ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးသေဆုံး

 426

Pearl (NP News) - မတ် ၁၅

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း တုသိတာ လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယ‌နေ့ (မတ်လ ၁၅ ရက်)၊ နံနက် (၉)နာရီ အချိန်ခန့်တွင် ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်သူအမျိုးသားသည် ဦးခေါင်းဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း အမျိုးသားသည် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ရောက်သွားတော့ ဆိုင်ကယ်နဲ့ အလောင်းနဲ့ပဲ တွေ့တယ်။ ကားသမားက ထွက်ပြေးသွားတာဆိုတော့ ဘယ်လိုဖြစ်ပြီးတိုက်လဲတော့ မသိဘူး" ဟု တုသိတာ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူ တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

သေဆုံးသူသည် ဖောင်းတောရွာကချင်စုတွင်နေထိုင်သော မောင်‌အောင်မင်းသူ(၂၂)နှစ်ဖြစ်ပြီး လက်ရှိတွင် ရုပ်အလောင်းအား ပြင်ဦးလွင်ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ျပင္ဦးလြင္ၿမိဳ႕ေရွာင္လမ္းတြင္ ဆိုင္ကယ္ႏွင့္ ကားတိုက္မႈျဖစ္ပြားၿပီး ဆိုင္ကယ္ေမာင္းသူ အမ်ိဳးသားတစ္ဦးေသဆုံး
Pearl (NP News) - မတ္ ၁၅

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းတြင္ ဆိုင္ကယ္ႏွင့္ ကားတိုက္မႈျဖစ္ပြားၿပီး ဆိုင္ကယ္ေမာင္းႏွင္သူ အမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း တုသိတာ လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယ‌ေန႔ (မတ္လ ၁၅ ရက္)၊ နံနက္ (၉)နာရီ အခ်ိန္ခန႔္တြင္ ျပင္ဦးလြင္ၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါၿမိဳ႕ေရွာင္လမ္းတြင္ ဆိုင္ကယ္ႏွင့္ကားတိုက္မႈျဖစ္ပြားရာ ဆိုင္ကယ္ေမာင္းႏွင္သူအမ်ိဳးသားသည္ ဦးေခါင္းဒဏ္ရာရရွိ၍ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ယာဥ္ေမာင္း အမ်ိဳးသားသည္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ ဆိုင္ကယ္နဲ႔ အေလာင္းနဲ႔ပဲ ေတြ႕တယ္။ ကားသမားက ထြက္ေျပးသြားတာဆိုေတာ့ ဘယ္လိုျဖစ္ၿပီးတိုက္လဲေတာ့ မသိဘူး" ဟု တုသိတာ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူ တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

ေသဆုံးသူသည္ ေဖာင္းေတာ႐ြာကခ်င္စုတြင္ေနထိုင္ေသာ ေမာင္‌ေအာင္မင္းသူ(၂၂)ႏွစ္ျဖစ္ၿပီး လက္ရွိတြင္ ႐ုပ္အေလာင္းအား ျပင္ဦးလြင္ေဆး႐ုံရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.