ပုဂ္ဂလိကပိုင် လူစီးမော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များ အမြန်ဆုံးပြောင်းလဲတပ်ဆင်ရန် ကညန ကြေညာ

 5695

မျိုးကြီး (NP News) - မတ် ၁၂

ပုဂ္ဂလိကပိုင် လူစီးမော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များကို အမြန်ဆုံးပြောင်းလဲ တပ်ဆင်ကြရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မတ်လ ၁၁ ရက်တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်း ဖြစ်သည်။

ကညနအနေဖြင့် နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးကို ၂ဝ၂၃ ခုနှစ် မတ်လကုန်အပြီး ဖောင်းကြွနံပါတ် ပြားပုံစံအသစ်များကို ပြောင်းလဲတပ်ဆင်ပေးလျက်ရှိသည်။

ထိုသို့ ပြောင်းလဲတပ်ဆင်ရာတွင် လက်ရှိအချိန်၌ အထက်ပါယာဉ်များအားလုံးမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ် ကြောင်းလည်း ကညနက အသိပေးပြောဆိုထားသည်။

ထို့ကြောင့် ဆက်လက်ပြီး ပုဂ္ဂလိကလူစီးမော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များကို ဦးစားပေး ပြောင်းလဲတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ကညနက ဆိုထားသည်။

ပုဂ္ဂလိကလူစီးမော်တော်ယာဉ်များအားလုံးသည် နှစ်လဲသက်တမ်းတိုးချိန် ရောက်သည်ဖြစ်စေ၊ မရောက်သေးသည် ဖြစ်စေ သက်ဆိုင်ရာ ကညနရုံးများသို့ ဆက်သွယ်ကာ နံပါတ်ပြားပုံစံအသစ်များကို အမြန်ဆုံးပြောင်းလဲတပ်ဆင်ကြ ရန် အသိပေးကြေညာထားသည်။

ထိုသို့ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင် ယာဉ်များ၌ တပ်ဆင်အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်ပြီး မော်တော်ယာဉ် တည်ရှိသည့်မြို့နယ်ကိုပါ ခွဲခြားသိရှိ နိုင်ကြောင်း သိရသည်။

ထို့ပြင် နံပါတ်ပြားပုံစံအသစ်တွင် တိုင်းနှင့် ပြည်နယ်တစ်ခုခု၏ သင်္ကေတအပြင် မြို့နယ်ကိုယ်စားပြုသည့် ဂဏန်း ဖော်ပြချက်နှင့် မော်တော်ယာဉ်အမျိုးအမည်ဖောက်ပြချက်တို့ကိုပါ ထည့်သွင်းပြီး ကညနမှ ရိုက်နှိပ်ပေးလျက်ရှိ သည်။

ယခင် မော်တော်ယာဉ်များတွင် တပ်ဆင်အသုံးပြုခဲ့သည့် ဖောင်းကြွနံပါတ်ပြားများ၌ တိုင်းနှင့် ပြည်နယ်တစ်ခုခု၏ သင်္ကေတ၊ ရောက်ရှိအက္ခရာနှင့် ဂဏန်းများသာ ပါရှိကြောင်း တွေ့ရသည်။

မြန်မာတစ်နိုင်ငံလုံး၌ ပုဂ္ဂလိပိုင် လူစီးမော်တော်ယာဉ်အစီးရေမှာ စုစုပေါင်း (၆)သိန်းနှင့်အထက် ရှိကြောင်း ကညန ၏ သတင်းအချက်အလက်များအရ သိရသည်။

Zawgyi Version;
ပုဂၢလိကပိုင္ လူစီးေမာ္ေတာ္ယာဥ္မ်ားအားလုံး ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္မ်ား အျမန္ဆုံးေျပာင္းလဲတပ္ဆင္ ရန္ ကညန ေၾကညာ
မ်ိဳးႀကီး (NP News) - မတ္ ၁၂

ပုဂၢလိကပိုင္ လူစီးေမာ္ေတာ္ယာဥ္မ်ားအားလုံး ေဖာင္းႂကြနံပါတ္ျပား ပုံစံအသစ္မ်ားကို အျမန္ဆုံးေျပာင္းလဲ တပ္ဆင္ၾကရန္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက ေၾကညာထားသည္။

ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက မတ္လ ၁၁ ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္း ျဖစ္သည္။

ကညနအေနျဖင့္ ႏိုင္ငံပိုင္ဌာနဆိုင္ရာယာဥ္မ်ား၊ အေဝးေျပးခရီးသည္တင္ယာဥ္မ်ား၊ ၿမိဳ႕တြင္း ခရီးသည္တင္ ယာဥ္လိုင္းမ်ား၊ တကၠစီယာဥ္မ်ား၊ ကုန္တင္ယာဥ္မ်ားအားလုံးကို ၂ဝ၂၃ ခုႏွစ္ မတ္လကုန္အၿပီး ေဖာင္းႂကြနံပါတ္ ျပားပုံစံအသစ္မ်ားကို ေျပာင္းလဲတပ္ဆင္ေပးလ်က္ရွိသည္။

ထိုသို႔ ေျပာင္းလဲတပ္ဆင္ရာတြင္ လက္ရွိအခ်ိန္၌ အထက္ပါယာဥ္မ်ားအားလုံးမွာ ရာႏႈန္းျပည့္နီးပါး ၿပီးစီးေနၿပီျဖစ္ ေၾကာင္းလည္း ကညနက အသိေပးေျပာဆိုထားသည္။

ထို႔ေၾကာင့္ ဆက္လက္ၿပီး ပုဂၢလိကလူစီးေမာ္ေတာ္ယာဥ္မ်ားအား ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္မ်ားကို ဦးစားေပး ေျပာင္းလဲတပ္ဆင္ေပးသြားမည္ျဖစ္ေၾကာင္း ကညနက ဆိုထားသည္။

ပုဂၢလိကလူစီးေမာ္ေတာ္ယာဥ္မ်ားအားလုံးသည္ ႏွစ္လဲသက္တမ္းတိုးခ်ိန္ ေရာက္သည္ျဖစ္ေစ၊ မေရာက္ေသးသည္ ျဖစ္ေစ သက္ဆိုင္ရာ ကညန႐ုံးမ်ားသို႔ ဆက္သြယ္ကာ နံပါတ္ျပားပုံစံအသစ္မ်ားကို အျမန္ဆုံးေျပာင္းလဲတပ္ဆင္ၾက ရန္ အသိေပးေၾကညာထားသည္။

ထိုသို႔ ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္ ေျပာင္းလဲတပ္ဆင္ျခင္းျဖင့္ ေမာ္ေတာ္ယာဥ္နံပါတ္ျပားကို အျခားတရားမဝင္ ယာဥ္မ်ား၌ တပ္ဆင္အသုံးျပဳမႈကို ထိန္းခ်ဳပ္တားဆီးႏိုင္ၿပီး ေမာ္ေတာ္ယာဥ္ တည္ရွိသည့္ၿမိဳ႕နယ္ကိုပါ ခြဲျခားသိရွိ ႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ နံပါတ္ျပားပုံစံအသစ္တြင္ တိုင္းႏွင့္ ျပည္နယ္တစ္ခုခု၏ သေကၤတအျပင္ ၿမိဳ႕နယ္ကိုယ္စားျပဳသည့္ ဂဏန္း ေဖာ္ျပခ်က္ႏွင့္ ေမာ္ေတာ္ယာဥ္အမ်ိဳးအမည္ေဖာက္ျပခ်က္တို႔ကိုပါ ထည့္သြင္းၿပီး ကညနမွ ႐ိုက္ႏွိပ္ေပးလ်က္ရွိ သည္။

ယခင္ ေမာ္ေတာ္ယာဥ္မ်ားတြင္ တပ္ဆင္အသုံးျပဳခဲ့သည့္ ေဖာင္းႂကြနံပါတ္ျပားမ်ား၌ တိုင္းႏွင့္ ျပည္နယ္တစ္ခုခု၏ သေကၤတ၊ ေရာက္ရွိအကၡရာႏွင့္ ဂဏန္းမ်ားသာ ပါရွိေၾကာင္း ေတြ႕ရသည္။

ျမန္မာတစ္ႏိုင္ငံလုံး၌ ပုဂၢလိပိုင္ လူစီးေမာ္ေတာ္ယာဥ္အစီးေရမွာ စုစုေပါင္း (၆)သိန္းႏွင့္အထက္ရွိေၾကာင္း ကညန ၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.