လျှပ်စစ်ကားများကို မှတ်ပုံတင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်ရလိုပါက ယာဉ်အိုယာဉ်ဟောင်းစလစ် လိုအပ်

 1825

မျိုးကြီး (NP News) - မတ် ၁၄

လျှပ်စစ်ကားများကို ကနဦးမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းလိုင်စင်ဖြင့် မှတ်ပုံတင်ရရှိလိုပါက ယာဉ်အိုယာဉ်ဟောင်းစလစ် လိုအပ်ကြောင်း သတင်းရရှိသည်။

လျှပ်စစ်သုံးယာဉ်များနှင့်ပတ်သက်၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ရုံးအမိန့်၊ ညွှန်ကြားချက်များ၊ လုပ် ထုံးလုပ်နည်းများနှင့်အညီ ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ယခင်ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညှိနှိုင်းချက်အရ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းမှစ၍ ကျင့်သုံးဆောင် ရွက်လျက်ရှိသော ရန်ကုန်လိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံသော မော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးရန် ညွှန်ကြားချက်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လျှပ်စစ်သုံးယာဉ်များအား ကနဦးမှတ်ပုံတင်ဆောင်ရွက်ပေးရာတွင် ၎င်းညွှန်ကြားချက်အ တိုင်း ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ကုန်လမ်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနက ပြောဆိုထားသည်။

ထို့ကြောင့် ရန်ကုန်တိုင်းလိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်လိုသည့် လျှပ်စစ်သုံးယာဉ်များအတွက် ရန် ကုန်တိုင်းလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံစလစ်(ပုံစံ-ဃ)လိုအပ်ကြောင်း ကနညမှ အသိပေးပြောဆိုထားသည်။

လက်ရှိတွင် နစကအနေဖြင့် ပြည်ပနိုင်ငံများမှ လျှပ်စစ်သုံးယာဉ်များကို တင်သွင်းခွင့်ပြုလျက်ရှိပြီး ပြည်တွင်း၌ လျှပ်စစ်ကား အစီးရေ ရာချီကာ ရောက်ရှိလျက်ရှိကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ကားများအတွက် လိုအပ်သည့် Charging Station များကို ရန်ကုန်၊ မန္တလေး၊ နေပြည် တော်နှင့် အမြန်လမ်း အပါအဝင် စက်သုံးဆီအရောင်းဆိုင်များတွင် ယခုမတ်လအတွင်း အပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း နစကဘက်က အသိပေးပြောဆိုထားသည်။

zawgyi version
လွ်ပ္စစ္ကားမ်ားကို မွတ္ပုံတင္ စတင္ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး ရန္ကုန္လိုင္စင္ျဖင့္ မွတ္ပုံတင္ရလိုပါက ယာဥ္အိုယာဥ္ဟာင္းစလစ္လိုအပ္

မ်ိဳးႀကီး (NP News) - မတ္ ၁၄

လွ်ပ္စစ္ကားမ်ားကို ကနဦးမွတ္ပုံတင္လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး ရန္ကုန္တိုင္းလိုင္စင္ျဖင့္ မွတ္ပုံတင္ရရွိလိုပါက ယာဥ္အိုယာဥ္ေဟာင္းစလစ္ လိုအပ္ေၾကာင္း သတင္းရရွိသည္။

လွ်ပ္စစ္သုံးယာဥ္မ်ားႏွင့္ပတ္သက္၍ တည္ဆဲဥပေဒ၊ နည္းဥပေဒမ်ား၊ ႐ုံးအမိန႔္၊ ၫႊန္ၾကားခ်က္မ်ား၊ လုပ္ ထုံးလုပ္နည္းမ်ားႏွင့္အညီ ကနဦးမွတ္ပုံတင္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ပို႔ ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက ေျပာသည္။

ယခင္ရန္ကုန္တိုင္းအစိုးရအဖြဲ႕၏ ညႇိႏႈိင္းခ်က္အရ ၂ဝ၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလဆန္းမွစ၍ က်င့္သုံးေဆာင္ ႐ြက္လ်က္ရွိေသာ ရန္ကုန္လိုင္စင္ျဖင့္ ယာဥ္အိုယာဥ္ေဟာင္းအပ္ႏွံေသာ ေမာ္ေတာ္ယာဥ္မ်ားကိုသာ ရန္ကုန္လိုင္စင္ထုတ္ေပးရန္ ၫႊန္ၾကားခ်က္ရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ လွ်ပ္စစ္သုံးယာဥ္မ်ားအား ကနဦးမွတ္ပုံတင္ေဆာင္႐ြက္ေပးရာတြင္ ၎ၫႊန္ၾကားခ်က္အ တိုင္း ဆက္လက္က်င့္သုံးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဌာန၊ ကုန္လမ္းပို႔ေဆာင္ၫႊန္ၾကားမႈဦးစီးဌာနက ေျပာဆိုထားသည္။

ထို႔ေၾကာင့္ ရန္ကုန္တိုင္းလိုင္စင္ျဖင့္ မွတ္ပုံတင္ေဆာင္႐ြက္လိုသည့္ လွ်ပ္စစ္သုံးယာဥ္မ်ားအတြက္ ရန္ ကုန္တိုင္းလိုင္စင္ျဖင့္ ယာဥ္အိုယာဥ္ေဟာင္းအပ္ႏွံစလစ္(ပုံစံ-ဃ)လိုအပ္ေၾကာင္း ကနညမွ အသိေပးေျပာဆိုထားသည္။

လက္ရွိတြင္ နစကအေနျဖင့္ ျပည္ပႏိုင္ငံမ်ားမွ လွ်ပ္စစ္သုံးယာဥ္မ်ားကို တင္သြင္းခြင့္ျပဳလ်က္ရွိၿပီး ျပည္တြင္း၌ လွ်ပ္စစ္ကား အစီးေရ ရာခ်ီကာ ေရာက္ရွိလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ လွ်ပ္စစ္ကားမ်ားအတြက္ လိုအပ္သည့္ Charging Station မ်ားကို ရန္ကုန္၊ မႏၲေလး၊ ေနျပည္ ေတာ္ႏွင့္ အျမန္လမ္း အပါအဝင္ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ယခုမတ္လအတြင္း အၿပီးတည္ ေဆာက္သြားမည္ျဖစ္ေၾကာင္း နစကဘက္က အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.