ကျောင်းဆရာမ(၂)ဦးထံမှ ကားသော့များ ခြိမ်းခြောက်တောင်းယူပြီး သေနတ်များဖြင့် ထုရိုက်မှု ပခုက္ကူတွင် ဖြစ်ပွား

 2715

Pearl (NP News) - မတ် ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ကျောင်းဆရာမ(၂)ဦးထံမှ မော်တော်ယာဉ်များ၏ သော့များအား ခြိမ်းခြောက် လုယက် တောင်းယူပြီး သေနတ်များဖြင့် ထုရိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၄)ရက်၊ နေ့လည် (၂)နာရီအချိန်ခန့်တွင် ပခုက္ကူမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကပ်ကျော်ဓမ္မာရုံအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်တွင်နေထိုင်သော ကျောင်းဆရာမများဖြစ်ကြသည့် ဒေါ်ခင်မာမာ(၆၁)နှစ် နှင့် ဒေါ်စီစီလွင်(၅၉)နှစ် တို့သည် ၎င်းတို့၏ နေအိမ်၌ရှိနေစဉ် အကြမ်းဖက်အမျိုးသား (၃) ဦးက အိုးဝေသုံးဘီးဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့ (၂) ဦးအား သေနတ်ဖြင့်ချိန်ရွယ်၍ နေအိမ်ခြံဝင်းအတွင်းရပ်ထားသော မော်တော်ယာဉ် (၂) စီး၏ သော့များအား ခြိမ်းခြောက်လုယက်တောင်းယူစဉ် ဘေးပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့ရာ အကြမ်း ဖက်သမားများက သေနတ်ဖြင့်ထုရိုက်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

ထိုသို့ သေနတ်ဖြင့် ထုရိုက်မှုကြောင့် ဒေါ်ခင်မာမာနှင့် ဒေါ်စီစီလွင်တို့တွင် ဦးခေါင်း၌ ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရန်အတွက် ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေက်ာင္းဆရာမ(၂)ဦးထံမွ ကားေသာ့မ်ား ၿခိမ္းေျခာက္ေတာင္းယူၿပီး ေသနတ္မ်ားျဖင့္ ထု႐ိုက္မႈ ပခုကၠဴတြင္ ျဖစ္ပြား
Pearl (NP News) - မတ္ ၁၆

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္တြင္ ေက်ာင္းဆရာမ(၂)ဦးထံမွ ေမာ္ေတာ္ယာဥ္မ်ား၏ ေသာ့မ်ားအား ၿခိမ္းေျခာက္ လုယက္ ေတာင္းယူၿပီး ေသနတ္မ်ားျဖင့္ ထု႐ိုက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၁၄)ရက္၊ ေန႔လည္ (၂)နာရီအခ်ိန္ခန႔္တြင္ ပခုကၠဴၿမိဳ႕နယ္၊ အမွတ္(၁၅)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္း၊ ကပ္ေက်ာ္ဓမၼာ႐ုံအနီး၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါရပ္ကြက္တြင္ေနထိုင္ေသာ ေက်ာင္းဆရာမမ်ားျဖစ္ၾကသည့္ ေဒၚခင္မာမာ(၆၁)ႏွစ္ ႏွင့္ ေဒၚစီစီလြင္(၅၉)ႏွစ္ တို႔သည္ ၎တို႔၏ ေနအိမ္၌ရွိေနစဥ္ အၾကမ္းဖက္အမ်ိဳးသား (၃) ဦးက အိုးေဝသုံးဘီးဆိုင္ကယ္ျဖင့္ ေရာက္ရွိလာခဲ့ ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တို႔ (၂) ဦးအား ေသနတ္ျဖင့္ခ်ိန္႐ြယ္၍ ေနအိမ္ၿခံဝင္းအတြင္းရပ္ထားေသာ ေမာ္ေတာ္ယာဥ္ (၂) စီး၏ ေသာ့မ်ားအား ၿခိမ္းေျခာက္လုယက္ေတာင္းယူစဥ္ ေဘးပတ္ဝန္းက်င္သို႔ ေအာ္ဟစ္အကူအညီေတာင္းခဲ့ရာ အၾကမ္း ဖက္သမားမ်ားက ေသနတ္ျဖင့္ထု႐ိုက္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

ထိုသို႔ ေသနတ္ျဖင့္ ထု႐ိုက္မႈေၾကာင့္ ေဒၚခင္မာမာႏွင့္ ေဒၚစီစီလြင္တို႔တြင္ ဦးေခါင္း၌ ေပါက္ၿပဲဒဏ္ရာမ်ားရရွိခဲ့၍ ေဆးကုသႏိုင္ရန္အတြက္ ပခုကၠဴခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Picture

Htun Aung Kyaw

17/03/2023 00:40

😢😢😢😢😢

Related news

© 2021. All rights reserved.