သရုပ်ဆောင်မင်းရာဇာနှင့် ၎င်း၏ဇနီးအပါအဝင် (၃)ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၅)နှစ်စီ ပြစ်ဒဏ်ချမှတ်
                        
                            
                             
 1353
 
                             
                            
                            
                         
                        
 
                        NP News - မတ် ၁၄
ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနှင့် ၎င်း၏ဇနီးအပါအဝင် (၃)ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၅)နှစ်စီ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
၎င်းတို့အား မတ်လ ၁၃ ရက်တွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံးက အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းက အသိပေးပြောဆိုထားသည်။
ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်အတွင်း သရုပ်ဆောင်မင်းရာဇာအပါအဝင် (၃)ဦးသည် အိမ်ဖော်အမျိုးသမီးငယ် တစ်ဦးအား ကိုယ်ထိလက်ရောက်အနိုင်ကျင့်သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆ အပြင်းအထန်နာကျင်စေမှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါအမှုဖြင့် သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးပွင့်ငုံနှင့် ကိုအောင်လွင်စိုး(ခ)ရခိုင်လေးတို့ကို ယမန်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၅)နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖော် အမျိုးသမီးငယ်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးက အသိပေးပြောဆိုထားသည်။
ထို့ပြင် သရုပ်ဆောင် မင်းရာဇာအနေဖြင့်လည်း မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့်ပါ တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး ၎င်းအမှုနှင့်ပတ်သက်၍ ခရိုင်တရားရုံးတွင် ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာ အပါအဝင် (၃)ဦးသည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်အတွင်း ကရင်ပြည်နယ် ဘက်သို့ သွားရောက်စဉ်အချိန်တွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခဲ့ကာ သက်ဆိုင်ရာ အစိုးရထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂ဝ၂၁ ခုနှစ်အတွင်း အမှုများပိတ်သိမ်းခဲ့သည့်ဖြစ်စဉ်များ၌ သရုပ်ဆောင်မင်းရာဇာတို့၏ အမှုများမှာပါဝင်ခဲ့ပြီး အိမ်ဖော်အမျိုးသမီးငယ်ဘက်မှ ရှေ့နေများက ၎င်းအမှုများ မပိတ်သိမ်းသင့်ကြောင်း ပြန်လည်လျှောက်ထားခဲ့ရာတွင် တရားရုံးမှ ပြန်လည်လက်ခံပြီး ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
zawgyi version
သ႐ုပ္ေဆာင္မင္းရာဇာႏွင့္ ၎၏ဇနီးအပါအဝင္ (၃)ဦးကို အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္(၅)ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္
NP News - မတ္ ၁၄
႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းရာဇာႏွင့္ ၎၏ဇနီးအပါအဝင္ (၃)ဦးကို အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ (၅)ႏွစ္စီ တရား႐ုံးက ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။
၎တို႔အား မတ္လ ၁၃ ရက္တြင္ ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံးက အထက္ပါကဲ့သို႔ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေရွ႕ေနအသိုင္းအဝိုင္းက အသိေပးေျပာဆိုထားသည္။
ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း သ႐ုပ္ေဆာင္မင္းရာဇာအပါအဝင္ (၃)ဦးသည္ အိမ္ေဖာ္အမ်ိဳးသမီးငယ္ တစ္ဦးအား ကိုယ္ထိလက္ေရာက္အႏိုင္က်င့္သည္ဟုဆိုကာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၂၆ အျပင္းအထန္နာက်င္ေစမႈျဖင့္ တရားစြဲဆိုခံခဲ့ရျခင္းျဖစ္သည္။
အဆိုပါအမႈျဖင့္ သ႐ုပ္ေဆာင္မင္းရာဇာ၊ ဇနီးျဖစ္သူ မဖူးပြင့္ငုံႏွင့္ ကိုေအာင္လြင္စိုး(ခ)ရခိုင္ေလးတို႔ကို ယမန္ေန႔က အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ (၅)ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း အိမ္ေဖာ္ အမ်ိဳးသမီးငယ္ဘက္မွ လိုက္ပါေဆာင္႐ြက္ေနသည့္ ေရွ႕ေနတစ္ဦးက အသိေပးေျပာဆိုထားသည္။
ထို႔ျပင္ သ႐ုပ္ေဆာင္ မင္းရာဇာအေနျဖင့္လည္း မုဒိမ္းမႈ ပုဒ္မ ၃၇၆ ျဖင့္ပါ တရားစြဲဆိုခံထားရျခင္းျဖစ္ၿပီး ၎အမႈႏွင့္ပတ္သက္၍ ခ႐ိုင္တရား႐ုံးတြင္ ဆက္လက္တရားရင္ဆိုင္ေနရဆဲျဖစ္ေၾကာင္း သိရသည္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းရာဇာ အပါအဝင္ (၃)ဦးသည္ ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း ကရင္ျပည္နယ္ ဘက္သို႔ သြားေရာက္စဥ္အခ်ိန္တြင္ ကရင္လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုက ဖမ္းဆီးခဲ့ကာ သက္ဆိုင္ရာ အစိုးရထံသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၂ဝ၂၁ ခုႏွစ္အတြင္း အမႈမ်ားပိတ္သိမ္းခဲ့သည့္ျဖစ္စဥ္မ်ား၌ သ႐ုပ္ေဆာင္မင္းရာဇာတို႔၏ အမႈမ်ားမွာပါဝင္ခဲ့ၿပီး အိမ္ေဖာ္အမ်ိဳးသမီးငယ္ဘက္မွ ေရွ႕ေနမ်ားက ၎အမႈမ်ား မပိတ္သိမ္းသင့္ေၾကာင္း ျပန္လည္ေလွ်ာက္ထားခဲ့ရာတြင္ တရား႐ုံးမွ ျပန္လည္လက္ခံၿပီး ယခုကဲ့သို႔ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။