွားတဲ့ရာသီဥတုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ တောင်တန်းဒေသ Papua မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိဖို့အတွက် အနီးဆုံးမြို့ကနေ လာမယ်ဆိုရင်တောင် အချိန်(၁၂)နာရီလောက်ကြာမြင့်တယ်လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
zawgyi version
အင္ဒိုနီးရွားႏိုင္ငံက ေ႐ႊတြင္းတစ္ခုမွာ ေျမၿပိဳက်မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၆)ဦးေသဆုံး
Pika (NP News) - ေမ ၂ဝ
အင္ဒိုနီးရွားႏိုင္ငံ ပါပူဝါေဒသက ေ႐ႊတြင္းတစ္ခုမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေျမၿပိဳမႈေတြေၾကာင့္ အနည္းဆုံးအလုပ္သမား(၆)ဦးေသဆုံးကာ (၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အျခားလူ(၁၄)ဦးေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ ေမလ(၁၉)ရက္မွာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ရပ္ဆိုင္းခဲ့ရတယ္လို႔လည္း သိရပါတယ္။ အာဏာပိုင္ေတြဟာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ေမလ(၂၀)ရက္မွာ ျပန္လည္စတင္သြားမွာျဖစ္ၿပီး ေပ်ာက္ဆုံးေနဆဲလူေတြကို ရွာေဖြဖို႔ ႀကိဳးပမ္းအားထုတ္မႈေတြကို အရွိန္ျမႇင့္တင္သြားမယ္လို႔ တာဝန္ရွိသူေတြက ထပ္မံေျပာၾကားခဲ့ပါတယ္။ ေမလ(၁၉)ရက္က မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ဆိုး႐ြားတဲ့ရာသီဥတုေၾကာင့္ ေျမၿပိဳက်မႈျဖစ္ပြားခဲ့တဲ့ ေတာင္တန္းေဒသ Papua မွာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ရပ္ဆိုင္းခဲ့ရတာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိဖို႔အတြက္ အနီးဆုံးၿမိဳ႕ကေန လာမယ္ဆိုရင္ေတာင္ အခ်ိန္(၁၂)နာရီေလာက္ၾကာျမင့္တယ္လို႔ ရဲအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။