စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှု မကွေးမြို့တွင်ဖြစ်ပွား

 551

Pearl (NP News) - မတ် ၁၉

မကွေးတိုင်း၊ မကွေးမြို့နယ်တွင် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၈ ရက်)၊ နေ့လည် (၁)နာရီ ဝန်းကျင်ခန့်တွင် မကွေးမြို့နယ်၊ ယင်းမာတောကျေးရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်နေထိုင်သော အမျိုးသမီး တစ်ဦးသည် ၎င်း၏ နေအိမ် အိပ်ခန်းအတွင်း ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

"သူက ပုံမှန် စိတ်ကျန်းမာရေး မကောင်းတဲ့လူ၊ စိတ်ကျန်းမာရေး ဆရာဝန်နဲ့လည်း ဆေးခန်းပြနေရတယ်၊ ဖြစ်တာက‌တော့ နေ့လည်(၁)နာရီဝန်းကျင်လောက်ကပါ၊ ကျွန်တော်တို့သတင်းရတာက (၄)နာရီလောက်မှပါ" ဟု ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူအမျိုးသမီးသည် အသက် (၂၂)နှစ်ခန့်ရှိသူဖြစ်ပြီး အဘိုး၊ အဘွားများနှင့်အတူ နေထိုင်ကြောင်း သိရသည်။

zawgyi version
Pearl (NP News) - မတ် ၁၉






Related news

© 2021. All rights reserved.