အမေရိကန်အရှေ့မြောက်ဒေသမှာ Babesiosis ကပ်ပါးရောဂါ ကူးစက်ပျံ့နှံ့မှုများ မြင့်တက်နေ

 2441

ရောင်နီ (NP News) - မတ် ၁၈

အမေရိကန်မှာ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိအတွင်း ကပ်ပါးရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ယင်းတို့ ထဲမှာမှ babesiosis ကပ်ပါးရောဂါဟာ မကြာသေးမီနှစ်များအတွင်း နိုင်ငံအရှေ့မြောက်ပိုင်းမှာ သိသိသာသာပိုမို ပျံ့နှံ့လာခဲ့ပါတယ်။

ကော်နက်တီကပ်၊ မန်ဆက်ချူးဆက်၊ မီနီဆိုတာ၊ နယူးဂျာဆီ၊ နယူးယောက်၊ ရော့အိုက်စ်လန်နဲ့ ဝစ္စကွန်ဆင် ပြည်နယ်တို့မှာ babesiosis အစုလိုက် ကူးစက်မှုများဖြစ်ပွားနေတယ်လို့ ယူဆထားပြီး အမေရိကန်ရောဂါထိန်းချုပ် ရေးနဲ့ ကာကွယ်ရေးစင်တာများမှ အစီရင်ခံစာအသစ်အရ အခြားပြည်နယ်သုံးခုဖြစ်တဲ့ မိန်နီ၊ နယူးဟန် ရှဲရားနဲ့ ဗိုမောင့်မှလည်း ရောဂါဖြစ်ပွားမှုနှုန်း အလျင်မြန်ဆုံး ကြီးထွားလာနေတယ်လို့ သိရပါတယ်။

ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်များ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ဖျားနာမှုဟာ အပျော့စားမှ ပြင်းထန်နိုင်ပြီး ပြင်းထန်တဲ့အခြေအနေများမှာ လူသေဆုံးနိုင်တယ်လို့ သိရပါတယ်။ သိသာထင်ရှားတဲ့ ကူးစက်မှုလက္ခဏာမရှိတာကြောင့် ကူးစက်ခံထားရကြောင်း အလွယ်တကူ မသိနိုင်ပါဘူး။

CDC က babesiosis ကူးစက်မှုဟာ ကူးစက်ခံထားရသူကို ကိုက်ခဲထားတဲ့၊ ရောဂါပိုးရှိတဲ့ မှတ်များ အကိုက်ခံရခြင်းကြောင့် ကူးစက်နိုင်ပြီး သွေးသွင်းခြင်း၊ သွေးလှူဒါန်းရာမှ ကူးစက်မှုအန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးထားပါတယ်။ US Food and Drug Administration က လက်ရှိ ပြည်နယ် ၁၄ ခုနဲ့ Washington ၊ DC မှာ သွေးလှူဒါန်းမှုများကို စစ်ဆေးဖို့ အကြံပြုထားပါတယ်။

Zawgyi Version;
အေမရိကန္အေရွ႕ေျမာက္ေဒသမွာ Babesiosis ကပ္ပါးေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈမ်ား ျမင့္တက္ေန
ေရာင္နီ (NP News) - မတ္ ၁၈

အေမရိကန္မွာ ၂ဝ၁၁ ခုႏွစ္မွ ၂ဝ၁၉ ခုႏွစ္အထိအတြင္း ကပ္ပါးေရာဂါျဖစ္ပြားမႈ ၂၅ ရာခိုင္ႏႈန္းတိုးလာခဲ့ၿပီး ယင္းတို႔ ထဲမွာမွ babesiosis ကပ္ပါးေရာဂါဟာ မၾကာေသးမီႏွစ္မ်ားအတြင္း ႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာ သိသိသာသာပိုမို ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

ေကာ္နက္တီကပ္၊ မန္ဆက္ခ်ဴးဆက္၊ မီနီဆိုတာ၊ နယူးဂ်ာဆီ၊ နယူးေယာက္၊ ေရာ့အိုက္စ္လန္နဲ႔ ဝစၥကြန္ဆင္ ျပည္နယ္တို႔မွာ babesiosis အစုလိုက္ ကူးစက္မႈမ်ားျဖစ္ပြားေနတယ္လို႔ ယူဆထားၿပီး အေမရိကန္ေရာဂါထိန္းခ်ဳပ္ ေရးနဲ႔ ကာကြယ္ေရးစင္တာမ်ားမွ အစီရင္ခံစာအသစ္အရ အျခားျပည္နယ္သုံးခုျဖစ္တဲ့ မိန္နီ၊ နယူးဟန္ ရွဲရားနဲ႔ ဗိုေမာင့္မွလည္း ေရာဂါျဖစ္ပြားမႈႏႈန္း အလ်င္ျမန္ဆုံး ႀကီးထြားလာေနတယ္လို႔ သိရပါတယ္။

ေရာဂါလကၡဏာမ်ားမွာ အဖ်ားတက္ျခင္း၊ ႂကြက္သားနဲ႔ အဆစ္အျမစ္မ်ား နာက်င္ျခင္း၊ ေခါင္းကိုက္ျခင္းတို႔ ျဖစ္ေပၚတယ္လို႔ သိရပါတယ္။ ဖ်ားနာမႈဟာ အေပ်ာ့စားမွ ျပင္းထန္ႏိုင္ၿပီး ျပင္းထန္တဲ့အေျခအေနမ်ားမွာ လူေသဆုံးႏိုင္တယ္လို႔ သိရပါတယ္။ သိသာထင္ရွားတဲ့ ကူးစက္မႈလကၡဏာမရွိတာေၾကာင့္ ကူးစက္ခံထားရေၾကာင္း အလြယ္တကူ မသိႏိုင္ပါဘူး။

CDC က babesiosis ကူးစက္မႈဟာ ကူးစက္ခံထားရသူကို ကိုက္ခဲထားတဲ့၊ ေရာဂါပိုးရွိတဲ့ မွတ္မ်ား အကိုက္ခံရျခင္းေၾကာင့္ ကူးစက္ႏိုင္ၿပီး ေသြးသြင္းျခင္း၊ ေသြးလႉဒါန္းရာမွ ကူးစက္မႈအႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း သတိေပးထားပါတယ္။ US Food and Drug Administration က လက္ရွိ ျပည္နယ္ ၁၄ ခုနဲ႔ Washington ၊ DC မွာ ေသြးလႉဒါန္းမႈမ်ားကို စစ္ေဆးဖို႔ အႀကံျပဳထားပါတယ္။

Related news

© 2021. All rights reserved.