မင်းလှမြို့နယ်တွင် ကျောင်းဆရာ၊ ဆရာမလင်မယား(၂)ဦး အပါအဝင် လူ(၄)ဦးကို PDF အဖွဲ့က တစ်ညအတွင်း ဓားပြတိုက်သတ်ဖြတ်

 306

NP News - မေ ၁ဝ

မင်းလှမြို့နယ်တွင် ကျောင်းဆရာ၊ ဆရာမလင်မယား(၂)ဦးအပါအဝင် လူ(၄)ဦးကို PDF အဖွဲ့က တစ်ညအတွင်း ဓားပြတိုက်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၅ ရက်၊ ညနေပိုင်းအချိန်ခန့်က မုံရွာမြို့နယ်၊ ကန်နီကျေးရွာနှင့် ကန်တုတ်ကျေးရွာ တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြောရရင် ဘာမှတော့ အပြစ်မရှိဘူး။ ကျောင်းဆရာ၊ ဆရာမလုပ်လို့ပေါ့နော်။ မင်းလှမြို့နယ် ကန်နီကျေးရွာ သွားတာ။ အဲဒီရွာက ကျောင်းဆရာ၊ ဆရာမ(၂)ယောက်ကို သတ်သွားတာ။ အသတ်ခံရတဲ့ ကျောင်းဆရာ၊ ဆရာမ လင်မယားက ကန်နီကျေးရွာက ရွာလယ်က ဇရပ်ကြီးနားက အိမ်မှာနေတာ။ သတ်ပြီးတော့ ဆိုင်ကယ်တွေ ရွှေ၊ ငွေတွေ အကုန်ယူသွားတာ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် အသက်(၆၀)နှစ်နီးပါးဝန်းကျင်ရှိ ကျောင်းဆရာ၊ ဆရား(၂)ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး နေအိမ်ရှိ ဆိုင်ကယ်နှင့် ရွှေ၊ ငွေပစ္စည်းများကိုလည်း PDF အဖွဲ့က လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့၊ ညပိုင်းကလည်း မင်းလှမြိုနယ်၊ ကန်တုတ်ကျေးရွာတွင်နေထိုင်သော အသက်(၃၇)နှစ်အရွယ် ဦးနေယံပိုင်စိုး (ခ)မိုက်မိုက် နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက်(၃၆)နှစ်အရွယ် ဒေါ်မြတ်မြတ်မွန်တို့(၂)ဦးကို PDF အဖွဲ့ က နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
“အဲဒီလင်မယားကလည်း ပုသိမ်-မုံရွာလမ်းပေါ်မှာနေတာပေါ့။ မင်းလှမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အဖြတ် ပေါ့နော်။ အဲဒီလမ်းပေါ်မှာဖြတ်သွားတဲ့လမ်းမှာနေတဲ့ လင်မယား(၂)ယောက် အသက်(၄ဝ)အရွယ်တွေပေါ့။ သားလေးကတော့ (၆)နှစ်အရွယ်လေးကိုတော့ မသတ်ပဲထားခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
မင္းလွၿမိဳ႕နယ္တြင္ ေက်ာင္းဆရာ၊ ဆရာမလင္မယား(၂)ဦး အပါအဝင္ လူ(၄)ဦးကို PDF အဖြဲ႕က တစ္ညအတြင္း ဓားျပတိုက္သတ္ျဖတ္
NP News - ေမ ၁ဝ

မင္းလွၿမိဳ႕နယ္တြင္ ေက်ာင္းဆရာ၊ ဆရာမလင္မယား(၂)ဦးအပါအဝင္ လူ(၄)ဦးကို PDF အဖြဲ႕က တစ္ညအတြင္း ဓားျပတိုက္သတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေမလ ၅ ရက္၊ ညေနပိုင္းအခ်ိန္ခန႔္က မုံ႐ြာၿမိဳ႕နယ္၊ ကန္နီေက်း႐ြာႏွင့္ ကန္တုတ္ေက်း႐ြာ တို႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေျပာရရင္ ဘာမွေတာ့ အျပစ္မရွိဘူး။ ေက်ာင္းဆရာ၊ ဆရာမလုပ္လို႔ေပါ့ေနာ္။ မင္းလွၿမိဳ႕နယ္ ကန္နီေက်း႐ြာ သြားတာ။ အဲဒီ႐ြာက ေက်ာင္းဆရာ၊ ဆရာမ(၂)ေယာက္ကို သတ္သြားတာ။ အသတ္ခံရတဲ့ ေက်ာင္းဆရာ၊ ဆရာမ လင္မယားက ကန္နီေက်း႐ြာက ႐ြာလယ္က ဇရပ္ႀကီးနားက အိမ္မွာေနတာ။ သတ္ၿပီးေတာ့ ဆိုင္ကယ္ေတြ ေ႐ႊ၊ ေငြေတြ အကုန္ယူသြားတာ” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
ထိုသို႔ သတ္ျဖတ္ခံရမႈေၾကာင့္ အသက္(၆၀)ႏွစ္နီးပါးဝန္းက်င္ရွိ ေက်ာင္းဆရာ၊ ဆရား(၂)ဦးတြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး ေနအိမ္ရွိ ဆိုင္ကယ္ႏွင့္ ေ႐ႊ၊ ေငြပစၥည္းမ်ားကိုလည္း PDF အဖြဲ႕က လုယက္ ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
အလားတူ ယင္းေန႔၊ ညပိုင္းကလည္း မင္းလွၿမိဳနယ္၊ ကန္တုတ္ေက်း႐ြာတြင္ေနထိုင္ေသာ အသက္(၃၇)ႏွစ္အ႐ြယ္ ဦးေနယံပိုင္စိုး (ခ)မိုက္မိုက္ ႏွင့္ ၎၏ ဇနီးျဖစ္သူ အသက္(၃၆)ႏွစ္အ႐ြယ္ ေဒၚျမတ္ျမတ္မြန္တို႔(၂)ဦးကို PDF အဖြဲ႕ က ေနအိမ္အတြင္းဝင္ေရာက္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။
“အဲဒီလင္မယားကလည္း ပုသိမ္-မုံ႐ြာလမ္းေပၚမွာေနတာေပါ့။ မင္းလွၿမိဳ႕နယ္နဲ႔ ႏြားထိုးႀကီးၿမိဳ႕နယ္အျဖတ္ ေပါ့ေနာ္။ အဲဒီလမ္းေပၚမွာျဖတ္သြားတဲ့လမ္းမွာေနတဲ့ လင္မယား(၂)ေယာက္ အသက္(၄ဝ)အ႐ြယ္ေတြေပါ့။ သားေလးကေတာ့ (၆)ႏွစ္အ႐ြယ္ေလးကိုေတာ့ မသတ္ပဲထားခဲ့တယ္” ဟု ၎က ဆက္ေျပာသည္။

Related news

© 2021. All rights reserved.